ပင်လယ်စာတုံရမ်းအလွယ်တကူ ချက်ပြုနည်း ချက်ရတာလွယ်သလို အရသာဟာလည်း စားသောက်ဆိုင်ကြီးကြီးတွေကထက် မညံ့တဲ့အရသာပါ။ အခုပြောပြတာကတော့ လူ(၇)ယောက်ထက်မနည်း စားလို့ရပါတယ်။အဓိက ပါဝင်တဲ့ပစ္စည်းတွေကတော့ ငါးဖယ် ၁၅ကျပ်သား ပုဇွန် ၂ဝသား မှို ၁ဝသား ခရမ်းချဉ်သီး ၅လုံး ငရုတ်ပွ လေးလုံး ဆလတ်ထုတ် ၁၅ကျပ်သား ပန်းဂေါ်ဖီ တစ်ဝက် မုန်လာဥနီ လေးတောင့် (သို့) ငါးတောင့် ပဲပြား နှစ်တုံး တုံရမ်းအနှစ်ထုပ် တစ်ထုပ်  ခနောချဉ်စပ်ခဲ ဗူးသေး နှစ်ဗူး ဂျပန်တို့ဖူး နှစ်ထုပ် အုန်းနို့ ဗူးသေး တစ်ဗူး ဆိုရင်လုံလောက်ပါပြီ။ ဦးစွာ အသီးအနှံများကို ပုံတွင်ပြထားတဲ့တိုင်းလှီးထားပါ။ ပြီး ရေကိုဆူအောင်တည် တုံရမ်းအနှစ်နဲ့ ခနောအခဲရယ် အုန်းနို့ရယ်ကိုဆူပွက်ပွက်ဖြစ်အောင်ကြိုပါ။ ပြီးရင် ငါးဖယ်ကို အလုံးလေးတွေ လုပ်ပြီးထည့်ပါ။ ပြီးရင် ပုဇွန်ကိုထည့်ပါ။ […]


အောင် မိုးသူNovember 14, 20141min2434
ရောက်နေတဲ့နေရာဟာ လမ်းဆုံးဆိုရင် ကိုဟာ ချောကမ်းပါးတစ်ခုအစွန်းမှာ ရပ်မိနေသူတစ်ယောက်ပါ…..ချစ်တဲ့သူ။   တကယ်လို့ လမ်းစဆိုရင် ကိုဟာ မျှော်လင့်တဲ့အနာဂတ်ကို ဖန်တီးချင်တာပါ….ချစ်တဲ့သူ။   တံတားမရှိဘူး အခြားမရှိဘူး ကိုဟာ ဒီချောက်ကမ်းပါကနေ မင်းနဲ့အတူခုန်ချပစ်လိုက်မယ်။ (မိုက်ရူးရဲဆန်တယ် ပြောချင်ပြောပါစေ)   ရှိနေတာ လမ်းစဆိုရင်တော့ မင်းဟာ ကို့လက်ကိုတွဲ ကိုနဲ့အမြဲသာရှိပါစေ။   နက်နဲတဲ့ ကမ်းပါးတွေအောက်မှာ ပျော်စရာလည်း တွေ့ချင်တွေ့မယ် ငိုစရာလည်း တွေ့ချင်တွေ့မယ် ကို့ကို တင်းတင်းကျပ်ကျပ် ဖက်ထားပါ။   လမ်းစဟာ အမှောင်ဖုံးချင်ဖုံးမယ် တိမ်ဖုံးချင်ဖုံးမယ်။ ကို့လက်ကိုဆွဲ အားတင်းထားလိုက်။   အမှန်ဆိုရင်လည်း တစ်သက်စာ တစ်ခါတည်းမှန်ချင်တယ်။ အမှားဆိုလည်း တစ်သက်စာ တစ်ခါတည်းမှားပစ်ချင်တယ်။ လာပါကွာ ကို့လက်ကို တင်းတင်းဆွဲ တို့နှစ်ယောက် အတူရဲရင့်ကြမယ်။   လာပါကွာ […]


အလွမ်းကိုပုံဖော်ကြည့်တော့ အနမ်းတွေကတစ်ပွေ့တစ်ပိုက်နဲ့။ ဆောင်းကမအေးသေးဘူး ချစ်သူ အပြောင်းအလဲတွေထဲမှာတော့ ကိုနွေးထွေးချင်နေပြီ။   အသိဆိုတဲ့စိတ်တွေထဲမှာ သတိရခြင်းတွေက ကပ်ကပ်ပါလာတယ်။ အဝေးမှာ အဝေးမှာ အဝေးမှာဆိုတဲ့စကားလုံးကို ကိုသတ်ပုံတွေမှားမှားပေါင်းတယ်(သိရက်နဲ့) နှလုံးသားချင်းနီးနေတာပဲ ဟင့်အင်း အမြဲတမ်းနီးစပ်ချင်ပြီဆို အဲ့ဒါ ကိုယ့်အတ္တဖြူပါ….ချစ်သူ။   နောက်ကျတဲ့ဆောင်းရယ် နောက်ဆုံးအချစ်ဆိုတဲ့ ကို့အချစ်ရယ် ဘဝဟာ တစ်ခါတစ်လေတိုက်ဆိုင်မှုတွေများခဲ့တယ်။   ဟုတ်တယ် ၁၄ခုနှစ် နိုဝင်ဘာက ဖောက်ပြန်တယ် မင်းအပေါ်မဖောက်ပြန်ဘူးလို့ ရဲရဲကတိပေးတယ်။ အလွမ်းက အလွမ်းပါပဲ နိုဝင်ဘာမှာ လွမ်းတဲ့အလွမ်း။ နွေးထွေးမှုတွေ ပေးမယ့်အလွမ်း စောင့်ဆိုင်းခြင်းနဲ့အတူ လွမ်းတဲ့အလွမ်း ကို့ရဲ့………………. နိုဝင်ဘာ……အလွမ်း။ ………………………………… ရင်နှင့်ရင်း၍ အောင်မိုးသူ ၂၀၁၄ခုနှစ် ၁၂ရက် နိုဝင်ဘာ


အောင် မိုးသူSeptember 11, 20141min4106
တစ်ဖျတ်ဖျတ်တောက်ပနေတဲ့ ကြယ်တွေကို ကျွန်မမော့ကြည့်မိနေတယ်။ ကျွန်မစောင့်ကြည့်နေတယ်။ ကြာခဲ့ပါပြီ။ မိုးတစ်ဖွဲဖွဲကျရောက်နေပေမယ့် လက်တစ်ဖက်က ထီးကိုဆုပ်ကိုင်ထားပြီ စောင့်ကြည့်နေမိတယ်။ မြစ်ကမ်းဘေးနားမှာ လူတစ်ယောက်မှရှိဘူး။ ကူးတို့ဆိပ်နားက လှေကိုစောင့်ရင် နားဖို့ထားတဲ့ ဝါးတဲအိမ်က ကတော့ ခပ်တည်းတည်း။ လှေစီးမယ့်သူမရှိတော့တဲ့အချိန်မှာ ညကမှောင်မိုက်နေတယ်။ ချောင်းရေပြင်ပေါ် မှာတော့ မိုးပေါက်တွေရဲ့ ကျရောက်မှုကြောင့် လှိုင်းပွက်ကလေးတွေက ခပ်ဖျောက်ဖျောက်ပေါ်နေတယ်။ ကြယ်တွေကတော့ မှိတ်တုတ်မှိတ်တုတ်။ တိမ်မည်းမည်းတွေ အနည်းငယ်အုပ်မိုးထားတော့ ကြယ်တွေကို သိပ်မတွေ့ရဘူး။ တစ်စုံတစ်ရာကြယ်များ ကြွေမလားလို့ပေါ့။ ဆုတောင်းဆိုတာ တောင်းတိုင်းပြည့်သလားလို့ ကျွန်မကိုယ့်ကိုယ်ကိုယ်ပြန်မေးကြည့်မိတယ်။ နောက်ဆုံးတော့လည်း မျှော်လင့်ချက်တွေသာ အဖတ်တင်ခဲ့ သလားလို့ ပြန်အဖြေထုတ်မိပြန်တယ်။ အခုတော့ ကျွန်မစောင့်ကြည့်တဲ့အချိန်ထိ ကြယ်တွေမကြွေသေးဘူး …မောင်။   ……………………………………………………………………………………………………………………   မှုန်ပျပျနံနက်ခင်းဟာ နေ့တိုင်းလိုလိုပါပဲ။ အုံ့မှိုင်းမှိုင်းရာသီဥတုက ပိုသတိရလွမ်းဆွတ်နေသလိုလို။ အိမ်ရှေ့ထွက်လိုက်တာနဲ့ တူတူစိုက်ခဲ့တဲ့ ထားဝယ်ပန်းတွေဟာ […]


ဘဝဟာ ချိုမလိုနဲ့ ခါးတဲ့အကြောင်း အချစ်ဟာ တိမ်လိုလိုနဲ့ နက်တဲ့အကြောင်း ကြည်နူးခြင်းတွေဟာ ကြွေမလိုလိုနဲ့ မြဲတဲ့အကြောင်း သူ့ကိုပြောပြချင်လိုက်တာ။   — မိုးလူ — ………………..   ဘာကြောင့်များ နှစ်ပေါင်းများစွာတိုင်အောင် မဟောင်းသေးတာလည်းဆိုတာ အံဩမိသည်။ လွန်ခဲ့တဲ့ (၈)နှစ် ဝန်းကျင်ခန့်က ခရေပင်များမှာ ပို၍ပင် အုံ့ဆိုင်းလာသေးသည်။ တကယ်တော့ ပြီးခဲ့တဲ့ (၈)နှစ် ကတည်းက ကောင်လေးတစ်ယောက်ဟာ ဒီခရေပင်တန်းတွေအောက်မှာ စက္ကူကြယ်တွေခေါက်ပြီး ဖန်ပုလင်းလေးထည့်ခဲ့ တာ အခုထိဆိုတာ ဘယ်သူမှ သတိထားမိမှာ မဟုတ်ပေ။ ဘယ်တော့မှမဟောင်းတဲ့ အချစ်တွေနဲ့အတူ စက္ကူကြယ်တွေထည့်ထားတဲ့ ဖန်ပုလင်းလေးများကတော့ ကျွန်တော့်အခန်းထဲမှာ အစီအရီရှိနေသေးသည်။ ဖန်ပုလင်းလေးထဲမှ စက္ကူကြယ်လေးတစ်ခုချင်းစီတွင် ကြည့်နူးခြင်းများ အပြည့်အနှက်ရှိနေသည်ဟု ကျွန်တော် တပ်အပ်ပြောရဲ၏။ မယုံသောသူရှိရင်လည်း ပြုံးပြရုံသာ တတ်နိုင် တော့သည်။ […]


ငွေမရှိလည်း နောက်ထွက်မယ် iPhone အသစ်ကို မျှော်ခွင့်ရှိတယ်။ နင်မရှိလည်း ငါလိုချင်တဲ့ အချစ်တစ်ခုကို မျှော်ခွင့်ရှိတယ်။ အရူးလိုပဲ ငွေမရှိတဲ့အချိန်မှာ ဘီယာကပိုသောက်ကောင်းနေတယ်။ Marry Brown က ကြက်ကြော်ကို အသည်းအသန်စားချင်နေတယ်။ ခရီတစ်ခုကို လွတ်လပ်စွာ သွားချင်တယ်။ အိမ်တစ်လုံးရဲ့ ဆူပူမှုကို ဖြည့်တင်းပေးချင်တယ်။ မပြည့်တဲ့ လိုအင်တွေနဲ့ ဘဝဟာ ရယ်စရာကောင်းသား။ တစ်ခါတစ်ခါ အရူးလို ရယ်သွမ်းသွေးချင်တယ်။ လူတွေဟာ ငွေနဲ့တွေ့ရင် ဘီလူးတွေလို။ မာနဟာ မီးတောက်သလို ထထတောက်တယ်။ တစ်ခါတစ်ရံ ဟုတ်ကနဲ ငြိမ်းသွားတယ်။ ဘဝမှာ ငြိမ်းအေးစွာ နေချင်တာ ဆန်းသလား။ ဘဝမှာ ဘာတွေအလိုအပ်ဆုံးလဲ ကိုယ်တိုင်သိနေတာ ဆန်းသလား။ အဆောင်ယောင်တွေကြားမှာ အယောင်ဆောင်တွေနဲ့ မွန်းကြပ်မှုဟာ ထမင်းနင်ပြီး ရေနစ်သေသလိုပဲ။ လူတွေဟာ နှုတ်ခမ်းအစွန်းနှစ်ခု အပေါ်ကွေးညွှတ်ရုံနဲ့ […]

8748016-600x434.jpg

နံနက်စောစော မိုးရွာပြီးကာစ အိမ်ရှေ့သစ်ပင်ဖျားတို့မှ မိုးစက်ကလေးများကျသံကို ကြားကြားခင်း ကျွန်တော် သူမကိုသတိရလိုက်မိသည်။ နှုတ်မှ June လတောင်ရောက်လာပြန်ပြီပဲဟုတ် ပြက္ခဒိန်မှ First June ကိုကြည့်ရင်း ရေရွတ်လိုက်မိ၏။ မိုးစက်ကလေးတွေနှင့် အပြေးလာသည် June ကိုသူမ သိပ်သဘောကျသည် ကို ကျွန်တော်သိသည်။ ယခုအချိန်မှာများ သူမစိတ်နှင့်ကိုယ် တစ်ထပ်တည်းကျနေပြီလားဟု ကျွန်တော်တွေး နေမိသည်။ June ဆိုသည့် အသံကြာသည်နှင့်ပင် သူမကိုကျွန်တော်ပြေးမြင်မိလိုက်၏။ သူမနှင့် June သည် ခွဲခြားလို့မရသော သက်ရှိတစ်ခုနှင့်နာမတစ်ခု ဆက်စပ်နေသော အရာဖြစ်နေသည်။ ရိုးရှင်းသောအရာများ သည် ဆန်းပြားသောအရာများထက် ပိုပြီးတက်ရှိုင်းလွန်းသည်ဟု သူမနှင့်တွေ့မှ ယုံကြည်စွာလက်ခံလိုက် ရသည်။ မိန်းမတစ်ယောက်၏စိတ်ထားနှင့်လက်များသည် နူးညံ့စွာပင် အရာရာကိုပုံဖော်စွမ်းရှိသည်ဟု သူမက သက်သေပြသွားခဲ့၏။ သူမ၏နာမည်သည် June နဲ့နီးနီးစပ်စပ် (သို့) နီးနီးကပ်ကပ်ဖြစ်နေသည့် […]


‘ဟုတ်တယ်….ယွန်း ကိုယ်ဆုံးဖြတ်ပြီးသွားပြီ’   မောင့်ဆီက စကားသံကြားလိုက်ရတဲ့အချိန်မှာ ကျွန်မလက်ထဲက ကော်ဖီခွက်က ရုပ်ရှင်တွေထဲကလို တော့ ပြုတ်ကျမသွားပေ။ တင်းတင်းကြပ်ကြပ်တော့ ဆုပ်ကိုင်ထားမိသည်။ ဟန်မပျက်ဘဲ ကော်ဖီခွက်ကို နှုတ်ခမ်းဖြင့်တေ့ရင်း မောင့်ကိုတစ်ချက်မော့ကြည့်မိသည်။ မောင့်မျက်နှာပေါ်တွင် ပြတ်သားသည့် အမူအရာမှ တစ်ပါး ထူးခြားသည့် အရိပ်အယောင်တစ်ခုမတွေ့ပေ။ အခန်းထဲတွင် ရေနွေးဆူသံပင် ကြားရသည်အထိ တိတ်ဆိတ်လွန်းလှသည်။ ဘလက်ခ်ကော်ဖီတစ်ခွက်ဖျော်ဖို့ သကြားအနည်းငယ်နှင့် သံပုရာသီးတစ်စိတ်ကို ထည့်လိုက်သည်။ တိတ်ဆိတ်မှုအား ကျွန်မမှစတင် ပြန်လည်ဖြိုခွင်းလိုက်သည်။   ‘မောင်….သေချာပြီပေါ့’   ကျွန်မထပ်မေးလိုက်တဲ့ စကားတစ်ခွန်းမှာ မောင်ကခေါင်းတစ်ချက်သာ ငြိတ်ပြရုံသာငြိတ်ပြသည်။ ကျွန်မ မောင့်ကိုတစ်ချက်ပြုံးပြလိုက်သည်။ ကျွန်မမောင့်ကိုကြည့်တော့ မောင်သိပ်စိတ်ကျဉ်းကြပ်နေပုံရသည်။   ‘ဘလက်ခ်ကော်ဖီ သောက်မလား…မောင်’   ကျွန်မအမေးကို မောင်ခေါင်းသာခါပြသည်။   ‘တစ်ခုခု သောက်ပါမောင်ရဲ့ မောင့်အတွက် ယွန်း […]


အံ့ဩတဲ့သူတွေက အံ့ဩမယ်။   မျက်လှည့်ဟာ ပညာသားပါပါ လှည့်မယ်။ ကစားမယ်။ လက်ခုတ်သံတွေယူမယ်။   မျက်လှည့်ဟာ ကိုယ့်ကိုယ်ကို မိတ်ဆက်ပေးတယ်။   မျက်လှည့်ဟာ မျက်လှည့်ပြနေတယ်။   လက်ခုတ်တီးမယ်။ ကဲ့ရဲ့မယ်။ အံ့ဩမယ်။   ‘ဟာ’ကနဲ   ‘ဟင်’ကနဲ   မျက်လှည့်ဟာ မြင်းလှည့်ဖြစ်လိုက်   မြင်းလှည့်ဟာ မျက်လည်ဖြစ်လိုက်နဲ့။   မျက်လှည့်ဟာ မျက်လှည့်ကြားထဲမှာ မျောအောင် ပြတယ်။ လိမ်တယ်။ ခေါက်တယ်။   မျက်လှည့်ဟာ မျက်လှည့်ပြနေတယ်။ ပြဦးမယ်။ ပြဦးမှာပဲ။     ……………………………………………………………..   ရင်နှင့်ရင်း၍ အောင်မိုးသူ ဧပြီ ၁၁ရက် ၂၀၁၄ခုနှစ် နေ့လည် ၂ နာရီတိတိ  


သူ့ကိုသတိရတိုင်း သစ်ပင်တစ်ပင်စိုက်တယ်။ ဒါဟာ သူနဲ့ပတ်သက်တဲ့ ကိုယ့်ရဲ့စိတ်ထွက်ပေါက်တစ်ခုပဲ။ ကိုယ်စိုက်တဲ့ အပင်လေးတွေရှင်သန်လာတိုင်း သူ့အပေါ်ထားတဲ့ ကိုယ့်သံယောဇဉ်တွေဟာ ပိုမိုခိုင်မာလာ တယ်လို့ ထင်ရတယ်။ ကိုယ့်အတွက် ကိုယ်စိုက်တဲ့သစ်ပင်တွေဟာ သူ့ကိုယ်ပွားတွေပေါ့။ သူဟာသစ်ပင်တစ်ပင်ဆို ကိုယ်ဟာသူ့ရဲ့ဥယျာဉ်မှူးလည်းမဟုတ် သူ့ကိုအလှဆင်ပေးတဲ့ သစ်သီး ၊ ပန်းပွင့်တွေလည်းမဟုတ်ိုယ်ဟာ သူအားမာန်အပြည့်နဲ့ ရှင်သန်နိုင်အောင် ပံ့ပိုးပေးတဲ့ မြေဆီမြေနှစ်သာ ဖြစ်ချင်တာ။သူ့မျက်နှာပေါ်က မှဲ့လေးတစ်စက်နဲ့ သူ့အပြုံးတွေဟာ ကိုယ့်အတွက် ဘယ်တော့မှမမေ့နိုင်တဲ့အမှတ်သညာတွေပေါ့။ သူအမြဲတမ်းပြုံးနိုင်ပါစေ ကိုယ်ဆုတောင်းတယ်။ သူ့ချစ်သူနဲ့ အဆင်ပြေပါစေကိုယ်ဆုတောင်းတယ်။ သည်ဆုတောင်းတွေ သူမသိလည်း သူ့အပေါ်အကျိုးသက်ရောက်ပါစေ။ သူ……ရေ အချစ်ဆိုတာ ပွင့်လန်းတော့မယ် ပန်းပွင့်လေးလိုပဲ။ မိုးစက်မိုးပေါက်လေးတွေ အငွေ့အသက်ရမှ ပွင့်လန်းလာတတ်တာလေ။ မိုးစက်မိုးပေါက်တွေ များလာရင်တာ့ ပွင့်လန်းမယ့်ပန်းပွင့်လေးဟာ ဖူးငုံသွားတတ်တယ်။ ကိုယ့်အချစ်တွေဟာ သူ့အပေါ်မှာ သည်းခဲ့တယ်ထင်တယ် သူ။ သူဟာ ကိုယ့်လက်ထဲက ပြဒါးလုံးလေးလား။ […]


ခြေဖဝါးကိုထိတွေ့တဲ့အထိအတွေ့က သဲမှုန်တို့နဲ့ ရောယှက်နေတယ်။ ချနင်းလိုက်တဲ့ခံစားမှုတိုင်းက တစ်ယှက် ယှက်။ ဒီခံစားမှုဟာ သာမာန်ခံစားမှုမျိုးရှိတဲ့ မြေသားမဟုတ်ဘူး မောင်။ အရှိန်နဲ့ ခြေချမိလိုက်တိုင်း နစ်ဝင်နေ တယ် မောင်။ မောင် ကျွန်မကို ကြောက်နေတာလား။ ကျွန်မကပဲ မောင့်ကို ကြောက်နေတာလား။ ကျွန်မ သိချင်တယ် မောင်။ သိချင်လို့လည်း ကျွန်မဒီနေရာကို ရောက်လာခဲ့တာပေါ့။ မောင်ဒီနေရာကို ဘာကြောင့် ရောက်နေခဲ့ရသလဲ။ ထားဝယ်မြို့ဆိုတဲ့ နေရာက ကျယ်ဝန်းလွန်းတာမို့ မောင့်ကိုတွေ့မလားဆိုတဲ့ စိတ်တစ်ခု နဲ့ လာရတာဟာ ကျွန်မပဲမိုက်မဲလွန်းရာကျမလား။ အရှိန်နဲ့သွားနေတဲ့ ရထားက တစ်ရိပ်ရိပ်နဲ့ အတားအဆီး မဲ့စွာ တိုးဝင်လာတယ်။ ဘယ်လောက်အရှိန်များများ တစ်နေ့တော့ ရပ်တန့်ရမယ်မဟုတ်လား။ မောင်ဟာ အရှိန်ပြင်းပြင်းနဲ့ပြေးနေတဲ့ ရထားတစ်စင်းသာ ဖြစ်ပါစေလို့ ကျွန်မဆုတောင်းနေမိတယ်။ ကျွန်မရဲ့ ချစ်သူဟာ ကျွန်မရှေ့ကနေ […]


  မေ………..။ အဲသည်နေ့က ကျတော့်စိတ်ထဲ တစ်လုံးတည်းသာ ရေရွတ်လိုက်မိတဲ့စကားလုံးပဲ။ မေ့နှုတ်ခမ်းက ထွက်ကျလာတဲ့ စကားလုံးပေါင်းများစွာကို တွန်းလှန်တင်းခံမထားနိုင်တာ အံဩစရာ မဟုတ်ပါဘူးလေ။ သည်လိုပဲလေ မေ ကျတော့်ကို  အနိုင်ယူနေကြပဲ သည်ကိစ္စမှာ မေမှားသလို ကျတော်လည်းမှန်တယ်လို့ မေနည်းနည်းတောင် မစဉ်းစားမိဘူးလား။ သစ္စာမဲ့တယ်လို့  မေထွက်ခဲ့တဲ့စကား အတိမ်အနက်ဟာ တင်းထားတဲ့ကျတော့်သိက္ခာလေး မှုန်ပျပျကို မေတစ်ခါတည်း ဆွဲချပစ်ခဲ့တာပဲ။ (၂)နာရီဆိုတဲ့ အချိန်ကာလတစ်ခု မေ့အတွက်အရေးကြီးမှန်း ကျတော်သိခဲ့တာပေါ့မေ။ အဲသည်လိုပဲ မေနဲ့ကျတော်သိပ်ချစ်တဲ့ ‘နီတာနဲ့နီပြာ’ လေးအတွက်လည်း ဘဝနဲ့ရင်းပြီး အရေးကြီးတယ် ဆိုတာ မေသိမယ် ကျတော်ထင်ခဲ့တာ။ ကျတော်ရောက်တဲ့အချိန်ဟာ သိပ်ကိုနောက်ကျသွားမှန်းကျတော်သိတယ်။ ကန်တော်ကြီး Utopia Tower ရှေ့က The Best Music Pub ဆိုတဲ့ ဆိုင်လေးရဲ့ ကွက်လပ်တစ်နေရာမှာ မေတို့သူငယ်ချင်းတစ်စုက စကားသံတွေဝေစည်နေပြီလေ။ […]


မိုးတွေဟာ မှောင်းလို့ မည်းလို့ ထစ်ချုပ်မိုးနဲ့ ပြန်ကာသွားတယ်။   ချိန်းချိန်းပြီး မရွာခဲ့ဘူး အဲသည် သည်းကြီး မည်းကြီးကို စောင့်နေခဲ့သူတစ်ယောက်။   အချစ်တစ်ခုဟာ တစ်ပါးသူရဲ့လက်အောက်မှာ ပြားပြားဝပ်လို့ အသက်ငင်နေတယ်။   အမှန်တော့ (၁)ဖြစ်နေတဲ့ကောင်က သူ့ရှေ့မှာ (၀)ရှိနေတာ မမြင်ခဲ့ဘူး။   ဒုတိယဟာ အကောင်းဆုံးအရှုံးသမား ဟုတ်တယ် သိပ်ကိုသနားစရာကောင်းတယ် သနားတာကိုလည်း ခံချင်တဲ့ကောင်မဟုတ်ဘူး   လက်တစ်ဖက်ကမ်းလင့်ဖို့ နောက်ထပ်လက်တစ်ဖက်လိုတယ် လက်တစ်ကမ်းနောက်ကျကျန်ခဲ့တဲ့ အရာတွေဟာ ဒုတိယဆိုတဲ့ ဂုဏ်ပုဒ်တစ်ခုနဲ့ပြီးဆုံးကာသွားတယ်။   ဒုတိယဆိုတာလည်း အနုပညာတစ်ခုပါပဲ သူဟာသိမ်သိမ်မွေ့မွေ့နဲ့ အဆုံးသတ်ရှာတယ်။   ကြီးကြီးကျယ်ကျယ်စကားလုံးတွေ သူ့နှုတ်ကဘယ်တော့မှမထွက်ရှာဘူး ကြီးကြီးကျယ်ကျယ်စကားကို ကြီးကြီးကျယ်ကျယ်တွေပဲသုံးကြတယ်။   နောက်ဆုံးမှာ အနုပညာဟာ အချစ်လိုပဲ တစ်ယောက်တည်း ခမ်းနားစွာ အဆုံးသတ်ရှာတယ်။   […]