အာဂJanuary 15, 20121min1672
မေးခွန်း ၁ ။ ခင်များရေလောင်းထားတဲ့ ပန်းတွေပွင့်ပြီဆို….. မေးခွန်း ၂ ။ ခင်များတိုင်းတာတဲ့ပေတံထက် ခင်များက ပိုမြင့်နေသလား ….. မေးခွန်း ၃ ။ အခုလို လက်ညှိုးညွှန်ရာ ရေဖြစ်တဲ့အခါ ခင်များခံစားချက်က ….. မေးခွန်း ၄ ။ ခင်များမျက်ရည်မကျဘူးဆိုတော့ သူမမျက်ရည် တစ်စက်ကျရင် ဘယ်လောက်တန်ကြေးရှိလဲ …. မေးခွန်း ၅ ။ ဟားဟားလို့ ခင်များရယ်ပြလိုက်ရင် ရယ်နေတဲ့လူတွေကြားထဲ ငိုရီနေတဲ့ လူတွေအပေါ် ခင်များ ဘယ်လိုခံစားပါသလဲ ….. မေးခွန်း ၆ ။ ခင်များက ဟစ်တလာမဟုတ်ဘူး ဟစ်တလာက ခင်များလို့ပြောရင် ဘာကြောင့်ရယ်နေတာလဲ ….. မေးခွန်း ရ ။ ခင်များလက်ညှိုးညွှန်ရာ ရွှေဖြစ်တယ်လို့ လူတွေက ပြောကြတယ် […]


အာဂDecember 31, 20111min31611
၂၀၁၁ ကတော့ တွေ့ကြုံနေကြ ဘဝများအပေါ်ဖြတ်သန်းလို့ မကြာခင်လက်ပြနှုတ်ဆက် ထွက်ခွာ တော့ပါမယ်။ဒီဇင်ဘာက တော့ ကိုယ်ပြုလုပ်လိုက်တဲ့ ကောင်းခြင်း ၊ဆိုးခြင်း၊အပြုမူတွေကို အတိတ်ဆိုတဲ့ အမှိုက်ခြင်းထဲထည့်လို့ သွန်ပြစ်ဖို့ ပြင်ဆင်နေပါပြီ။ ဇန်နဝါရီဟာ နှစ်သစ်တစ်ခုရဲ့ ဖြတ်သန်းစီးဆင်းရာ အစဖြစ်သလို။ ဘဝ တစ်ခုကို ပြင်ဆင်မယ့်လူတွေအတွက်လည်း ခြေလှမ်းအစတစ်ခုဖြစ်နိုင်ပါတယ်။ နှစ်သစ်တစ်ခုကို လူသားအားလုံးက ပျော်ရွင်မှုတွေနဲ့ ကြိုဆိုနေကျချိန်မှာ အချို့သောတိုင်းပြည် အချို့ သော လူသားမျိုးနွယ်စုများကတော့ ခက်ခဲကြမ်းတမ်းလှတဲ့ ဘဝများထွေးပိုက်လို့ ပူပင် သောက တွေနဲ့ ကြိုဆိုလို့နေမှာ အမှန်ပါပဲ။ ဘာပဲပြောပြော အချိန်ဆိုတာက လူသားတိုင်းအတွက် တားဆီးလို့မရ နိုင်တဲ့ လက်နက်တစ်ခုလိုပါပဲ။ ထိုးနက်တိုက်ခိုက်လို့ နေမှာ အမှန်ပါ။ ပြီးခဲ့ နှစ်တစ်ခုလုံးဟာ မိမိဘဝအတွက် တောမီးတစ်ခုလို လောင်ကျွမ်းခဲ့ရင်လည်း နှစ်သစ် မှာ အေးချမ်းတဲ့ […]


အာဂAugust 27, 20111min45416
မြန်မာ့ရုပ်ရှင်နှင့်ဗွီဒီယိုကျွန်တော် ၂တန်း၃တန်းကျောင်းသားဘဝတုန်းကရုပ်ရှင် နှင့်ဗွီဒီယိုတွေကြည့်မယ်ဆိုရင် မြန်မာဇာတ်ကားတွေပဲကြည့်တာများခဲ့ပါတယ်။ စွဲလည်းစွဲလမ်းခဲ့ပါတယ်။ နောက်တစ်ဖြည်းဖြည်းနဲ့အရွယ်ရောက်လာတဲ့အခါကျတော့၊နိုင်ငံခြားဇာတ်ကားတွေကိုပိုပြီးတော့ ဘဝင်တွေ့လာပါတယ်။မြန်မာဇာတ်ကားတစ်ကားနဲ့တစ်ကားရဲ့မထူးခြားတဲ့ဇာတ်လမ်းကျောရိုး၊ ရိုက်ချက်တွေရဲ့လောင်းရိပ်အောက်ကနေပြေးထွက်ပြီး နိုင်ငံခြားကားတွေရဲ့တင်ပြပုံတွေ ကိုကြည့်ရတာ့အခါမှာတောသားမြို့ရောက်သလို သလိုတအံတဩလည်းဖြစ်ခဲ့ရပါတယ်။ အဲဒီတုန်းကကျွန်တော်ကမြန်မာဇာတ်ကား တွေကိုမကြည့်တော့တာကလွဲလို့မြန်မာရုပ်ရှင်နှင့်ဗီဒီယိုဇာတ်လမ်းတွေ အပေါ်မှာအမြင်ကြည်ခဲ့ပါတယ်။ငါတို့ဆီကနိုင်ငံရပ်ခြားဇာတ်ကားတွေလိုတော့ဘယ်လိုလုပ်အကုန် အကြခံပြီးရိုက်နိုင်မလဲ။ သူ့အိုးနဲ့သူ့ဆန်အဆင်ပြေအောင်ရိုက်နေတာပဲ လို့ဖြေတွေလေးတွေးလို့မကြည့်ရင်သာရှိမယ်လက်ခံနိုင်ခံပါတယ်။ နောက်ပိုင်းရုပ်မြင်သံကြားတွေကဇာတ်လမ်း တွဲတွေထုတ်လွင့်လာကြတော့ကျွန်တော်လည်းကိုရီးယားတွေကိုကြိုက် လာပါတော့တယ်။ အဲဒီလိုကိုရီးယားကားတွေကိုကြည့်ရင်း ကြည့်ရင်းနဲ့ဟာဒါမျိုးလေးတွေကို ငါတို့မြန်မာတွေကဘာလို့လိုက်ရိုက်လို့မရနိုင်ရမှာလည်း ၊ဘာကုန်ကျစားရိတ်မှလည်းထွေထွေထူးထူးရှိတာမဟုတ်ပဲ။လို့တွေးမိပြီးကိုးရီးယားကား တစ်ကားကြည့်ပြီး ကြည့်ပြီးတိုင်မုဒိတာပွားနေမိတော့တာပဲ။ ဒါကြောင့်ကျွန်တော်ပြန်ပြီးစဉ်းစားကြည့်လိုက်တယ်၊ မြန်မာတွေဘာကြောင့်ဒီလိုဇာတ်ကားမျိုးတွေမရိုက်သလဲလို့ပေါ့။ကျွန်တော်ခပ်လွယ်လွယ်ပဲအဖြေတစ်ခုရသွားတယ်။အဲဒါဘာလည်းဆိုတော့မြန်မာ့ရုပ်ရှင်နဲ့ဗွီဒီယိုဇတ် ကားတွေကိုဖန်းတီးနေကြသူတွေကတစ်နပ်စားကြံပြီး အလွယ်လိုက်နေကြတာတွေကိုအများကြီးတွေ့ရသလို၊မင်းသား၊မင်းသမီး၊ ဇာတ်ညွန်းရေးသူတွေအစအားလုံးပေါ်ပင်အနုပညာကိုဖန်တီးနေတာလည်းတွေ့ပါတယ်။ ရုပ်ရှင်တစ်ကားကိုရက်(၂၀)နဲ့အပြီးရိုက်ကြတာမျိုးရှိကြသလို၊ဗီဒီယိုဇာတ်ကားကို(၃၊၄၊၅)ရက် နဲ့အပြီးရိုက်နေကြတဲ့အသံတွေကလည်းကြားရပါသေးတယ်။ အဲဒီနောက်ဒေါသခပ်ထွက်ထွက်နဲ့ပဲမြန်မာကားဆိုရင် နိုးလို့ပြောပြီးလက်ကာပြနေမိတာအခုထိပါပဲ။ဒါတောင်မလွဲသာလို့ကြည့်နေရတဲ့ ကားတွေကလည်းရှိသေးတယ်။ထားပါတော့အဲဒီလိုအဖက်ဖက် ကညံဖြင်းနေတဲ့မြန်မာကားတွေဘာကြောင့် ညံ့သထက်ညံ့လာသလဲဆိုတာကိုအတွေးတောတဲ့ ဘလောဂ်ကာတစ်ယောက်ကမြန်မာကားများကြည့်ပြီးရရှိလာတဲ့ ဗဟုသုတ၁၀ဝဆိုပြီးရေးသားထားတာလေး ကိုဖတ်ကြည့်မိလိုက်တော့ကျွန်တော်တော်တော်သဘောကျသွားတယ်။ အဲဒီထဲကဟာတွေကအပေါ်ယံကြည့်မိရင်တော့လှောင်ထားသလို၊ ဟာသဖြစ်အောင်ရေးထားသလိုထင်ရပေမဲ့ တကယ်ကိုအဖိုးတန်တဲ့ချက်တွေဆိုတာမြန်မာကားတွေကြည့်ဖူးကြ သူတိုင်းငြင်းလို့ရမယ်မထင်မိပါဘူး။ ဒါကြောင့်ဒီဗဟုသုတ၁၀ဝကိုပြန်လည်ဖော်ပြပါရစေလို့လည်း မူရင်းရေးသားသူနဲ့www.Planet.com.mmပေါ်မှာတဆင့်ပြန်လည်တင်ပြ သူကိုမွန်စတားအော့ဖ်ရောခ်ကိုပါတောင်းဆိုရင်း….. ၁။ မြန်မာလူမျိုးများသည် ခဏခဏ အတိတ်ကို ပြန်သတိရ လေ့ရှိသူများဖြစ်ကြပြီး များသောအားဖြင့် […]


အာဂAugust 25, 20111min46517
တစ်ရက် အသိတစ်ယောက် အမွေတွေသိန်းရာနှင့်ချီ ရသွားသောသတင်း တစ်ခုကျွန်တော်ကြားမိသောအခါ။ ထိုအသိအစားများစွာ ဝမ်းသာမိလေသည်။ ဘယ်ကြောင့်ဆိုသော် ကျွန်တော်တွင်မှု ထိုကဲ့သို အမွေရခွင့်ဟူ၍ မိဘ၊ဘိုးဘွား ဥစ္စာများများမရှိသော်ကြောင့်ပင်ဖြစ်သည်။ ရလျင်တောင်ရမည့်ပိုက်ဆံက သိန်းဂဏာန်းပင်ကျော် မည်မထင်မိချေ၊ဒီလိုပြောလို့လည်း မိဘ၊ဘိုးဘွားများအပေါ်အပြစ်မြင်သိစိတ်လည်းမပေါ်ပေါက်ခဲ့ပါ။ သို့သော် နည်းနည်းတော့ဘဝင်မကျဖြစ်နေခဲ့တာတော့အမှန်ပါ။ဘာကြောင့်လည်းဆိုတော့ အမေတို့ရဲ့အဘိုးတွေအဖွား တွေက အတော်လေးကိုချမ်းသာခဲ့သည်ဟုသိခဲ့ရသောကြောင့်ပါ။ ဒီပိုက်ဆံတွေဘယ်ရောက်သွားသလဲဆိုရင် တော့အကြောင်းအမျိုးမျိုးကြောင့် နောက်လာနောက်သားတွေသုံးစွဲလို့ကုန်ပြီလို့ပဲ ပြောရပါလိမ့်မည်။ ထားပါတော့ကုန်တာလည်းကုန်ပြီဆိုတော့ အခုသူတို့မြေး ကျွန်တော့်မိဘတွေအတွက်ဘာမှမကျန် သလိုကျွန်တော်တို့လို မြစ်တွေအတွက်လည်းဘာမှမကျန်ခဲ့နိုင်တော့ပေ။ဒီတော့ကျွန်တော်လည်းကျွန်တော် မျိုးဆက်အတွက် တန်ဖိုးကြီးအမွေတစ်ခုခုပေးနိုင်တဲ့လူတစ်ယောက်ဖြစ်အောင် ဘယ်လိုလုပ်ရမလဲလို့ နေ့စဉ်မပျက် စိတ်ကူးနှင့်စဉ်းစားနေခဲ့မိသည်။ သို့သော်အခုထိ ကိုယ့်ဘဝတောင်ကိုယ် လခစားဘဝနဲ့ အနိုင်နိုင်ရပ်တည် နေရသောအခါ မည်သို့လုပ်ရမည်မကြံတတ်အောင်ဖြစ်နေခဲ့မိပါသည်။ ဒါပေမဲ့ အမွေးပေး ထားချင်သည့်စိတ်ကူးကတော့မလျော့ပေ။ဒီတော့ နယ်တစ်နယ်မှာ ဈေးပေါပေါခြံလေးဝယ်ပြီးနှစ်ရှည် ရာဘာ စိုက်ရင်ကောင်းမလားတို့၊ဘဏ်မှာ မတည်ငွေလေးနည်းနည်းထည့်ပြီးထားမလို့များစွာ စဉ်းစားသော်လည်း လက်တွေ့မှာက မလွယ်ကူနိုင်ခဲ့ပေ။သို့သော်ကျွန်တော် စိတ်ကူးအိပ်မက်တို့ကတော့ လျော့မသွားခဲ့တိုးလို့ပင် […]


အာဂAugust 18, 20111min2086
အတောင်ပံတပ်ထားတဲ့ နတ်ဆိုးက ငါ့…အခန်းဝရှေ့ ဘာကြောင့် ခဏခဏ လာရပ်ပြသလဲ။ စကားလုံးတွေ၊ ငွေတွေ…. ဂေါ်လီလို လိမ့်လိမ့်ဆင်းသွားကြ ။ ခေတ်ကာလ မျက်ရည်တွေထဲ ငါ့ မျက်ရည်စက်များ အောက်ကျနောက်ကျ နိုင်လွန်းလှပ။ ငွေကြေးနဲ့ထွန်ယက်လို့မရနိုင်ဘူးထင်သမျှ ငွေကြေးနဲ့ပဲဝယ်ယူ ထွန်ယက် စိုက်ပျိုးသူတွေက စိုက်ပျိုးကြ..။ ခေတ်သစ်ဈေးဗန်းထဲ အရောင်းအဝယ်မဖြစ်တာ စာရိတ္တ ပဲလို့ ကဗျာဆရာက ရေးရင် အရူးလို့ပဲထင်ချင်ကြ…။ ငါ့မှာက… တောအုပ်ထဲညဖက် မြင်းထွက်ထွက်စီးနေသလို ဘဝနဲ့ ခဏခဏ ခလုတ်တိုက်တဲ့နေ့တွေများလှ။ လ ကုန်တိုင်း မက်မိတဲ့ အိပ်မက် ငါ့…အိတ်ကပ်လေးက ဆာလောင်လွန်းလို့ငိုနေရောတဲ့..။ ဘာမှမရှိတာထက် စာရင် ငါ့မှာ လူပီသခြင်းဆိုတဲ့ ဂုဏ်ဒြပ် လွင့်လွင့် ထွက်သွားမှာစိုးလို့….။ စုပ်ကိုင်ထားရတာ မောလှတယ်။


အာဂAugust 17, 20111min52226
အခုတစ်လော ရွာထဲမှာကြောင်တွေအကြောင်း ရေးကျချွတ်ကျတာများတော့ ကျွန်တော်လည်း ကြောင်အကြောင်းကိုရေးချင်လာတယ်။သူများတွေရေးတာကို အားကျတာလည်းပါနိုင်ပါတယ်။ ကျွန်တော်အခုရေးမယ့်စာနဲ့ ခေါင်းစဉ်နဲ့ နည်းနည်းလွဲကောင်းလွဲနေရင်တော့ခွင့်လွတ်ပေးဖို့ကြိုတင် ပန်ကြားလိုပါတယ်။ ကျွန်တော်တို့ မြန်မာလူမျိုးတွေက အားလုံးသိတဲ့အတိုင်းပဲရောင်ရဲတင်းတိမ် ပြီး၊သည်းညီးခံ တတ်ကျတဲ့လူမျိုးတွေပါ။ဒီအကျင့်တစ်ဖက်က ကြည့်ရင်တော့ ကောင်းတဲ့အကျင့်လိုလိုနဲ့ ရောင်ရဲပါများ သည်းခံတာများလာတဲ့အခါကျတော့ မကောင်းတဲ့ဘက်ကိုကူးသွားတတ်ပါတယ်။ အခုလည်းကြည့်လေ စစ်အဆိုးရ(အစိုးရမဟုတ်ပါ)ရဲ့ မကောင်းမှု၊ညှင်းပန် ဖိနိမ့် နှိပ်စက်မှုမှန်သမျှ ကျွန်တော်တို့လူမျိုးတွေ ရောင်ရဲသည်းခံခဲ့ကြတာများပါတယ်။ အခုလည်းလူဝတ်လဲထားတဲ့အဆိုးရ ဆိုပေမဲ့လည်း မထူးပါဘူး ဖိနိပ်မှု အာဏာပြမှုတွေကတော့ ရှိနေဆဲပါပဲ။ ဒီတော့ ကျွန်တော်တို့လူမျိုးတွေက ကြာလာတော့ ဘာဖြစ်လာသလဲဆိုတော့ နိုင်ငံရေးဆိုတာ လူကြားထဲမပြောရဲမဆိုရဲလောက်၊ သန်းရွှေကိုမကျေနပ်လို့ လက်ဖက်ရည်ဆိုင် မှာကိုယ်က သန်းရွှေစောက်ရူး၊အာဏာရူးလို့ ပြောရင်တောင် ဘေးနားကလူတွေ ရှူးတိုးလုပ်ပါ ကွာ မင်းကလည်းတို့ ၊ နိုင်ငံရေးမပါကြေးတို့ ဘာတို့နဲ့ကြောက်နေကျသေးတာပဲလေ.။ ဆိုလိုတာ ကသူတို့အကြောင်း မဟုတ်မှန်းသိနေပေမဲ့ ဟဟလေးတောင် […]


အာဂAugust 12, 20111min49616
ကျွန်တော်က… ဘဝကို ကင်းမြီးကောက်ထောင်ပြရင် ခင်ဗျားတို့ ရယ်မှာလား..။ ဘဝက အစင်းစင်းသောဓါးတွေ ကျွန်တော့် ပါးစပ်ထဲ သွင်းပြရင် ခင်ဗျားတို့ အံဩကြပြမှာလား။ လောကဓံ ကြိုးတန်းပေါ် ကျွန်တော်က လျောက်နေဆဲ..။ “ဟက်ချလောင်း” ဆိုတာနဲ့ စိန်..ရွှေ..ငွေ..ဂုဏ် တွေ ဖန်ဆင်းနိုင်သူတွေထဲ.. ကျွန်တော်က အမည်းရောင်ပုဝါကြားက ရိုး သား မှု ကိုထုတ်ပြရမလား..။ လက်ခုတ်ဩဘာတီးပါ။ ခင်ဗျားတို့ လိုချင်တာ ဒါမဟုတ်လောက်ဘူး။ ဇာတ်ခုံပေါ် ကျွန်တော့် ခန္ဓာတင် အဖြူရောင် ဓါးတစ်စင်းနဲ့ ငါ့ ရင်ဝ တိတိ ထိုးစိုက်ချလိုက် ပန်းထွက်လာတဲ့ အမှန်တရား ခင်ဗျားတို့ မျက်နှာ မပေစွန်းခင် အမြန်သုတ်ချ..။


အာဂAugust 10, 20111min37715
ကျွန်တော်ဖတ်ဖူးတဲ့ စာအုပ်တစ်အုပ်ထဲက ဉာဏ်စမ်းလေးတွေပါ ။ အခြားသူများသိပြီးသားဖြစ်ရင်တော့ ကြိုတောင်းပန်ပါရစေ ။ ဘာပဲပြောပြော စိတ်ဥဏ်ကွန်းမြူးနိုင်အောင်လို့တင်ပေးလိုက်ခြင်းဖြစ်ပါတယ် ။ ၁ ။ မိန်းမတွေရဲ့ အမွှေးဘယ်နေရာမှာ အကောက်ဆုံးလဲ ၂ ။ ပီတာလေးမှာ နှစ်လုံးရှိတယ်။ ဆရာမမှာ တစ်လုံးမှမရှိတာ ဘာလဲ။(ခါးအောက်ပိုင်းနားမှာပဲ) ၃ ။ လူမိန်းမမှာ ၂ခု နွားမမှာ ၄ခုပါတာဘာလဲ။ ၄ ။ အလွန်ကောင်းသော စားစရာဖြစ်သည်။ တစ်ကြိမ်စားပြီး အစာကြေသွားသည်နှင့် စားမိသောလူတိုင်း နှစ်လေးဆယ်စွန်းစွန်း ကြာအောင် ကျန်းမာရေးကို ဆိုးကျိုးသက်ရောက်စေနိုင်သည်။ မိန်းမများ စိတ်သဘောမတည်မငြိမ် ယိမ်းယိုင်၍ စိတ်ဖောက် ယောက်ယက်ခတ်မှုများဖြစ်ပေါ်စေတတ်သည်။ ယောက်ျားများ အပူလုံးကြွပြီးစိတ္တဇရောဂါ ကိုခံစားကြရသည်။ အထူးသဖြင့်ကျားမ မရွေးစိတ်ကျရောဂါကိုခံစားရစေသည်။ သို့သော် လူသားမှန်သမျှ ၁၀%လောက်ကလွဲ၍ ထိုးအစား အစာကို စားဖူးချင်ကြ(စားဖူးကြ)သည်ချည်းဖြစ်သည်။ […]


အာဂAugust 6, 20111min2917
ဒီပိုစ်လေးက လွန်ခဲ့တဲ့လေးနှစ်လောက် ကျွန်တော့် ဘလော့မှာတင်ထားတဲ့ ပိုစ့်လေးပါ။အခုဆရာဆုံးသွားတာ ဒီလ ၈ရက်နေ့ဆိုရင် ၄နှစ်တင်းတင်းပြည့်ခဲ့ပါပြီ။ဆရာကိုချစ်ကျသူတွေ။ဆရာ့စာပေတွေထဲမှာ ကျေနပ်မှုတွေနဲ့ ကခုန်နေခဲ့ဖူးသူတွေအတွက် အမှတ်တရအနေနဲ့ပြန်တင်ပေးလိုက်တာပါ။ ဓာတ်ပုံတွေကတော့ ပျောက်ဆုံးသွားလို့ မတင်နိုင်ခဲ့တာခွင့်လွတ်ပေးစေချင်ပါတယ်။ (အာဂ) ကျွန်တော်လေထန်ကုန်းကိုရောက်တော့နေ့လည်၁၁း၃ဝနေပြီ။ အသုဘပို့တဲ့လူတွေမတွေတာနဲ့လေထန်ကုန်းမှာကျန်တဲ့လူတွေကိုမေးလိုက်တော့ဗိုလ်ချူပ်အောင်ဆန်းလမ်းကရုပ်ရှင်တွေရှေ့မှာရှိသေးတယ် အမြန်လိုက်သွားရင်မီလိမ့်မယ်ဆိုလို့ ဗိုလ်ချူပ်အောင်ဆန်းလမ်းကိုအပြေးထွက်ခဲ့ပါတယ်။ ၃၃လမ်းထိပ်မှာအသိတစ်ယောက်ကိုတွေ့တော့မေးလိုက်တယ် ကားထွက်သွားပြီလားလို့ပေါ။ ့အသိကပြန်ပြောရှာပါတယ်။-ကားတွေထွက်လို့မရဘူးပြသနာတွေတက်နေတယ်-တဲ့ပထမတော့ကျွန်တော်လည်းမယုံပါဘူး။ဒါပေမယ့်ကိုယ်တိုင်မြင်မှပဲယုံခဲ့ရပါတယ်။ ကျွန်တော်ထောက်လှမ်းရေးသမား ဝီဇီရာရုပ်ရှင်ရုံလား။ဘုရင့်ရုပ်ရှင်ရုံလားမသိဘူး။၃၃လမ်းထိပ်ကရုပ်ရှင်ရုံထိပ်ကားလမ်းကနေဟို ဘက်ကားလမ်းကိုကြည့်လိုက်တော့လူအရောက်၄၊၅၊၆ဝလောက်စုစုနဲ့ရပ်တာကိုတွေ့လိုက်ပါတယ်။ဪ-ဒါနဲ့ကျွန်တော်လည်းမီသေးတယ်ဆိုပြီးကားလမ်းကူး မယ်လို့လုပ်တုန်း။ကျွန်တော်သေသေချာထပ်ကြည့်မိလိုက်တော့ ဆရာ့အသုဘကိုပို့မယ့်လူတွေထဲကသုံးယောက်လောက်က၊စာရေးဆရာတာရာမင်းဝေ၊အသက်(၄၁)စတဲ့စာရွက်ဖြူလေးတွေကိုင်တန်းစီပြီးရပ်နေတာ တွေ့လိုက်ရတော့ကျွန်တော်သိပ်မသင်္ကာတော့ဘူး။ သူတို့ရပ်နေတဲ့ပုံစံကတစ်စုံတစ်ခုကိုဆန္ဒပြနေသရောင်ပဲလေ။ ဒါနဲ့ဒီဘက်ကားလမ်းကနေပဲအရိပ်အကဲကိုလှမ်းကြည့်နေမိတယ်။ ဘေးနာကလူတွေကလည်းဘာလုပ်နေကြတာလဲ၊ဆန္ဒပြနေကြတာလား၊စသဖြင့်မေးခွန်းတွေနဲ့အုံပြီးကြည့်နေကြတယ်။ကျွန်တော်ကလည်းတတ်နိုင်သမျှလောက်“မဟုတ်ပါဘူးအသုဘ လိုက်ပို့ဖို့ပြင်နေကြတာပါ“လို့ပြောပြရသေးတယ်။သူတို့မေးမယ်ဆိုလည်းမေးလောက်စရာအဲဒီမှာရပ်နေကြသူတွေ၊စာရွက်တွေကိုင်ထားကြသူအချို့တွေကအမျိုးသားဒီမိုကရေစီအဖွဲ့ NLDဝတ်စုံတွေနဲ့ လေ။ဒါနဲ့ကျွန်တော်လည်းဒီဘက်ကားလမ်းရုပ်ရှင်ရုံရှေ့ကနေပြီး အခြေအနေကိုစောင့်ကြည့်ကာ။ကျွန်တော့်ကင်မရာလေးနဲ့မှတ်တမ်းဓာတ်ပုံလေးတွေရိုက်နေလိုက်ပါတယ်။ အဲ့ဒီအချိန်မှာအင်္ကျီအဖြူလည်ကတုံး၊ပုလဲပေါက်ပုဆိုးအနက်နဲ့လူ၃ယောက်လောက်က၊စာရွက်ကိုင်ထားတဲ့လူတွေကိုရော၊အသုဘပို့မယ့်လူတွေကိုရော၊ရုပ်ရှင်ကင်မရာနဲ့တစ်မျိုး၊ရုပ်သေကင်မရာနဲ့တစ်မျိုးရိုက်ပြီးမှတ်တမ်းတင်နေတာတွေ့ရတယ်။ ကျွန်တော့်ကလည်းကျွန်တော့်ကင်မရာနဲ့ခိုးကြောင်ခိုးဝှက်ပေါ့၊နောက်တော့အဲဒီကင်မရာတွေနဲ့ရိုက်နေတဲ့သူတွေက ကျွန်တော်ဆီကိုလာရိုက်တော့တာပါပဲ။အဲဒါနဲ့ ကျွန်တော်လည်းကျွန်တော့်ကိုရိုက်ရင်ထီးနဲ့ကွယ်လိုက် လွတ်ရင်ပြန်ရိုက်လိုက်လုပ်နေတော့တာ။ မကြာပါဘူး အဲဒီလူတွေကကျွန်တော့်ကိုပေါ်တင်ကြီးထပ်ပြီးလာရိုက်နေတော့ကျွန်တော့် စိတ်ထဲထောက်လှမ်းရေးတွေထင်လို့အဲဒီနေရာနဲ့ ခပ်လှမ်းလှမ်းနေရာကိုပြေးထွက်သွားလိုက်တယ်။ ကျွန်တော်သွားခါနီးတစ်ချက်လှည့်ကြည့်လိုက်တော့ အဲဒီကင်မာကိုင်တစ်ယောက် ကနောက်တစ်ယောက်ကိုကျွန်တော့်ကိုချက်ပြလိုက်တာတွေ့လိုက်ရပါတယ်။ ပြီးတော့ကျွန်တော်က၃၃လမ်းထိပ်ဘက်ကကဗျာဆရာအောင်ဝေးတို့၊လေထန် ကုန်းဆိုင်ရှင်တို့ဘက်နားမှာဝင်ရပ်နေလိုက်တော့တယ်။ဓာတ်ပုံလည်းဆက်မရိုက်ရဲတော့ဘူး။ ဆရာအောင်ဝေးတော့ကတော့ကားရဖို့စီစဉ်နေတာတွေ့ရပါတယ်။နောက်မကြာပါဘူး၊ ခုနကကင်မရာကိုင်အဖွဲ့ကလူတစ်ယောက်ကျွန်တော့်အနားကိုရောက်လာပြီး “ညီလေးက ဘယ်ကလဲ၊ဘာလာလုပ်တာလဲ”လို့လာမေးတယ်။ကျွန်တော်ကလည်းသူ့မေးခွန်းနဲ့သူ့ကို ပြန်မေးလိုက်ပါတယ်။အဲဒီတော့သူက“အကိုက၈၈မျိုးဆက်သစ်လူငယ်အဖွဲ့ကပါ။ ရွှေဘုန်းတို့နဲ့အကိုတို့ကကျောင်းတုန်းက […]


အာဂJuly 27, 20111min39013
ဂျူလိုင်လ (၂၅)ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ သိန်းစိန်အစိုးရအဖွဲဝင် ဝန်ကြီး ဦးအောင်ကြည်နဲတွေ့ဆုံဆွေးနွေးပွဲကို အားလုံးသိပြီးသားဖြစ်မှာပါ.။ အချို့ကလည်း အကျိုးရှိမယ့် ရလဒ်ကောင်းတွေထွက်ပေါ်လာမယ်လို့ထင်တဲ့လူက ထင်ကြပါတယ်။ ကျွန်တော့်အမြင်ကတော့ ဒါဟာ အကျိုးရှိမယ့် ရလဒ်ထွက်ပေါ်လာမယ်လို့ ကိုလုံးဝမထင်မိပါဘူး။ ဒီလိုတွေ့ဆုံမှုကိုလည်း အချိန်ကိုက် လုပ်ဇာတ်တစ်ခုလို့ ပဲမြင်မိပါတယ်။ဘာဖြစ်လို့လည်း ဆိုတော့ အဲဒီလို့ အန်တီစု နဲ့ တွေ့တဲ့နေ့ က တိုက်တိုက်ဆိုင်ဆိုင်ဆိုရမလားပဲ။ သိန်းစိန် အဆိုးရ ရဲ့ပြည်ထောင်စု ဝန်ကြီး နိုင်ငံခြားရေးဝန်ကြီးက အာဆီယံအစည်းအဝေးပွဲမှာ လက်ရှိအာဆီယံ ဥက္ကဌ နဲ့တွေ့ဆုံပြီး နောက်လာမယ့် နှစ်မှာ မြန်မာပြည်က အလှည့်ကျဥက္ကဌ ဖြစ်ဖို့ အပြုသဘောဆောင်မဲဆွယ်နေသတဲ့..။ ဒီတော့ သူတို့က တော့ အာဆီယံကိုပြောပါလိမ့်မယ် မြန်မာပြည်မှာတွေ့ဆုံဆွေးနွေးပွဲဖြစ်ဖို့ အတွက် အခုအချိန်မှာ အန်တီစုနဲ့တွေ့ဆုံပြီးပြင်ဆင် နေပြီပေါ့။ ဒီတော့ မဲပေးပေါ့ ပေါ့ဗျာ.။ ဘန်ကီမွန်းတို့ဘာတို့ကလည်းကြိုဆို […]


အာဂJuly 18, 20111min27312
ကာလအတန်ကြာ ပြည်သူလူထု တက်ရောက်ဂါရဝ ခွင့်မရှိသော အာဇာနည်ဗိမာန် အား ၂၈နှစ်အကြာတွင် ပြန်လည်တက်ရောက် ဂါရဝပြုလိုက်ပြီဖြစ်ကြောင်းနိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြခဲ့သည်ကိုတွေ့ရှိရသည်။ ၁၉၈၃ခုနှစ်အောက်တိုဘာလ ၉ရက်နေ့က တောင်ကိုရီးယား သမ္မတမစ္စတာ ချမ်ဒူးဝမ်နဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ အာဇာနည်ဗိမာန်သို့ ရောက်ရှိလာချိန်မှာ မြောက်ကိုရီးယား သူလျှိုတွေရဲ့ လက်ချက်နဲ့ တောင်ကိုရီးယား ဝန်ကြီးအဖွဲ့ဝင် ဝန်ကြီး၃ဦး အပါအဝင် မြန်မာနဲ့ တောင်ကိုရီးယား လူမျိုး ၂၁ဦးသေဆုံးခဲ့ပြီး ၄၆ဦးဒဏ်ရာရခဲ့ပါတယ်..။ သေဆုံးခဲ့ရတဲ့ ကိုရီးယား ဝန်ကြီး ၃ဦးကတော့ မေရီလန်းနဲ့ ဝါရှင်တန် တက္ကသိုလ်ဘွဲ့ရ နိုင်ငံခြားရေးဝန်ကြီးLee Beom-seok၊ စီမံကိန်းဝန်ကြီးနဲ့ လက်ထောက်ဝန်ကြီးချုပ် Suh Suk Joo၊ ကုန်သွယ်မှုနဲ့ စက်မှုဝန်ကြီး Kim Dong Whie တို့ဖြစ်ကြပြီး ကိုရီးယားသမ္မတ အကြံပေးအရာရှိအပါအဝင် သတင်းမီဒီယာ […]


အာဂJune 27, 20111min3009
ဖတ်လိုက်ရတာလေးထဲ က သဘောကျတာလေးတစ်ခု တွေ့မိရလို့ သူငယ်ချင်းတွေကို မျှဝေပေးချင်မိပါတယ်။ ဒီစာကလေး ဖတ်မိတော့ ကိုယ့်မှ ရှိတဲ့ သောကတွေ ထဲက အချို့ တစ်ဝက်လျော့ကျသွားတယ်လို့လည်း ခံစားရမိလို့ပါပဲ…။ တကယ်လို့သာ ကမ္ဘာလူဦးရေကို လူတစ်ရာပဲ အတိအကျရှိနေတဲ့ ရွာကလေးတရွာအဖြစ် လျှော့ချလိုက်မယ်ဆိုရင် အခုလက်ရှိအနေအထား မှာရှိတဲ့ လူအချိုးအစားက သည်လိုဖြစ်မယ်တဲ့။ လူတစ်ရာမှာ အာရှတိုက်သားက (၅၇) ယောက်၊ ဥရောပ တိုက်သားက (၂၁)ယောက်၊ အနောက်တိုင်းသားက (၁၄)ယောက်နဲ့ အာဖရိကတိုက်သားက (၈) ယောက်ရှိနေပါလိမ့်မယ်။ အဲဒီ့ လူတစ်ရာမှာ အမျိုးသမီးက (၅၂)ယောက်နဲ့ အမျိုးသားက (၄၈)ယောက် အချိုးရှိ နေပြန်သတဲ့။ လူဖြူက ၃ဝ ပဲရှိပြီး လူဖြူမဟုတ်တဲ့ လူမည်းတွေ၊ ကျွန်တော်တို့ အာရှတိုက် သားတွေလို အညိုတွေ၊အဝါ တွေက […]


အာဂJune 23, 20111min2106
မဟာသမယသုတ်တော်မှာ ဟောကြားခဲ့တော်မူသော် မြတ်ဗုဒ္ဓရဲ့ ငြိမ်းချမ်းရေးမူ လေးတွေကို ပြန်ဖော်ပြအပ်ပါတယ်။ ကျွန်တော်တို့အတွက်လိုအပ်မယ်ထင် လို့ ပါ။ ၁။ အရာမဟုတ်သည် ၌ အငြင်းအခုံမပြုသင်။့ ၂။တဆင့် စကားဖြင့် အငြင်းအခုံမပြုသင့်။ ၃။အားရှိသူတိုင်း အားငယ်သူကို နိုင်မည်မဟုတ်။ ၄။စည်းလုံးမှုမရှိလျင် ပျက်စီးတက်သည်။ စည်းလုံးမှုရှိမှ ကြီးပွားမည်။ ၅။မိမိကိုယ် မိမိ နစ်မွန်းသော ဒုက္ခ မပေးသင့်ခြင်း။