အဖွဲ့လိုက်ဆော့တဲ့ ကစားနည်းတွေမှာတောင် ကဗျာတွေစာတွေနဲ့ရင်းနှီးခဲ့တဲ့ ကျတော်တို့ဟာ အခုခေတ်မှာ အနည်းငယ်ထက်ပိုသာစွာ အလှမ်းဝေးလာခဲ့ပါတယ်။ မြို့ပြနဲ့ ခပ်လှမ်းလှမ်း နေရာတွေလောက် သာ ရှိပါတော့လား ဆိုတဲ့အတွေးတစ်ခုရယ်၊ မြို့ပြဟာ မြို့ပြပိုဆန်လာတာရယ်ကြောင့်ရယ်မို့ မြို့ပြဟာ မြေနေရာရှားပါးမှုကြောင့် မြို့နေလူတန်းစားထဲက ကလေးငယ်အတော်များများဟာ ဦးအောင်တို့တုန်းကလို ကစားနည်းများနဲ့ အလှမ်းကွာဝေးလာကြပါတယ်။ ဦးအောင်တို့ငယ်ငယ်တုန်းက ယောက်ျားလေးတစ်ဖွဲ့ မိန်းကလေးတစ်ဖွဲ့ အပြိုင်အဆိုင်ကစားခဲ့ကြတဲ့ ဂုံညင်းဒိုး ဆိုတဲ့ (ထွေပစ်တိုင်းလည်း ခေါ်ကြမယ်ထင်ပါတယ်။)သစ်သားဖင်ထိုင်ခုံတစ်ခုစီနဲ့ (၂၅)ပေကွာကွာလောက်ကနေ ဂုံညင်းဒိုးပစ်ဆော့ခဲ့တဲ့ ကစားနည်း သိပ်ကိုပညာသားပါပြီး ဆော့လို့လည်း ပျော်ဖို့ကောင်းခဲ့ပါတယ်။ ဂုံညင်းဒိုးကစားနည်းကိုတော့ ဦးအောင်ကိုယ်တိုင် ဓာတ်ပုံနဲ့ သေချာဆော့ပြချင်လို့ လာမယ့်လကုန်ပိတ်ရက်ကျရင် အသေအချာ ပို့စ်တင်မယ်လို့ စိတ်ကူးထားပါတယ်။ ဒီတစ်ခေါက်လည်း ကဗျာလေးတွေ စာလေးတွေနဲ့ဆော့ခဲ့တဲ့ ကစားနည်းနှစ်ခုကို ပြန်စားမြုံ့ပြန်ကြည့် ပါဦးမယ်။ ပထမတစ်ခုကတော့ ပြောဖို့လည်းကောင်း ကိုယ်လက်လှုပ်ရှားမှုလည်းဖြစ်စေတဲ့ “ရွှေစွန်ညို”ပါပဲ။ ရွှေစွန်ညိုကစားနည်းဟာ […]


ကျွန်တော်တို့ ငယ်ငယ်တုန်းက ရိုးရာကစားနည်း ကစားနည်းတွေဟာ ကဗျာလေးတွေ စာလေးတွေနဲ့ ဆိုတာ သတိထားမိခဲ့ကြတယ်။ ရိုးရာကစားနည်းလို့ပဲ ခေါ်ကြမှာပေါ့။ အခေါ်အဝေါ်တွေကလည်း မြန်မာဆန်ဆန်မို့။ ကဗျာချိုး စာချိုးလေးတွေနဲ့မို့ ချစ်စရာလည်းကောင်းခဲ့ကြပါတယ်။ များသောအားဖြင့် တစ်ယောက်နှစ်ယောက်တည်းမဟုတ်ဘဲ အဖွဲ့လိုက်ကစားနည်းတွေ ပိုများတာမို့ အချင်းချင်းပိုမိုရင်းနှီးစေဖို့ ဆိုတာမလွဲပါဘူး။ ဉာဏ်စမ်းကစားနည်းတွေရှိသလို သည်းထိတ်ရင်ဖိုကစားနည်းတွေလည်းရှိခဲ့ကြပါတယ်။ ပျော်စရာကစားနည်းလည်းရှိသလို ညဘက်တွေမှာ လမ်းမအလယ် ဒါမှမဟုတ် လယ်ကွင်းအလယ်တွေမှာ လသာသာလရောင်နဲ့ ကစားဖို့ အသင့်တော်ဆုံး ကစားနည်းတွေလည်း အများအပြားပါ။ ဒါကြောင့်လည်း သူငယ်တန်းဖတ်စာမှာတောင် ညအခါ လသာလသာ ကစားမလား နားမလား ။ ဆိုတဲ့ သင်ခန်းစာတောင် ဆိုခဲ့ကြသေးတယ်လေ။ တွေးရင်းနဲ့ ငယ်ငယ်တုန်းက ပျော်ပျော်ပါးပါး ကစားခဲ့ရတဲ့ ကစားနည်း (၁)ခုကို သတိရမိပြန်ရော။ ငယ်ငယ်တုန်းတော့ လရောင်အောက်မှာ ဆော့ခဲ့ရတဲ့ အချိန်တွေပေါ့။ အခုတော့ […]


ရွာထဲစရောက်ခါစက “၂၀၃၅ ရဲ့ ဝမ်းတွင်းစုန်း”ဆိုတဲ့ ဝတ္တုလေးကို မှတ်မိကြဦးမလားမသိဘူး။ အဲသည်တုန်း မြေကြီးကိုချစ်တဲ့ ဘကြီးအောင်ရယ် သူငယ်ငယ်တုန်းက ဆော့ကစားဖူးတဲ့ ရိုးရာကစားနည်းလေး တွေရယ်ကို သတိရအောင် ပြောပြသွားလေးအကြောင်းပေါ့။ အခုတော့ အဲသည်ကစားနည်းလေးတွေ အကြောင်းကို ပြန်စားမြုံ့ပြန်ချင်ပါရဲ့။ တကယ်တော့ အခုတော့ ဦးအောင်ပေါ့။ ကျွန်တော်အရွယ်ကလည်း ဦးအောင်အရွယ်ပဲ ရှိသေးတယ်ဆိုတော့။ ဦးအောင်ငယ်ငယ်တုန်းကတော့ ခပ်ဆန်းဆန်းထွင်ကစားတဲ့ အထဲမှာ ဦးအောင်က ထိပ်ဆုံးကပေါ့။ ငယ်ငယ်တုန်းက ကစားနည်းတွေထဲက ထုပ်စီးတိုး ၊ ခိုတွန်း ၊ စာကလေး ၊ ရွှေစွန်ညို ၊ အရူးမကြီး မစာဥ ၊ ကျောက်ရုပ် ကျောက်ဖြတ် ၊ ရုပ်ရှင်ဖွက်တမ်း ၊ ဥထုတမ်း ၊ ကုလားမစည်း ၊ တရုတ်စည်း ၊ အီစွတ်ကြိုး […]


၂၀၁၅ ၊ ဧပြီ ၂၃ရက် ၊ ကြာသပတေးနေ့ ညနေ (၆)နာရီ (၃၀)မိနစ် မိုးတွေရွာတယ် ……. လျှပ်စီးတွေ လက်တယ်…… ပူပြင်းတဲ့အချိန်မှာ တောင့်တတဲ့အရာ ချက်ချင်းဆိုသလို ရောက်လာတယ်။ စိတ်ထဲက……….တစ်ခဏ နေ့တိုင်းလေး ဒီလိုလေးဆို ဘယ်လောက်ကောင်းမလဲ….. စဉ်းစားလိုက်တယ်………..။   အတွေးက ဖျတ်ကနဲ ဖျတ်ကနဲ ဖျတ်ကနဲ တစ်ဖက်က ခေါင်မိုးမလုံတဲ့ မိသားစုတွေကတော့……….။ အို……………….. အတွေးတွေ……အတွေးတွေ။ ……………………………………………………….. ဒါဟာ………ကိုယ်ချင်းစာတရား…နံပါတ်(၁)။ xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx   ရင်နှင့်ရင်း၍ အောင်မိုးသူ  


မျက်တောင်တွေ တစ်ဖျတ်ဖျတ်ခတ်နေတဲ့ကြားက အချိန်ကလေးအတွင်းမှာ ကျွန်တော်သူ့ကိုသတိရမိတယ်။ မေလဆိုရင် သူဟာကျွန်တော့်ဘဝထဲကထွက်ခွာသွားတာ (၂၄)နှစ်…………….. ဘာမှမသိလိုက်တဲ့ သူ့ရဲ့အငွေ့အသက်တွေကို စိတ်မှန်းနဲ့ ကျွန်တော်တမ်းတမိနေတုန်းပဲ။   သူကျွန်တော့်အပေါ် နွေးထွေးခဲ့မှာပါ သူကျွန်တော့်ကို ပဲ့ကိုင်ခဲ့မှာပါ မှန်းဆရင်း သူဟာ ကျွန်တော့်ကိုအားပေးသူ။   လောကဒဏ်ကြားမှာ ကျွန်တော်လမ်းလျှောက်ဆဲပါ (၂၄)နှစ်အကြာမှာ သူဘယ်ရောက်သွားသလဲ.. သူဟာ တစ်ခါတစ်ခါ ကျွန်တော့်အနားရောက်လာတယ်။ တစ်ခါတစ်ခါ အနားကပ်ပြီး စကားတစ်ခွန်းပြောတယ်။   “ဘဝ”ဆိုတာ ဒီလိုပါပဲ သားရယ်တဲ့…။ ……………………………………… တကယ်တော့………………………. သူခေါ်တဲ့အသံတောင် မမှတ်မိတော့တတဲ့ကျွန်တော့်မှာ မှောင်ပိတ်နေတဲ့ ခံစားမှုအထဲကနေ တစ်စုံတစ်ရာကို ကျွန်တော်ရှာဖွေမိတယ်။ …………………………………………… (၂၄)နှစ်ဆိုတဲ့ အတိုင်းအတာမှာ “အဖေ”ဟာ ကျွန်တော့်ဘဝထဲမှာ အလင်းတန်းတစ်ခုအဖြစ် တည်ရှိနေဆဲ မှောင်ပိတ်နေတဲ့ ခံစားမှုထဲမှာပေါ့။ ……………………………………………………   ရင်နှင့်ရင်း၍ အောင်မိုးသူ


အဲသည်နေ့က ကျွန်တော်တို့အိမ်ကို မကြီးကခွေးလေးတစ်ကောင်ယူလာခဲ့တယ်။ အဲ့သည်တုန်းက ၂၀၀၅ခုနှစ် လောက်ကပေါ့။ ကျတော်က အိမ်အလုပ်နဲ့ အိမ်မှာကလေးတွေစာသင်နေခိုက်အချိန်။ အိမ်ကလူ အကုန်က ကြောင်လေးတွေဆို သိပ်မချစ်တတ်ကြဘူး။ ကျွန်တော်အပါအဝင်ပေါ့။ အဲသည်အချိန်တုန်းက အစိုးရဝန်ထမ်း တွေဟာလည်း နေပြည်တော်ကိုပြောင်းရတဲ့အချိန် မှတ်မှတ်ရရပါပဲ။ ကျွန်တော့် အစ်မကလည်း MRTV-4 မှာမဟုတ်ဘဲ ဘဏ်မှာလုပ်နေတဲ့အချိန်။ သူ့ရဲ့လုပ်ဖော်ကိုင်ဖက် အစ်မကြီးက နေပြည်တော်ပြောင်း ရမှာမို့ အထီးနဲ့အစ်မနှစ်ကောင်ရှိတဲ့အထဲက “ကဲကဲ”ဆိုတဲ့ တယ်ရီယာခွေးမလေးကို အစ်မကိုပေးလိုက်တာ ပါပဲ။ ရောက်ရောက်ချင်း အဖော်မဲ့နေတဲ့ ကျွန်တော့်အတွက်ပျော်စရာပါပဲ။ အိမ်မှာလည်း အမွှေးပွပွခွေးလေး တစ်ခါမှ မမွေးဖူးသေးတော့ ပျော်တာပေါ့။ “ကဲကဲ”က ရောက်ခါစ သုံးနှစ်သမီးလောက်ရှိမှာပါ။ ထိန်းရကျောင်းရ တာ ကျွန်တော့်အလုပ်ပဲပေါ့။ မကြီးကတော့ ပေးလိုက်တဲ့သူတွေက အလုပ်ရှုပ်မှာစိုးလို့ တားဆေးထိုးပေး လိုက်တယ်ပြောတယ်။ ရောက်တာတစ်ပတ်လောက်ကြာတဲ့အခါ “ကဲကဲ”မှိုင်မှိုင်နေတာ ကျွန်တော် […]


ခရေပန်းဆိုတာနဲ့ ငယ်ဘဝလေးကို ပြေးမြင်မိသလိုပါပဲ ကျွန်တော်ဟာ ခရေပန်းလေးတွေကို သိပ်ချစ်ခဲ့တယ်။ သိတတ်စ လေးနှစ်သားလောက်ကတည်းက သစ်ပင် ပန်းပင်တွေနဲ့ ရင်းနှီးခဲ့သူမို့ ကျွန်တော်ဟာ သစ်ပင် ပန်းပင်တွေကို အရမ်းချစ်တယ်။ ကျွန်တော့်ဖေဖေက ကျွန်တော်လေးနှစ်သားမှာ ဆုံးပါးခဲ့တာဆိုတော့။ အဲ့သည်တုန်းက ကျွန်တော်တို့အိမ်ရှိတဲ့ ခြံလေးဟာ ပေ(၂၀)ကျယ်တယ်။ အပင်စိုက်လို့ရအောင် ကျယ်တယ်လို့လည်း ပြောလို့ရတာပေါ့။ ကျွန်တော်က မောင်နှမငါးယောက်ထဲမှာ အငယ်ဆုံး။ အဲ့သည်တုန်းက အစ်မအလတ်က နေကြာပန်းပင်တွေစိုက်တယ်။ အစေ့ထုတ်လို့ရတဲ့ နေကြာပန်းတော့မဟုတ်ဘူး လက်တစ်ဝါးစာပွင့်တဲ့ ပန်းနေကြာတွေ တစ်ပင်မှာ တစ်ပွင့်တည်းမဟုတ်ပဲ အများကြီးပွင့်တဲ့နေကြာတွေ အရမ်းလှ အရမ်းမွှေးပေါ့။ အစ်မငယ်ကတော့ နံနံပင်တို့ မုန်လာပင်ပေါက်တို့စိုက်တယ်။ မျိုးစေ့တွေဝယ်ပြီးတော့။ တစ်အိမ်စာ တစ်နိုင်တစ်ပိုင်ပေါ့။ ကျွန်တော်တို့အိမ်က ပေ(၂၀)နှစ်ထပ်ဆိုတော့ ခြေတံရှည်အိမ်အမျိုးအစားပေါ့။ အောက်ထပ်ကတော့ တစ်ဝက်သာရှိပြီး နောက်ပိုင်းကိုတော့ ခြံခတ်ပြီး ဖေဖေရှိစဉ်တုန်းက ကြက်တွေ […]


ပြောရမယ်ဆိုရင်……………….။ ပို့စ်လေးတစ်ခုတင်လိုက်တယ်ပေါ့နော်……….။ အင်း အရင်တုန်းကတော့ တင်ပြီးရင်  ဘာမှပြင်စရာမလိုတော့ မသိခဲ့ဘူးလေ။ အခုပို့စ်မှာတော့ တင်ပြီးပြန်ပြင်ချင်တာ အက်ဒစ်လုပ်လို့မရဘူးဖြစ်နေတယ် ဘယ်မှာမှ လည်းရှာမတွေ့ဘူး။ အဲ့ဒါနဲ့ တဂျားကိုမေးကြည့်တော့ သူက အက်ဒစ်လုပ်လို့ရအောင် မော်မော်တွေက ပေးထားမှဆို။ အာ့ကြောင့်လေ သားသားရဲ့ပို့စ်လေးတွေ အက်ဒစ်လုပ်ချင်လို့ပါ။ အဲ့ဒါ ကူကြပါဦး ကယ်ကြပါဦးလို့စ်။   လေးစားစွာဖြင့် ငါးလျော်မည်။ အောင်မိုးသူ


ခင်ပွန်းက နောက်အိမ်ထောင်ပြုပြီး စွန့်သားတစ်ယောက်နဲ့စွန့်ပစ်ခံရတဲ့ အမျိုးသမီး တစ်ယောက်အနေနဲ့ (Adele) အနေနဲ့ Kate Winslet ပါဝင်ထားပါတယ်။ (Adele)ရဲ့ သားတစ်ယောက်အနေနဲ့ ကလေးသရုပ်ဆောင် အကျော်အမော်လေး Gattlin Griffith က (Henry) အဖြစ် သရုပ်ဆောင်ထားပါတယ်။ လူသတ်သမား တစ်ယောက်အနေနဲ့ မင်းသားကြီး Josh Brolin က Frank အဖြစ် ပါဝင်ထားပါတယ်။ သားတစ်ယောက်နဲ့ခင်ပွန်းသည်စွန့်ပစ်ခြင်းကို ခံရတဲ့ Adele ရဲ့ဘဝဟာ  တိတ်ဆိတ်ခြောက်ကပ်လွန်းနေမှန်း သားဖြစ်သူ Henry ဟာ ခံစားမိနေပါတယ်။  တစ်ရက်သားအမိနှစ်ယောက် Shopping Center မှာ ဈေးဝယ်တုန်း Henry နားကို လူတစ်ယောက်ရောက်လာပြီး သူ့အမေကို လက်ညှိုးထိုးပြကာ မင်းအမေလားလို့ မေးပါတယ်။ ပြီးတာနဲ့ တစ်ဆက်တည်း သူ့ကို အကူအညီပေးဖို့  သူ့မှာဒဏ်ရာရလာကြောင်းပြောပါတယ်။ […]


ကျွန်တော်တို့ မွေးချင်းက ငါးယောက်ပါ။ ကျွန်တော်ကတော့ အငယ်ဆုံးပေါ့။ နံပါတ် (၁) နဲ့ (၂)က အစ်ကို ၊ နံပါတ် (၃) နဲ့ (၄)က အစ်မ။ ကျွန်တော်အဖေကတော့ ကျွန်တော် (၄)နှစ်သားမှာ ဆုံးပါးသွားပါတယ်။ အမေကတော့ သားသမီးငါးယောက်ကို အိမ်နားက မြင်သာဈေးမှာ “ဝါဝါရွှေ” ဇာဘော်လီဆိုတဲ့ ဘော်လီချုပ်ရင်း ရှာကျွေးခဲ့ပါတယ်။   စဉ်းစားတော့လည်း သားသမီးငါးယောက်ကို အစအဆုံး ဘော်လီချုပ်ရင်း ရှာကျွေးတဲ့ အမေ့ကို အံဩချီးကျူးမိတယ်။ ပြောချင်တဲ့အကြောင်းအရာလေးက အမေက မနက် (၆)နာရီဆို ဈေးမှာဆိုင်ဖွင့် ၊ ညနေ (၆)နာရီမှ ဆိုင်သိမ်း။ ကျွန်တော် သူငယ်တန်းကနေ တက္ကသိုလ်ဝင်တန်းအထိ ကိုယ်တိုင်ကျောင်းလိုက်အပ်မပေးခဲ့ဘူး။ ငယ်ငယ်တုန်းကတော့ အိမ်မှာ ဖေဖေ့လက်ထပ်ကတည်းကနေတဲ့ အဖိုးကြီးတစ်ယောက်ကပဲ ကျောင်းလိုက်အပ်ပေးတယ်။   […]


ကဲ ဒီတစ်ခါတော့ အာလူးကတ်တလိတ်ပေါ့။ အာလူးကို အမျိုးမျိုး အဖုံဖုံလုပ်စားကြတဲ့အထဲမှာ အာလူးကတ်တလိတ်ဟာလည်း လူတော်တော်များများနှစ်သက်ကြတဲ့အထဲမှာ ပါဝင်ပါတယ်။  အဓိကအာလူးကတ်တလိတ်လုပ်တဲ့အခါ အာလူးဟာကြော်လိုက်ရင် ကွဲသွားတာကိုအတော်များများကြုံကြရပါတယ်။   ဒီတစ်ခါတော့ လွယ်ကူသက်သာစားကောင်းတဲ့ အာလူးကတ်တလိတ်လုပ်စားကြရအောင်ဗျာ။   အဆင့်(၁) အာလူးကိုပြုတ်ထားရပါတယ် အကြီးကြီးတွေမဟုတ်ဘဲ အနေတော်ဆို  ပိုကောင်းပါလိမ့်မယ်။ အဆင့်(၂) အာလူးကိုပြုတ်ပြီးရင်တော့အခွံနွှာပြီး ထက်ပိုင်းလေးတွေ ချေထားလိုက်ပါ။ ကြက်သွန်နီ အနေတော်အလုံးတွေကို ရှစ်စိတ်လောက်ခြမ်း အာလူးနဲ့ရောထား။ ပြီးရင်တော့ ထောင်းပါ့မယ်။ အာလူးဟာထောင်းရင် ငါးဖယ်လိုစေးလာပါလိမ့်မယ်။ အာလူးထဲက ကြက်သွန်ဟာလည်း မညက်တစ်ညက်လေးဖြစ်လာလိမ့်မယ်။ ဒါဆိုရင်တော့ ငရုတ်ဆုံထဲက ကော်ထုတ်လို့ရပါပြီ။ နောက်ထပ်မဆလာကြိုက်သူကတော့ မဆလာရယ် ဟင်းခတ်မှုန့်လေး အနည်းငယ်ရယ် ဆားရယ်ကို အနေတော် ရော်နယ်ရပါမယ်။ အကြော်မှုန့်လေးအနည်းငယ်ပါ ရောနယ်ပါ။ အကြော်မှုန့်မရှိရင် ကော်မှုန့်လည်းရပါတယ်။ နယ်ပြီးပြီဆိုရင်တော့ ဆီပူအောင်တည်ထားမယ်။ အာလူးကို အနေတော်အလုံးလေးတွေလုံးမယ်။ […]


လောကနတ်အနုပညာပြခန်း (သို့) ဆိုဖဲရ်အဆောက်အအုံ   ပန်းဆိုးတန်းလမ်းမကြီးဟာ ရန်ကုန်ရဲ့  ရှေးဟောင်းအမွေအနှစ်အဆောက်အအုံတွေ ရှိတဲ့လမ်းဆိုလည်းမမှားပါဘူး။ ပန်းဆိုးတန်းလမ်းမကြီးပေါ်က လောကနတ်အနုပညာ ပြခန်းရှိတဲ့ အဆောက်အဦးကြီးကိုတော့သိမှာပါ။ အဲသည်အဆောက်အဦးရဲ့ မြေညီထပ် မှာတော့ အစိုးရက ဝင်းသူဇာဆိုင်ဖွင့်လှစ်ထားပြီး အလယ်ထပ်မှာတော့ မိသားစု အတော်များများနေထိုင်ပြီး အပေါ်ဆုံးထပ်မှာတော့ လောကနတ်အနုပညာပြခန်း  ရှိပါတယ်။ ၁၉၀၆ခုနှစ်ကတည်းက အဆောက်အအုံကြီးဖြစ်ပြီး။ ပထမဆုံးပိုင်ရှင်တွေကတော့ ဂျူ းလူမျိုး ကုန်သည်မိသားစု ဖြစ်ပါတယ်။ ဆိုဖဲရ်မိသားစုလို့လည်းခေါ်ပါတယ်။  နာမည်ကျော် စီးပွားရေးလုပ်ငန်းတွေ ဖွင့်လှစ်ခဲ့တဲ့နေရာတစ်ခုပါ။ ၁၉၇၁ခုနှစ်မှာ ပထမဆုံးခေတ်ပြိုင် အနုပညာပြခန်းအဖြစ် လောကနတ်ကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ဝင်ဝင်ချင်းမြေညီထပ်မှာ သတိထားမိတာ ခင်းထားတဲ့ကျောက်ပြားတွေပါ။ ရှေးဟောင်းဖြစ်တဲ့အတွက် တစ်မူထူးခြားနေပါတယ်။ နောက်ထပ်ထူးခြားတာတစ်ခုက ဆိုဖဲရ်အဆောက်အဦးမှာ ခင်ထားတဲ့ ကြွေပြားတွေဟာ အဲသည်အဆောက်အဦးတစ်ခုတည်းအတွက်သာ  စက်ရုံမှာအော်ဒါမှာထားတာဖြစ်ပြီး အဲသည်အဆောက်အဦးကလွဲလို့ ဘယ်မှာမှ မရှိတဲ့ကြွေပြားတွေပါပဲ။ ဝင်းသူဇာဆိုင်စတင်ဖွင့်ခြင်းမှာ ပြင်ဆင်တဲ့အနေနဲ့ […]


ဧရာဝတီဘဏ် (ယခု) ရိုးလ်ကုန်တိုက် (ယခင်) ခန့်ညားတဲ့ မြို့ တော်ခန်းမကြီးရဲ့ ယာဘက်တစ်ဖက်တစ်ချက်မှာ လှပတဲ့ ဗိသုကာ အဆောက်အဦးအကြီးတစ်ခုကိုတွေ့ ရမှာပါ။ ယခုမြင်တွေ့ရမှာတော့ အဲသည်အဆောက်ဦးကို အဝါခပ်နုနုနဲ့ ဆင်စွယ်ရောင်ကို ခွဲခြားကာ ခန့်ညာစွာ ဆေးသုတ်ထားတာ တွေ့မြင်ရပါလိမ့်မယ်။ အခုအခါမှာတော့ အဲသည်ခန့်ညားတဲ့ ဗိသုကာအဆောက်အဦးကြီးဟာ ဧရာဝတီဘဏ်အဖြစ် တည်ရှိနေပါတယ်။ အဲသည်ခန့်ညားတဲ့အဆောက်အဦးဟာ ၁၉၀၈ခုနှစ်စတင်တည်ဆောက်ခဲ့ပြီး ၁၉၅ဝခုနှစ်မှာ ရိုးလ်ကုန်တိုက်အဖြစ် စတင်တည်ရှိခဲ့တာပါ။ ရိုးလ်ကုန်တိုက်ဟာ ပြည်တွင်းမှာသာမကပဲ အရှေ့တောင်အာရှ တစ်ဝမ်းမှာ အလွန်နာမည်ကျော်ကြားတဲ့ ကုန်တိုက်တစ်ခုအဖြစ် ရပ်တည်ခဲ့ပါတယ်။ ရိုးလ်ကုန်တိုင်မှာမှ USA Made စစ်စစ်ရတာမျိုး။ ရိုးလ်ကုန်တိုက်က ပစ္စည်းကမှ အရည်အသွေးကောင်းတာကအစ အလွန်နာမည်ကျော်ကြားတာမို့ အခြားနိုင်ငံက လူများဟာ မြန်မာနိုင်ငံလာပြီး ဈေးဝယ်ထွက်ကြတယ်လို့ ဆိုပါတယ်။ ရိုးလ်ကုန်တိုက်ရဲ့ အရှိန်အဝါဟာ ဘယ်လောက်ကြီးမားသလဲဆို လူတစ်ယောက်ဟာ ရိုးလ်ကုန်တိုက် […]