“လှူတာလည်း လက် ယူတာ လည်း လက်” သူဌေးတစ်ယောက်ရဲ့ လက် က ဘူဇွာ တစ်ယောက်ရဲ့ လက်နဲ့တူသလို ဟစ်တလာရဲ့ သေနတ်ပစ်တဲ့ လက်နဲ့လည်းခပ်ဆင်ဆင်။ အမေ့ရဲ့လက်က မာသာထရီဇာ လက်ဖြစ်ကာ ချစ်သူက ပေါ်လီယာနာ ကလေးရဲ့ လက် မင်းလက်ဝါး ရဲ့ လက်နဲ့ အဖေ့ လက်ဝါး တူညီတယ်။ မြို့စားကြီး ဒရက်ကူလာ ရဲ့ လက်တွေနဲ့ လက်ဖက်ရည် ဆိုင် အတူတူထိုင်ခဲ့ ဖူးသလို ဝင်ပုလွေ လာဆင် လိုလက်တွေနဲ့လည်း အရက် အတူတူ သောက်သုံးခဲ့ဖူးတယ်။ ဒီခေတ်မှာ ပေါများလှတဲ့ ငတက်ပြားရဲ့ လက်တွေ အကြောင်းသိနေသလို စတာလင်လို လက်မျိုး ပိုင်ဆိုင်ချင် သူတွေကိုလည်း မုန်းမိတယ်။ ဂနီ္ဒ ကြီးရဲ့ လက် ကရှားပါးသွားသလို […]