zaw mgAugust 9, 20101min660
ကျုးဘားနိုင်ငံ ၊ ဟာဗားနားမြို့ရှိ ပါလီမန်အဆောက်အအုံတွင်၂၀၁ဝ ခုနှစ်သဂုတ်လရရက်နေ့ကthe National Assembly of People’s Power ၏အစည်းအဝေးသို့တက်ရောက်လာသည်ကိုတွေ့မြင်ရပုံ


zaw mgAugust 8, 20101min632
တစ်နိုင်ငံ လုံးရှိ ဘဏ်များမှ စာရင်းဇယား များကို အထုတ် အသွင်း ပြုလုပ် နိုင်တဲ့ online banking system ဆောင်ရွက်နေပြီ “ ယခုအခါ ဈေးကွက် စီးပွားရေး စနစ်ကြောင့် ငွေပေး ငွေယူ ကိစ ္စများဟာ ကြီးမား ကျယ်ပြန့်လာ ပြီ ဖြစ်ပါတယ်။ ဘဏ် လုပ်ငန်း များဟာ ငွေကြေး ဝန်ဆောင်မှု လုပ်ငန်း များ ဖြစ်တဲ့ အတွက် စီးပွားရေး နယ်ပယ်မှာ အရေးပါတဲ့ ဝန်ဆောင်မှု လုပ်ငန်း တစ်ခု ဖြစ်ပါတယ်။ ဘဏ်များဟာ ငွေရေး ကြေးရေး ဈေး ကွက် အစိတ်အပိုင်း တစ်ရပ် အနေနဲ့ စီးပွားရေး ဖွံ့ ဖြိုး တိုးတက်မှု ရှိဖို့ […]


zaw mgAugust 8, 20101min612
DKBA ကို စစ်အစိုးရတပ် ထိန်းချုပ် ကရင်ပြည်နယ် မြဝတီမြို့ နယ်စပ်ဒေသ တလျှောက်တွင် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ဂိတ်များ၌ စစ်အစိုးရ တပ်သားများ ယမန်နေ့က နေရာယူ ထားကြောင်း DKBA နှင့် နီးစပ်သူများကို ကိုးကား၍ပြည်ပမီဒီယာတစ်ခုမှပြောကြားခဲ့သည်။ ဓါတ်ပုံ -ဧရာဝတီ အဆိုပါသတင်းမီဒီယာ၏ဖေါ်ပြချက်တွင်DKBA အလံများအား  ဖြုတ်ချစေပြီးတော့ မြန်မာ နိုင်ငံတော် အလံကို တငစေသည့်အပြင်တဲ့  ၉၉၉ ဂိတ်ကိုလည်း ဒေါနတောင် ဂိတ်ဆိုပြီး နာမည်ပြောင်းလိုက်ကြောင်းဖေါ်ပြထားသည်။ ထို့အပြင် ၉၉၉ ဂိတ်များကို ပိတ်ထား၍ ဂိတ်ရှေ့တွင် တပ်တွေချထားပြီး မည်သူ့ကိုမှ အပြင် ပေးမထွက်ကြောင်းလည်း သိရသည်။ DKBAတပ်ဖွဲ့ဝင်များသည် စစ်အစိုးရ ကမ်းလှမ်းထားသော နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးကို ပြီးခဲ့သည့် ဇူလိုင်လ ကုန် […]


zaw mgAugust 8, 20101min1181
တရုတ်လုပ် စစ်ကား အစီး ၂ဝ ခန့် မြန်မာစစ်တပ် လွဲပြောင်းယူ မြန်မာစစ်တပ်က တရုတ်ထံမှ အပေါ့စားစစ်ထရပ်ကား အစီး ၂ဝ ခန့်ကို ဩဂုတ်လ ၁ ရက်နေ့တွင် နှစ်နိုင်ငံနယ်စပ်ကုန် သွယ်ရေးလမ်းကြောင်း  ကျယ်ဂေါင် – မူစယ် နယ်စပ်ဂိတ်မှတဆင့် လွဲပြောင်းယူခဲ့ကြောင်း သျှမ်းသံတော်ဆင့်  အင်တာနက်စာမျက်နှာတွင်ဖော်ပြထားသည်။ IVECO တံဆိပ်အမျိုးအစား ၄ ဘီးတပ် အလေးချိန်  ၂ တန်ခန့်ရှိ အဆိုပါ စစ်ယာဉ်များသည် ဂျူလိုင် ၂၉ ရက်နေ့ကတရုတ် နယ်စပ် ရွှေလီမြို့သို့ ရောက်ရှိလာခြင်း ဖြစ်ပြီး တရုတ်ဘက်ကမ်း ကျယ်ဂေါင်မြို့မှတဆင့် သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့ဘက်သို့ မောင်းနှင်ထွက်ခွာသွား ကြောင်း သိရသည်။ မြန်မာစစ်တပ်အသုံးပြုရန် အတွက် FAW , DongFeng , […]


zaw mgAugust 7, 20101min1062
ရန်ကုန်တိုင်း ၊ရန်ကင်းမြို့နယ် အတွင်းရှိ ဆည်မြောင်းရုံးဝင်းအတွင်းယမန်နေ့ (၇.၈.၂၀၁ဝ )ည ရနာရီခွဲခန့်တွင်မီးလောင်ကျွမ်းခဲ့ရာ….ရန်ကုန်တိုင်းအတွင်းရှိမြို့နယ်များမှမီးသတ်ကားများလာရောက်ငြိမ်း သတ်ခဲ့ရကြောင်းသိရသည်။ အဆိုပါ ဆည်မြောင်းရုံးမှာ မီကာဆာဟိုတယ်အနောက်ဘက်ရှိဆည်မြောင်းရုံးဖြစ်ပြီးမီးလောင်ကျွမ်းမှုကြောင့်ပျက်ဆီးဆုံးရှုံးမှုတန်ဘိုးမသိရသေးကြောင်း မီးသတ်တာဝန်ရှိသူများမှပြောကြားခဲ့သည်။ ၎င်းမီးလောင်ကျွမ်းမှုမှာစက်သုံးဆီများရုံးအတွင်းသိုလှောင်ထားမှုကြောင့်ဟုမျက်မြင်သက်သေများကပြောကြားခဲ့သည်။


zaw mgAugust 7, 20101min1223
၃.၈.၂၀၁ဝ နေ့ထုတ်ကြေးမုံသတင်းစာမျက်နှာ (၁ရ ) ပါ သမီးအဖြစ်မှအမွေပြတ်စွန့်လွတ်ကြောင်း ကြေငြာချက်နှင့်ပတ်သတ်၍နိုင်ငံကျော်သရုပ်ဆောင်မျိုးစန္ဒီကျော်မှ ပြန်လည်ဖြေရှင်းကြေငြာခဲ့ကြောင်းသိရသည်။ အဆိုပါကြေငြာချက်အကျဉ်းချုံးတွင်…၎င်းအနေဖြင့်မိဘများအား အမြဲတမ်းကြည့်ရှု့စောင့်ရှောက်ခဲ့ပြီးသားသမီးဝတ္တရားကျေပွန်စွာဖြင့် ကောင်းမွန်စွာလုပ်ကိုင်ကျွေးမွေးခဲ့ကြောင်းနှင့် ချစ်သူဆိုသူမှာလဲမိကောင်းဖခင်သားသမီးတစ်ဦးဖြစ်ပြီးအဆိုတော်ကျော်မြတ် ( Crab ) ဖြစ်ကြောင်း……….ယခုကဲ့သို့၎င်းမိဘများအနေဖြင့်ကြေငြာခဲ့ခြင်းကြောင့်…. မိမိ၏အနုပညာပရိတ်သတ်များ အထင်လွဲမှားသွားစေမည်စိုးရိမ်မိကြောင်းစသဖြင့်ပါရှိကြောင်းသိရသည်။


zaw mgAugust 6, 20101min841
ရခိုင် တနင်္သာရီ ဆန်မပို့ရ ရန်ကုန်တိုင်းမှ ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်းသို့ ဆန်တင်ပို့ခြင်းအား ဩဂုတ်လ (၁)ရက်နေ့မှ စတင် ပိတ်ပင်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။ ရခိုင်ပြည်နယ်နှင့် တနင်္သာရီသို့ ဆန်သယ်ဆောင်ခြင်းမပြုရန် ဘုရင့်နောင် ကုန်တင်ကားဂိတ်များ အားလုံးသို့ အဝေးပြေး ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များ အသင်းမှ ညွှန်ကြားစာများ ပေးပို့ထားသည်။ ရန်ကုန်တိုင်း တ.ယ.က မှ ညွှန်ကြားချက်ပေးခဲ့ခြင်း ဖြစ်ကြောင်း ဘုရင့်နောင် အဝေးပြေး ကုန်စည် ပို့ဆောင်ရေး လုပ်ငန်းရှင်များ အသင်းဝင် တဦးက ဆိုသည်။ “တိုင်းညွှန်ကြားချက်မှာ တခြားဘာမှ ထွေထွေထူးထူး မပါဘူး။ ဆန်မသယ်ရဘူးဆိုတာကို ကားဂိတ်တွေ အားလုံးသိအောင် ဖြန့်ဝေပေးဖို့ ပါတယ်။ “ဟု ယင်းက ဆိုသည်။ ယင်းညွှန်ကြားစာတွင် “ရန်ကုန်တိုင်းမှ ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်းသို့ ဆန်စပါး […]


zaw mgAugust 5, 20101min942
ကျန်းမာရေးအတွက်လိုအင်ဆန္ဒတွေပြည့်ဝစေတယ်လို့ဆိုပီးနေ့စဉ် လူထောင်ပေါင်းများစွာလာရောက် ဖူးမျှော်နေကြတဲ့သုံးဆယ်မြို့ကဆရာတော်ဘုရားကြီးအကြောင်းပြပီး လူတွေအမြတ်ထုတ်စီးပွားရှာနေကြတယ်လို့သိရပါတယ်။ အရင်ကဆို…….ဥက္ကံဆူးလေ…ကားတွေစီးရင်းအိမ်ပြန်နေကြကျွန်တော်… အခုတော့ကားစီးရတာဈေးကြီးသွားပါတယ်…….အပတ်စဉ် မွေးရပ်မြေကိုပြန်နေကြ..ကျွန်တော်အိမ်ပြန်ရမှာလန့်လာပါတယ်.. ဘာလို့လဆိုတော့ဈေးပိုတောင်းလာတဲ့..ကားခတွေကြောင့်ဘဲဖြစ်ပါတယ်။ ကျွန်တော်တို့..နိုင်ငံမှာဘာသာ…သာသနာ..ထွန်းကားတာလည်းမပြောပါနဲ့… ဘာသာတရားအရမ်းလေးစားကြပါတယ်..ကြည်ညိုကြပါတယ်… ဒါပေမယ့်ခက်တာက……….ဘာသာတရားကြည်ညိုသူတွေ….. လေးစားသူတွေကိုခုတုန်းလုပ်ပီး.. အမြတ်ထုတ်ကျတဲ့စီးပွားရေးသမားတွေဘဲဖြစ်ပါတယ်…………. အခုဆိုရင်ကားခတွေက..ရန်ကုန်ကနေ ဥက္ကံကို တစ်ယောက်၃၀၀ဝပါတဲ့…………အရင်က၁၀၀ဝကျပ်ပါ……..နောက်ပီး သုံးဆယ်-ကလာတဲ့ ရန်ကုန်သွားမယ့်ကားဟာလည်း ဥက္ကံ-ဆူးလေလို့အမည်တပ်ပီး………သခင်မြပန်းခြံမှာရပ်နားခွင့်ယူပါတယ်… ဒါကလည်းခရီးသွားတွေအဆင်ပြေလို့..ကောင်းတဲ့အစီအစဉ်ပါ… ဒါပေမင့် ……..ဥက္ကံ-ဆူးလေ လို့..အမည်ခံပေမယ့် ဥက္ကံအတွက်..အခုဆိုလက်မှတ်မရောင်းပေးတော့ပါဘူး…………… ဒါလဲ..စီးပွားရေးသမားတွေရဲ့ကိုယ်ကျိုး တစ်ဘက်တည်းကြည့်တတ်တဲ့အကျင့်ပါ…………အခုဆိုဂျာနယ်တွေမှာလဲပါ……….. ဟိုမှာပါ..ဒီမှာပါ………နေရာတကာပါလို့..မြန်မာနိုင်ငံတစ်နိုင်ငံလုံးလူသိများကျော်ကြားနေပါပီ…… ဒီလို………ဗုဒ္ဒဘာသာဝင်တွေအတွက်………ကိုးကွယ်ယုံကြည်အားထားရာ. .ကြည်ညိုဖွယ်ကောင်းတဲ့ဆရာတော်ကြီးပေါ်လာတာ…….အလွန့်အလွန်ဝမ်းသာစရာပါ……… ဒါပေမယ့်………..မတရားလောဘကြီးစီးပွားရှာနေသူတွေအတွက်တော့ မလုပ်သင့်မလုပ်အပ်တဲ့..အပြူမှုတွေကိုရပ်သင့်ပီဆိုတာ……… အားလုံးကသိနေပါတယ်။ ဆရာတော်ကြီးဟာမေတ္တာ ဓါတ်နဲ့…လူတွေကိုလွမ်းခြုံပေးနေသလို…………… လူတွေဟာလည်းမေတ္တာပွားပြီး..လူအချင်းချင်း………. မေတ္တာထားနိုင်ကျပါစေလို့ဆုတောင်းအကြံပေးလိုက်ပါတယ်။


zaw mgAugust 5, 20101min872
အိမ်နီးချင်းထိုင်းနိုင်ငံနှင့်မြန်မာနိုင်ငံနယ်စပ်တစ်နေရာတွင်မြေမြုပ်မိုင်းထိမှန်ခဲ့သောကြောင့် အသက်၂၂နှစ်အရွယ်ရှိဆင်မလေးမဲကဖေးအားထိုင်းနိုင်ငံမြောက်ပိုင်း ၊ လမ်းပန်းပြည်နယ်ရှိ ဆင်ဆေးရုံးသို့ပို့ဆောင်ခဲ့ရကြောင်းသိရသည်။ ထိုကဲ့သို့မြေမြုပ်မိုင်းထိမှန်ခဲ့သောဆင်များအားဆင်ဆေးရုံသို့ ပို့ဆောင်ကုသပေးခဲ့ရာ ၂၀၀ရခုနှစ်တွင်မိုရှာအမည်ရှိဆင်အားကမ္ဘာ့ပထမဆုံးအဖြစ် ခြေတုတပ်ဆင်ပေးနိုင်ခဲ့ကြောင်းသိရသည်။ အဆိုပါဆေးရုံသည်၁၉၉၃ခုနှစ်တွင်စတင်ဖွင့်လှစ်ခဲ့ပြီး ဆင်များအတွက် သီးသန့်ကုသပေးသောဆေးရုံဖြစ်ကြောင်းသိရသည်။ထိုင်းနိုင်ငံသည်ဆင်များအား သစ်ထုတ်လုပ်ရေးနှင့်အခြားသောဝန်ဆောင်မှုလုပ်ငန်းများတွင် အသုံးပြုလျှက်ရှိပီးဆင်စခန်းများသည်နှစ်စဉ်ကမ္ဘာလှည့်ခရီးသွားများအားဆွဲဆောင်သောလုပ်ငန်းတစ်ခုလည်းဖြစ်ကြောင်းသိရသည်။ akk ( www.thp.com )


zaw mgAugust 5, 20101min1002
ဒက်ရှ်လူမျိုးအသက်၁၄နှစ်အရွယ်လော်ရာဒက်ကာ၏ရွက်လှေဖြင့်တစ်ကိုယ်တော်ရွက်လွင့်၍ကမ္ဘာပတ်မည့် အစီအစဉ်အားမကြာသေးမီကတရားရုံးမှတားမြစ်မိန့်ထုတ်ပြန်ခဲ့သော်လည်းယခုအခါတရားရုံးမှပြန်လည် ခွင့်ပြုခဲ့သဖြင့်ဇာတိမြို့ဖြစ်သောဒက်ရှ်နိုင်ငံ၊ ဒန်အိုဆေးမြို့ဆိပ်ကမ်းမှဗုဒ္ဒဟူးနေ့ကစတင်ထွက်ခွါခဲ့ကြောင်းသိရသည်။ လွန်ခဲ့သော၂၀၁ဝပြည့်နှစ်မေလတွင်ကမ္ဘာ့အသက်ငယ်ဆုံးတစ်ကိုယ်တော်ရွက်လွင့်ခဲ့သူအမျိုးသမီးအဖြစ်စံချိန်တင်ထားနိုင်ခဲ့သောဩစတြေးလျ နိုင်ငံသူအသက်၁၆နှစ်အရွယ်ရှိဂျက်ဆီကာဝက်ဆင်၏ဟံချိန်ကိုချိုးကာကမ္ဘာတစ်ပတ်တစ်ကိုယ်တော်ရွက်လွင့်စွန့်စားရန်မျှော်လင့်လျက်ရှိကြောင်း သိရသည်။မစ္စဒက်ကာသည်သူမ၏၃၈ပေအရှည်ရှိသောဂက်ပီအမည်ရှိရွက်လှေပေါ်တွင်၂နှစ်တာ ကြာမြင့်စွာရွက်လွင့်ရမည်ဖြစ်ပြီးထိုကဲ့သို့ တစ်ကိုယ်တော်စွန့်စားမည့်ခရီးစဉ်အတွက်သူမအနေဖြင့်စိုးရိမ်ကြောက်ရွံ့မှုမရှိကြောင်းသတင်းထောက်များအားပြောကြားခဲ့ကြောင်းသည်။ akk ( www.oddnews.com )


zaw mgAugust 5, 20101min700
Coming Sunday (the 8th of August) yet another concert in the Inya Lake. A bit of a different program then Victor Goldberg offered us last week though. GĂśsta MĂźller, the United Yangon Chamber orchestra and Gitameit are organising a recital that evening with the title “Classic meets Jazz”. It is promising to be a culturally […]


zaw mgAugust 5, 20101min850
ှဧရာဝတီတိုင်း၊မြောင်းမြခရိုင်၊မြောင်းမြမြို့စဉ့်ကူကျေးရွာအုပ်စုတောင်ကမ္ဘာကျေးရွာတွင်သာသနာတော် စည်ပင်ပြန့်ပွားရေးအတွက်အားကြိုးမာန်တက်ဆောင်ရွက်နေသောသံဃာတော်များ၏နေထိုင်မှု့အတွက် ကျောင်းဆောင်အသစ်ပြုပြင်ဆောက်လုပ်ရန်အလှုငွေများပါဝင်လှုဒါန်းနိုင်ကြောင်းသိရသည်။ အဆိုပါအသစ်ဆောက်လုပ်မည့်သိဒိ္ဒအောင်ပရိယတ္တိစာသင်တိုက်မှာ၂ထပ်အမြင့်ရှိပြီးဆောက်လုပ်မှု့ ကုန်ကျစရိတ်မှာငွေကျပ်သိန်း(၅၀၀)ခန့်ကုန်ကျမည်ဟုသိရသည်။လက်ရှိတွင်ကျောင်းတိုက်၏ပဓာနနာယကဆရာတော် ဓမ္မာစရိယဘဒ္ဒန္တက္ကန္ဒဝံသမှဦးဆောင်၍စာသင်သားသံဃာတော်၂၂ပါးတို့မှသာသနာတာဝန်များကိုထမ်းဆောင်လျှက်ရှိရာ ပစ္စည်းလေးပါးပြည့်စုံမှုမရှိသေးသောကြောင့်စေတနာရှင်ဓမ္မမိတ်ဆွေများမှနည်းများမဆိုပါဝင်လှူဒါန်းနိုင်ကြောင်းသိရသည်။ ပါဝင်လှုဒါန်းလိုသူများသည်မြောင်းမြမြို့မှာဆိုရင်တော့… ကိုယ်တိုင်သွားရောက်လှူဒါန်းနိုင်ပြီးတော့… နယ်ကသူတွေဆိုရင်တော့… ကျမကတဆင့် လှူဒါန်းနိုင်ပါတယ်…. ဆုတင့်မွန် နံပါတ် ၇၉/၅ ရပ်ကွက် အောင်သိတ်ဒိလမ်း လပွတ်တာမြို့ အသေးစိတ်သိလိုသူများသည် 09-8553041 (မနက် ရှစ်နာရီကနေ ညနေငါးနာရီအတွင်း) 042-80571  (ညနေ ခြောက်နာရီနောက်ပိုင်း)မေးမြန်းစုံစမ်းနိုင်ကြောင်းသိရသည်