အဘဦးသန်းရွှေကိုချစ်တယ်။ အဘမောင်အေးလို တန်ဖိုးကြီးအရက်ကလေးတွေသောက်ရင်း ဘဝကိုဖြတ်သန်းချင်တယ်။ အဘ ခင်ညွှန့်ကိုလေးစားတယ်သူ့လို ဘုရားတွေတည်ရင်းနိုင်ငံရန်သူတွေကို ထောင်အကျခံပြီးတော့ ထောက်လှမ်းရေးလည်းလုပ်ချင်တယ်။။အဘိုးနေဝင်းလို့ဘဝမျိုးပိုင်ဆိုင်ချင်တယ်။ဦးဦးတေဇလိုသဌေးဖြစ်ချင်တယ်။ ဦးဦးဇော်ဇော်လိုလူချစ်လူခင်ပေါချင်တယ်။ အဖတပ်မတော်က ဗိုလ်ချုပ်တွေလို…တွေကရာလူတွေကို ဆဲချင်တယ်။မြေတွေသိမ်းချင်တယ်။ အမျိုးတွေချမ်းသာအောင်လုပ်ပေးချင်တယ်။မိသားစုဝမ်းရေးရှာဖွေကျွေးနေတဲ့ ပြည်ထောင်စုကြံ ခိုင်ရေးနဲ့ဖွံဖြိုးရေးပါတီဝင်တွေကိုအားကျတယ်။ဒါမှမဟုတ်…လေးစားအားကျတဲ့ တပ်မတော်သားကြီးတွေလို လူဝတ်လဲပြီးတော့ ဝန်ကြီးလုပ်ချင်တယ်။သမ္မတဖြစ်ချင်မိတယ်။ အဘသူရရွှေမန်းလို့လည်း နိုင်ငံရေးနည်းဗျူဟာတွေကျွမ်းကျင်ချင်တယ်။တိုင်းတပါးမှာနေပြီးတော့ ကိုယ့်ချင်းကိုယ့်ချင်းသတ်နေတဲ့ နိုင်ငံရေးသမားဦးမိုးသီးဇွန်လိုလည်းပါးနပ်မှုတွေလိုချင်တယ်။လူထုအကျိုးတွက်နို့သောက်ခိုုင်းတဲ့ ဘဘ သိန်းစိန်ကိုတော့အချစ်ဆုံးပဲ။နောက်အများကြီးဘဲ..မကောင်း မြင်တဲ့လူတွေပြောတဲ့ တစ်ခြမ်းခင်း အောင်သိန်းလင်းတို့။ဘူးလက်မြင့်ဆွေတို့..။ ဖုယောင်းတိုင် ဆြာကိုကိုလှိုင်တို့..အားလုံးကို အားကျတယ်။ ပါးရိုက် ဝန်ကြီး အဘအုန်းမြင့်ရဲ့ ပြတ်သားမှုကိုလည်း ကြိုက်တယ်။ထမင်းတစ်နပ်လျော့စားတို့။ဘူးလက်တို့လည်းလေးစားအားကျမိတယ်။အဘမြေး ကိုကိုဖိုးလပြည့်(လိုတရ)ဘဝမျိုးလေးလည်း ရချင်မိတယ်။ တိုင်းပြည်အတွက် ကိုယ့်ဆွေမျိုးသားချင်းတွေကို မကြည့် လာဘ်မစားခဲ့ပဲ အနစ်နာခံခဲ့တဲ့ ဗိုလ်ချုပ် အောင်ဆန်းလိုလူလည်းမဖြစ်ချင်ဘူး။ မိသားစုကိုစွန့် တိုင်းပြည်အတွက် ကြိုးပန်းခဲ့တဲ့၊ထောင်ထဲမှာနေခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အားမကျဘူး။ ဒီလိုလုပ်နေရင် ကိုယ့်မိသားစုတွေငတ်မှာကိုး..မဟုတ်ဘူးလား။ မင်းကိုနိုင်လိုလည်း ထောင်ထဲမှာ နှစ်ရှည်မနေချင်ဘူး။အရေမရအဖတ်မရ […]