အာဂNovember 24, 20101min2185
First Eleven ဂျာနယ် နှစ်ပတ် အပိတ်ခံရခြင်းနှင့် ပတ်သက်ပြီး First Eleven ဂျာနယ် Facebook မှ အယ်ဒီတာရဲ့ ဖြေရှင်းချက်။ ။ ကျွန်တော်တို့ First Eleven ဂျာနယ် က ဖော်ပြပါ မျက်နှာဖုံးကြောင့် နှစ်ပတ်အပိတ်ခံရတာပါ။  ဒီနေ့ဟာ ကျွန်တော်တို့အတွက် ပုံမှန်မဟုတ်တဲ့ အင်္ဂါနေ့ပါပဲ။ စိတ်မကောင်းစရာ နေ့တစ်နေ့ဖြစ်သလို၊ ကျွန်တော်တို့ CEO လည်း တော်တော် စိတ်မကောင်း ဖြစ်နေရှာပါတယ်။ ဒီမနက်ကျွန်တော့်ကို စကားခေါ်ပြောတဲ့အခါမှာ CEO တော်တော်စိတ်မကောင်း ဖြစ်နေတာကို သိခဲ့ရပါတယ်။ ဟုတ်ပါတယ်။ အင်္ဂါနေ့မနက်တိုင်း ပုံမှန်ဖတ်နေကျ First Eleven Sports Journal ကို ဒီမနက် ဖတ်ခွင့်မရပါဘူး။ နောက်တစ်ပတ်မှာလည်း ဖတ်ခွင့်ရဦးမှာ မဟုတ်ပါဘူး။ ဂျာနယ်တစ်စောင် […]


အာဂNovember 24, 20101min1070
ကိုဝိုင်း | အင်္ဂါနေ့၊ နိုဝင်ဘာလ ၂၃ ရက် ၂၀၁ဝ ခုနှစ် ၂ဝ နာရီ ၅ရ မိနစ် ချင်းမိုင် (မဇ္ဈိမ) ။ ။ ရေနံချောင်းတွင် အမျိုးသမီးတဦးကို အဓမ္မပြုမှုဖြင့် စွပ်စွဲခံရသော ခလရ ၇ရ မှ တပ်သား မောင်မောင်ချေ၏ အမှုကို တပ်တွင်းတွင် ယနေ့ စတင်စစ်ဆေးခဲ့သည်။ အဓမ္မကျင့်ခံရသူ မိန်းကလေးမိဘများနှင့် မျက်မြင်သက်သေ သုံးဦးပါ တပ်တွင်း ဆင့်ခေါ်စစ်ဆေးခဲ့သည်ဟု ကာယကံရှင်၏ အမက ပြောသည်။ ဆင့်ခေါ်စာထဲတွင် “စစ်စည်းကမ်းဖောက်ဖျက်မှု၊ မူးယစ်ရမ်းကားမှု” ဟု တပ်ထားကြောင်းလည်း သူက ပြောသည်။ နိုဝင်ဘာ ၁၂ ရက်ညနေက ၁၉ နှစ်အရွယ် အမျိုးသမီး အိမ်နှင့် ကိုက် ၅ဝ ခန့်အကွာ […]


အာဂNovember 22, 20101min41019
နိုဝင်ဘာလ ၂၁ ရက်နေ့ က သုဝဏ္ဏအားကစားရုံမှာပြသခဲ့တဲ့ ထာဝရ နှင်းဆီ အငြိမ့်ပွဲက ပရိသတ် အကြိုက်ဖြစ်ခဲ့ရပါတယ်။ အခြား အငြိမ့်များလိုမဖြစ်ပဲ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး နဲ့ ဆိုင်တဲ့ ပြက်လုံးတွေကို အခြေခံပြီး ပြက်သွားလို့ပရိသတ်များအကြိုက်တွေ့ခဲ့ရပါတယ်။ ထာဝရနှင်းဆီ အငြိမ့်အဖွဲကို ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)က စီစဉ်တာဖြစ်ပြီး လူရွင်တော်များအနေဖြင့် နေတိုး၊ကျော်ကျော်ဗိုလ်၊ရဲလေး၊ထွန်းထွန်း နဲ့ မိုးမိုးတို့ ပါဝင်ခဲ့တာဖြစ် ပါတယ်။ ဒီနှင်းဆီအဖွဲသားများရဲ့ အငြိမ့်ဟာ ပြည်တွင်းမှာ နောက်ဆုံးအကြိမ်ကပြခဲ့တာဖြစ်ပြီး.။ အစိုးရကို သရော်တိုက်ခိုက်တဲ့ ပြက်လုံးတွေကြောင့်အတော်လေးကိုအောင်မြင်ခဲ့ပါတယ်။ အငြိမ့်ထဲမှာ ပါတဲ့ ပြက်လုံးအချို့ကိုဖော်ပြရမယ်ဆိုရင် လူရွင်တော်အချင်းချင်း ပဟေဌိ လုပ်တဲ့အခါနောက်ဆုံး မေးခွန်း အဖြစ် တရိစာ္ဆတွေကို အများဆုံးရှိတဲ့ နေရာ၊ တရိစာ္ဆ မျိုးစုံထား ရှိ တဲ့နေရာဘယ်နေရာလဲ သိတဲ့လူဖြေလို့ လူရွင်တော်တစ်ယောက်ကမေးတဲ့အခါ […]


အာဂNovember 19, 20101min29912
ဘယ်ဟာတရားခံလဲ တနင်္ဂနွေနေ့မှာ ခြောက်တန်းကျောင်းသားလေး မိုက်ကယ်အောင်ပု ဟာ လမ်းလျောက်ဖို့ ထွက်လာ တယ်။ ယောက်ျား နှစ်ယောက်ဟာ ပုခုံးချင်းယှဉ်ပြီး သူ့ရှေ့က လျောက်သွားတယ်။ သေချာကြည့်လိုက်တော့ အဲဒီယောက်ျားနှစ်ယောက်ဟာ လက်တစ်ဖက်ချင်း လက်ထိပ်နဲ့တွဲခတ် ထားတာတွေ့ရတယ်။မာဖီဝတ်ထားတဲ့ ရဲက တရားခံကိုဖမ်းပြီး ရဲစခန်းကို ခေါ်သွားနေတာနဲ့တူတယ် ။ “ဘယ်ဟာက မာဖီဝတ်ရဲလဲ။ ဘယ်ဟာက တရားခံလဲ။” ကျောင်းသားလေး မိုက်ကယ်အောင်ပုက ခေါင်းစောင်းပြီး တွေးကြည့်တယ်။ သင်ကောသိရဲ့လား။ အဖြေကတော့ ထုံစံအတိုင်းပဲပေါ့


အာဂNovember 15, 20101min33217
ကျွန်တော်ကလည်း အဟက် ဟက် ပြည်သူတွေကို ခြစ်ပါ ဂယ်..။ ဘယ်သူတွေက ဘယ်သူကိုချစ်သလဲဆိုတာကတော့ ဒီပုံက သက်သေပြ နေပါတယ်။


အာဂNovember 13, 20101min1764
ယနေ့လွတ်မြောက်မယ်လို့ အများစုကယုံကြည်ထားထဲ့ မြန်မာဒီမိုကရေစီခေါင်ဆောင်ဒေါ်အောင် ဆန်းစုကြည်ကို ။ ယနေ့ ညနေ့ ၅ နာရီ ၁၅ မိနစ်က နအဖ အစိုးရကလွှတ်ပေးလိုက်ပြီးဖြစ ်ကြောင်းသိရှိခဲ့ရပါတယ်။ အန်တီစုရဲ့ နေအိမ် ပတ်ဝန်ကျင်မှာလည်း လူပေါင်းထောင်သောင်းများ စွာ စောင့်ဆိုင်း အော်ဟစ်ကြိုဆိုနေပြီး။ အန်တီစု ကားထွက်လို့မရအောင်လမ်းတွေလည်း ပိတ်နေ တယ်လို့လည်းသိရပါတယ်။ အချို လူထုကတော့ ရွှေဂုံတိုင် ရုံးချူပ်မှာ စောင့်ဆိုင်းနေပြီး ၊ အချို့ က အန်တီစုလွတ်လွတ်ချင်း ရွှေတိဂုံစေတီကို ဖူးမျှော်တတ်တာမို့ ဘုရားမှ စောင့်ဆိုင်းနေကျပါ တယ်။ NLD ဗဟိုကော်မတီ အဖွဲဝင်များဖြစ်တဲ့ ဦးတင်ဦး တို့ ဦးတင်ဦးတို့၊ဒေါက်တာ တင်မျိုးဝင်း တို့အပါအဝင် အဖွဲဝင်တော်တော်များများ သွားရောက်တွေ့ဆုံနေကြပါတယ်။ မည်သို့ပင်ဆိုစေကာ မှုတစ်တိုင်းပြည်လုံးက လူထုကလည်း ပျော်ရွှင်မှုတွေနဲ့ မင်္ဂလာရှိတဲ့ ဒီ […]


အာဂNovember 13, 20101min40918
အဖိုးတန် တံဆိပ်ခေါင်းကို ဘယ်မှာဝှက်ထားသလဲ။ တံဆိပ်ခေါင်းပြခန်းထဲ ပြထားတဲ့ ဒေါ်လာ သန်း ၃ဝ တန် ကမ္ဘာ့ ရှားပါတံဆိပ်ခေါင်းတစ်လုံး အခိုးခံ ရတယ်။ တရားခံဟာတံဆိပ်ခေါင်းကို ခိုးပြီးတာနဲ့ အနီးရှိ တိုက်ကြီးတစ်လုံးထဲက အခန်းတစ်ခန်းထဲ ဝင်ပြေးတယ်။ရဲများကလည်း ချက်ချင်းလိုက်လာတယ်။ “ခိုးလာတဲ့တံဆိပ်ခေါင်း ထုတ်ပေး” ရဲကလက်ထဲကပစ္စတိုကိုယမ်းပြီး အမိန့်ပေးတယ်။ “ဟင်း၊ ခင်ဗျားတို့ရှာချင်သလိုရှာလေ” တရားခံက အရှက်မရှိဖြေတယ်။ ဒါနဲ့ရဲက တရားခံကိုလက်ထိပ်ခတ်လိုက်တယ်။ တရားခံ ကိုယ်ပေါ်ရှာတယ်။ တံဆိပ်ခေါင်း ကိုမတွေ့ဘူး။ အကျင်္ ီတို့၊ခြေအိတ်တို့၊ဖိနပ်တို့ကိုချွတ်ပြီး သေချာရှာတယ်။ ဒါလဲမတွေ့ဘူး။ အဲဒီ့အခန်းထဲမှာက စတီး ရုံးစားပွဲတစ်လုံးနဲ့ မြေစိုက်ပန်ကာတစ်လုံးသာရှိတယ်။ ဒါတွေ မှအပ အိမ်ခန်းအလွတ်အတိုင်းပဲ။ ပန်ကာလည်နေတယ။ရုံးစားပွဲတော့ မပြောနဲကတော့။ ကြမ်း ခင်း၊ မျက်နှာကျက်တွေအားလုံး ကို အသေအချာရှာပြီးပြီ။ ဘာမှမတွေ့ဘူး။ “ဟေ့၊ မင်းဘယ်မှာဝှက်ထားသလဲ” […]


အာဂNovember 12, 20101min36510
ယနေအဖွဲ့ချုပ်ရုံးရှေ့မှ ဘဘဦးဝင်းတင်နှင့် အဖွဲ့ချုပ်လူကြီးများ… နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် သက်တမ်းကုန်ဆုံးမည့် လာမည့် စနေနေ့မှာ လုံးဝလွတ်မြောက်မည်ဟု အပြည့်အဝ ယုံကြည်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဉာဏ်ဝင်းက ပြောဆိုပါတယ်..။ မေး။…။ အန်ကယ် အန်တီစု ပြန်လွတ်မယ့် အပေါ် အန်ကယ့် အမြင်လေး ပြောပြပေးပါ…။ ရှေ့နေကြီးဦးဉာဏ်ဝင်း..။…။ ဒေါ်အောင်ဆန်းစုကြည် လုံးဝလွတ်မယ်လို့ အန်ကယ်ပြောလိုပါတယ်..။ မေး။..။ ဘယ်နေ့ ဘယ်အချိန်လောက်ပါလဲ အန်ကယ်..။ ရှေ့နေကြီးဦးဉာဏ်ဝင်း..။….။ ၁၃ရက်နေ့ပေါ့ သူတို့ဥပဒေအတိုင်းဆို ဒေါ်အောင်ဆန်းစုကြည်ကို စပြီး Move လုပ်သွားတဲ့ အချိန်က ည(၇)နာရီပေါ့… အဲ့တော့ သူတို့ တိတိကျကျ လုပ်ရင်တော့ ည(၇)နာရီပေါ့။ ဒါပေမယ့် နေ့ခင်း လွှတ်ရင်လည်း ရပါတယ်ဗျာ… သူတို့ အဲ့လို တိတိကျကျ […]


အာဂNovember 12, 20101min36612
ကျွန်တော်မောင်အာ ဂတို့ ငယ်စဉ်ကတည်းကနေ ယနေ့အထိ တမ်းတမ်းတတ မှတ်မိနေတဲ့ စာအုပ်စာပေ တွေထဲမှာ စုံထောက်ဝတ္တုတွေကလည်း တစ်စိတ်တစ်ပိုင်းပါဝင်နေပါတယ်။ ဆာအာသာကိုနင်တွိုင်းရဲ့ စုံထောက်ကြီး ရှားလော့ဟုမ်း ၊ ဆရာကြီးရွှေဥဒေါင်းရဲ့ စုံထောက်မောင်စံရှား မင်းသိင်္ခရဲ့ ဆားပု လင်းနှင်းမောင် စတဲ့ စုံထောက် ဇာတ်ကောင်တွေဟာ ငယ်စဉ်က နေအခုထိ စွဲလန်းမိနေ တဲ့ စုံထောက်ဇာတ်ကောင်တွေပါ။ စုံထောက်ဝတ္တုတွေကို တစ်ချို့ အနှစ်သာရမဲ့တယ်လို့ဝေဖန် ကြပါတယ်။ သူတို့ ရဲ့ ဝေဖန်မှုတွေက စုံထောက်ဝတ္တု ဇာတ်လမ်းဖြစ်စဉ်က ၁။ အမှုအခင်းဖြစ်ခြင်း၂။ ထိုအမှုကို ဖြေရှင်းခြင်း။ ၃။ နောက်ဆုံးမှာ အမှုမှန်ပေါ်လာခြင်း စသဖြင့် ဇာတ်လမ်းလမ်း ကြောင်း အရ ရိုးရှင်နေပါသတဲ့ ။ ဒါကြောင့် စုံထောက်ဝတ္တုတွေဟာ ရသဝတ္တု မမြောက်ဘူးလို့ ဆိုသူများကဆိုကြပါတယ်။ ဘယ်လိုပင်ဆိုဆို […]


အာဂNovember 10, 20101min1041
အဓိပ္ပါယ်ရှိသော လှေကားထစ် အမေရိကန်ပြည်ထောင်စု၏ (၁၆)ဦးမြောက်သမ္မတဖြစ်သည် အေဘရာဟင်လင်ကွန်း(၁၈၀၉ – ၁၈၆၅) အားရည်စူး၍ လင်ကွန်းအမှတ်တရ ခန်းမ ကိုသူ၏မွေးရပ်မြေဖြစ်သည့် ကင်တီပြည်နယ် ၊ဟော့ဒ်ဂျင်ဗယ်လီ အရပ်၌ ဆောက်လုပ်ထားသည်။ ထိုခန်းမ၏အောက်ခြေမှ အထက်သို့တက်ရန် လှေခါးထှစ်ပေါင်း ၅၆ ထစ်ရှိပြီး၊ အသက် ၅၆ နှစ်အရွယ်တွင် ကွယ်လွန်သွားသည့် သမ္မတ လင်ကွန်း၏ အသက်အားရည်စူး၍ ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ အလောင်းမရှိသည့် အုတ်ဂူ အင်္ဂလိပ်လူမျိုး နာမည်ကြီး စာရေးဆရာ လော့ရန့်စ်စတန်း(၁၇၁၃-၁၇၆၈)၏ အုတ်ဂူ၌ ၎င်း၏ အလောင်းသည် မရှိချေ။ အဘယ်ကြောင့်ဆိုသော် သူ့ အားသင်္ဂြိုလ်ပြီး နှစ်ရက်အကြာ၌ လူသေ အလောင်းကို ဖော်ယူသူများက ယူသွားကြောင့်ပင်ဖြစ်သည်။ မိုင် (၁၅၀) အကွာအဝေးသို့ သယ်ယူရွှေ့ပြောင်းခဲ့သည့်အိမ် ဩစတြီးယားလူမျိုး ဂီတစာဆို မိုဇတ်(၁၇၅၆-၁၇၉၁) သည် မျက်လှည့်ဆန်သည့် […]


အာဂNovember 9, 20101min2184
ငယ်ရွယ်ရွယ်နှင့် ဆံပင်ဖြူသူ အမေရိကတိုက်ကို ရှာဖွေတွေ့ရှိခဲ့သည့် အီတလီလူမျိုးရေကြောင်း သွားလာရေးသမား ခရစ်စတိုဖာကိုလံဘတ်စ် (၁၄၅၁- ၁၅၀၆) ၏ ဆံပင် များသည် အသက်သုံးဆယ်အရွယ် ၌ ဆွတ်ဆွတ်ဖြူခဲ့ သည်။ သွေးထိုးပေးမှုကို မယုံသည့် မဟာအလက်ဇန်းဒါး သမိုင်းတစ်လျှောက်လုံး၌ မိမိလက်အောက်ငယ်သားများကို အယုံကြည်ဆုံးဘုရင်ဖြစ်သူ မဟာ အလက်ဇန်းဒါးဘုရင်သည် သူ့အား သူ၏ဆရာဝန်ဖီလစ်က အဆိပ်ခတ်သတ်လိမ့်မည်ဟူသည့် ပစ်စာတစ်စောင်ကို ရရှိခဲ့သည်။ ထိုစာကိုရရှိပြီး သိပ်မကြာလှသည့် ကာလ၌ သူ၏ဆရာဝန် ဖီးလစ်က သူ့အားဆေးသောက်ရန်ပေးလာခဲ့သည်။ မဟာ အလက်ဇန်းဒါးသည် သူရရှိထား သည့် ပစ်စာကို သူ၏ဆရာဝန်အား ပေးဖတ်စေခဲ့ပြီး၊ ထိုစာကို သူ့အနေဖြင့် လုံးဝမယုံကြည် ကြောင်းပြသသည့် အနေဖြင့် ဖီးလစ်ပေးသည့် ဆေးခွက်ကို တစ်ကျိုက်တည်းဖြင့် ကုန်အောင် မော့သောက်ပစ်လိုက်သည်။ မဟာအလက်ဇန်းဒါးဘုရင်ဘာမှ မဖြစ်ခဲ့ပါ။ မှတ်ဉာဏ်ကောင်းသည့် […]


အာဂNovember 3, 20101min2419
တစ်နေ့ က သူငယ်ချင်းတစ်ယောက်ရဲ့ ရုံးခန်းကို အလည်သွားတော့ ဧည်သည်ဆောင်မှာခဏ နား နေတုန်း ရဲ သုံးလေး၊ငါးယောက် ရောက်လာတယ်။ ဘာကိစ္စလည်းလို့ ကျွန်တော်လည်း စိတ် ဝင်တစား ကြည့်နေတုန်း တပ်ကြပ်တစ်ယောက်က လက်ထဲ စက္ကူ ပါတ်လေးကိုထုတ်ပြပြီး …… ကျွန်တော်တို့ က ကျောက်တံတား အပိုင် ရဲစခန်းကပါတဲ့ ပြက္ခဒိန် လာရောင်းတာပါတဲ့ ။ ဒါနဲ့ ရုံးဝန်ထမ်းတစ်ဦးကဟုတ်ကဲ့ ဘယ်လောက်လဲ လို့ မေးကြည့်တော့ ၅၀၀ဝ ထောင်ပါတဲ့။ လူကြီးမရှိလို့ မဝယ်ဘူးပြောတော့ မရဘူး သူတို့ က ကျောက်တံတာ မြို့နယ်က အပိုင်တွေရဲတွေ ဖြစ်ကြောင်းနဲ့ မဝယ်မခြင်း ရစ်နေတော့တာပဲ ဒါနဲ့ ဝန်ထမ်းကောင်မလေး ကအထက်လူကြီး ဆီ ဖုန်းဆက်ပြီးပြောလိုက်တယ်။ အထက်ကလည်း ခေါင်းရှုပ်မခံချင်ဘူး နဲ့တူပါတယ်။ […]