zaw mgAugust 20, 20101min811
မြန်မာနိုင်ငံတွင်း နေထိုင်သော လူဦးရေစာရင်း မြန်မာနိုင်ငံတွင်း နေထိုင်သော လူဦးရေစာရင်း


zaw mgAugust 20, 20101min690
နာဂစ်ဇာတ်ကား ဂျပန်တွင်ရုံတင်မည် နာဂစ်မုန်တိုင်းဒဏ်ခံ ဧရာဝတီတိုင်းက ပြည်သူများဘဝကို ဇာတ်လမ်း ကျောရိုးအဖြစ် ရိုက်ကူးထားသော ရုပ်ရှင်ဇာတ်ကားကို ဂျပန်နိုင်ငံတွင် ယခုလ ၂၉ ရက်နေ့တွင် ပြသမည် ဖြစ်သည်။ နာဂစ်မုန်တိုင်း ဖြစ်ပွားပြီး ၂ နှစ်ကျော်ချိန်တွင်  “အလွမ်းများနှင့် ဧရာဝတီ” အမည်ရ ဒီဗီဒီ ဇာတ်ကားကို ဂျပန်နိုင်ငံရောက် နိုင်ငံရေး လှုပ်ရှားသူများ အပါအဝင် သရုပ်ဆောင် ၇ဝ ပါဝင်  ရိုက်ကူးထားသည်။ မြစ်ဝကျွန်းပေါ်မှ နာဂစ်မုန်တိုင်းဒဏ် မသင့်မီ မိသားစု နှစ်စု အကြောင်းကို အခြေခံ၍ ရိုက်ထားခြင်းဖြစ်ပြီး ကျေးရွာ အိမ်မှူး၊ ဥက္ကဋ္ဌ တို့က အတိုးနှုန်းဖြင့် ငွေချေးရာ မဆပ်နိုင်သဖြင့် အိမ်မှ နွားသိမ်းသွားသည့် အကြောင်းများ၊ မုန်တိုင်းတိုက်ခတ်စဉ် မောင်နှမနှစ်ယောက် ကွဲသွားပြီး နောက်ပြန်ဆုံတွေ့ကြပုံ၊ ထိုနောက် […]


zaw mgAugust 20, 20101min892
မဲထက်ဝက်ကျော်ဖြင့် ကြံ့ဖွံ့နိုင်မည်ဟု ဦးအောင်သောင်း ပြောဆို စစ်အစိုးရ၏ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို ထောက်ခံမဲပေးမည့်သူ ၁၆ သန်း ရှိနိုင်ပြီး ရွေးကောက်ပွဲတွင် ၅ဝ ရာခိုင်နှုန်းကျော်ဖြင့် အနိုင်ရမည်ဟု ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ လက်ရင်းလူယုံဖြစ်သူ အမှတ် ၁ စက်မှုဝန်ကြီး ဦးအောင်သောင်းက ခန့်မှန်းပြောဆိုလိုက်သည်။ ဩဂုတ်လ ၉  ရက်နေ့တွင် မန္တလေးတိုင်း နွားထိုးကြီးမြို့နယ် အားကစားခန်းမ၌ ပြုလုပ်သော ပါတီဝင် အဆိုပြုလွှာ ပေးအပ်ပွဲတွင် ကြံ့ဖွံ့ပါတီ၏ ဗဟိုကော်မတီ အတွင်းရေးမှူးလည်းဖြစ်သူ ဦးအောင်သောင်းက ပြောကြားသွားခြင်း ဖြစ်သည်။ လာမည့်နိုဝင်ဘာလ ရ ရက်နေ့တွင် ကျင်းပမည့် လူဦးရေ ၅၉  သန်း ကျော်ရှိသော မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲအတွက် မဲပေးနိုင်သူမှာ သန်း ၃ဝ ခန့်ရှိသည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ […]


zaw mgAugust 20, 20101min420
အစိုးရနှင့် နီးစပ်သူ စီးပွားရေးသမားများဖြင့် နိုင်ငံ မဖွံ့ဖြိုးနိုင် စစ်အစိုးရနှင့် နီးစပ်ပြီး ပြည်တွင်း စီးပွားရေး လုပ်ငန်းများကို လက်ဝါးကြီးအုပ်ခွင့် ရနေသော စီပွားရေး သမားများကို အသုံးချ၍ နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်မည် မဟုတ်ကြောင်း မြန်မာ စီးပွားရေး ပညာရှင် ဒေါက်တာ ဦးမြင့်က ပြောဆိုလိုက်သည်။ “အစိုးရရယ် အစိုးရနဲ့ နီးစပ်တဲ့ လက်သင့်ရာစား လုပ်ငန်းရှင်များ (Cronies) နဲ့ ပေါင်းနေလို့ ကတော့ ၃၀၁ဝ ပြည့်နှစ် မှာလည်း ဒီအတိုင်း ဖြစ်နေမှာပဲ” ဟု ဒေါက်တာ ဦးမြင့်က ပြောသည်။ ရန်ကုန်မြို့ရှိ ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တွင် ဩဂုတ်လ ၁၄ ရက်နေ့က […]


zaw mgAugust 11, 20101min530
ငွေထုတ်စက် (ATM) တွင် မြန်မာစာဖြင့် ငွေထုတ်ယူနိုင် ထိုင်းနိုင်ငံတွင် မြန်မာစာဖြင့် ငွေထုတ်ယူနိုင်မည့် ငွေထုတ်စက်ပေါင်း (၁၀၀) ကို ထိုင်းဘဏ်တခုဖြစ်သော Kasikorn bank (K Bank) က တပ်ဆင်ပြီးစီးပြီဖြစ်ကြောင်း ယနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြပါရှိကြောင်းးသိရသည်။ ထိုင်းနိုင်ငံတွင် နေထိုင်အလုပ်လုပ်ကိုင်သူ မြန်မာအလုပ်သမားအရေအတွက် များပြားလာသည့်အတွက် မြန်မာစာဖြင့် အသုံးပြုနိုင်မည့် ငွေထုတ်စက်များကို တပ်ဆင်လာခြင်းဖြစ်ပြီး K Bank ၏ ငွေထုတ်စက်များတွင် အဓိကအားဖြင့် ထိုင်း၊ အင်္ဂလိပ်၊ တရုတ်နှင့် ဂျပန် အပါအဝင် ဘာသာ (၄) မျိုးဖြင့် တပ်ဆင်ထားသည့် ငွေထုတ်စက်ပေါင်း (၇,၅၀၀) ကို တနိုင်ငံလုံး အတိုင်းအတာဖြင့် တပ်ဆင်ထားခဲ့ကြောင်းသိရသည်.ယခုအခါ မြန်မာဘာသာဖြင့် ခရိုင်အချို့တို့တွင် ထပ်မံအသုံးပြုနိုင်လာခြင်းဖြစ်သည်။ K Bank […]


zaw mgAugust 10, 20101min741
၁။ လင်ဖြစ်သူ၏ မွေးနံ သစ်ရွက်တစ်ရွက် ၊ မယားဖြစ်သူ၏ မွေးနံသစ်ရွက်တစ်ရွက် စုစုပေါင်း သစ်ရွက်နှစ်ရွက်ကို ကပ်ပါ ။ ၂။ အဆိုပါ နှစ်ဦးစလုံး၏ မွေးနံသစ်ရွက်နှစ်ရွက်အား..အပ်ချည်ကြိုးဖြင့်ရစ်ပတ်ပါ ။ ၃။ အညွန့်နှင့်အဖျား ကို အိမ်အတွင်းဘက်သို့လှည့်ထားရန်….အရွက်အားသောက်ရေအိုးအောက်တွင်ထားပါ။ ထို့နောက်..ပြေလည်စေချင်သူမှ ပြေလည်မှု့ရှိစေချင်သူ၏ မျက်နှာကို အာရုံပြုစူးစိုက်ကာ မေတ္တာဓါတ်များ ပို့လွတ်ပေးပါ။ သတိပြုရန်။           ။ ပြုလုပ်ရန်နေ့မှာ  မိမိ၏မွေးနေ့ နံနက် ၉နာရီ ၄၅ မိတွင်..စတင်လုပ်ဆောင်ရမည်ဖြစ်ပြီး  ခွဲခွါသူဆိုရင်လည်း…………အမြန်ပြန်လာ   …..ဟု ဩဇာ သံနှင့်ပြောရန်…..ဆုတောင်းပြည့်ဘုရားတွင်..ကောက်ညှင်းပေါင်း ၊ ငါးပေါင်းထုပ် ၊ကွာစေ့………….တို့အား ကပ်လှုပါ…….စိတ်ထဲခံစားရသမျှ အာရုံပြုဆုတောင်းပါ။ မေတ္တာဖြင့် akk


zaw mgAugust 10, 20101min764
ဗုဒ္ဒံ ဓမ္မံ သံဃဉ္စ  မာတင်္ဂေါ ပုရိသ ၊ ဓမ္မာ နာန ပီယံ  လာဘံ ဒေမ ( အဆိုပါ ဂါထာအား….ရခေါက်တိတိ နံနက် အိပ်ယာထတိုင်းရွတ်ပါက..မျက်နှာပွင့်လန်းစေသည်။ ) ပီယေဟိ              မမ             ပီယေဟိ                      သိန္နေဟံ ၊ အာဂစ္ဆန္တု           အာဂစ္ဆန္တ        သာ         သဗက္ကုတ္တိ ၊ ပုရိသ                စိတ္တံ                      မှိုင်းမှိုင်းသွားဟ ။ ( ကိုယ်ရည်စူးတဲ့သူ…ဒေါသထွက်နေသူ ၏ မျက်နှာအားစေ့စေ့ကြည့်ပြီးရွတ်ရန် ( အခွင့်ရေးရတိုင်း…..ရွတ်နေပါက….၎င်း၏ဒေါသများမှ..ကင်းဝေးနိုင်လိမ့်မည်။ ) မေတ္တာဖြင့် akk


zaw mgAugust 10, 20101min410
၁။ မူလမွေးသက္ကရာဇ် (မြန်မာ )  အား…ရောက်ဆဲကောဇာသက္ကရာဇ်ဖြင့် ပေါင်းပါ ။ ၂။  အဆိုပါပေါင်း၍ရရှိသောဂဏန်းအား……မွေးနံဂြိုလ်သက်ဖြင့်ဆက်ပေါင်းပါ။ ၃။ ရလဒ်အား ရဖြင့်စားပါ။ ၄။ ပြီးလျှင် ၈ဖြင့်စားပါ။ ၅။ထို့နောက် ၁၂ ဖြင့်ဆက်စားပါ။ ၎င်း စားအကြွင်း၃ခုတူနေလျှင်..ထီပေါက်ကိန်းမလွဲသေချာသည်။ မေတ္တာဖြင့် akk


zaw mgAugust 10, 20101min1454
မိမိအိမ်ကို..လာလာပြီးစိတ်အနှောင့်ယှက်ပေးနေတဲ့သူတွေ…………အပူသောကတွေလာလာပေးနေတဲ့သူတွေ ရှိရင်..( ဥပမာ-ယောက်ခမ ) ဒီနည်းလေးက..သင့်အတွက်..ကောင်းမွန်တဲ့..အဆောင်ယတြယာလေးပါ။ ယုံယုံကြည်ကြည်နဲ့လုပ်ကြည့်ပါကိုယ်တွေ့……ပါ..ဆရာသမားကောင်းတစ်ဦးဆီကရခဲ့တာပါ…. အဲ့ဒီနည်းကတော့…………………..အိမ်က သောက်ရေခွက် ၊ရေချိုးတဲ့ခွက် ပဲဖြစ်ဖြစ် မှောက်ပြီး ဘုရားစင်ပေါ် မီးထွန်းဆုတောင်းလိုက်ပါ။ အုန်းတံမျက်စည်း  ကို အလည်ကဖြတ် လက်ကိုင်နားက အပေါက် ကို အစို့နဲ့ပိတ် ပြီးရင် ဆေးသုတ် ၊ ဝါစိမ်းနီပေါ့  ( စနေဂြိုလ်ဆိုးကိုနိုင်တဲ့ အရောင် ) ပီးရင် ကြိုးတပ်ဇည့် ခန်းမှာ ထား …မနက်မိုးလင်းရင်မလာစေချင်တဲ့သူကို..မလာအောင်နှုတ်ကတဖွဖွ ပြောပြီး ၎င်း..တံမြက်စည်းနဲ့ လေထဲမှာ လှဲထုတ်ပါ….၊ ( စိတ်ထဲတွင်ကိုမလာစေချင်သူအား….ရည်မှန်း၍ ပြုလုပ်ပါ ) မေတ္တာဖြင့် akk


zaw mgAugust 10, 20101min622
ကျောင်းသား ၊ ကျောင်းသူတွေ တော်တော်များများဟာ ကျက်မှတ်ပြီးသားစာတွေ မကြာခဏမေ့တတ်တယ်လို့ဆိုကြပါတယ်…. အဲ့ဒီလိုမေ့တတ်တဲ့ကျောင်းသားကျောင်းသူတွေစာမမေ့အောင်…..ဒီဂါထာလေး..မကြာခဏရွတ်ပေးပါ။ သူရိမ ၊ ပညော သိပါနံ သဗေသံ ကုသလော ဘဝေ ဝိသဇ္ဖေတုံ သမတ္တောဝ သဗပုစာ္ဆနံ ဌါနသော ။ သူရိမပညော ။           ။ မြေကြီးအထုနှင့်တူသော ၊ အသိပညာအတတ်ပညာမှန်သမျှတို့ကို ရရှိသိမြင်နားလည်သဘောပေါက်တတ်မြောက်ကျွမ်းကျင်ထားသောကြောင့်၎င်း ၊ သဗပသိပါနံ ။ ။ အမျိုးမျိုးသော အတတ်ပညာတို့ကိုကုသလော-ကျွမ်းကျင်တတ်မြောက်ထားခြင်းကြောင့်၎င်း သဗပုစာ္ဆနံ ။     ။ မေးလာသမျှသော အမေးပုစာ္ဆပြသနာမှန်သမျှ တို့ကိုဌါနသော -ခဏမကြာနေရာမရွေးလျှင်မြန်စွာဖြင့် ဝိသဇ္ဖေတုံ ။             ။  ဖြေဆိုနိုင်ခြင်းဠာ သမတ္တာ ။             ။  စွမ်းရည်သတ္တိအပြည့်ရှိသောဘဝပုဂိုလ်ဖြစ်ရပါလို၏ အရှင်ဘုရား အမြဲရွတ်ပေးပါ ပြီးလျှင် သတင်းစာကိုလက်ပေါ်တင် ၊ ဇီး ယိ […]


zaw mgAugust 10, 20101min822
………နေထိုင်မကောင်းဖြစ်နေသောလူမမာများအတွင်..ယတြာကောင်းနည်းလမ်းတစ်ခုမှာ.. ကြေးဖလားသေးသေး အသစ်တစ်လုံးဝယ် ဖလားရဲ့အပြင်ဘက် ဖလား၏နှုတ်ခမ်းနားတွင် ကပ်ပြီးရွှေ တစ်ပြားချရမည်။ ထို့နောက် ဖလားထဲတွင် …ထောပတ်…..အပြည့်ထည့်၍ လူမမာအား အဆိုပါဖလားအားပြ၍ ၎င်း၏ခေါင်းရင်းတွင်ညနေ (၆ )နာရီလောက်အချိန်တွင်ထားပါ။ နောက်နေ့မနက်တွင် လူနာအားအမြဘဲ ၊ မမြင်စေဘဲ နံနက် (၅ ) နာရီလောက်ထုတ်သွားပြီး ဘုရားတစ်ဆူသွားပြီး အဆိုပါ လူနာ၏မွေဒနံထောင့်တွင်လှုဒါန်း လိုက်ပါ…. ထိုကဲ့သို့ပြုလုပ်လိုက်ပါက..လူနာသည်အသက်ဘေးမှလွတ်မြောက်ချမ်းသာစွာဖြင့်ကျန်းမာအသက်ရှင်နိုင်ပီဖြစ်သည်ဟုသိရသည်. မေတ္တာဖြင့် akk


zaw mgAugust 10, 20101min36725
………ငွေကြေးအဆင်မပြေသူများအတွက်…….နည်းလမ်းကောင်းလေးတစ်ခုပါယုံယုံကြည်ကြည်နဲ့ ပြုလုပ်မယ်ဆိုရင်အဆင်ပြေအောင်မြင်မှာဖြစ်ပါတယ်။ ပြုလုပ်ဘို့ကတော့……………..ကြေးလင်ပန်းထဲတွင်လဖ္ဘာက် (၉) ပုံပုံစေ၍အလယ်တွင်ရွှေပြား (၉) ပြား အားပုံငထည့်ပြီး  ငွေနံပေါ်ချိန် တနင်္လာနေ့နံနက် ( ၉ ) နာရီ (၄၅ )မိနစ် တွင်ဘုရားကပ်လှုဒါန်းပါ။ ထို့နောက်…ငွေကြေးများအမြန်ဆုံးဝင်ပါစေ……ဟုပါးစပ်မှဆုတောင်းပါ။ မေတ္တာဖြင့် akk