အာဂJune 16, 20111min56626
သို့။ မန္တလေးဂေဇက် အယ်ဒီတာအဖွဲ့ မှတစ်ဆင့် သူကြီးမင်း ကိုခိုင်။ အကြောင်းအရာ။ ။ အကြံပြုဆွေးနွေးခြင်း သူကြီးခင်ဗျာ…။ ကျွန်တော်အကြံတစ်ခုပေးချင်ပါတယ်။ အခုဆိုဒ်ပုံစံပြောင်းသွားတဲ့အခါမှာ ။အရင်ကလို ပိုစ်ရဲ့ ခေါင်းစဉ်ရော စာအမြည်းလေးပါ မဖတ်ရတော့ပါဘူး နောက် ဓာတ်ပုံအမြည်းလည်း မမြင်ရတော့ပါဘူး။ အဲဒီအတွက် ပြသနာက ဘာလဲဆိုတော့ အခုတစ်လော ပုံတစ်ပုံ (အနှစ်သာရရှိတဲ့ပုံဆိုရင်မပြောလိုပါ)။ စာတစ်ကြောင်း၊ခေါင်းစဉ်တစ်ခုနှင့် ပိုစ်များ ခပ်များများတွေ့လာရပါတယ်။ ဒီလိုတွေ့လာလို့ တင်တဲ့လူတွေ ကို လည်းအပြစ်မပြောပါဘူး။ဒါကသူ့အပိုင်းပါ။ ကျွန်တော်တို့ဖတ်တဲ့ လူဘက်အပိုင်းကျတော့ ဘာဖြစ်လာလဲဆိုတော့ အရင်လိုအမြည်းလေး မမြင်ရတော့ ကွန်မကောင်းရတဲ့အထဲ ခေါင်းစဉ်ဆန်းတဲ့ ပိုစ် ကိုရွေးနိုပ်ရတဲ့အခါမှာ စောစောကပြောသလို ၁ပုံ(အနှစ်သာရရှိသောပုံမဟုတ်သော)၊၁စာ(အဓိပ္ပယ်ကင်းမဲ့ပြီး ပုဂ္ဂိုလ်ရေးဆန်သော)၊ အရသာမဲ့ စာပုံများ တက်လာသောအခါ ကုန်သွားသောအချိန်အတွက်များစွာ စိတ်မကောင်းဖြစ်မိရပါတယ်။ ဒါကြောင့် သူကြီးအနေဖြင့်တက်နိုင်ရင် Home page ပေါ်ကပိုစ်ဘေးမှာ […]


အာဂJune 4, 20111min35715
မယုံမရှိနဲ့ တကယ်ရှိ ကမ္ဘာက နေကို ပတ်နေတဲ့အကြောင်း ပြောခဲ့တဲ့ ဂယ်လီလီယို (၉) နှစ်ကြာထောင်နန်းစံ အမှန်တရားအတွက်အသက်ပေးသွားခဲ့ … မယုံ မရှိနဲ့ ကိုယ့်လူ ဒါတကယ်…။ အဆိပ်သောက်ပြီး သေးဆုံးခဲ့တဲ့ ဆော့စ်ကရေးတီး မင်းလဲ ကြားဖူးမှာပါ…. သူ့က အမှန်တရားရဲ့ ကျောက်ဆောင်ပဲ..။ ဆိုကျပါစို့ မင်းရင်ထဲ ရေးတဲ့ သီချင်း မင်း အပြင်မှာ လွတ်လပ်လပ်ဆိုခွင့် မရှိဘူး။ မင်းရေး တဲ့ ကဗျာ မင်း ရွတ်ခွင့်မရှိဘူး..။ မင်းပြောမယ့် စကား ပြောခွင့် မရှိဘူးဆိုရင်.. မင်းဟာ ကျွန်စနစ် ပြီးတဲ့နောက်ခေတ်မှာ မင်းဟာလွတ်လပ်သူလို့ဆိုနိုင်ပါ့မလား။ မင်းက ဖယောင်းတိုင် မင်း အလင်းတွေ လူမမြင်အောင် ဖုံးအုပ်ထားခြင်းခံရရင် မင်းက ဖယောင်းတိုင် ပီသပါ့မလား…. မင်းစဉ်းစား………………. မယုံမရှိနဲ့ […]


အာဂJune 4, 20111min1341
ဘာတွေများ မျှော်လင့် ချည်းကပ်ချင်သလဲ လူရယ်လို့ စတင် စီးဆင်းချိန်မှာပဲတို့ဟာ စိုက်ပျိုးသူလား၊ အစိုက်ပျိုုးခံသစ်ပင်လား ဝေတေ..ဝါးတား..ပဲ..။ ကိုယ်ပိုင်အချိန်တစ်ချို့တစ်ပါးသူလက်ထဲ ထိုးရောင်းနေခြင်းက ကိုယ်စိတ် ဝိညာဉ် ကို ကိုယ့်ဓားနဲကိုထိုးလို့ အများသူ ငါ အကောင်းပြောဖို့တစ်စက်စက်ကျနေတဲ့ ဆန္ဒရင်းစွဲတွေစတေးခဲ့ရတာ မျှော်လင့်ချက်အတွက်လား…။ ၂၁ရာစုရဲ့ မျှော်လင့်ချက်အလုံးစုံနီးပါကို ငွေကြေးက သိမ်းပိုက်ထားတာကြာလှပြီ….. …..ပညာကို အကြောင်းပြပြီး ငွေရှာတယ်.။ …..ဝါသနာကို ဆိုင်းဘုတ်တင်ပြီး ငွေရှာတယ်။ …..ထွက်ဆိုချက်ကောင်းကောင်းနဲ့ “အချစ်” လို့ဗန်းပြပြီး ခန္ဓာချမ်းသာမှုကို ရှာတယ်။ ……ရည်ရွယ်ချက် …….တာဝန်. ……သနိ္နဌာန်.. .စသဖြင့်….ခေါင်းစဉ်လှလှတွေ ပြပြီး ဒင်္ဂါးပြားတွေက မျှော်လင့်ချက်ပုံတွေ နဲ့ချည်းပြည့်လို့…. ကိုယ့်ကိုယ့်ကိုယ် မေးငေါမေးမိတယ်. .မင်း မျှော်လင့်ချက်ကရော…ငွေနဲ့ကင်းရဲ့လား အဖြေတချို့ကတော့….အခုထိ ဝေဝါးမှုန်ရီ..နေဆဲ…။


အာဂApril 9, 20111min1546
ထူးတော့ထူးဆန်းတယ်ဗျ..။ ကွန်ပြူတာကို မြန်မာပြည်ကလွတ်တော်အမတ်တွေ keyboard မပါပဲ သုံးနိုင်တာလေ.။ ကြည့်ရတာ အဆင့်မြင့်စက်တွေလားမသိဘူး ။ ပါးစပ်နဲ့ထိမ်းချုပ်နိုင်တဲ့ စနစ်တွေများသုံးထားသလားအောက်မှတ်ရတယ်။ ဘီဂိတ်တို့ဘာတို့တောင် နည်းပညာဝယ်မလား တော့မသိဘူး။ အံရော..အံ့ရော… မှတ်ချက်..။ ။ ဓာတ်ပုံက facebook ကယူပါသည်။ ဖောရွီးစာအနည်းငယ်ကို ကိုယ်တိုင်ရေးသည်။


အာဂApril 9, 20111min1622
နွေ……ရောက်ပြီလေ စာတန်းထိုးပြလိုက်တော့….။ လွယ်အိပ်အနွမ်းကလေး နံရံမှာချိတ် ကျောင်းတံခါးပိတ် ခေါင်းလောင်းသံလေးနဲ့ ကြိမ်လုံးဒဏ်လေးရဲ့ ခေတ္တအဝေးမို့ ဟိုရှေ့က ပိတောက်ပင်အိုလို သူက ကလေးပြီပြီ ပျော်ရွှင်မှုတွေ သူဝေချင်နေပြီလေ။ “မိုးဆိုတာကိုယ်ရွာချင်တဲ့အချိန် မရွာတက်သလိုပဲ” သူက နေ နဲ့လ ၊ ရွှေနဲ့မြ လို မိဘ မျိုးက သန္ဓေတည်ခဲ့တာမဟုတ်တော့ ၁ဝ နှစ်သား ကလေးတစ်ရောက်ရဲ့ ပျော်ရွှင်ခုန်ပေါက်ချင်စိတ်ကို အိမ်ရဲ့ ကြမ်းပေါက်တစ်ချောင်းမှာ သူကလေးသွေးနဲ့ ဖာထေးရင်း… လွယ်အိပ်အနွမ်းကလေး ၊ ပုခုံးမှာချိတ် အိမ်တံခါးလေးပိတ် ၊ ခေါင်းလောင်းလေးတီးလို့ သူဆိုညီးတဲ့ သီချင်းနာမည်က “ရေခဲထုပ်” တဲ့လား…။ သူကလေး ရင်ထဲမှာတော့ နေလောင်ခံထားတဲ့ ပိတောက်ကိုင်းခြောက်လို ခြောက်ကပ်နေလေရဲ့…။ (ဘဝဆိုတဲ့ နွေဟာ ကိုယ့်ရဲ့ အေးမြချင်တဲ့ စိတ်ကူးမှန်သမျှ အရည်ပျော်ကြစေနိုင်တာပဲလို့ ဒီကလေးလေးတစ်ယောက် […]


အာဂMarch 16, 20111min1112
ကျောင်းသားဘဝ ကျွန်တော်၏ မိခင် ဖခင် နှစ်ဦးစလုံးမှာ ဉာဏ်ကောင်းသော အမျိုးဖြစ်လေသည်။ ကျွန်တော်၏ ဖခင်သည် ရှေ့နေစာမေးပွဲတွင် ဗမာတစ်ပြည်လုံး တတိယစွဲခဲ့လေသည်။ ကျွန်တော်တို့ ညီအစ်ကိုအားလုံးလည်း ဉာဏ်ကောင်းကြသည်။ သို့သော် ဒုတိယအစ်ကိုကြီးက စာသင် အထူးပျင်းလှ၍ အခြားညီအစ်ကိုများကဲ့သို့ ပေါက်ပေါက်ရောက်ရောက် ပညာမတတ်ပေ။ ကျွန်တော်၏ အစ်ကိုများ၊ ဝမ်းကွဲညီအစ်ကိုများ၊ ဦးလေးများမှာ မိမိတို့ဆိုင်ရာ ကျောင်းစာမေးပွဲများတွင် ထိပ်တန်းကျကျ အောင်မြင်ကြသူချည်း ဖြစ်လေသည်။ ကျွန်တော်တို့၏ မိဘများသည် ပညာကို အထူးလိုလားသည်။ ကျွန်တော်၏ အစ်ကိုများကို (၅)နှစ်သား အရွယ်မှစ၍ ကျောင်းထားခဲ့လေသည်။ ကျွန်တော်တစ်ယောက်သာ အငယ်ဆုံးဖြစ်၍ အလိုလိုက်ကာ ထားသဖြင့် အသက်(၈)နှစ် ရောက်မှသာလျှင် ကျောင်းစနေရလေသည်။ ကျွန်တော်ကျောင်းနေရင်း ပြောပြရဦးမယ်။ ကျွန်တော်၏ အထက်အစ်ကို ကိုအောင်သန်းအား အသက်(၁၁)နှစ်ခန့်တွင် ရှင်ပြုလေသည်။ ထိုအခါ […]


အာဂMarch 16, 20111min1453
မြန်မာပြည်၏ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် သက်ရှိထင်ရှား ရှိမည်ဆိုပါက (၁၃၊၂၊၂၀၁၁)ရက်တွင် (၉၆)နှစ် ပြည့်ပြီ ဖြစ်သည်။ သူ၏ အတ္ထုပ္ပတ္တိအကျဉ်းကို တော်တော်များများ ဖတ်ဖူး မှတ်ဖူးကြလိမ့်မည် ထင်ပါသည်။ သူ၏ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိကို ဖတ်ဖူးမှတ်ဖူးကြသူများ ရှားလိမ့်မည် ထင်ပါသည်။ သို့အတွက်ကြောင့် ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိကို ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိစာအုပ်မှ ဖော်ပြလိုက်ရပေသည်။ သည်စာကို ဗိုလ်ချုပ်အောင်ဆန်းသည် ဂျပန်ခေတ် ဗမာ့တပ်မတော်စစ်ဝန်ကြီးနှင့် စစ်သေနာပတိဘဝတွင် ရေးသားခဲ့ခြင်းဖြစ်သည်။ သည်စာသည် ဗိုလ်ချုပ်အောင်ဆန်း၏ မြန်မာဘာသာဖြင့် ရေးသားခဲ့သည့် ဆောင်းပါးအနည်းငယ်မှ တစ်ခုဖြစ်သည်ကိုလည်း တွေ့ရသည်။ ဇာတိ ဇာတိမြေလတ်ဟုခေါ်သော ဗမာပြည်၏ အပူပိုင်းဇုန်ဖြစ်သော မကွေးစီရင်စု၊ ယခု ရေနံချောင်းခရိုင်အတွင်း ပျဉ်းမနား၊ ကျောက်ပန်းတောင်း ရထားလမ်း တစ်ဝက်ခန့်တွင် အပူပိုင်းဇုန် ကုန်းမြေပြင်များဖြစ်သော နှမ်း၊ပဲနှင့် ၎င်းဆီများ ထွက်၍ […]


အာဂMarch 14, 20111min2056
တီတီတာတာ၊ တို့ကဏန်း ဆိတ်ကဏန်း၊ ကသာကပါး။ကသောမျောပါး။တိုလီမိုလီ၊ပြာခတ်ပြာလောင်၊ဘုစုခရု၊ ထွေကာလီကာ၊ထွေလီကာလီ၊ ကလိန်ဆင့်ငြမ်းဆင်၊ပလီစီချောက်ချက်၊ပွတ်သီးပွတ်သပ်၊ဟိုစပ်စပ်ဒီစပ်၊စစ်စ်ပေါက်ပေါက်။ ပေါက်ပေါက်ရှာရှာ၊ကမြင်းကျောထ၊ရေရေရာရာ၊စစ်စစ်ပေါက်ပေါက်၊စေ့စေ့စပ်စပ်၊စီးစီးပိုးပိုး၊ကတောက်ကစ၊အုတ်အော်သောင်းနင်း၊ စေ့စေ့ကြည့်၊ထော်လော်ကန့်လန့်၊ပေါက်ပေါက်ဖောက်၊ရေးတေးတေး၊လူလူသူသူ၊ပေါက်ပန်းလေးဆယ်၊ရွာရိုးကိုးပေါက်၊ဆူဆူဖြိုးဖြိုး၊ ကျကျပေါက်၊အကျအနကောက်၊ဗရုတ်သုတ်ခ၊ခပ်သုတ်သုတ်၊ဗရမ်းဗတာ၊ ထိုစကားလုံးများသည် မြန်မာစကားတွင်တွေ့ရှိရသော စကားလုံးများဖြစ်သည်။ စကားလုံးတိုင်းတွင် အဓိပ္ပာယ်တစ်ခုစီတော့ရှိမယ်ထင်ပါသည်။တစိချို့စကားများသည် ရာဇဝင်ပင်ရှိသည်။ ဥပမာ- ဘုမသိဘမသိ စကားလုံးပင် ဇာတ်လမ်းရှိသည်။ အချို့စကားလုံးများသည်လည်း တစ်ခေတ်တစ်ခါက ဗန်းစကားများဖြစ်ကောင်းဖြစ်နေပါလိမ့်မည်။ထို့ကြောင့် ထိုစကားလုံးများ၏အဓိပ္ပာအချို့ကိုသိရှိသူများအနေဖြင့် ဖြေကြားပေးစေလိုပါသည်။ ဥပမာ-ကျွန်တော်အဓိပ္ပာယ်သေချာမသိသောစကားလုံးများမှာ (တီတီတာတာ၊ တို့ကဏန်းဆိတ်ကဏာန်း၊တိုလီမိုလီ၊ဘုစုခရု၊ထွေလီကာလီ၊ ပလီစီချောက်ချက်၊ဗရုတ်သုတ်ခ)စသည်တို့ဖြစ်သည်။


အာဂMarch 8, 20111min23510
တစ်နေ့သောအခါ ကျွန်ုပ်သည် ပူပြင်းသောမတ်လနေရောင်အောက်တွင် စဉ်းစားခန်းချဲထွင်နေလေ၏။ အရှေ့အလယ်ပိုင်းဒေသက အာဏာရှင်ဆန်ကျင်ဆန္ဒပြပွဲကြောင့် အဖျားရိုက်ခက်လာသော ကုန်ဈေးနှုန်းကြီးမြင့်မှု ကျွန်ုပ်၏ အိမ်ရှေ့သို့ ရောက်ရှိလာခြင်းအပေါ် တွေးတောသုံး သပ်ဆင်ခြင်မိ နေရင်း ကျွန်ပ်၏ အသုံးစားရိတ်များ အားလောက်ငအောင်မည်သို့ အသုံးခြရလျင် ကောင်းမည်နည်းဟုစဉ်းစားရင်းနှင့်ကျွန်ုပ်၏ တစ်နေတာ သုံးစာရိတ်များကို တွက်ချက် နေမိရာ ဆေးဖိုး၊ကွမ်းဖိုး၊ဘီယာဖိုး အပါအဝင်ငွေယိုပေါက်ထဲမှ အကြီးမားဆုံး ငွေယိုပေါက်ကြီးကိုတွေ့ရှိမိ လေသည်။ ထိုအကြီးမားဆုံးငွေထွက်ပေါက်ကြီးက အခြားမဟုတ် ကျွန်ပ်၏ အင်တာနတ်(ခေါ် ) အီလက်ထောနစ်ဆက်သွယ်မှု အသုံးစာရိတ်ကြီးပင်ဖြစ်နေသည်။ ထိုကြောင့်ထိုအသုံးစားရိတ်အား မည်သို့ချွေတာရမည်၊သို့မဟုတ်မည်သို့ တန်အောင်သုံးရမည်ဟုစိတ်ကူးကြည့်မိလေ၏။ စိတ်ကူးထဲတွင်တွေးလုံးလေးတွေကတော့ မဆိုး လှထို့ကြောင့် လက်တွေ့လုပ်ကြည့်ဖို့ စိတ်ကူးမိရင်းလမ်းထိပ်က အင်တာနက်ဆိုင်များရှိ ရာသို့အပြေးသွားပြီး တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် လေ့လာကြည့်ရှုနေမိသည်။ ထိုသို့လေ့လာရာတွင် ကျွန်ုပ်သတ်မှတ်ထားသည့်အချက်များမှာ (၁)ကွန်နတ်ရှင်ကောင်းသောဆိုင် ဖြစ်ရမည်။ (၂)ဈေးနှုန်းသက်သာရမည်။ (၃)ဂိမ်းများများ၊သီချင်း၊Meta Cafe စသဖြင့်အစုံထည့်သွင်းထားသည့်ဆိုင်ဖြစ်ရမည်။ […]


အာဂMarch 8, 20111min29425
မြန်မာနိုင်ငံသည် တရုတ်ပြည်၏ ခွဲခြားမရသောအစိတ်အပိုင်းဖြစ်ကြောင်း တရုတ်ဝန်ကြီးချုပ်ပြောဆို http://www.facebook.com/note.php?note_id=10150420169385361 [By Naing Lay] လာမည့် ငါးနှစ်အတွင်း မြန်မာနိုင်ငံသည် တရုတ်ပြည်၏ ကိုလိုနီနယ်မြေ တခု ဖြစ်လာတော့မည်ဟု အိန္ဒိယအစိုးရ ထိပ်တန်း ခေါင်းဆောင်များက ပြောလိုက်သည်။ မြန်မာ စစ်ခေါင်းဆောင်များသည် တရုတ်ပြည်၏ လက်အောက်ခံတိုင်းပြည် ဖြစ်အောင် လုပ်ဆောင်နေကြသည်ဟု အိနိ္ဒယ နိုင်ငံက ဆိုသည်။ ထိုအချက်ကို တရုတ်ဝန်ကြီးချုပ် ဝံကျားပေါင်က ယနေ့ကျရောက်သော တရုတ် နှစ်သစ်ကူးနေ့တွင် ငြင်းဆိုလိုက်သည်။ ဝံကျားပေါင်က မြန်မာနိုင်ငံသည် ခေတ်အဆက်ဆက်ကပင် တရုတ်ပြည်၏ ခွဲခြားမရနိုင်သော အစိတ်အပိုင်း ဖြစ်ပြီး၊ ရာစုနှစ်များစွာကပင် မြန်မာပြည်ကို တရုတ်တို့က ပိုင်ဆိုင်သည် ဟု ဆိုသည်။ ယခုမှသာ မြန်မာ စစ်ခေါင်းဆောင်များက တရုတ်ပြည်၏ ကိုလိုနီဖြစ်အောင် ဖန်တီးနေကြခြင်း မဟုတ်ဟုဝံကျားပေါင်က […]


အာဂFebruary 14, 20111min55120
လွှတ်တော်အမတ်လုပ်ဖို့ အသဲသန်ပုဆိုးပြေးဝတ်ပြီး ထွက်လာတဲ့ မြန်မာဝန်ကြီး ၃ဝ ဦးရဲ့ စိတ်ဝင်စားဖွယ် ကိုယ်ရေးအကျဉ်းလိုချင်ရင် အောက်ကလင့်မှာ သွားကြည့်ပါ။ ဝန်ကြီးကိုယ်ရေးအကျဉ်းလင့်ခ်


အာဂFebruary 14, 20111min1161
အောက်ပါကဗျာလေးကတော့ ကဗျာဆရာ စောဝေရဲ့ ၂၀၀၈ ခုနှစ်က ထောင်နန်းစံခဲ့ရတဲ့ ကဗျာလေး တစ်ပုဒ်ဖြစ်ပါတယ်။ ဒီကဗျာ ကို အချစ်ဂျာနယ်မှာ ဖော်ပြခဲ့တာဖြစ်ပြီး ဖော်ပြခံရပြီး သိပ်မကြာခင်ကာလမှာပဲ နိုင်ငံတောင်အကြီးအကဲကို စော်ကားမှုနဲ့ ထောင်နန်းစံခဲ့ရတာဖြစ်ပါတယ်။အခုဖေဖေါ်ဝါရီ ၁၄ မှာလည်း အမှတ်တရအနေနဲ့ပြန်လည်ဖော် ထုတ်တင်ပြလိုက်ပါတယ်။ ဖေဖော်ဝါရီဆယ့်လေး အာရင်ဘက်က ပြောတယ် နာ နာခံစားတတ်မှ ခံစားမှ ရူးရူးမူးမူးကို ဖြစ်နေမှ ကြီးမြတ်တဲ့အနုပညာလို့ မှူးမှုံမှိုင်းဝေစေတဲ့ ဓာတ်ပုံမော်ဒယ်မလေးရေ ကြီးတောင့်ကြီးမားကျမှ အသည်းကွဲတဲ့ရောဂါတဲ့ သန်းပေါင်းများစွာသော ချစ်တတ်သူများ ရွှေအတိချထားသောလက်များဖြင့် လက်ခုပ်တီး၍ရယ်ပါ။ ။ စောဝေ 1.10.2008 ကဗျာစာကြောင်းတွေရဲ့ အစစာလုံးတွေ အားလုံးကိုဖတ်လိုက်ရင် အာနာရူးကြီး မှုးကြီးသန်းရွှေ..…..လို့အဓိပ္ပါယ်ရတာကြောင့် ဦးသန်းရွှေက သူ့ကိုထောင်ချခဲ့ပါတယ်။ ဒီအောက်က စိတ်ရဲ့ တံခါးကို ဆေးရောင်အဖြူသုတ်ထားပါ။ ကဗျာလေးကတော့ ကိုစောဝေ အဖမ်းခံရပြီး […]


အာဂFebruary 14, 20111min56020
ဒါပုံလေးက ပြည်ထောင်စုနေက မိန့်ခွန်းကို နာခံနေကျတဲ့ အမတ်မင်းများ၊ဝန်ကြီးများရဲ့ပုံလို့ထင်ပါတယ်။ အဲဒီထဲကတစ်ယောက်ကဘာတွေလုပ်နေသလဲဆို ပုံမှာမြင်တွေရမှာဖြစ်ပြီး။ ထဘီတွေ ဝတ်ဆင်ထားကျတာလည်း ဖက်ရှင်တစ်ခုလိုပါပဲ..ခင်ဗျ..။ ဒီမိုဝေယံ ရဲ့ ဆိုဒ်မှဖြစ်ပါတယ်။