asiamastersAugust 22, 20111min2348
တစ်ရက်မှာတော့ အိန္ဒိယနိုင်ငံသံအမတ်ကြီးက ကျွန်တော့ကိုသူ့ရုံးကိုဖိတ်ပါတယ်။ ကျွန်တော်က သူ့ကိုဂေါက်သီး ရိုက်သင်ပေးနေတာပါ။ ကျွန်တော့်ဘဝမှာက ဂေါက်သီးရိုက်သင်ဆရာလဲလုပ်ခဲ့ပါတယ်။ အခုလည်း အခါအားလျှော်စွာ သင်ပေး နေတုန်းပါပဲ။ ဖိတ်ကြားခဲ့တဲ့သံအမတ်ကြီးကတော့ အခုသံအမတ်ကြီးရဲ့ အရင် နှစ်ဦးခန့်ကဖြစ်ပါတယ်။ နဲနဲတော့ကြာပါပြီ။ အိန္ဒိယသံရုံးဟာ ကုန်သည်လမ်းပေါ်မှာ တည်ရှိပါတယ်။ ပန်းဆိုးတန်းလမ်းနဲ့ ကုန်သည်လမ်းဒေါင့်မကျတကျလေးဖြစ်ပါတယ်။ သံအမတ်ကြီးကဖိတ်တယ်ဆိုတော့ ကျွန်တော်ကလည်း လေးလေးစားစားပဲ ဝတ်စားဆင်ရင်ပြီး၊ အချိန်မီရောက်အောင် သွားရ ပါတယ်။ သံရုံထဲကိုရောက်တော့ သူ့အတွင်းရေးမှုးကကျွန်တော့်ကိုစောင့်နေပြီး သံအမတ်ကြီးအခန်း အပေါ်ထပ်ကို ခေါ်သွားပါတယ်။ တံခါးဝမှာ သံအမတ်ကြီးက ပြုံးပြီးစောင့်နေပါတယ်။ ပြီးတော့ အခန်းဝမှာ ကပ်ထားတဲ့ ဓါတ်ပုံကြီးတစ်ပုံကိုပြပါတယ်။ ဒီဓါတ်ပုံက အခုကျွန်တော်တို့မြင်တွေ့နေရတဲ့ ဗိုလ်ချုပ်ရဲ့ အရာရှိဦးထုပ်နဲ့အပေါ်က လောင်းကုတ် အကျီနဲ့ပုံဖြစ်ပါတယ်။ သံအမတ်ကြီးက ကျွန်တော့်ကို ပြုံးပြီးညင်သာစွာမေးပါတယ်။ ဒီဓါတ်ပုံကဘာထူးလဲတဲ့။ ကျွန်တော်လည်းသေသေချာချာကြည့်ပါတယ်။ ဘာမှထူးတာမတွေ့ပါဘူး။ ဒီတော့ ဘာမှမတွေ့ဘူးလို့ပဲပြန်ပြောရတာပေါ့။ […]


asiamastersAugust 22, 20111min1787
ကျွန်တော် ဂဠုန်ဦးစောအိမ်ကိုရောက်ခဲ့တဲ့အချိန်ဟာ ညနေဆည်းဆာအချိန်လေးဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ မိတ်ဆွေအိမ်ထဲကို ဝင်သွားချိန်မှာ ကျွန်တော်ဟာ တစ်ယောက်ထဲ လျှောက်ကြည့်နေမိပါတယ်။ အင်းယားကန် ရေစပ်စပ်ဟာ လေအဝှေ့မှာ တဖြတ်ဖြတ်ရိုက်ခတ်နေပါတယ်။ အလင်းရောင်နဲသော်လည်း ရေဟာကြည်လင်နေတယ်ဆိုတာခံစားရပါတယ်။ ငါးမျှားရရင်ကောင်းမှာပဲလို့ စိတ်ထဲကပေါ်ပေါက်ဖူးပါတယ်။ ဒီအင်းယားကန်ကြီးရဲ့ ရှေ့ကိုလှမ်းမျှော်ကြည့်လိုက်ရင်း မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုနဲ့ နိုင်ငံရေးလောကကြီးမှာ ဖြစ်ပျက်ခဲ့တဲ့ အမြင်သစ်များ၊ ကြိုးပမ်းအားထုတ်မှုများ၊ ဥစ္စာဓနပိုင်ဆိုင်မှုများ၊ နာကြည်းချက်များ၊ ကလဲ့စားများကို တစ်စိမ့်စိမ့်တွေးပြီး ကျောချမ်းလာမိခဲ့ပါတယ်။ အင်းလျှား ကန်ကြီး မှာတော့ ပြောစရာတွေအများကြီးရှိနေခဲ့မှာပါ။ ဗိုလ်တထောင် ကုန်လှောင်ရုံ (Depot) ကထုတ်လာတဲ့ ဘရင်းဂန်းတွေကို စည်ပိုင်းထဲမှာထည့်ပြီး ရေမဝင်အောင်ချိတ်နဲ့ပိတ်ကာ ဒီအင်းလျှားကန်ရေထဲမှာ မြုပ်ထားခဲ့ပါတယ်။ ဒီလက်နက်တွေထုတ်လာခဲ့တဲ့ရည်ရွယ်ချက်က ရွှေဘုံသာလမ်းနဲ့ ကုန်သည်လမ်းဒေါင့်မှာရှိတဲ့ မာကင်တိုင်ဘဏ် (ယခုမွေးမြူရေးနှင့်ရေလုပ်ငန်းဘဏ်) ကို ဓါးပြတိုက်ရန်ဖြစ်ပါတယ်။ အစိုးရကလည်း ပီပီပြင်ပြင်မဖွဲ့နိုင်သေးတော့ အချင်းချင်း ဂိုဏ်း ဂနတွေ ဖွဲ့ပြီးကာကွယ်နေရတဲ့ […]


asiamastersAugust 22, 20111min1597
ကျွန်တော်ရန်ကုန်မြို့ကို ပထမဦးဆုံးအကြိမ်ရောက်ဖူးခဲ့တာက ၁၉၇၅ ခုနှစ်ကဖြစ်ပါတယ်။ လေးတန်း စာမေးပွဲ ဖြေပြီးချိန်မှာ အဖွားဖြစ်သူနဲ့ရန်ကုန်မြို့ကိုပထမဦးဆုံးအကြိမ်ရောက်ဖူးခြင်းပါပဲ။ ၃၁ လမ်းမှာ အဖွားရဲ့ မောင်တစ်ဦးရှိပါတယ်။ အဲဒီအိမ်မှာပဲ တည်းခိုပါတယ်။ အတော့်ကို ဧည့်ဝတ်ကျေပွန်ပါတယ်။ အဖွားရဲ့မောင်ဟာ မကြာသေးခင်ကပဲ ကွယ်လွန်သွားခဲ့ပါပြီ။ ထားဝယ်ကနေရန်ကုန်ကို မြန်မာ့လေကြောင်းလိုင်း  ဖော်ကာ F-27 လေယာဉ်ကို စီးခဲ့တာ ဖြစ်ပါ တယ်။ ဒီ နယ်သာလန်နိုင်ငံက ထုတ်တဲ့ ဖေါ်ကာ F-27 ကို ကျွန်တော် Pilot ဖြစ်တဲ့ အချိန်ထိ လဲသုံးနေဆဲပါပဲ။ အဲဒီတုန်းက ရန်ကုန်မြို့တော်တွင်း နောက်ဖေးလမ်းကြားများဟာ အလွန်ညစ်ပတ်နံစော်ပါတယ်။ ရန်ကုန်မြို့ကို ပထမဆုံးရောက်တဲ့ အထိမ်းအမှတ်က ကားပေါ်ကဆင်းတာနဲ့ အန်ထွက်လာတာဖြစ်ပါတယ်။ လေယာဉ်မူးတာရယ်၊ ကားမူးတာရယ် အနံ့အသက် တွေရယ်အားလုံးပေါင်းဆုံလို့နဲ့တူပါတယ်။ အဲဒီတုန်းကတော့ ရန်ကုန်မှာဘယ်တော့မှ မနေတော့ဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။ […]


asiamastersAugust 21, 20111min1995
အခြေအနေက အတော်ကြီးကိုမြန်မြန်ဆန်ဆန်တိုးတက်လာပါတယ်။ ဆရာမကိုပဲ ချစ်မိပြီ သီချင်းကလဲ ပိုမြိုင်ဆိုင် လာပါတယ်။ မင်္ဂလာဆောင်ဖို့အခြေအနေထိရောက်လာခဲ့ပါတယ်။ မင်္ဂလာဆောင်တာကလည်း ဒီဆေးရုံကြီးရဲ့ ဆင်ဝင်နှစ်ခုကြား မြေညီထပ်မှာရှိတဲ့ ရုပ်ရှင်ပြခန်းမှာဖြစ်ပါတယ်။ စစ်သေနာပတိချုပ်ကြီးရဲ့ မင်္ဂလာပွဲလဲဖြစ်ပြန်တော့ ဂျပန်ဗိုလ်ချုပ်ကြီးတွေ အတော်များများတက်ရောက်ပါတယ်။ ဂျပန်ဗိုလ်ချုပ်တွေရဲ့ကားတွေဟာ အလံပြဘုရားလမ်း အတိုင်း အပေါ်က အောက်ကို ဆင်းလာပြီး လာရောက်အားပေးတဲ့အတွက် အလွန်ခန်းနားကြီးကြယ်တဲ့ မင်္ဂလာပွဲဖြစ်ခဲ့ပါတယ်။ ကျွန်တော်ဒီအခန်းကို သွားရောက်ရှာဖွေခဲ့စဉ်က အတော်ရှာရမယ်ထင်ထားတာ၊ တကယ်တော့ ကျွန်တော့နေ့တိုင်း ထမင်းစား ဆင်းရင် ဖြတ်သွားနေတဲ့နေရာဖြစ်နေတယ်။ မင်္ဂလာပွဲမှာ ဒေါက်တာဘသန်းရဲ့ သမီးလေး ကစ်တီ (နောင် ဗိုလ်ချုပ်ကြီးနေဝင်းနှင့်အကြောင်းပါသည့် ဒေါ်ခင်မေသန်း) က စန္ဒယားတီးပါတယ်။ ဗိုလ်ချုပ်အိမ်ထောင်ကျပြီးချိန်မှာတော့ တာဝါလိန်းလမ်းမှာရှိတဲ့ ယခုဗိုလ်ချုပ်ပြတိုက်ကိုပြောင်းနေပါတယ်။ ဒီတော့ ကျွန်တော်လည်း ဒီအိမ်ကိုသွားတာပါပဲ။ အိမ်က ကိုလိုနီအိမ်ပုံလေးဖြစ်ပါတယ်။ မျှော်စင်လေးပါတယ်။ ခြံထဲစဝင်တာနဲ့ ညာဖက်မှာ ဗိုလ်ချုပ်စီးခဲ့တားကားရပ်ထားတဲ့ […]


asiamastersAugust 21, 20111min1907
ဗိုလ်ချုပ်အတော်နေထိုင်မကောင်းဖြစ်ပြီဆိုတော့ ထုံးစံအတိုင်း ဆေးရုံအုပ်ကြီးကို ဖုန်းဆက်ပြီပေါ့။ နေမကောင်းတာက အမှန်ကတော့ ဝမ်းချုပ်တာပါ။ ဒီတော့ ဖျားလည်းဖျားတော့တာပေါ့။ ဆေးရုံအုပ်ကြီးဒေါက်တာဘသန်းဟာ ဒီသတင်းကိုရတာနဲ့ သူနာပြုဆရာမတစ်ဦးကို ဗိုလ်ချုပ်ကိုပြုစုဖို့လွှတ်လိုက်ပါတယ်။ သိပ်မကြာပါဘူး၊ သူနာပြုဆရာမလေးဟာ ရှိုက်ကြီးတငင်ငိုပြီးပြန်လာပါတယ်။ သူ့အပြောကတော့ ဗိုလ်ချုပ်က ဆဲလွှတ်လိုက်တယ်ပြောပါတယ်။ နောက်ဘယ်လိုချော့မော့ လွှတ်လွှတ် မသွားတော့ပါဘူး။ ဒီအချိန်မှာ ဒေါက်တာဘသန်းဟာ သူနာပြုတာဝန်ထမ်းဆောင်နေတဲ့ ဒေါ်ခင်ကြည်ကို ရွေးချယ်ပြီးလွှတ်လိုက်ပါတယ်။ အဆင်ပြေသလားမပြေသလားတော့မသိဘူး၊ တော်တော်နဲ့ကို ပြန်မလွှတ်တော့ပါဘူး။ ဒီလိုနဲ့ပဲ ဒေါ်ခင်ကြည်ဟာ နေ့စဉ်သွားရောက်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဒေါ်ခင်ကြည်မသွားတဲ့နေ့ဆိုရင်တောင် တယ်လီဖုန်း ဆက်ပြီး လှမ်းခေါ်တဲ့အဆင့်ကိုရောက်လာပါတယ်။ နေကောင်းသွားတဲ့အချိန်မှာ ယခင်က မှုံကုတ်နေတဲ့ ဗိုလ်ချုပ်ရဲ့ မျက်နှာဟာရွင်လန်းအသက်ဝင်လာပါတယ်။ တစ်ခါမှ မလာဖူးတဲ့ ဆေးရုံကြီးဘက်ကို လမ်းလျှောက်လို့ လာပါတော့တယ်။ ဒီဆေးရုံကြီးမှာက ဒေါ်ခင်ကြည်နဲ့ ဒေါ်ခင်ရီညီအစ်မနှစ်ဦးစလုံးသူနာပြုအလုပ်လုပ်ကြပါတယ်။ သူတို့ဟာ မြစ်ဝကျွန်းပေါ်ဖက်ကဖြစ်ပါတယ်။ ရန်ကုန်ရောက်ခါစမှာတော့ ဗဟန်းမှာ အခန်းငှားပြီးနေပါတယ်။ […]


asiamastersAugust 21, 20111min2418
၁၉၉ရ ခုနှစ်မှာ နောက် ဒုတိယဝန်ကြီးချုပ်တစ်ဦးရဲ့ ထပ်မံတာဝန်ပေးချက်အရ ရန်ကုန်မြို့မှာရှိတဲ့ စစ်ထောက်ချုပ်ရုံးမှာ တာဝန် ထမ်းဆောင်ခဲ့ရ ပါတယ်။ အခုတော့ရုံးတွေကပြောင်းလဲကုန်ပါပြီ။ ယခင်စစ်ထောက်ချုပ်ရုံးဆိုတာက ယခု အထက-၁ ဒဂုံရှိတဲ့ အလံပြဘုရားလမ်း အတိုင်း ဆူးလေဘက်ကို မဆင်းပဲ အပေါ်တက်သွားလိုက်ရင် စစ်ရုံးတံခါးကြီးကိုတွေ့ရပါလိမ့်မယ်။ ဒီတံခါးကြီးကို အတွင်းကိုဆက်ဝင်သွားမယ်ဆိုရင် ဘယ်ဘက်လေးမှာရှိတဲ့ဒုတိယမြောက် အုတ်နီ အဆောက်အဦ တစ်ခုဖြစ်ပါ တယ်။ အဆောက်အဦဟာ (၃) ထပ်ရှိပြီး P  ပုံသဏ္ဍာန်ရှိပါတယ်။ P ရဲ့အတွင်းနေရာလေးမှာတင်းနစ်ကွင်းလေးရှိပါတယ်။ P ရဲ့ ခြေရင်းလေးမှာ ဘော်လုံးကွင်းအရွယ် မျက်ခင်းရှိပါတယ်။ ကိုလိုနီအဆောက်အဦတစ်ခုဖြစ်ပြီး အုတ်နီနဲ့ တည်ဆောက်ထား တဲ့အတွက် ကြည့်ရတာရိုးရိုးလေးနဲ့ အလွန်လှပါတယ်။ ကုက္ကိုလ်ပင်ကြီးတွေ အုပ်ဆိုင်းနေတော့ နေပူထဲကလာရင်တောင်အေးမြ သွားစေပါတယ်။ စစ်ထောက်ချုပ်ရုံးက ပထမထပ်မှာဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ ရုံးခန်းဟာလည်း အဆောက်အဦရဲ့မြောက်ဘက် […]


asiamastersAugust 21, 20111min31316
ကျွန်တော် အခုရန်ကုန်မှာနေထိုင်သော်လည်း ဇာတိကတော့ နယ်ကဖြစ်ပါတယ်။ မြန်မာတွေအမြတ်တနိုးထားတဲ့ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အကြောင်းတွေကို အများနည်းတူပဲ သင်ခဲ့ရကြားခဲ့ရတာတွေရှိတော့ သိရှိခဲ့တာတွေ လည်းရှိတာပေါ့။ ကျွန်တော်က ၁၉၆၆ ခုနှစ်မှာမွေးတာဆိုတော့ ဗိုလ်ချုပ်တို့ လုပ်ကြံခံရတဲ့ ၁၉၄ရ ခုနှစ် ဇူလိုင်လ ၁၉ ရက်နဲ့ စာရင် အတော်အလှမ်းကွာနေပါပြီ။ ဒါပေမဲ့ ငယ်စဉ်ကတဲက နှစ်စဉ် ဇူလိုင်လ ၁၉ ရက်နေ့ရောက်တိုင်း မိုးကလေးတစိမ့်စိမ့်မှာ ဥဩဆွဲသံတွေကြားရင် အလိုလိုနေရင်းဝမ်းနဲသလိုခံစားရတယ်။ ကြောက်လန့်နေသလိုခံစားခဲ့ရပါတယ်။ ဒါက ဗိုလ်ချုပ် အောင်ဆန်းကို ပိုပြီး အမှတ်တရဖြစ်စေခဲ့တဲ့အကြောင်းရင်းတစ်ခုဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့လဲ ငယ်စဉ်က နယ်မှာနေခဲ့ရတော့ ဒိထက် ပိုပြီးတော့ ဘာမှ ထပ်မသိတော့တော့ပါဘူး။   ၁၉၉ဝ ခုနှစ်မှာ အလုပ်သမားဝန်ကြီးနဲ့ ဒုတိယဝန်ကြီးချုပ်ရဲ့ ကိုယ်ရေးအရာရှိတာဝန်ထမ်းဆောင်ရပါတယ်။ အဲဒီတုန်းက ယခု […]


asiamastersMay 1, 20111min450
(ကျွန်ုပ်၏ အယူဝါဒ-၅ မှာ ကျွန်တော် ယခင်ရေးသားခဲ့သည့် ခွန်အား ကို အယူဝါဒ အဖြစ်ပြောင်းလဲထားခြင်းဖြစ်သည်။)   ၁။         ကျွန်ုပ်၏ အယူဝါဒ-၅ မှာ ခွန်အား (Strength) ဖြစ်ပါတယ်။ လူသားတွေမှာ ခွန်အားကြီးမားလာဖို့ လိုပါတယ်။ မိမိရှင်သန်ခွင့် ရတဲ့အချိန်အတွင်းမှာ အမြဲတစေခွန်အားကြီးထွားအောင် ကျိုးပမ်းလုပ်ဆောင်နေရမယ်။ လူသားတွေမှာရှိတဲ့ ခွန်အားတွေ ကို ကိုယ်ကာယခွန်အားနဲ့ စိတ်ပိုင်းဆိုင်ရာခွန်အားဆိုပြီး နှစ်ပိုင်းခွဲနိုင်ပါတယ်။ ဒီခွန်အားနှစ်မျိုးစလုံး တိုးတက် လာမှသာ အမှန်တကယ် ခွန်အားကြီးသူတွေဖြစ်လာကြပါတယ်။ ဒီနေ့ခေတ်ကာလဟာ ပြိုင်ဆိုင်မှုနဲ့ဖေါက်ပြန်မှုတွေ အလွန်ကြီးမား လာတဲ့ အတွက် ခွန်အား နဲပါးသူတွေ၊ ခွန်အားယုတ်လျှော့နေသူတွေဟာ ဆက်ပြီး ရှင်သန်ဖို့တောင် သိပ် မလွယ်ပါဘူး။ ပြိုင်ဆိုင်မှု ဆိုတဲ့ နေရာမှာ လူသားတစ်ဦးနဲ့ တစ်ဦးပြိုင်ဆိုင်မှုတွေသာမက လုပ်ငန်းငယ်လေးတွေလည်း ပြိုင်နေရပါတယ်။ လုပ်ငန်းကြီးတွေလည်း […]


asiamastersMay 1, 20111min1032
(ကျွန်ုပ်၏ အယူဝါဒ-၄ သည် ယခင်ကျွန်တော်ရေးသားခဲ့သည့် Knowledge ကို ပြင်ဆင်တင်ပြထားခြင်းဖြစ်သည်။ ယခင် တင်ပြမှုမှာ အယူဝါဒ တစ်ခုသို့ရောက်ရှိမလာသေးပါ။ ယခုပြင်ဆင်တင်ပြမှုမှာ အယူဝါဒ အဆင့်သို့ရောက်ရှိလာပြီဖြစ်တဲ့ အတွေးအခေါ်ဖြစ်ပါတယ်။) ၁။         ကျွန်ုပ်၏ အယူဝါဒ-၄ မှာ ဗဟုသုတ (Knowledge) ကို နားလည်သဘောပေါက်ခြင်းဖြစ်သည်။ မြန်မာလူငယ်များကို  Knowlege ဆိုတာဘာလဲလို့မေးရင် အတော် များများက ဗဟုသုတပေါ့လို့ အလွယ်တကူပဲပြန်ဖြေနိုင်ကြပါတယ်။ ဒါပေမဲ့ ဗဟုသုတဆိုတာ ဘာလဲလို့ဆက် မေးရင်တော့ တစ်ချို့က အသိပညာလိုပြောလိုပြော၊ အတတ်ပညာလိုပြောလိုပြော ရောထွေးနေကြတာ များပါတယ်။ ဒါကြောင့် Knowledge ဆိုတာဘာလဲဆိုတာကို တိတိကျကျ နားလည်သဘောပေါက်ဖို့ လိုလာပါတယ်။ Knowledge ဆိုတာ ဗဟုသုတလို့ပြောရင်မှန်ပါတယ်။ ဗဟု ဆိုတာက များတာကို ဆိုတာဖြစ်ပါတယ်။ သုတ ဆိုတာက သိတာကို […]


asiamastersApril 27, 20111min733
  ၁။         ကျွန်ုပ်၏ အယူဝါဒ- ၃ မှာ လူသားများမှန်မှန်ကန်ကန် ရှင်သန်ရန်နိုင်အောင် ကြိုးစားရာတွင်လိုအပ်သည့် အခြေခံ လိုအပ်ချက်ကြီး ခြောက် ရပ် ဖြစ်သည့် ဝင်ငွေ၊ ဗဟုသုတ၊ ခွန်အား၊ နည်းပညာ၊ လူသားဆန်မှု၊ လောကအမြင် တို့အနက်မှ ဝင်ငွေ ဖြစ်ပါတယ်။ ဝင်ငွေကို အင်္ဂလိပ်ဘာသာစကားဖြင့် (Income) လို့ခေါ်ပါတယ်။ အနက်မှာ မိမိ၏ကိုယ်စွမ်းအား၊ ဉာဏ်စွမ်းအားဖြင့် တရားဥပဒေနှင့်အညီ မျှမျှတတရရှိသည့် လုပ်အားခဖြစ်သည်။ ဒီနေ့ခေတ်လူသားတစ်ဦးမှာ ဝင်ငွေလမ်းကြောင်း တစ်ခုမရှိခဲ့ရင် ဒီလူဟာ မကြာခင်မှာ အခက်အခဲများ၊ စိတ်ပင်ပန်းဆင်းရဲမှုများ၊ သူတစ်ပါး၏အထင်အမြင်သေးမှုများ၊ အဆင့် အတန်းခွဲခြားမှုများ၊ မိမိချစ်ခင်မြတ်နိုးသူများ၏ စွန့်ပယ်ခြင်းများ၊ လူ့အသိုင်းအဝိုင်းရဲ့ ပစ်ပယ်ခြင်းများအထိဖြစ်လာပါတယ်။ နိုင်ငံ တစ်နိုင်ငံရဲ့ အဆင့်အတန်းဆိုတာက ဒီနိုင်ငံမှာ နေထိုင်တဲ့ လူသားတွေရဲ့ ရောင်ပြန်ဟပ်မှုဖြစ်ပါတယ်။ ဒီလူသားတွေကိုယ်တိုင်က […]


asiamastersApril 25, 20111min904
    ၁။         ကျွန်ုပ်၏ အယူဝါဒ-၂ မှာ လူ့ဘဝရဲ့ရည်ရွယ်တဲ့အကြောင်း ဖြစ်ပါတယ်။ ရည်ရွယ်တဲ့အကြောင်းကို အင်္ဂလိပ် ဘာသာစကားဖြင့် (Purpose) ဟုခေါ်ပါတယ်။ “လူ့ဘဝရဲ့ရည်ရွယ်တဲ့အကြောင်း” ဆိုတော့ အင်္ဂလိပ်စကားဖြင့် (Purpose of life) လို့ ဆိုရမှာဖြစ်ပါတယ်။ လူသားတွေဟာ လူ့အသုံးအဆောင်ပစ္စည်းတွေပြုလုပ်ရာမှာဖြစ်စေ၊ ပရိဘောဂများ ပြုလုပ်ရာ မှာ ဖြစ်စေ၊ နေထိုင်ရာအိမ်ယာများဆောက်လုပ်ရတွင်ဖြစ်စေ၊ တံတားများ၊ လမ်းများ ဆည်မြောင်းတာတမံများ တည်ဆောက်ရာ တွင်ဖြစ်စေ၊ ရည်ရွယ်တဲ့ အကြောင်းရင်းတွေရှိကြပါတယ်။ ရည်ရွယ်တဲ့ အကြောင်းရင်းကောင်းရင် များများပိုအသုံးဝင်မယ်၊ ရည်ရွယ် တဲ့ အကြောင်း မကောင်းရင်တော့ ကိုယ်လုပ်ခဲ့တဲ့ ပစ္စည်းတွေဟာ အသုံးမဝင်ပဲ အပိုဖြစ်ယုံမက၊ ရှားပါးတဲ့ ကိုယ့်ရဲ့ အရင်းအမြစ် တွေပါ အားလုံးဆုံးရှုံးသွားရမှာဖြစ်ပါတယ်။ နောင်လာနောင်သားအားလုံးအတွက် ဆပ်မကုန်နိုင်သော အကြွေးများ ကျန်နေမှာဖြစ် […]


asiamastersApril 25, 20111min1424
  ၁။         ကျွန်ုပ်၏ အယူဝါဒ-၁ ဆိုတာက မှန်မှန်ကန်ကန်ရှင်သန်မယ် ဆိုတဲ့ အယူဝါဒဖြစ်ပါတယ်။ အယူဝါဒကို အင်္ဂလိပ် ဘာသာ စကားဖြင့် (Doctrine) လို့ခေါ်ပါတယ်။ Doctrine ဆိုတာက ကျွန်တော်ရဲ့ ယုံကြည်ချက်တစ်ခု (သို့) ယုံကြည်ချက်တွေ ကို စုစည်း ထားခြင်းဖြစ်ပါတယ်။ ဒီလို ယုံကြည်ချက်တွေပေါ်လာရတာကလည်း ကျွန်တော်ဖြတ်သန်းကြီးပြင်းလာခဲ့တဲ့ လူ့ဘဝပတ်ဝန်းကျင် တွေမှာ တွေ့ကြုံလာရတဲ့ အတွေ့အကြုံတွေနဲ့ လက်တွေ့စမ်းသပ်နေထိုင်မှုတွေကနေရလာတဲ့ လောကအမြင် (Philosophy) က နေတစ်ဆင့်ပြီးတစ်ဆင့် ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။ လောကအမြင်ဆိုတာက ကျွန်တော်တို့ ပတ်ဝန်းကျင် မှာရှိနေတဲ့ သဘာဝ ပတ်ဝန်းကျင်ကို ရှုမြင်ပုံ၊ လူသားတွေရဲ့ အခန်းကဏ္ဍ နဲ့ လူသားတွေရဲ့ မရှောင်လွှဲနိုင်တဲ့ အနာဂတ် အဖြစ်အပျက်များပဲ ဖြစ်ပါ တယ်။ “ မှန်မှန်ကန်ကန် ရှင်သန်မယ်” […]


asiamastersDecember 22, 20101min1102
ကျွန်ုပ်တို့၏ဘုံရန်သူ နံပါတ် (၂) ကျွန်ုပ်တို့အားလုံးရဲ့ ဘုံရန်သူနံပါတ်(၂)ကတော့ အေးအေးချမ်းချမ်းနေလိုခြင်းနဲ့ ရောင့်ရဲတဲ့စိတ်ဖြစ်ပါတယ်။ လူတော်တော်များများဟာ အေးအေးချမ်းချမ်းနေလိုလေ့ရှိပါတယ်။ ဒါကြောင့်လူသားတွေနဲ့ ဝေးရာမှာသွားနေလို ကြပါတယ်။ ဒါပေမဲ့ ဝင်ငွေမရှာဖွေနိုင်ရင်၊ ဝင်ငွေမရှိရင် အေးအေးချမ်းချမ်းနေရတဲ့ ဘဝဆိုတာမရှိတော့ပါဘူး။ တစ်ချို့ကလည်း ငွေကြေးအလုံအလောက်ရှိရင်၊ အိမ်တွေယာတွေ ကောင်းကောင်းပိုင်ဆိုင်ပြီဆိုရင် ဘဝမှာတော့ အေးအေးချမ်းချမ်းနေရပြီလို့ ယူဆပါတယ်။ ဒီအယူအဆက မှားတယ်လို့လည်းမဆိုသာပါဘူး။ အသိဉာဏ်နဲလာလေလေ ဒါတွေကို ပိုတန်ဖိုးထားလာရလေပါပဲ။ ဒါကြောင့် တရားမျှတသည်ဖြစ်စေမမျှတသည်ဖြစ်စေ ကိုယ်လုပ် ပိုင်ခွင့်ရတဲ့ အချိန်တွင်းမှာ ဖေါက်ပြန်ကြတော့တာပါပဲ။ လာဘ်စားကြတော့တာပါပဲ။ အဲဒီလိုမျိုးဖေါက်ပြန်တာကို Corruption လို့ခေါ်ပါတယ်။ ဒီလိုနဲ့ အုပ်ချုပ်တဲ့ အဖွဲ့ အစည်းတစ်ခုလုံးကြီးဖေါက်ပြန်သွားတာကို တော့ Institutional Corruption လို့ခေါ်ပါတယ်။ ဘာတစ်ခုမှ ကိုယ့်ဟာကိုယ်မလုပ်တတ်သူတွေဟာပိုဆိုးပါတယ်။ နောင်လာမဲ့ အနာဂတ်မှာ ဩဇာအာဏာလွှမ်းမိုးနိုင်ဖို့၊ သူတစ်ပါးရဲ့လေးစားမှုကိုရဖို့အတွက် မလုပ်သင့်မလုပ်ထိုက်တဲ့ဟာတွေကို မျက်စိမှိတ် […]