ဒီတစ်ခါတော့ ဗျာ DMA ရေကြောင်းဦးစီးဌာန ရဲ့ လုပ်ပုံလေးကို တင်ပြချင်လာပါတယ်။ ကျွန်တော့ညီတစ်ယောက် ဗျာ ဒီနေ့ ၁၁ နာရီ ဝန်ကျင်လောက်က ရေကြောင်းရုံးမှာ 4tickets လက်မှတ်သွားထုတ်တယ်ဗျ။ ထုတ်ရမယ်ဆိုတာပဲသိတယ်ဗျ ဘယ်မှာသွားထုပ်ရမှန်းမသိဘူးဗျ။ ဒါနဲ့ ‘လာညီလေး မသိရင် မေးတာပေါ့ကွာ ‘ ဆိုပီး ရုံးထဲကိုရောက်လာတာပေါ့။ ဘယ်ရမလဲ လူလည်တွေပဲ ဟဲဟဲ။ ရုံးထဲလဲ ရောက်ရော ဘာပြောကောင်းမလဲ လူလည် ပုလင်းကွဲရှတာပဲ။ ဘယ်မှာ ဘာလုပ်ရမှန်းမသိတာနဲ့ ရုံးရှေ့မှာ တွေ့တဲ့ စာရေးကိုမေးတာပေါ့။ စာရေးမက ဘာပြောတယ်မှတ်လဲ ‘သုံးထပ်ဆောင်’ တဲ့။ ဒါပဲပြောတယ်ဗျ။ ဘယ်ရမလဲ သုံးထပ်ဆောင်ကိုသွားတာပေါ့ဗျာ။ တစ်ဆောင်တည်းရှိတာကိုး။ ဟိုရောက်တော့ ရောင်လည်လည်ဖြစ်ပြန်ရောဗျ။ ထပ်မေးတယ်ဗျ အခန်းတစ်ခန်းထဲမှာ စာရွက်တွေစီနေတဲ့လူတစ်ယောက်ကို တွေ့တော့ 4tickets ဘယ်မှာထုတ်ရမလဲပေါ့။ အကို […]