တစ်ခါတစ်ခါ …… တစ်ခါတစ်ခါ … ချစ်သူ မရှိတဲ့ ကမ္ဘာမှာ အသက်ရှင် နေထိုင်ချင်မိတယ် … တစ်ခါတစ်ခါ … ရစ်သူ မရှိတဲ့ ကမ္ဘာမှာ အသက်ရှင် နေထိုင်ချင်မိတယ် …. တစ်ခါတစ်ခါ … မုန်းသူ မရှိတဲ့ ကမ္ဘာမှာ အသက်ရှင် နေထိုင်ချင်မိတယ် …. တစ်ခါတစ်ခါ … ထုံးဖြူဖြူ စေတီလေးအနားမှာ အေးဆေးစွာ တရားထိုင်ချင်မိတယ် … တစ်ခါတစ်ခါ … မေတ္တာတွေ အမွန်းတင်ထားတဲ့ ကမ္ဘာမှာ ရှင်သန်ချင်မိတယ် …. တစ်ခါတစ်ခါ … မြို့ပြရဲ့ မွန်းကြပ်မှုတွေနဲ့ အဝေးဆုံးကို ပြေးထွက်လို့ သွားချင်မိတယ် … တစ်ခါတစ်ခါ … ဘယ်အရာကိုမှ မရ၊ မပိုင်ဆိုင်ချင်ဘူး … တစ်ခါတစ်ခါ […]


Blog ဆိုတာ ဘာလဲ …? Blog ဆိုတာ တစ်ကိုယ်တော် (မိမိတစ်ယောက်တည်း) ဖြစ်ဖြစ်၊ အုပ်စုတစ်ခု အနေနဲ့ဖြစ်ဖြစ် သူ၊ သူတို့ရဲ့ သဘောတရား အယူအဆတွေ၊ ဗဟုသုတတွေ၊ သတင်းအချက်အလက်တွေ စတာတွေကို ပုံမှန်အနေနဲ့ ဝေငှကြတဲ့၊ မှတ်တမ်းတင်ကြတဲ့ အွန်လိုင်းပေါ်က နေရာတစ်ခုကိုပဲ ဆိုလိုတာပါ။ “A Web site on which an individual or group of users record opinions, information, etc. on a regular basis.”   +++++++++++++++++++++++++++++ Blogger ဆိုတာ …? Google ရဲ့ Blogger ဆိုက်မှာ Blog လုပ်ပြီး ရေးမှသာ […]


ကုန်းဘောင်ခေတ်မှာ မြန်မာ့ ပန်းချီပညာသည်တွေဟာ အစုအစည်း တစ်ရပ် အနေနဲ့ မြန်မာ့နန်းတွင်းကို ဝင်ရောက်လာပြီး နန်းတွင်း ဓလေ့တွေကို မှတ်တမ်းတင် ရေးဆွဲခဲ့ကြရာက စလို့ “ပန်းချီတော်” ဆိုတဲ့ ဝေါဟာရဟာ စတင် ပေါ်ပေါက်လာခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ပန်းချီတော် များထဲမှာ ဦးကြာညွန့်၊ ဆရာစာ နဲ့ ဆရာချုံ တို့ဟာ ထင်ရှားခဲ့ပါတယ်။ အင်္ဂလိပ် – မြန်မာ ဒုတိယ စစ်ပွဲ ဖြစ်ပွားပြီးနောက် ၁၈၆၆ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့ မြင်ကွန်းမြင်းခုံတိုင် ညီနောင်တို့က မင်းတုန်းမင်းကြီးကို ပုန်ကန်ခြားနားတဲ့ အရေး အခင်းကြောင့် ရပ်သူရွာသားတွေ ဟိုရွှေ့ဒီပြောင်း ပုန်းရှောင် နေရတဲ့ ကာလမှာ မောင်ချုံကို ဖွားမြင်ခဲ့ပါတယ်။ ချုံတော၊ ယာတော အတွင်းမှာ ပုန်းလျှိုးရင်း […]


တစ်နေ့သ၌ ကျွန်ုပ် မောင်မင်း သည် ဆူညံလွန်းခြင်း၊ တိတ်ဆိတ်လွန်းခြင်း စသည့် အစွန်းနှစ်ပါး လွတ်ပြီး အတန်အသင့် လူသွားလူလာ ရှိသော လမ်းကလေး နံဘေး၌ ဖွင့်လှစ်ထားသည့် လက်ဖက်ရည်ဆိုင်ကလေး၌ ထိုင်ရင်း လက်ဖက်ရည် တစ်ခွက်အား ဇိမ်ခံ၍ သောက်နေလေ၏။ လက်ဖက်ရည် တစ်ဝက်ခန့် ကုန်သွားသောအခါ အသင့် ဆောင်ထားသော စီးကရက်ဘူးအတွင်းမှ စီးကရက်တစ်လိပ်အား ထုတ်ယူ၍ မီးညှိ ရှိုက်ဖွာကာ ဟိုတွေး ဒီငေးဖြင့် အားလပ်ခြင်း အရသာအား အပြည့်အဝ ယူနေမိလေတော့၏။ ထိုအခိုက်တွင် အသက်အားဖြင့် (၄၀) ဝန်းကျင်ခန့်ရှိသည့် မှုတ်ဆိတ်မွှေးများ ထူထပ်စွာ ပေါက်ရောက်လျက်ရှိသော လူကြီး တစ်ဦးသည် ကျွန်ုပ်ထိုင်လျက် ရှိသည့် လက်ဖက်ရည် ဆိုင်လေး အတွင်းသို့ ဝင်ရောက်လာခဲ့လေ၏။ ထိုလူကြီးသည် ဆိုင်အတွင်းသို့ အကဲခတ် […]


+++++++++++++++++++++++++++++ ဟိုးရှေးရှေးတုန်းက ရွာကြီးတစ်ရွာမှာ …. အဖြူရောင် လူတွေလည်း ရှိခဲ့တယ် …။ အနီရောင် လူတွေလည်း ရှိခဲ့တယ် …။ အစိမ်းရောင် လူတွေလည်း ရှိခဲ့တယ် …။ အပြာရောင် လူတွေလည်း ရှိခဲ့တယ် …။ အဝါရောင် လူတွေလည်း ရှိခဲ့တယ် …။ အနက်ရောင် လူတွေလည်း ရှိခဲ့တယ် …။ အညိုရောင် လူတွေလည်း ရှိခဲ့တယ် …။ ထိုထိုသော အရောင်တို့ ရောယှက်ထားတဲ့ လူတွေလည်း ရှိခဲ့တယ် …။ တစ်ချို့ကား ထင်းထင်း .. တစ်ချို့ကား မှိန်မှိန် … တစ်ချို့ကား ညအခါ မြင်ရတတ်သည့် ကြယ်များနှယ် ထင်းတစ်ချက် မှိန်တစ်ချက် …။ အချုပ်ဆိုရသော် ထိုရွာကြီးသည်ကား အရောင်အသွေးစုံလင်လှသော လူတို့ […]


လူတိုင်း လူတိုင်း ဘဝတစ်ခုကို ဖြတ်သန်းကြရတဲ့အခါ အဖြစ်အပျက် မျိုးစုံကို ကြုံတွေ့ကြရခြင်းဟာ ဓမ္မတာတစ်ခုလို့ ကျွန်တော် မြင်ပါတယ်။ ခင်ဗျားတို့မှာလည်း ခင်ဗျားတို့ ကိုယ်တိုင် ကြုံခဲ့ကြရတဲ့ အဖြစ်အပျက်တွေ ရှိမယ်။ ကျွန်တော်မှာလည်း ကျွန်တော် ကိုယ်တိုင် ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေ ရှိပါတယ်။ အဲ့ဒီ အဖြစ်အပျက်တွေဟာ တူချင်လည်း တူလိမ့်မယ်၊ ခြားနားချင်လည်း ခြားနားပါလိမ့်မယ်။ ဒီလို ကိုယ်တိုင် ကြုံရတဲ့ အဖြစ်အပျက်တွေထဲမှာ အချို့အချို့သော အဖြစ်အပျက်တွေဟာ ဆန်းပြားနေတတ်ပြန်တယ်။ သူတစ်ပါးကို ပြန်လည် ပြောပြပါက သူတို့က “အရူး” လို့ သတ်မှတ်ကြမယ့် အဖြစ်အပျက်တွေလည်း ပါမယ်။ တစ်ပါးသူတို့ ပါးစပ် အဟောင်းသားနဲ့ “ဟုတ်လား” လို့ ငေးမော နားထောင်သွားကြမယ့် အဖြစ်အပျက်တွေလည်း ပါနိုင်ပါတယ်။ ကျွန်တော် ဒီလို […]


နောက်ဆုံးအပိုင်းကို ကျော်ရှုဖတ်ရှုလိုပါက ဤနေရာကို နှိပ်ပါ။ +++++++++++++++++++ (၁) တစ်နေ့သ၌ ရန်ကုန်မြို့ လမ်းမကြီးတစ်ခုပေါ်တွင် အသက် ၇ဝ ဝန်းကျင်ခန့်ရှိ အဘိုးအိုတစ်ဦးအား တွေ့ရလေ၏။ အဆိုပါ အဘိုးအိုသည် လွန်စွာ နွမ်းရိသော အဝတ်အစားများအား ဝတ်ဆင်ထားပြီး ၎င်း၏ ရှေ့၌လည်း ဒန်ခွက်တစ်လုံးအား ချထားသည်ကို ကြည့်ခြင်းအားဖြင့် သူတောင်းစား အဘိုးအိုတစ်ဦးဟု ယူဆရလေသည်။ အချို့သော လမ်းသွားလမ်းလာများသည် ထိုသူတောင်းစား အဘိုးအို အား သနားဂရုဏာသက်သော အားဖြင့် အဘိုးအို၏ ရှေ့ရှိ ဒန်ခွက်ထဲသို့ ငါးကျပ်တန်၊ တစ်ဆယ်တန်များကို ထည့်ပေးသွားကြလေသည်။ ထိုအခါ အဘိုးအိုမှ အများနည်းတူ “ကျန်းမာပါစေ၊ ချမ်းသာပါစေ” ဟူ၍ ဆုတောင်းပေးခြင်း မရှိပါဘဲ ထူးဆန်းစွာပင် “ကောင်းခြင်း၊ ဆိုးခြင်းနှင့် ပြည့်စုံစေ” ဟူ၍ ဆုပေးတတ်လေ၏။ […]


တစ်နေ့သ၌ သူကြီးဦးခိုင်မှ ၎င်း၏ ရွာသူရွာသားများအား “ည မထွက်ရ” အမိန့်ကို ထုတ်ပြန်လေရာ အချိန်မတော် သန်းခေါင်ကျော် ရွာအတွင်း အော်ဟစ် သောင်းကျန်းလေ့ရှိသူ ဘီအီးသမား စိန်ဗိုက်ဗိုက်မှာ လွန်စွာ စိတ်ဆိုးသွားရကား သူကြီးဦးခိုင်၏ အမိန့်ကို အပြင်းအထန် ကန့်ကွက်သော်ငြားလည်း ရွာလယ်ပိုင်းမှ ထိပ်ပြောင်ပြောင်နှင့်လူကြီး ဖြစ်သူ မောင်ပေ ဆိုသူမှ အဆိုပါ အမိန့်ကို လွှတ်၍ ထောက်ခံနေပြန်သဖြင့် သူကြီးဖြစ်သူမှာ မည်သို့မည်ပုံ ပြုလုပ်ရမည်ကို ရွာ၏ မျက်နှာဖုံး လူကြီးသူမများ ဖြစ်ကြကုန်သော ဘဘပါလေရာ၊ ဘိုးဘိုးကြောင်ကြီး၊ ဦးဦးထူးဆန်း၊ ကိုကိုပုပု၊ မောင်မောင်စံလှ၊ ဘဘိုးကြီးမိုက် စသူတို့အပြင် ရွာ၏ မယ်မယ်များ ဖြစ်ကြသည့် အရီးလတ်၊ ဒေါ်ဒေါ်ပဒုမ္မာ၊ ကြီးကြီးမမ၊ ဘွားဘွားဆူး စသူတို့နှင့် တိုင်ပင်လေရာ ထိုသူတို့၏ အကြံပေးချက်အတိုင်း […]


သုံးပင်လိမ် အရှုပ်တော် နှစ် +++++++++++++++++++ သုံးပင်လိမ် အရှုပ်တော် တစ်ကို ဖတ်ရှုလိုပါက ဒီနေရာကို နှိပ်ပါ … တစ်နေ့သ၌ ဖားခုန် ဟူ၍ အမည်ရသော ကျေးရွာလေး၏ တောင်စူးစူးအရပ်တွင် ရှိသည့် ထုံးဖြူဖြူ စေတီလေး တစ်ဆူ၏အနီး လွန်စွာ ကြီးမားသည့် ညောင်ပင်ကြီးတစ်ပင်အောက်တွင် အဖြူရောင် ဝတ်စုံအား ဝတ်ဆင်ထားသည့် ယောဂီတစ်ဦးဟူ၍ ယူဆဟန်ရှိသော လူကြီးတစ်ဦးအား မြေပြင်ပေါ်တွင် ရှုပ်ပွနေသည့် ညောင်ရွက်ကြွေများအား တံမြက်စည်းဖြင့် လှည်းကျင်းလျက် ရှိနေသည်ကို တွေ့ရလေ၏။ ထိုလူကြီးသည် ၎င်း၏ ဆံပင်တို့အား သျှောင်ပုံစံ ထုံးထားလေ၏။ ၎င်း၏ မျက်နှာတွင်လည်း အဖြူရောင် မှုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေးများ ပေါက်ရောက်လျက် ရှိသည်ကို တွေ့ရလေသည်။ ယင်းကြောင့်ပင် အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် ထိုလူကြီးမှာ […]


တစ်နေ့သ၌ ရန်ကုန်မြို့ လမ်းမကြီးတစ်ခုပေါ်တွင် အသက် ၇ဝ ဝန်းကျင်ခန့်ရှိ အဘိုးအိုတစ်ဦးအား တွေ့ရလေ၏။ အဆိုပါ အဘိုးအိုသည် လွန်စွာ နွမ်းရိသော အဝတ်အစားများအား ဝတ်ဆင်ထားပြီး ၎င်း၏ ရှေ့၌လည်း ဒန်ခွက်တစ်လုံးအား ချထားသည်ကို ကြည့်ခြင်းအားဖြင့် သူတောင်းစား အဘိုးအိုတစ်ဦးဟု ယူဆရလေသည်။ အချို့သော လမ်းသွားလမ်းလာများသည် ထိုသူတောင်းစား အဘိုးအို အား သနားဂရုဏာသက်သော အားဖြင့် အဘိုးအို၏ ရှေ့ရှိ ဒန်ခွက်ထဲသို့ ငါးကျပ်တန်၊ တစ်ဆယ်တန်များကို ထည့်ပေးသွားကြလေသည်။ ထိုအခါ အဘိုးအိုမှ အများနည်းတူ “ကျန်းမာပါစေ၊ ချမ်းသာပါစေ” ဟူ၍ ဆုတောင်းပေးခြင်း မရှိပါဘဲ ထူးဆန်းစွာပင် “ကောင်းခြင်း၊ ဆိုးခြင်းနှင့် ပြည့်စုံစေ” ဟူ၍ ဆုပေးတတ်လေ၏။ အဆိုပါ အဘိုးအို သည် ညနေပိုင်းအချိန်များတွင် လာရောက်၍ တောင်းရမ်းတတ်လေ့ရှိ၏။ […]


ညီလေး … မင်း မိန်းမခိုးပြေးတာ ဘယ်လို ဖီးလ်လာသလဲဆိုတာ ငါ မသိဘူး … ဒါပေမယ့် အဲ့ဒီသတင်းကြားတော့ မင်းအပေါ်ရှိတဲ့ အကိုတစ်ယောက်ရဲ့အဖြစ်ဟာ လျော့ကျသွားသလိုပဲ ငါခံစားလိုက်တယ် … ဒီအတွက် စိတ်မကောင်းဘူး ညီလေး …..။ ညီလေး … မင်း အသက်က ၁၇၊ ၁၈ မင်းဆော်ကလည်း ၁၇၊ ၁၈ မင်းတို့ ဘဝကို ဘယ်လို ထုဆစ်ကြမလဲ …? ငါ မမေးဘူး ညီလေး .. ငါ မမေးဘူး … မင်းရဲ့ မိုက်မဲခြင်းအတွက် မင်းပဲ ပြန်ပေးဆပ်တော့ … ငါ ပြောချင်တာက တစ်ခုတည်းပဲ မင်း မိဘကို အပူမကပ်ပါနဲ့ …..။ ညီလေး … […]


ပို့စ်ထဲမှာ ဇယားကွက် ဆောက်ပြီး ထည့်တဲ့ အလွယ်နည်း လေးကို ဒီနေရာမှာ ဝေမျှချင်ပါတယ်။ Share လုပ်တာပေါ့ဗျာ၊ ဆရာ လုပ်တာ မဟုတ်ရပါဘူးလို့။ ပြီးတော့လည်း ယခုပို့စ်က မသိသေးသူတွေအတွက် ရည်ရွယ်ခြင်း ဖြစ်ပါတယ်လို့ ….။ ဤကား အစ ပထမ လျှာရှည်ခြင်း ဖြစ်ပါ၏ … 😀 ကျနော်တို့ ရိုးရိုး ဇယားကွက်တစ်ခုကို တည်ဆောက်တဲ့အခါ ဇယားထဲမှာ Row က ဘယ်နှစ် Row ထည့်မယ်။ ကော်လံက ဘယ်နှစ်ကော်လံ ထည့်မယ် ဆိုပြီး ထည့်သွင်း တည်ဆောက်ကြပါတယ်။ ဒီလိုပါပဲ။ Webpage ပေါ်မှာ ဇယားကွက် တည်ဆောက်တဲ့ အခါမှာလည်း Row တွေ၊ ကော်လံတွေကို ထည့်သွင်း စဉ်းစားပြီးတော့ တည်ဆောက်ကြတာပါပဲ။ Row […]


ယခု ပို့စ်မှာ တစ်လအတွင်း တက်လာသော ပို့စ်များအား တစ်နေရာတည်းတွင် လွယ်လင့်တကူ ပြန်လည် ကြည့်ရှုနိုင်ရန် စုစည်းခြင်းသာ ဖြစ်ပါဂျောင်း … မန်းဂေဇက်ချစ်သူများစာပေဆု ရွေးချယ်ရေး အတွက် အထောက်အကူ ရစေရန် ရည်ရွယ်သည့် ပို့စ်တစ်ခု ဖြစ်ပါဂျောင်း … ပြီးခဲ့သည့် ဩဂုတ်လ အတွင်းမှ တစ်လအတွင်း ပို့စ်များကိုလည်း ယခုပို့စ် ကဲ့သို့ပင် စုစည်းခဲ့ပါဂျောင်း .. အဆိုပါ ပို့စ်အား အောက်တွင် လင့်ခ် ပေးထားပါဂျောင်း .. အင်း … စာနည်းနည်း ရှည်သွားအောင် နောက်ထပ် ဘာဂျောင်းရင် ကောင်းဦးမလဲ .. 🙄 ဘာမှ ဂျောင်းစရာ ချိဒေါ့ဘူး .. ဒါဘာဘဲ ခညာ .. ကျေးဇူးတင်ပါတယ် ခညာ .. […]