တရုတ်လုပ် စစ်ကား အစီး ၂ဝ ခန့် မြန်မာစစ်တပ် လွဲပြောင်းယူ မြန်မာစစ်တပ်က တရုတ်ထံမှ အပေါ့စားစစ်ထရပ်ကား အစီး ၂ဝ ခန့်ကို ဩဂုတ်လ ၁ ရက်နေ့တွင် နှစ်နိုင်ငံနယ်စပ်ကုန် သွယ်ရေးလမ်းကြောင်း ကျယ်ဂေါင် – မူစယ် နယ်စပ်ဂိတ်မှတဆင့် လွဲပြောင်းယူခဲ့ကြောင်း သျှမ်းသံတော်ဆင့် အင်တာနက်စာမျက်နှာတွင်ဖော်ပြထားသည်။ IVECO တံဆိပ်အမျိုးအစား ၄ ဘီးတပ် အလေးချိန် ၂ တန်ခန့်ရှိ အဆိုပါ စစ်ယာဉ်များသည် ဂျူလိုင် ၂၉ ရက်နေ့ကတရုတ် နယ်စပ် ရွှေလီမြို့သို့ ရောက်ရှိလာခြင်း ဖြစ်ပြီး တရုတ်ဘက်ကမ်း ကျယ်ဂေါင်မြို့မှတဆင့် သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့ဘက်သို့ မောင်းနှင်ထွက်ခွာသွား ကြောင်း သိရသည်။ မြန်မာစစ်တပ်အသုံးပြုရန် အတွက် FAW , DongFeng , […]