(“ယနေ့ခေတ် ဘာသာရေးမှ ဗိုင်းရပ် (virus) အယူများ (ပထမပိုင်း)” ၏ အဆက်) “သေပြီးနောက် ဖြစ်/ မဖြစ် အတွေးတွေဟာ လူတွေအတွက် ဗိုင်းရပ်လိုမျိုးပဲဆိုရင် တပည့်တော်တို့ အဲဒါတွေကို မတွေးတော့ပဲ ဝိပဿနာရှုတာကိုပဲလုပ်နေရတော့မှာလား ဘုရား။” “ကွန်ပျူတာ (computer) တစ်လုံး ပုံမှန်အလုပ်လုပ်နိုင်ဖို့အတွက် သူ့မှာ အသုံးတည့်တဲ့ ဆော့ဝဲ (software) တွေ ထည့်ထားဖို့လိုသလို လူတွေ ဘဝမှာ ငြိမ်းငြိမ်းအေးအေး နေနိုင်ဖို့အတွက် အမှန်ငြိမ်းအေးစေတဲ့ အသိတွေ သိထားဖို့တော့လိုတာပေါ့ ဒကာ။ ဝိပဿနာအသိဉာဏ်ဆိုတာ လူသားတွေငြိမ်းအေးစေတဲ့ အသိဉာဏ်ပါ။ ဒါပေမယ့် အဲဒီအသိဉာဏ်ကလည်း လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်ထောင့်ငါးရာကျော်လောက်က ဦးဇင်းတို့ ဗုဒ္ဓလမ်းညွှန်ခဲ့တဲ့ အရိယာသစ္စာအသိဉာဏ်တော့ ဖြစ်ဖို့လိုတာပေါ့။” “ဒီနေ့ခေတ်မှာ ပြနေကြတဲ့ ဝိပဿနာနည်းတွေကကော ဘုရား။” “ဝိပဿနာတော့ ဝိပဿနာပါပဲ၊ ဒါပေမယ့် […]