အာဂDecember 17, 20101min35814
သို့ ခင်ဗျားကြီး ခင်ဗျားကြောင့် ကျူပ်တို့အားလုံး ပြာကျနေပါပြီ။ ကျူပ်တို့က မြေပြင်အနှံ့အပြား ခင်ဗျားလက်ဝါးနဲ့အုပ်ခံထားရချိန်မှာ မွေးတယ်။ ဒီတော့…..ကျူပ်တို့က အပြင်ကအလင်းကို မတွေ့ရဘူး။ ကျူပ်တို့က ကျူပ်တို့ မိသားစု အတွက်ပဲ သိအောင် ခင်ဗျား က ကျူပ်တို့စိတ်ကို ချုပ်ကိုင်ထားပုံက ပိပိ ရိရိ…ဟုတ်တယ်… ခင်ဗျားကိုထိရင် ပြာကျမယ်ဆိုတာကို အဖေကလည်း ပြောဖူးတယ်။ အမေကလည်း ဆုံးမ ဖူးတယ်။ ဒါကလည်း တစ်နည်းတစ်ဖုံနဲ့ ကျူပ်တို့ ပြာကျနေတာ ပဲမဟုတ်လား။ ကျူပ်တို့ရဲ့ သွေးတွေနဲ့ ခင်ဗျားကတော့ ရွှေဝါရောင် သင်းသင်းနဲ့ လင်းချင် တိုင်းတိုင်းလင်းလို့နေတာပဲမဟုတ်လား။ ကျူပ်တို့ကတော့ ……“တောက်” ဆိုတဲ့ အသံကို တောင် ကျယ်ကျယ်မခေါက် ရဲတဲ့ ဘဝ လေ…။ ကျူပ်တို့ က အမှန်ဆိုရင် ခင်ဗျားကို […]


အာဂDecember 13, 20101min1703
aungsansukyi.youth@gmail.com က Invite လုပ်ရင် လက်မခံပါနဲ့ ဆိုပြီး လွန်ခဲ့တဲ့ အပါတ်က စတင်ပြီး အွန်လိုင်းမှာ ပြန့်ပွားနေတာကို တွေ့ရလို့ ကျနော် မယုံကြည်တာနဲ့ google mail ထဲကို ဝင်စစ်ကြည့်လိုက်တဲ့ အခါ ဘယ်သူမှာ အဲဒီ အကောင့်ကို သုံးထားတာ မရှိပါဘူး ။ အဲဒါနဲ့ဘဲ ကျနော်လည်း လက်တွေ့ သက်သေပြရအောင် ဆိုပြီး အဲဒီ နံမည်နဲ့ အကောင့်ဖွင့်ပြီး ယူထားလိုက်ပါတယ် ။ နည်းပညာ အကူအညီနဲ့ သတင်းတစ်ခု ကို လျှင်မြန်စွာ ဖြန့်ဖြူး နိူင်တဲ့ အချိန်မှာ တစ်စုံတယောက်ရဲ့ နောက်ပြောင်မှုကြောင့် စိုးရိမ်စိတ်နဲ့ လိုက်လံ ဖြန့်ဖြူးပေးကြတဲ့ တာဝန်သိတတ်သူတွေ အလုပ်ရှုပ်သွားပါတယ် ။ လက်တွေ့ကျကျ စဉ်းစားကြည့်လိုက်ရင် gmail အကောင့်တခုက […]


အာဂDecember 13, 20101min2698
ကမ္ဘာကြီးကလည်း ခပ်လှုပ်လှုပ် မြန်မာ ပြည်က လည်း လှုပ်လှုပ် ရေတွေကလည်း လှုပ်လှုပ် လေတွေကလည်း လှုပ်လှုပ် မြေတွေကလည်း လှုပ်လှုပ် သစ်ပင်တွေ လှုပ်လှုပ် သစ်ရွက်တွေ လှုပ်လှုပ် တရိစာ္ဆန်တွေ လှုပ်လှုပ် လူတွေ လှုပ်လှုပ် စိတ်တွေကလည်း လှုပ်လှုပ် အကျင့် သီလတွေကလည်း လှုပ်လှုပ် ရိုးသားမှုကလည်း လှုပ်လှုပ် အမှန်တရားကလည်း လှုပ်လှုပ် ကောင်မလေးလည်း လှုပ်လှုပ် ကျွန်တော်ကလည်း လှုပ်လှုပ် အချစ်ကလည်း လှုပ်လှုပ် အမုန်းကလည်း လှုပ်လှုပ် ဒီကနေ့လည်း ခပ်လှုပ်လှုပ် မနက်ဖြန်လည်း ခပ်လှုပ်လှုပ် ခပ်သုတ်သုတ်သွား ခပ်သုတ်သုတ်စားလို့ ဘယ်အရာကများ..တည်တည်ငြိမ်ငြိမ် ရှိလဲ..။ ဒေါ သကလည်း လှုပ်တယ် မောဟ ကလည်း လှုပ်တယ် မေတ္တာကလည်း လှုပ်တယ် သစ္စာကလည်း လှုပ်တယ်.။ […]


အာဂDecember 9, 20101min1775
စိုက်ခင်းထဲ… ကျိုးတိုးကျဲတဲ ပိုးထိုးပင်များပမာ မြန်မာပြည်ဟာ သည်းခံနိုင်စွမ်းကြီးခဲ့သလော…။ ငါးနှစ်သား ကလေးက ပလက်ဖောင်းကို ကျောင်းလိုလုပ် ဘဝ စာတွေသင်ယူ တောင်းစားနေသလို အသက် ၅ဝကျော် အရာရှိကြီးကလည်း ဟော်တယ်တွေ၊ အအေးခန်းတွေထဲမှာ တောင်းရမ်းနေတယ်… ဘာများထူးဦးမှာလဲ။ ကျွန်တော်က ခင်ဗျားဆီကတောင်းနေသလို၊ ခင်ဗျားကလည်း အခြားသူဆီက တောင်းဦးမှာပဲ.. ဝမ်းရေးတွက်ဆိုတော့ စစ်ဖိနပ်လည်း နေသားတကျ ၂ဝ နှစ်တိုင် နမ်းတတ်နေခဲ့ပြီပဲ..။ မြန်မာပြည်ဟာ အရင်တုန်းက မြန်မာပြည်မှ ဟုတ်ပါစ…။ ကုန်းဘောင်ခေတ်၊ ကိုလိုနီခေတ် ၊ ဂျပန်ခေတ်.. ဘယ်တော့မှ မြန်မာ့ နာမည် မပျက်ခဲ့ဘူး ။ အားလုံးအတွက် လွတ်မြောက်ခြင်း သစ်သီးကို အသက်ပေး ပြီးခူးဝံ့ ကြသူတွေချည်းပဲ…။ ၁၉၆၂ ၊၁၉၈၈၊ ၂၀၀ရ ၊ အခုနာဂစ် က […]


အာဂDecember 8, 20101min56324
ပုတုဇဉ်လူသားတိုင်းမှာကိုယ်စီကိုယ်စီမေ.မရတဲ.အကြောင်းကိစ္စတွေ၊အစားထိုးမရတဲ.ဆုံးရှုံးမှုတွေရှိခဲ.ဘူးကြမယ်။အခုလည်းသေရာပါသွားမယ်.ဘဝစာမျက်နှာအချို.ကိုပြန်းပြောင်းပြောပြချင်မိတယ်ရင်ဖွင့်လိုက်လို့ရင်ထဲပေါ့သွားမယ့်ကိစ္စမျိုးတော့မဟုတ်ပေမယ့်…ပြောပြချင်တာထက်သိစေချင်တယ်။သိစေချင်တာထက်သိသင်.တယ်ထင်လို. ဓါတ်ပြားဟောင်းကြီးကိုရင်နာနာနဲ့ ပြန်ဖွင့်ရမဲ့နာကျင်မှုမျိုး။ထိုလူတွေ (သင်္ဃန်းကျွန်းဆေးရုံ တွဲဖက်ပါမောက္ခ သားဖွားမီးယပ် OG ဒေါ်ချိုချို )ကတော.သိနိုင်မှာတဲ့လား။ (၂.၈.၂၀၁၀)တနင်္လာနေ့၊ထိုနေ့က…….ထိုနေ့က…….ကျွန်မတို့မိသားစုအဖို. အမှောင်ဖုံးခဲ့ရတဲ့နေ့။ ဘဝမှာအကြီးမားဆုံး တုန်လှုပ်မှုဖြစ်စေခဲ့တာ နံနက်(၈း၄၅)နာရီ ၊ဘယ်တော့မှထပ်မရောက်ချင်တဲ့နေရာက အဲဒီတုန်းက ကျွန်မတို.ရဲ့ အမှောင်ကမ္ဘာ(သင်္ဃကျွန်းစံပြဆေးရုံကြီး)မှာပေါ့…. တကယ်ကိုစံပြလောက်တဲ. နေရာတစ်ခုမှာ ကျွန်မတို.ရှိနေခဲ.တာပါ.၊ ဆေးရုံကုတင်ပေါ်မှာက ကျွန်မရဲ့ချစ်လှစွာသောအစ်မ……ဝေဒနာတွေကိုတစ်ပွေ.တပိုက်ကြီးခံစားရပြီးများ အကြောင်းမဲ. သေသွားရတဲ့ အချစ်ဆုံးအစ်မ မချိုချိုခိုင်(ခ) ပိစိ(၂၉)နှစ်ပါ။ “မမှားသောရှေ့နေ ” ဆိုတာမရှိပေမယ့် ဆရာဝန်တွေမှားပြီဆိုရင်တော့ လူ.အသက်တစ်ချောင်းပေးလိုက်ရတာကလွဲပြီး……ဒါက ကံကြမ္မာအလိုတဲ့လား? ဟမ္ဘူရာဘီရဲ့ ကိုဒ ဥပဒေအတိုင်းတောင်လက်မခံနိုင်ဘူး။ game ပွဲမဟုတ်လို့ အရှုံးအနိုင် အလျော်အစားလဲ မလိုချင်ပါဘူး။ တန်ဖိုးမဖြတ်နိုင်ဆုံးလူ့အသက်မှာ ဘယ်လိုအမှားအယွင်းမှ မခံနိုင်တာ သူတို့ဆရာဝန်တွေ အသိ်ဆုံးပါ။ ဖြစ်ပုံက(၂၉.၇.၂၀၁၀) ညနေ(၆:၀၀) တိတိမှာ ကျွန်မအစ်မ ကလေးမီးဖွားဖို. အောင်ရတနာ ဆေးခန်းမှာ တတ်ခဲ့ပါတယ်။ […]


အာဂDecember 8, 20101min870
သူ့ကို ထောက်ခံသူတွေကတော့ ဂျူလီယန်အဆန်ဂ်ဟာ အမှန်တရားအတွက် ရဲရင့်စွာလှုပ်ရှားသူ တစ်ယောက်လို့ဆိုကြသလို သူ့ကိုဝေဖန်သူတွေကလည်း လူပေါင်းများစွာအတွက် အသက်ဘေးကြုံရစေနိုင် တဲ့ ထိလွယ်ရှလွယ်တဲ့ အချက်အလက်တွေကို ထုတ်ပြန်ပြီးလူသိများ ထင်ရှားအောင်လုပ်သူလို့ ဆိုကြပြန်ပါတယ်။ သူနဲ့တွဲလုပ်ဖူးသူတွေကတော့ အဆန်ဂ်ဟာ ဦးဆောင်မှုကောင်းပြီး ဉာဏ်ရည်အလွန်မြင့်တဲ့၊ ကွန်ပြူတာကုတ်တွေကို ချိုးဖျက်နိုင်တဲ့ ချွင်းချက်မဲ့စွမ်းရည်ရှိသူလို့ ဆိုကြပါတယ်။ သူဟာတစ်ချိန်လုံး တစ်နေရာက တစ်နေရာရွှေ့ပြောင်းရင်းနဲ့ ဝီကီလိခ်ကိုလည်ပတ်စေခဲ့တယ်လို့ ဆိုပါတယ်။ သူနဲ့အတူ ရက်ပေါင်းများစွာ ခရီးလှည့်လည်ဖူးတဲ့ နယူးယော့ကား မဂ္ဂဇင်းက သတင်းထောက်တစ်ယောက်ဖြစ်တဲ့ ရက်ဖီခက်ချာဒိုရီယန်ရဲ့ အဆိုအရတော့ အဆန်ဂ်ဟာ မစားမသောက်ဘဲ မနားတမ်း အလုပ်လုပ်နိုင်တဲ့သူ၊ အအိပ်အနေ အလွန်နည်းတဲ့ လူလို့ ဆိုပါတယ်။ သူ့ကိုမီဒီယာတွေက ဝီကီလိခ် တည်ထောင်သူ၊ ညွှန်ကြားရေးမှူးလို့ သုံးကြတာကို မကြိုက်ဘဲ ဝီကီလိခ် ရဲ့အယ်ဒီတာချုပ်လို့ သူ့ကိုယ်သူရည်ညွှန်းခဲ့တယ်။ ဩစတြေးလျနိုင်ငံ မြောက်ပိုင်း […]


အာဂDecember 2, 20101min1343
ရန်ကုန်သားတာတေ Wednesday, 01 December 2010 19:01 ထွေရာလေးပါး နေပြည်တော်တွင် အမျိုးသား အောင်ပွဲနေ့ကြီးကို ခြိမ့်ခြိမ့်သည်းသည်း ကျင်းပ လျက်ရှိသည်။ သို့သော် ထူးဆန်းသည်က ထိုပွဲတွင် လူ ဆို၍ ချိုကုပ်ဒူးကြီး တဦးသာ ပါပြီး တိရစာ္ဆန်များကိုသာ တွေ့ရလေသည်။ နေပြည်တော်သို့ ရောက်နေသော ဦးရုက္ခစိုးကြီးက မနေနိုင်မထိုင်နိုင် ချိုကုပ်ဒူးကြီးကို မေးခွန်းထုတ်လိုက်၏။ ရုက္ခစိုး။ ။ ဘယ်လိုလဲ ချိုကုပ်ဒူးကြီးရဲ့ အမျိုးသားအောင်ပွဲနေ့ ကျင်းပတာ လူလည်း မပါဘူး။ တိရစာ္ဆန်တွေချည်းပါလား။ ချိုကုပ်။ ။ ဟာ … ဒါ နှယ်နှယ်ရရ တိရစာ္ဆန်တွေ မဟုတ်ဘူးနော် ဦးရုက္ခစိုး။ အာဖရိကကနေ သေသေချာချာ မှာထားတဲ့ တိရစာ္ဆန်တွေ။ ရုက္ခစိုး။ ။ ဟုတ်ပါပြီ … […]


အာဂNovember 30, 20105min990
ကမာ္ဘ့ အတွေးအခေါ်သမားများတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင် ဧရာဝတီ Tuesday, 30 November 2010 14:09 သတင်းတိုများ ၂၀၁ဝ ကမာ္ဘ့ထိပ်တန်း အတွေးအခေါ်သမားများ ၁၀ဝ စာရင်းတွင် ဒေါ်အောင်ဆန်းစုကြည်ကို Foreign Policy မဂ္ဂဇင်းကြီးက ထည့်သွင်းဖော်ပြလိုက်သည်။ “ဒီမိုကရေစီအရေး ဆောင်ရွက်မှု၌ မည်သည့်အခါကမှ ဇွဲမလျှော့ခြင်းအတွက်” ဟု ရည်ညွှန်းထားသော ဒေါ်အောင်ဆန်းစုကြည်ကို ကမာ္ဘ့အဆင့် ၇၅ တွင် ထည့်သွင်းထားပြီး ဒေါ်အောင်ဆန်းစုကြည်၏ “လုပ်စရာတွေလည်း အများကြီး ရှိသေးတယ်” ဟူသော စကားကိုလည်း ကိုးကားဖော်ပြထားသည်။ Suu Kyi Among Top 100 Global Thinkers By LALIT K JHA Tuesday, November 30, 2010 WASHINGTON […]


အာဂNovember 30, 20101min1703
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် နှီးနှောဖလုယ်ပွဲ ဖိတ်ကြားလွှာ ရန်ကုန်မှာ ရှိတဲ့ မိတ်ဆွေများ လာရောက်ကျမယ်လို့ မျှော်လင့်ပါတယ်။


အာဂNovember 29, 20101min1835
အံဩစရာခြေရာ။ လူသတ်သမားဟာ လူထွားကြီးတစ်ယောက်ဖြစ်တယ်။ သူဟာ၃၃ စင်တီမိတာ ဖိနပ်ကြိုးကိုစီးတဲ့ ခြေထောက်ကြီးယောက်ျားတစ်ယောက်ပါပဲ။ အဲဒီလူသတ်သမားဟာ ၂၅ စင်တီမီတာ ဒေါက်မြင့်ဖိနပ်ကိုဝတ်တဲ့ မိန်းမတစ်ယောက်ကို ဥယျာဉ် တစ်ခုထဲမှာ သတ်လိုက်တယ်။ ခြေရာမကျန်ရစ်အောင် သူဟာ အသက်ခံရသူရဲ့ ဒေါက်မြင့်ဖိနပ် ကိုစီးပြီး ဥယျာဉ်အပြင်ဘက်ကို ထွက်သွားတယ် ။ အပြင်ရောက်မှ ကားနဲ့ထွက်ပြေးတယ်။ သို့ပေမဲ့ ၊ သူ့ခြေထောက်အကြီးကြီးဟာ ဘယ်လိုလုပ်ပြီး ရုတ်တရက်သေးသွားမလဲ ။ သူဟာ ဒေါက်မြင့်ဖိနပ်လေးကို ဘယ်လိုစီးသွားသလဲ။ အဖြေကတော့ ထုံးစံအတိုင်းပါပဲခင်ဗျာ။


အာဂNovember 29, 20101min122225
ယနေ့ မျက်မှောက် ခေတ် နိုင်ငံရေးအခင်းအကျင်း အပြောင်းအလဲ ကဏ္ဍတွင် Online သုံးစွဲသူ လူထုသည် နိုင်ငံရေးနှင့် မိမိတို့၏ လွတ်လပ်ခွင့်ကို အထူးအရေးပေးတိုက်ပွဲ ဝင်လာကြသည်ကို တွေ့ရှိရသည်။ ထို့အတူပင် နှစ်ပေါင်းများစွာတိုင် အာဏာရှင် စနစ်အောက် ရိုက်သွင်းခြင်းခံရသော အချို့သော ဦးနှောက်များသည်လည်း လတ်တလော မိမိတို့ကောင်းစားရေးအတွက် Online မှနေ၍ ဒီမိုကရေစီဘက်တော်သားများ ကို တိုက်ခိုက်လာသည်ကို ပူးတွဲတွေ့ရှိလာရပါသည်။ အထူးသဖြင့် ကျွန်ုပ်တို့ ၏ ချစ်ကြည်ရင်းနှီးစွာ ပျံသန်းနေသော (မန္တလေးဂေဇက် ) လွတ်လပ် သောကောင်းကင်ပေါ်တွင် စစ်အာဏာရှင် တို့၏အစေအပါးများ၏ မီးခိုးမှိုင်းများ တစ်ခါတလေ စွန်းထင်းလာသည်ကို တွေ့ရှိနေရပါသည်။ လွတ်လပ်သော အဖြူရောင် ဒီမိုကရေစီ ကောင်းကင် တွင် ထိုသော အမှိုက် များသည် ပြည်သူ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် […]


အာဂNovember 24, 20101min2519
by Turn On Ideas on Wednesday, November 24, 2010 at 3:39pm အောက်က စာသားလေးက သူငယ်ချင်း ZT သူ့ wall post မှာ တင်ထားတာ သဘောကျလို့ ကူးလာခဲ့တာ Zaw Thet Aung “ဆရာ ဦးကြီးမြင့် ပြောဖူးတဲ့ စကား သတိရတယ်။ မျိုးစစ်တယ် မစစ်ဘူး ဆိုတာ ဘာလဲ။ သာကီဝင် မင်းသား မင်းသမီးတွေ မျိုးစစ်ချင်တော့ မောင်နှမချင်း ပြန်ယူ ကြတယ်။ မင်းတို့လည်း သိပ်ပြီး မျိုးစစ်ချင်ရင် ကိုယ့် အစ်မ နှမကိုယ် ပြန်ယူကြတဲ့။ 😀 (ဒါကြောင့် ဒေါက်တာသန်းထွန်း ပြောတာ။ သမိုင်းသင်တာ မ-အ အောင်လို့ […]