ashinindakaFebruary 12, 20112min35312
မြတ်စွာဘုရားရဲ့ တရားတော်ဆိုတာ မြတ်စွာဘုရားသက်ရှိထင်ရှားရှိစဉ်အခါတုန်းက ကျွတ်တမ်းဝင်မဲ့ (ဝါ) ဟောလို့အဆင်ပြေမဲ့သူတွေဆီကို မြတ်စွာဘုရားအရောက်သွားပြီး ဟောခဲ့ ပြောခဲ့တာတွေကို ပြောတာ။ သာဝတ္ထိမြို့ သွားဟောလိုက်၊ ရာဇဂြိုဟ်မြို့ သွားဟောလိုက်။ ကပိလဝတ်သွားဟောလိုက်၊ ဝေသာလီသွားဟောလိုက်၊ နေရာအနှံ့ သွားဟောရတာ။ တစ်နေရာနဲ့ တစ်နေရာ အဝေးကြီး။ ဟိုနေရာသွား ဟိုအကြောင်းဟောလိုက်၊ ဒီနေရာသွား ဒီအကြောင်းဟောလိုက်၊ လင်ကျင့်ဝတ်ဟောလိုက်၊ မယားကျင့်ဝတ်ဟောလိုက် ရှင်ဘုရင်ကို ရှင်ဘုရင်တို့ကျင့်ဝတ်ဟောလိုက် ရဟန်းတွေ အနေအထိုင်မတတ်လို့ ဆုံးမလိုက် နေရာဒေသအသီးသီးမှာရှိတဲ့ ပုဂ္ဂိုလ်အသီးသီးကို အကြောင်းအရာ အသီးအသီး ဟောရတာ။ နှစ်ပေါင်းလေးဆယ့်ငါးနှစ်တောင် ကြာသွားတယ်။ ဒီလိုနဲ့ မြတ်စွာဘုရားပရိနိဗ္ဗာန်စံခါနီးတော့ ဝမ်းနည်းသောကရောက်နေတဲ့အာနန္ဒာကို ခေါင်ထားပြီး ယော ဝေါ အာနန္ဒ ဓမ္မောစ ဝိနယောစ ဒေသိတော ပညတ္တော၊ သော မမစ္စယေန သတ္ထာ လို့မိန့်တယ်။ အဓိပ္ပါယ်က […]


ashinindakaFebruary 12, 20111min22614
ဗမာစကားမပြောတတ်တာနဲ့ပတ်သက်လို့ သတိရမိတဲ့ပုံပြင်လေးတစ်ပုဒ်ပြောပြဦးမယ်။ တခါတုန်းက ရွာတစ်ရွာမှာ ဒကာတစ်ယောက်ဟာ မိုးလေဝသညီညွတ်မျှတတဲ့အလျှောက် လယ်ယာများအောင်မြင်တဲ့အတွက် ကျောင်းတစ်ဆောင် ဆောက်လုပ်လှူဒါန်းပါတယ်။ ကျောင်းဘုန်းကြီးတစ်ပါးကိုလည်း စိတ်ကြိုက်ရွေးချယ်ပင့်ဆောင်ပြီး ကိုးကွယ်ထားသတဲ့။ ကျောင်းဒကာနဲ့ ကျောင်းအမဟာ တစ်ဦးတည်းသောသမီးပျိုကို ဆရာတော်ဘုန်းကြီးထံလှူရန် ပစ္စည်းအမျိုးမျိုးနဲ့ နေ့စဉ်ဆွမ်းချိုင့်ပို့ပြီး လှူဒါန်းဆက်ကပ်စေပါတယ်။ ကျောင်းဒကာရဲ့သမီးကလည်း ကျောင်းရောက်တဲ့အခါ တံမြက်လှည်း ရေတော် ပန်းတော်ဆက်ကပ် ဝေယျာဝစ္စအဝဝကို သေချာကျနစွာ ပြုလုပ်ပြီးမှ ဘုန်းတော်ကြီးကို ရိုသေစွာ ဝတ်ချကာ အိမ်ကို ပြန်လာလေ့ရှိပါတယ်။ ဒါပေမဲ့ ကျောင်းဒကာရဲ့သမီးဟာ ကျောင်းကိုသွားလို့ ပြန်တဲ့အခါတိုင်း ဘုန်းတော်ကြီးကို ဝတ်ချပြီး “အရှင်ဘုရား၊ တပည့်တော်မ ကြွပါဦးမယ်ဘုရား” လို့ အမြဲလျှောက်ထားတတ်သတဲ့။ ဘုန်းတော်ကြီးကလည်း “ဒီကလေးမ စကားပြော တယ်မချောဘဲကိုး၊ ဘယ့်နှယ် ဘုန်းကြီးကို သူက ပြန်ပါဦးမယ်ဘုရားလို့ မပြောဘဲ ကြွပါဦးမယ်ချည်းပြောနေရသလဲ မသိဘူး၊ ဒီကိစ္စ […]


ashinindakaFebruary 11, 20111min1794
ပုဂံပြည် ရှင်အရဟံရောက်ပြီးတဲ့နောက် အနော်ရထာမင်းနဲ့ပြည်သူအများ ဗုဒ္ဓဘာသာကိုသက်ဝင်ယုံကြည်လာပြီး သာသနာရောင်ဝါထွန်းလင်းခဲ့တယ်။ ပုဂံခေတ်မှာ ဗုဒ္ဓဘာသာရဟန်းတော်များ ပါဠိစာပေကျမ်းဂန်တွေကို (အထူးသဖြင့် ပါဠိသဒ္ဒါကျမ်းတွေကို) ရေးသားနိုင်တဲ့အထိ ထူးချွန်တတ်မြောက်လာကြတယ်။ သီဟိုဠ်ဘုန်းကြီးတွေက သူတို့နိုင်ငံက ရေးသားထုတ်ဝေတဲ့ ကစ္စည်းသဒ္ဒါလိုမျိုး ပါဠိသဒ္ဒါကျမ်းတွေနဲ့ မာနတက်နေပြီး မြန်မာဘုန်းကြီးတွေကို ဘာမှမတတ်ဘူးလို့ အထင်သေးနေတဲ့အချိန်၊ ပုဂံခေတ်မြန်မာရဟန်းတော်တစ်ပါးဖြစ်တဲ့ ရှင်အဂ္ဂဝံသက သဒ္ဒနီတိလို ပါဠိသဒ္ဒါကျမ်းကြီးကို ရေးသားထုတ်ဝေလိုက်တော့ “မြန်မာဘုန်းကြီးများလဲ ပါဠိစာပေအတော့်ကို တတ်သကိုး၊ ဒို့နိုင်ငံမှာရှိတဲ့ ပါဠိသဒ္ဒါကျမ်းထက် မြန်မာဘုန်းကြီးရေးတဲ့ပါဠိသဒ္ဒါကျမ်းက ပိုကောင်းတယ်ဟေ့” ဆိုပြီး သီဟိုဠ်ရဟန်းတော်များ ပုဂံခေတ်မြန်မာရဟန်းတော်များကို ဦးအကြိမ်ကြိမ်ညွတ်ကာ ပြန်လည်မော်ကြည့်လာရသည်အထိ ဖြစ်ခဲ့ဘူးပါတယ်။ ဒို့ခေတ်မှာလဲ ဘယ်သူကများ သီဟိုဠ်ရဟန်းတော်များ မော်ကြည့်လာအောင် စွမ်းဆောင်နိုင်မလဲ? ကြားဘူးတာလေး ပြောကြည့်ချင်တယ်။ ဟုတ်မဟုတ်တော့ မသေချာပါဘူး။ မြန်မာပြည်က တိပိဋက (ပိဋကတ်သုံးပုံ) အောင်ပြီးသားဆရာတော်တစ်ပါး သီဟိုဠ်နိုင်ငံကို ကိစ္စတစ်ခုနဲ့ သွားတယ်တဲ့။ […]


ashinindakaFebruary 10, 20111min2178
ရှင်အရဟံကြောင့် အနော်ရထာမင်းဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်လာတယ်။ ယုံကြည်ပြီးနောက် ပုဂံပြည်မှာ ဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့ အရေးအကြီးဆုံးအရာတွေကို ထားရှိပူဇော်လိုတယ်။ ဒီအတွက် အနော်ရထာမင်း ရှင်အရဟံအထံတော်မှ အကြံတောင်းတယ်။ ရှင်အရဟံက ဘုရား တရား သံဃာရတနာသုံးပါးနဲ့ ပတ်သက်တဲ့ ဘုရားရတနာအတွက် ဘုရားရှင်ရဲ့ ဓာတ်တော် တရားရတနာအတွက် ပိဋကတ်သုံးပုံ သံဃာရတနာအတွက် ရဟန်းသံဃာတော်တွေကို ပင့်ဖိတ် ထားရှိပူဇော်သင့်ကြောင်းမိန့်ပါတယ်။ ဒီမိန့်ကြားချက်အရ အနော်ရထားမင်းကြီး ဘုရားရှင်ရဲ့ ဓာတ်တော်ရဘို့ သူ့ရဲ့သံတမန်တွေကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကမ္ဗောဒီးယားနိုင်တို့အထိ စေလွှတ်ပါတယ်။ ဒါပေမဲ့ မရခဲ့ပါဘူး။ တရားရတနာအတွက် ပိဋကတ်သုံးပုံရဘို့ ရှင်အရဟံရဲ့ ဇာတိ မွန်ပြည်နယ် သထုံမြို့ကို သံတမန်တွေစေလွှတ်ပြီး တောင်းခံပါတယ်။ မွန်ပြည်နယ်ကို အုပ်စိုးနေတဲ့ မနူဟာမင်းက မောက်မောက်မာမာနဲ့ ပြောဆိုလိုက်လို့ ရရင်ရ၊ မရရင်ချ မူကို စွဲကိုင်ကာ မရသည့်အဆုံး […]


ashinindakaFebruary 8, 20111min32115
အနော်ရထာမင်းလဲ ရှင်အရဟံကို မြင်တော့ ဒါမျိုးကိုယ်တော် အရင်တစ်ခါမှ မမြင်ဘူးတော့ အတော်ထူးဆန်းနေတာပေါ့။ ရှင်အရဟံကလည်း သွားတဲ့နေရာ၊ လာတဲ့နေရာ၊ ပြောတဲ့နေရာ ဆိုတဲ့နေရာတွေမှာ အတော်လေးကို ဣန္ဒြေရရ သိက္ခာရှိရှိ တည်တည်ငြိမ်ငြိမ်ရှိပုံပေါက်ပါတယ်။ အနော်ရထာမင်းက သူကိုးကွယ်နေတဲ့ အရည်းကြီးရဟန်းတွေနဲ့ ရှင်အရဟံကို ချိန်ထိုးကြည့်ပုံပေါက်တယ်။ အရည်းကြီးရဟန်းတွေကို အဲ့ခေတ်က ရှင်မထီးလို့ခေါ်ပါတယ်။ စာအုပ်တစ်အုပ်ထဲမှာ ဖော်ပြထားတဲ့ ရှင်မထီးရဲ့ပုံပန်းသဏ္ဌာန်က “ရှေးအတီတွေ၊ ပုဂံပြည်တွင်၊ ဆံကေသာ လက်လေးသစ်၊ မုဆိတ်မွေး ဗလပြစ်၊ မဲညစ်သည့် စီဝရံနှင့်၊ တာတေလံ အကျင့်ဆိုးသော၊ ရှင့်သိုးတကာ့ခေါင်ထီး၊ ရှင်မထီး” တဲ့။ ရှင်မထီးဆိုသူ အရည်းကြီးတွေက ဆံပင်ကို လက်လေးသစ်လောက်ရှည်အောင်ထားလေ့ရှိတယ်တဲ့။ မုဆိတ်မွေးက ဗလပြစ်နဲ့။ စီဝရံဆိုတာက ပါဠိစကား၊ မြန်မာလို သင်္ကန်း။ ဒါ့ကြောင့်သူတို့ဝတ်ဆင်တဲ့သင်္ကန်းက မဲညစ်ညစ်အရောင်ရှိတဲ့သင်္ကန်း။ အခုခေတ်တောင် တချို့ဆရာတော်တွေ ဒီလိုသင်္ကန်းဝတ်တာတွေ့ဘူးတယ်။ […]


ashinindakaFebruary 7, 20111min2187
အသောကမင်းကြီးရဲ့ ကျေးဇူးနဲ့ ဘီစီ ၂၃၅ ခန့်မှာ ဗုဒ္ဓဘာသာမြန်မာနိုင်ငံကို မွန်ပြည်နယ် သထုံတဝိုက်ရောက်လာတယ်ပဲ ဆိုပါစို့။ အဲ့ဒီအချိန်ကစပြီး သထုံတဝိုက် ဗုဒ္ဓဘာသာ အတော်စည်ပင်ပြန့်ပွါးခဲ့ပုံပေါ်ပါတယ်။ ဒါ့ကြောင့် သထုံဒေသမှာရှိတဲ့ မွန်လူမျိုးတွေဟာ မြန်မာနိုင်ငံအလည်ပိုင်းနဲ့ အထက်ပိုင်းမှာရှိတဲ့လူမျိုးတွေထက်စောပြီး ဗုဒ္ဓဘာသာအရသာနဲ့ ဗုဒ္ဓဘာသာကျင့်စဉ်တွေကို သုံးဆောင်ခံစားကျင့်သုံးခွင့်ရခဲ့တယ်လို့ မှတ်ယူနိုင်တယ်။ ဗုဒ္ဓဘာသာနဲ့ဆက်စပ်တဲ့ယဉ်ကျေးမှု ဓလေ့ထုံးစံများ၊ စာပေများကို သထုံတဝိုက်မှာရှိတဲ့ မွန်လူမျိုးတွေက အရင်ကျင့်သုံးခွင့်ရတဲ့အတွက် ဗုဒ္ဓဘာသာယဉ်ကျေးမှုအဆင့်အတန်း၊ စာပေမြင့်မားမှုမှာ သူတို့က ရှေးပိုကျတယ်လို့ ဆိုနိုင်ပါတယ်။ လူနဲ့သူနဲ့တူအောင်နေနိုင်တာ သူတို့က ပိုစောတယ်လို့ဆိုရမယ်။ ဒါ့ကြောင့် အညာသားရှင်ဘုရင် အနော်ရထာတို့ မွန်ဘုရင် မနူဟာမင်းဆီသွားပြီး ပိဋကတ်သုံးပုံတောင်းတော့ “မင်းတို့လိုအရိုင်းအစိုင်းတွေနဲ့ ပိဋကတ်နဲ့လားလားမှ မထိုက်” လို့ ပြောလွှတ်လိုက်တာဖြစ်မယ်။ ထား။ ဒီနေရာမှာ ပြောချင်တာက သထုံတဝိုက်မှာ အသောကမင်းလက်ထက်ကစပြီး ဗုဒ္ဓဘာသာစတင်ရောက်ရှိထွန်းကားလာတယ်လို့ ပြောလိုရင်းဖြစ်တယ်။ နောက်ပိုင်းနှစ်အတန်အကြာ […]


ashinindakaFebruary 5, 20111min33012
တတိယသံဂါယနာတင်ပွဲကျင်းပပြီးတော့ အသောကမင်းကြီး နိုင်ငံရပ်ခြားသို့ သာသနာရောက်ရှိပြန့်ပွါးအောင် ကိုးတိုင်းကိုးဌာနသာသနာပြုစီမံကိန်းကြီးကို အကောင်အထည်ဖော်ခဲ့တယ်။ ကိုးတိုင်းကိုးဌာနထဲမှာ ရှင်သောဏနဲ့ ရှင်ဥတ္တရမထေရ်တို့က သုဝဏ္ဏဘူမိအရပ်ကို သာသနာပြုကြွရကြောင်း အရင်ပြောပြခဲ့တယ်။ သမိုင်းသုတေသီတို့က မြန်မာနိုင်ငံမှာရှိတဲ့ မွန်ပြည်နယ်၊ သထုံဒေသဟာလဲ သုဝဏ္ဏဘူမိထဲမှာ အကျုံးဝင်တယ်လို့ ယူဆပြောဆိုကြတယ်။ ဒီယူဆချက်မှန်တယ်ဆိုရင် အသောကမင်းလက်ထက် (ဘီစီ ၂၃၅) ခန့်က  မြန်မာပြည်ကို ဗုဒ္ဓဘာသာ သာသနာရောက်ရှိတယ်လို့ ဆိုနိုင်တယ်။ ဒါပေမဲ့ တချို့က ဘုရားရှင်သက်တော်ထင်ရှားရှိစဉ်ကတည်းက ဘုရားရှင်ကိုယ်တော်တိုင် မြန်မာနိုင်ငံကို ရောက်ဖူးကြောင်း၊ ဒါ့ကြောင့် ဘုရားရှင်အဆုံးအမဖြစ်တဲ့ ဗုဒ္ဓသာသနာဟာ ဘုရားရှင်လက်ထက်ကတည်းက ရောက်ရှိကြောင်း ရေးသားဖော်ပြကြတယ်။ ဒါနဲ့စပ်လို့ သာသနာ့တက္ကသိုလ်ကျောင်းသားဘဝတုန်းက ညနေတိုင်း အညောင်းပြေ တက်ခဲ့တဲ့ မန္တလေးတောင်ကို သတိရမိတယ်။ မန္တလေးမှာနေတုန်း မန္တလေးတောင်ပေါ်တက်ရင် လက်ညှိုးထိုး ရပ်တော်မူဘုရား (ဗျာဒိတ်ပေးဘုရား) ကြီး တွေ့ရလိမ့်မယ်။ ရပ်တော်မူဘုရားဘေးက […]


ashinindakaFebruary 5, 20111min2108
နိဗ္ဗာန်သို့လျှောက်လှမ်းတဲ့နေရာမှာပဲဖြစ်ဖြစ် အခြားအခြားသို့ လူမှုရေး၊ စီးပွါးရေး၊ နိုင်ငံရေးစတဲ့အရေးတွေကို လုပ်တဲ့အခါမှာပဲဖြစ်ဖြစ် အမြင်မှန်ဘို့ အင်မတန်အရေးကြီးပါတယ်။ အမြင်မှန်မှ အမှန်မြင်နိုင်မှာမို့ပါ။ အမြင်မှန်၊ အမှန်မြင်ကို ပါဠိလို သမ္မာဒိဋ္ဌိ လို့ခေါ်ပါတယ်။ သမ္မာဆိုတာ မှန်ကန်တာ၊ ဒိဋ္ဌိဆိုတာ အမြင်။ နိဗ္ဗာန်သို့သွားရာလမ်းကြောင်းလို့ခေါ်တဲ့ မဂ္ဂင်ရှစ်ပါးထဲမှာ အမှန်မြင်လို့ ခေါ်တဲ့ သမ္မာဒိဋ္ဌိကို ဘုရားရှင်က ပထမဦးဆုံးနေရာမှာထား ဟောကြားခဲ့ပါတယ်။ အရေးအကြီးဆုံး မဂ္ဂင်ဖြစ်လို့ပါ။ လူတစ်ဦးတစ်ယောက်ဟာ ဘယ်အလုပ်မှာပဲဖြစ်ဖြစ် အမှန်မြင်လို့ခေါ်တဲ့ ဒီသမ္မာဒိဋ္ဌိသဘောတရားမရှိရင် ဘာမှ ရှေ့ဆက်လုပ်လို့မရတော့ပါဘူး။ တရားထိုင်လို့လဲ မရတော့ဘူး။ လူမှုရေးလုပ်လို့လဲ မရတော့ဘူး၊ နိုင်ငံရေးလုပ်လို့လဲ မရတော့ပါဘူး။ မှန်ကန်တဲ့အမြင်မရှိဘူး၊ အမြင်မမှန်ဘူးဆိုရင် ဘာကြီးကို လုပ်နေလုပ်နေ အကျိုးရှိသင့်သလောက် မရှိတော့ပါဘူး။ လူတစ်ဦးတစ်ယောက်မှာ မှန်ကန်တဲ့အမြင်မရှိဘူးဆိုရင် မှန်ကန်တဲ့အတွေးအခေါ်လဲ မရှိနိုင်ပါဘူး။ မှန်ကန်တဲ့အတွေးအခေါ်ရှိဘို့အတွက် အမြင်မှန်ရှိဘို့လိုပါတယ်။ မှန်ကန်တဲ့အတွေးအခေါ်ကို ပါဠိလို […]


ashinindakaFebruary 4, 20111min21211
အမြင်မှန်မှ အမှန်မြင်မယ်ဆိုတာနဲ့ ဆက်စပ်လို့ ဖတ်ဖူးတဲ့ ပုံပြင်လေး ပြောပြချင်တယ်။ တစ်ခါတုန်းက ရွတ်တစ်ရွာမှာ ကိုလူအေးနဲ့ ဒေါ်မွှေးလို့အမည်ရတဲ့ ဇနီးမောင်နှံနှစ်ဦးရှိဘူးတယ်။ ကိုလူအေးတို့နေထိုင်တဲ့ရွာကလေးဟာ လမ်းပမ်းဆက်သွယ်ရေးခက်ခဲလှတဲ့အတွက် လူသူအရောက်အပေါက် အင်မတန်နည်းတယ်။ ကိုလူအေးတို့ရွာသူရွာသားတွေကလည်း တခြားမြို့ရွာတွေကို ရောက်ဖူးတဲ့သူ ရှားသတဲ့။ အဲဒီတော့ နဂိုကရိုးသားအေးဆေးလှတဲ့ ကိုလူအေးတို့ရွာသားတွေဟာ အကြားအမြင်ဗဟုသုတနည်းပါးကြတော့ လူရိုးလူအတွေ ဖြစ်ကုန်တာပေါ့။ ကိုလူအေးက ဘယ်လောက်အသလဲဆိုရင် တစ်ခါက မြို့ကို နွားရောင်းသွားတဲ့အခါ လမ်းမှာတွေ့ရတဲ့လူလည်တစ်ယောက်က သူထမ်းလာတဲ့ ကျောက်ဖရုံသီးကြီးကို ဆင်ဥ လို့လိမ်ညာပြီး ကိုလူအေးရဲ့ နွားနဲ့ လဲယူသွားတာ ခံရဖူးသတဲ့။ ကိုလူအေးရဲ့ဇနီးဒေါ်မွှေးကလည်း ကိုလူအေးနည်းတူ ရိုးအတာပါပဲ။ ကိုလူအေးဟာ တောထဲကို လယ်ထွန်သွားရင်းနဲ့ မှန်ဝိုင်းလေးတစ်ချပ်ကို လမ်းဘေးက ကောက်ရသတဲ့။ သူကတော့ မှန်ရယ်လို့ မမြင်ဘူးတော့ မသိပါဘူး။ ဒါပေမဲ့ မှန်ဝိုင်းလေးကို ကောက်ယူကြည့်တဲ့အခါ […]


ashinindakaJanuary 31, 20111min1895
မြန်မာပြည်မှာ ဒက္ခိဏသာခါရုပ်ပွါးတော်ကို အိမ်မှာထားကိုးကွယ်တယ်ဆိုရင် မီးမလောင်ဘူး၊ မီးကွင်းတယ်ဆိုတဲ့ယုံကြည်ချက်နဲ့ ကိုးကွယ်ကြလို့ ဘုရားရှင်ကို မီးကင်းစောင့်ထားရဲတဲ့ဗုဒ္ဓဘာသာဝင်တွေရဲ့ အကြောင်းကို အနည်းငယ် ပြောပြခဲ့တယ်။ တချိန်တည်းမှာပဲ ဒက္ခိဏသာခါရုပ်ပွါးတော်ရဲ့ ထုလုပ်ပုံ ပုံသဏ္ဌာန် အချိုးအစား မကျနပုံကို တင်ပြခဲ့ပါတယ်။ တကယ့်ကိုပါဘဲ။ ဒက္ခိဏသာခါရုပ်ပွါးတော်ပုံဟာ ကြည်ညိုဖွယ်မဖြစ်ပါဘူး။ မြင်ရသူ ဖူးရသူနှလုံးသားကို ငြိမ်းချမ်းမှု မပေးပါဘူး။ ဒက္ခိဏသာခါရုပ်ပွါးတော်မှ မဟုတ်ပါဘူး။ ဘုရားစောင်းတန်းမှာ ရှိတဲ့ တချို့ဗုဒ္ဓရုပ်ပွါးတော်တွေဟာ အချိုးအစား မပြေပြစ်ပါဘူး။ ခုခေတ်ဘုရားရှင်ရုပ်ပွါးတော်ထုလုပ်သူတွေက ပြီးပြီးရော ထုကြလို့လားမသိဘူး။ တချို့ ရုပ်ပွါးတော်တွေဆိုရင် ရုပ်လုံးကို မပေါ်ဘူး။ ဆရာတော်ကြီးတစ်ပါးမိန့်တာကတော့ ရှေးရှေးတုန်းက ဘုရားရှင်ရုပ်ပွါးတော်ထုတဲ့သူတွေက တကယ့်ပညာရှိကြီးတွေတဲ့။ ပါဠိစာပေတတ်ကျွမ်းတဲ့သူတွေဖြစ်တယ်တဲ့။ ဘုရားရှင်ရုပ်ပွါးတော်တွေကို ထုဆစ်တဲ့အခါမှာ ပါဠိစာပေထဲမှာဖော်ပြထားတဲ့ ဘုရားရှင်ရူပကာယပုံသဏ္ဌာန်အတိုင်း ထုဆစ်ကြတယ်တဲ့။ ခုခေတ်မှာတော့ ဘုရားရှင်ရုပ်ပွါးတော်ကို ကြည့်ကောင်းတာ မကောင်းတာ ဂရုမစိုက်တော့ပါဘူး။ ရုပ်ပွါးတော်တွေဟာ […]


ashinindakaJanuary 28, 20111min2055
သီရိလင်္ကာလို့ခေါ်တဲ့သီဟိုဠ်နိုင်ငံမှာ Vesak Festival လို့ခေါ်တဲ့ ဝိသာခါပွဲသဘင်ကို ခန်းခန်းနားနားကျင်းပလေ့ရှိတယ်။ ဝိသာခါပွဲသဘင်ကို ဝိသာခါနက္ခတ်နဲ့ယှဉ်တဲ့လရဲ့ လပြည့်နေ့မှာကျင်းပတယ်။ ဝိသာခါနက္ခတ်နဲ့ယှဉ်တဲ့လဆိုတာ မြန်မာလမှာတော့ ကဆုန်လဖြစ်တယ်။ အင်္ဂလိပ်လမှာတော့ မေလဖြစ်တယ်။ ကဆုန်လ (မေလ)ရဲ့ လပြည့်နေမှာ ဝိသာခါပွဲသဘင်ကို ကျင်းပလေ့ရှိတယ်။ ဗုဒ္ဓဘာသာဝင်တွေကိုးကွယ်တဲ့ ဗုဒ္ဓဘုရားရှင် ကဆုန်လ လပြည့်နေ့မှာ မွေးဖွားတယ်၊ ဘုရားအဖြစ်သို့ ရောက်တယ်၊ ပရိနိဗ္ဗာန်စံတယ်။ (ဗျာဒိတ်တော်ခံယူတာလဲ ကဆုန်လပြည့်နေ့ပါဘဲ) ဘုရားရှင်ရဲ့ ဘဝဖြစ်တော်စဉ်မှာ ဒီလိုအရေးကြီးတဲ့ ဖြစ်ရပ်ကြီးသုံးခုက တိုက်တိုက်ဆိုင်ဆိုင် ဒီကဆုန်လရဲ့ လပြည့်နေ့မှာ ဖြစ်ပျက်ခဲ့တာ။ ဒါ့ကြောင့် ကဆုန်လပြည့်နေ့ဆိုရင် သီဟိုဠ်ဗုဒ္ဓဘာသာဝင်တွေ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် လမ်းမတွေပေါ်ထွက်ပြီး ဝိသာခါပွဲသဘင်ကို ကျင်းပကြတယ်။ ကဆုန်လ (မေလ) လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တွေအတွက် တကယ့်ကို နေ့ထူးနေ့မြတ်ကြီးပေါ့။ ဒါပေမဲ့ အခြားအခြားသောဘာသာဝင်တွေရဲ့ တမန်တော်နေ့တွေလို ဗုဒ္ဓဘာသာဝင်တွေရဲ့  […]


ashinindakaJanuary 27, 20111min24214
သီရိလင်္ကာလို့ခေါ်တဲ့ သီဟိုဠ်နိုင်ငံမှာ ယနေ့ဗုဒ္ဓဘာသာအခြေအနေဘယ်လိုရှိလဲ။ သီဟိုဠ်နိုင်ငံမှာ ဘာသာရေးပွဲတွေ အထူးသဖြင့် Vesak Festival လို့ခေါ်တဲ့ ကဆုန်လပြည့် ဗုဒ္ဓနေ့ပွဲတော်အခန်းအနားတွေမှာ လူကြီး၊ လူငယ်၊ လူရွယ်၊ လူလတ် အကုန်လုံးပါဝင်ဆင်နွှဲကြတာကို တွေ့ခဲ့ဘူးပါတယ်။ သီဟိုဠ်ဘုန်းကြီးကျောင်းတွေမှာ ၁၀-နှစ်၊ ၁၂-နှစ်အရွယ်ကလေးငယ်လေတွေရဲ့ ဗုဒ္ဓဝင်ပန်းချီပြိုင်ပွဲ၊ ပြပွဲလေးတွေကို တခုတ်တရ ကျင်းပပေးပါတယ်။ (ဒီ တခုတ်တရဆိုတဲ့ စကားအဓိပ္ပါယ်အပြည့်အဝမသိသေး၊ သူများသုံးတာတွေ့လို့ သုံးလိုက်တာ) ဘုန်းကြီးများက ပြိုင်ပွဲဝင်ကလေးတွေကို အမှတ်တရပစ္စည်းလေးတွေ လက်ဆောင်ပေးပါတယ်။ မြန်မာပြည်က အောင်ခြင်းရှစ်ပါးလို ဗုဒ္ဓဘာသာဇာတ်လမ်းနဲ့သက်ဆိုင်တဲ့ ကလေးတွေရေးဆွဲထားတဲ့ ပန်းချီကားလေးတွေကို မိဘတွေ မိဘသူငယ်ချင်းတွေ ရပ်ကွက်လူကြီးလူငယ်တွေ တငေးတမောလာရောက်ကြည့်ရှုခံစားအားပေးကြပါတယ်။ အတော်ကြည်နူးစရာပါ။ ဒီလို ၁၀-နှစ်၊ ၁၂-နှစ်အရွယ်ကလေးငယ်က ဘာလို့ ဗုဒ္ဓဝင်တွေကို သိပြီး ပန်းချီရေးဆွဲနိုင်ရတာလဲ။ နောက်အံ့ဩဖွယ်တစ်ခု ကြုံခဲ့ရပါသေးတယ်။ အင်္ဂလိပ်စာတိုးတက်ဖို့အတွက် သီဟိုဠ်၊ ကိုလံဘိုမြို့မှာရှိတဲ့ […]


ashinindakaJanuary 26, 20111min1424
ကိုးတိုင်းကိုးဌာနသာသနာပြုစေလွှတ်တဲ့အထဲမှာပါဝင်တဲ့ သီရိလင်္ကာနိုင်ငံလို့ခေါ်တဲ့ သီဟိုဠ်ကျွန်းမှာ ဗုဒ္ဓဘာသာအခြေကျပြီး ပြန့်ပွါးလာခဲ့တာ ယနေ့တိုင်အောင်ဘဲ။ သီဟိုဠ်ကျွန်းမှာ ပညာရေးကိစ္စနဲ့ ၁၉၉၉-၂၀၀ဝ နှစ်တွေတုန်းက နေခဲ့ဘူးတယ်။ သီဟိုဠ်ကျွန်း၊ ကိုလံဘိုမြို့က တက္ကသိုလ်တစ်ခုမှာ ပညာသင်ကြားရင်း အဲ့နိုင်ငံမှာရှိတဲ့ သီဟိုဠ်ရဟန်းတော်တွေရဲ့အခန်းကဏ္ဍ၊ ဘာသာရေး သာသနာရေးအခြေအနေတွေကို လေ့လာဖြစ်ခဲ့တယ်။ သီဟိုဠ်နိုင်ငံမှာရှိတဲ့ဗုဒ္ဓဘာသာရဟန်းတော်တွေဟာ မြန်မာနိုင်ငံမှာရှိတဲ့ ဗုဒ္ဓဘာသာရဟန်းတော်တွေထက် လူမှုရေးမှာ တက်တက်ကြွကြွပါဝင်ကြတယ်။ ၂၀၀၄ – ခုနစ်တုန်းက သီဟိုဠ်နိုင်ငံ ဆူနာမီဒဏ် အတော်ခံရတယ်။ အိုးအိမ်တွေပျက်စီး၊ အသက်တွေဆုံးရှုံးတယ်ပေါ့။ ဒီလိုအခြေအနေမျိုးမှာ နိုင်ငံခြားကို ရောက်နေတဲ့ သီဟိုဠ်ရဟန်းတော်တွေ ကိုယ်နဲ့နီးစပ်တဲ့ဒကာ ဒကာမတွေထံက အလှူခံပြီး သီဟိုဠ်နိုင်ငံပြန်ထောက်ပံ့ကြတယ်။ အဲ့ဒီအချိန်တုန်းက မြန်မာပြည်က ရဟန်းတော်သံဃာတော်တွေ ကိုယ့်ဗုဒ္ဓဘာသာနိုင်ငံတစ်နိုင်ငံဖြစ်တဲ့သီဟိုဠ်နိုင်ငံ ဆူနာမီဒဏ်ထိတာ ကိုယ်နဲ့မဆိုင်သလိုပဲ နေခဲ့ကြတယ်။ ၂၀၀၈ – ခုနစ် မြန်မာပြည်၊ ဧရာဝတီတိုင်းဘက်မှာ နာဂစ်မုန်တိုင်းတိုက်ခိုက်ခံရတယ်။ သီဟိုဠ်ရဟန်းသံဃာတော်တွေက […]