ကျွန်ုပ်နှင့် အင်တာနတ် တန်အောင်သုံးနည်း

အာဂMarch 8, 20111min16410

တစ်နေ့သောအခါ ကျွန်ုပ်သည် ပူပြင်းသောမတ်လနေရောင်အောက်တွင် စဉ်းစားခန်းချဲထွင်နေလေ၏။
အရှေ့အလယ်ပိုင်းဒေသက အာဏာရှင်ဆန်ကျင်ဆန္ဒပြပွဲကြောင့် အဖျားရိုက်ခက်လာသော ကုန်ဈေးနှုန်းကြီးမြင့်မှု ကျွန်ုပ်၏ အိမ်ရှေ့သို့ ရောက်ရှိလာခြင်းအပေါ် တွေးတောသုံး သပ်ဆင်ခြင်မိ နေရင်း ကျွန်ပ်၏ အသုံးစားရိတ်များ အားလောက်ငအောင်မည်သို့ အသုံးခြရလျင် ကောင်းမည်နည်းဟုစဉ်းစားရင်းနှင့်ကျွန်ုပ်၏ တစ်နေတာ သုံးစာရိတ်များကို တွက်ချက် နေမိရာ ဆေးဖိုး၊ကွမ်းဖိုး၊ဘီယာဖိုး အပါအဝင်ငွေယိုပေါက်ထဲမှ အကြီးမားဆုံး ငွေယိုပေါက်ကြီးကိုတွေ့ရှိမိ လေသည်။ ထိုအကြီးမားဆုံးငွေထွက်ပေါက်ကြီးက အခြားမဟုတ် ကျွန်ပ်၏ အင်တာနတ်(ခေါ် ) အီလက်ထောနစ်ဆက်သွယ်မှု အသုံးစာရိတ်ကြီးပင်ဖြစ်နေသည်။ ထိုကြောင့်ထိုအသုံးစားရိတ်အား မည်သို့ချွေတာရမည်၊သို့မဟုတ်မည်သို့ တန်အောင်သုံးရမည်ဟုစိတ်ကူးကြည့်မိလေ၏။ စိတ်ကူးထဲတွင်တွေးလုံးလေးတွေကတော့ မဆိုး လှထို့ကြောင့် လက်တွေ့လုပ်ကြည့်ဖို့ စိတ်ကူးမိရင်းလမ်းထိပ်က အင်တာနက်ဆိုင်များရှိ ရာသို့အပြေးသွားပြီး တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် လေ့လာကြည့်ရှုနေမိသည်။
ထိုသို့လေ့လာရာတွင် ကျွန်ုပ်သတ်မှတ်ထားသည့်အချက်များမှာ
(၁)ကွန်နတ်ရှင်ကောင်းသောဆိုင် ဖြစ်ရမည်။
(၂)ဈေးနှုန်းသက်သာရမည်။
(၃)ဂိမ်းများများ၊သီချင်း၊Meta Cafe စသဖြင့်အစုံထည့်သွင်းထားသည့်ဆိုင်ဖြစ်ရမည်။
(၄)အပေါ့အပါးသွားလာရလွယ်ကူရမည်။
(၅)ဆက်ဆံမှုကောင်းမွန်သော ဝန်ထမ်းမိန်းမပျိုများရှိရမည်။
စသဖြင့်အချက်များပင်ဖြစ်သည့်အလျောက် အတော်သင့်ရှာမိသောအခါမှသာ စိတ်ကြိုက်ဆိုင် တစ်ဆိုင်ကိုတွေ့ရမိလေ၏။ ထိုအခါကျွန်ုပ်သည်လည်း ရေငတ်တုန်းရေတွင်းတွေ့သကဲ့သို့ ပီဘီ များစွာနှင့် ပုဆိုးစွန်တောင်ဆွဲလို့ ဝင်ရောက်မိလေ၏ ။

ဆိုင်ထဲသို့ရောက်ရောက်ခြင်း အဆိုပါ ရုပ်ချောသဘောကောင်းလှသည့်သူငယ်မလေးထံသို့ တစ်နာ ရီတိတိအသုံးပြုမည်ဖြစ်ကြောင်းပြောပြလိုက်ကာ၊အဆိုပါသူငယ်မလေးပြသသော ကွန်ပြုတာစက်တွင်ထိုင်ခြလိုက်သည်။ထို့နောက် ကြည့်ချင်သည့် ဆိုဒ်(၃။၄။၅)ခုလောက် ကြည့်ပြီးသောအခါ ကွန်နတ်ရှင်က အစွမ်းပြလာသည်ကိုတွေ့ရှိရသည်။ ဒါမျိုးကကျွန်ုပ်တို့ တိုင်းပြည်အတွက် ရိုးနေပြီဖြစ် သော်ငြားတန်အောင်သုံးမည်ဟုစိတ်ကူးထားသည့် ကျွန်ုပ်အဖို့ တော့စိတ်ကူးထားသည့်အတိုင်းအသုံးရတော့မည်ဖြစ်သည့်အလျောက် ဆိုင်ထဲက သူငယ်မလေး ကိုကျွန်ုပ်အနားသို့ခေါ်လိုက်ကာ ကွန်နတ်ရှင်မည်သို့ဖြစ်ရနေသနည်းဟု မေးခွန်း ထုတ်လိုက်ကာ ကွန်နတ်ရှင်ကောင်းအောင်ပြုလုပ်ပေးပါဟုပြောဆိုလိုက်လေ၏။ထိုအခါ ဆိုပါ သူငယ်မလည်းကျွနုပ်အနားလာကာ ကျွန်ပ်ပုံခုံးသားတို့အားကျော်ကာ ဟိုရိုက်ဒီရိုက်နှင့် တတ်သမျှမှတ်သမျှ ပရောစီများရိုက်နိုပ်နေလေ၏။ ထိုအတောအတွင်း ကျွနုပ်၏တန်အောင် သုံးမည်ဟုသောအကြံအစည်အတိုင်း သူငယ်မလေး၏ ကိုယ်သင်းနံ့လေးကိုတစ်ဝကြီးရှုရှိုက် လေ၏။မိနစ်အနည်းငယ်ကြာသောအခါ ကွန်နတ်ရှင်ကပြန်တက်လာသည့်အခါမှအဆိုပါ သူငယ်မပြန်ထွက်ခွာသွားလေသည်။ထိုအခါမှ ကျွန်ုပ်၏တန်အောင်သုံးမည်အကြံအစည် နံပါတ်တစ် သည်လည်းကောင်အထည်ပေါ်သွားတော့လေ၏။
ထို့နောက်သုံးနေရင်းထုံစံအတိုင်းကွန်နတ်ရှင်ကျကျပြန်လာသောအခါ။ နောက်တစ်မျိုးကြံသည့် အနေဖြင့် သူငယ်မလေးအား ကွမ်းတံထွေးထွေးရန်ကြွတ်ကြွတ်အိတ် တစ်လုံးတောင်းယူလိုက် သည်။ ထိုသို့တောင်းယူပြီးနောက်ကြိုတင်ကြံစည်ထားသည့်အတိုင်း အိတ်ကပေါက်နေသည်ဟု ဆိုကာနောက်ထပ်တစ်လုံးတောင်းယူလိုက်လေသည်။သူငယ်မလေးလည်းမငြီးညူထပ်ပေးရှာ လေသည်။ထိုမှ ကျွန်ပ်သည်ကြွတ်ကြွတ်တစ်လုံးကိုကွမ်းတစ်တွေးထွေးကာ တစ်လုံးကို အိပ်ကပ်ထဲထိုးထည့်လိုက်လေ၏။ထို့နောက် ကွန်နတ်ရှင်မကောင်းသည့်နှင့်အတူတန်အောင် ဆိုင်တွင်းရှိဂိမ်းများအားလက်ကမြင်းကျောထလေ၏၊ထိုမှတစ်ဖန်အားမရသေးလျင် ဆိုင်မှစက်တွင်းရှိသမျှ သီချင်းပေါင်းစုံကိုနားထောင်လေ၏၊ Meta cafe မှရုပ်သံများကြည့် ၏။ ဟိုသီချင်းဒီသီချင်း၊ဟိုပုံဒီပုံ၊ဟိုဂိမ်းဒီဂိမ်း အစရှိသည်များကို ကျွန်ုပ်၏ USB Device ထဲ သို့ မလုပ်တတ်သည့်ဟန်ဖြင့် သူငယ်မလေးအားထည့်ခိုင်းလေ၏။ ထိုသို့အထိုထိုကိစ္စများပြု လုပ်ပြီးချိန်တွင်ကွန်နတ်ရှင်ပြန်ကောင်းက ဆိုဒ်သုံးလေးခုတစ်ပြိုင်တည်းဖွင့်၊ပြီးလျင်ချက်တင် အကောင့်သုံးလေးခုဖွင့်ကာ မချက်ချင်လက်ချက်ချက်ချင်လည်းချက်လုပ်နေရဖြင့်အလုပ်ရှုပ် နေ၏ ။ထို့နောက် Cafezee မှာ အချိန်ကိုကြည့်လိုက်သည်။ ၄၉ မိနစ်။ ဟုတ်ပြီဒါဆိုရင် တစ်နာရီပြည့်ရန်အချိန် သိပ်မကျန်တော့။ဒီတော့ ဆိုင်မှရှိသည့် အလကားရသည့်ရေခဲရေတစ် ခွက်ကို အဝထသောက်လိုက်သည်။ထို့နောက် ရေသောက်ပြီးအပြန် ဘေးဘီကစက် အလွတ်တွေကိုလိုက်ကြည့်လိုက်သေး။မည်သူများဘာပစ္စည်းများကျန့်ခဲ့မလဲလို့စိတ်ကူးရင်းပေါ့။ ထို့နောက် USB အပေါက်တွေမှာ မေ့ကျန်မကျန်ရှိမရှိစစ်ဆေးကြည့်ပြီးပြန်ထိုင်လိုက်သည်။ တစ်ခုခုတွေ့ရင်တော့အမြတ်ပေါ့လေ။ ထို့နောက်Cafezee ကအချိန်၅မိနစ်လက်ကျန်ရှိတော့ ကြောင့်ပြမှ ပိတ်စရာရှိတာတွေပိတ်ပြီး ဆိုင်ကအိမ်သာထဲအပေါ့အပါးသွားပြီး၊ကိစ္စဝိစများရှင်း ကာကောင်တာသို့ ပေါ့ပါးသွက်လက်တဲ့ခြေလှမ်းတွေနဲ့ ပြုံးပြုံးပျော်ပျော်ကြီးငွေရှင်းရင်း..ရေတစ်ခွက်ထပ်သောက်ကာ ဆိုင်မှာတင်ထားသည့်ဂျာနယ် တစ်စောင်လုံးကုန်အောင်ထိုင်ဖတ်ကာ…အိမ်သို့ပြန်လေသတည်း..။ ကျွန်ုပ်၏ရင်ထဲမှာတွင်မှု ဒီကကွန်နတ်ရှင်နှင့်ကထိုသို့သုံးမှတန်သည်ဟုတွေးတောကာ…ပြုံးဖီးဖီးဖြစ်နေလေသတည်း။
နောက်နေ့များစွာတွင်လည်းထိုသို့ပဲအသုံးပြုတော့မည်ဟုစိတ်ကူးမိရင်း………။

ရေးသူ။မစ္စတာမောင်အာဂ။
မတ်လ ၉။ရက် ၂၀၁၁ ။ ညနေ၆းဝဝတွင်ပြီး၏။

10 comments

  • intro

    March 8, 2011 at 3:30 pm

    တယ် ဟုတ်တဲ့လူပဲဗျာ၊ အဟုတ်ပဲ၊ ဒီ ရက်ထဲမှာ အင်တာနက်သုံးရတာက ဂိမ်းကစားရတာလောက် စိတ်မချမ်းသာရဘူး၊ ဂိမ်းကစားတာတော့ အားပေးတယ်ဗျို့… ကျန်တာတော့ အားမပေးဘူး…

  • unclegyi1974

    March 8, 2011 at 3:44 pm

    ထူးထွေတည့်အံ့ဖွယ်
    မဟာဉာဏ်ကြီးရှင်ဘွဲ့ပေးဖို့လူရှာနေတာ
    အခုမှတွေ့တော့တယ်အာဂရေ

  • dream

    March 9, 2011 at 4:35 am

    သဘောကျတယ်
    နာမည်နဲ့လိုက်တဲ့ ကိုအာဂ ပါပဲ 🙂

  • bigcat

    March 9, 2011 at 4:39 am

    ရွာထဲမလဲ တန်အောင် ဘယ်လိုအကြံထုတ်ရမလဲ ပြောပါအုံးကိုအာဂ။

  • Gong Zhu

    March 9, 2011 at 4:06 pm

    ဒီ အပျိုချောလေး လှလို့သွားတာလား ~~~ ဒီ ဆိုင်လေးက ကောင်းလို့သွားတာလား ~~ 😛

  • လင်းငယ်

    March 9, 2011 at 6:34 pm

    ဒီထက် ပိုပြီး တန်သွားအောင် USB တစ်ခုလေး ယူသွားဗျ။ ကျွန်တော်ဆို ကွန်နက်ရှင် မကောင်းရင် ဆိုင်ရဲ့ စက်ထဲက သီချင်းတို့ ဒေါင်းလုပ် ဖိုင်တို့ ဆော့ဖ်ဝဲတို့ ဇာတ်လမ်းတို့ကို ကူးတာဗျ။

  • kai

    March 9, 2011 at 7:20 pm

    ကောင်လေးတွေနော..
    ကိုယ့်ကိုယ်ကိုယ်လည်း တန်ဖိုးထားကြဥိး..။ ကမ္ဘာကြီးဘယ်လိုဖြစ်နေသလဲ..အောက်က .. လင့်က ဆောင်းပါးဖတ်ကြည့်ကြ..။ 🙂
    ကောင်မလေးတွေက … လိုက်နေကြရတဲ့ခေတ်ကြီး…။

    Sex Is Cheap

    Why young men have the upper hand in bed, even when they’re failing in life.
    By Mark RegnerusPosted Friday, Feb. 25, 2011, at 12:23 PM ET

    Illustration by Rob Donnelly. Click image to expand.We keep hearing that young men are failing to adapt to contemporary life. Their financial prospects are impaired—earnings for 25- to 34-year-old men have fallen by 20 percent since 1971. Their college enrollment numbers trail women’s: Only 43 percent of American undergraduates today are men. Last year, women made up the majority of the work force for the first time. And yet there is one area in which men are very much in charge: premarital heterosexual relationships.

    Credit: http://www.slate.com/id/2286240/

  • etone

    March 10, 2011 at 3:40 am

    အာဂလက်စွမ်းပြတာ ခံလိုက်ရတဲ့ဆိုင်က ဘယ်ဆိုင်လဲ ။

    • R Ga

      March 14, 2011 at 8:31 am

      တာမွေဘက်က ဆိုင်တစ်ဆိုင်ဗျ….နာမည်တော့မပြောတော့ဘူးနော်..။

  • white

    March 10, 2011 at 5:38 am

    တော်သေးတာပေါ့ ဆိုင်ကပြန်အထွက် ဖိနပ်ကောင်းကောင်းတွေ့ရင် လဲပါဆိုတဲ့ နည်းမပါလို့..

Leave a Reply