‘ချက်…..ချက်…….ချက်…ချက်…….ချက်…..ချက်’   နံရံမှာကပ်ထားတဲ့ နာရီသံက ကျွန်မကိုကျီစယ်နေသလိုလို။ ဒီနေ့က ဒီဇင်ဘာ(၃၁)ရက် တိတိကျကျပြောရမယ်ဆိုရင် ၂၀၁၃ခုနှစ် ၊ ဒီဇင်ဘာ(၃၁)ရက် ၊ ည (၁၀)နာရီတိတိကို ထိုးပြီမောင်။ အခန်းဝက ကန့်လန့်ကာက တစ်ချက်လှုပ်ခါသွားတာ ကြည့်ပြီး မောင်များလားလို့ မသိစိတ်က ကျွန်မထင်မိလိုက်သေးတယ်။ ပြီးမှ ကိုယ့်စိတ်ကိုယ်ပြန်ထိန်း တစ်ချက်ပြုံးပြီး မဖြစ်နိုင်ပါဘူးလေဆိုပြီး ဖြေသိမ့်လိုက်ရတယ်။ ဆောင်းရာသီရဲ့ မြောက်ပြန်လေက တစ်ချက်တစ်ချက် တိုက်ခတ်လာတယ်။ တိုက်ခတ်လာတဲ့လေနဲ့အတူ ခြံရှေ့က သစ်ခွပင်တွေဆီက သစ်ခွနံ့ခပ်သင်းသင်းက ကျွန်မဆီကိုတိုးဝင်လာတယ်။ ဪ ဟုတ်ပါရဲ့။ သစ်ခွတွေတောင် ပွင့်နေရောပေါ့။ သစ်ခွပင်တွေကြားထဲမှာ ကျွန်မလမ်းလျှောက်နေလိုက်တယ်။ တစ်ဖက်က ကျွန်မသိပ်နှစ်သက်တဲ့ ဒန်ဒရိုဗီယမ်သစ်ခွ နဲ့ မိုကာရာသစ်ခွတွေ ၊ တစ်ဖက်က မောင်သိပ်ကြိုက်တဲ့ ဗန်ဒါ နဲ့ ကတ်တလီယာသစ်ခွတွေ။ ဆောင်းညရဲ့စိုစွတ်စွတ်မြူတွေကြား ပွင့်နေကြလိုက်တာ။ […]


“နာရီစင်ကြီးရယ်**********မကြာမီဆိုညည်းတော့မယ်******သီချင်းကြားထဲ နှစ်သစ်ကိုရောက်မယ်**** ဒီမှာကိုယ် တစ်ယောက်တည်း******နှင်းများတဖွဲဖွဲကျနေ ဒီညလေးကိုငေးမာကြည့်နေတုန်း…….”   ကျွန်တော်ဖြတ်လျှောက်သွားတဲ့ လမ်းမတစ်လျှောက်မှာ အလွမ်းနှစ်ကူးဆိုတဲ့ သီချင်းသံလေးတွေ ညံစီလို့။ အောက် စွပ်ကျယ်တစ်ထပ်နဲ့အပေါ်က ခေါင်းစွပ်(Hoody)ကို ကျွန်တော်ဝတ်ထားတယ်။ ရန်ကုန်ဆောင်းလား သိပ်မအေးဘူး။ နှင်းကျလားဆိုတော့ သိပ်မကျဘူး။ မြူတွေလောက်ပဲတွေ့ရတတ်တဲ့ ရန်ကုန်ဆောင်းရယ်။ ဒီညလား ဒီညက နှစ်သစ်ကူး (New Year) ညလေ။ ဒါကြောင့် လမ်းတိုင်းလမ်းတိုင်းလိုလို လူစည်ကားနေတာ။ နှစ်သစ်ကို ကြိုကြတော့မယ် လူငယ် လူကြီူး အစုံအလင်ပါပဲ။ ကျွန်တော်လည်း လူငယ်မို့ နယူးရီးယားညကိုကြိုဖို့ သူငယ်ချင်းအိမ်ကိုထွက်လာမိတယ်။ လက်ကနာရီကိုကြည့်လိုက်တော့ ဆယ်နာရီနဲ့မိနစ်သုံးဆယ်။ ချမ်းစိမ့်စိမ့်ရာသီကြောင့် လက်နှစ်ဖက်ကို ဘောင်းဘီအိတ် ထဲ ထည့်ပြီးလမ်းလျှောက်လာမိတယ်။ ကျွန်တော့်နှုတ်မှလည်း ထိုသီချင်းကို ညည်းနေရင်း လမ်းလျှောက်နေမိတယ်။   “လူတွေအားလုံးသိပ်ပျော်တယ်**********ဒီလိုနှစ်သစ်ရောက်ရင်ကွယ်****ပျော်စရာသီချင်းသံများနဲ့***မင်းပျော် နေတာ့မယ်****ငွေရောင်လကကောင်းကင်ထက်***ကိုကြည့်ရင်းငိုချင်တယ်***နှစ်သစ်ရောက်ရင်ပြန်ခဲ့မယ်** ခုတော့ကိုယ့်ကိုမေ့ပြီကွယ်****”   […]


ငါဟာနင့်အတွက် လတစ်စင်းဆိုရင်တောင် သာခွင့်ရှိမှ သာခွင့်ရတဲ့ “လ” ငါ့ရင်ခွင့်က ကြယ်တွေတစ်ပွင့်ချင်းတစ်ဖြိုက်ဖြိုက်ကြွေဆင်းတာတောင် အလှည့်သာမှ အပြုံးတစ်ချက်တွေ့ရတယ်။   ဒီရင်ကိုနင်းခြေကာ ခြွေချလိုက်ပါ ဟန်နီ ကြွေလာတဲ့မိုးက ခါးရင်တောင် သည်ကောင်ကအမိုက်ခံပြီးသောက်မှာ နင့်ဆောင်းက တစ်ခါတစ်ခါအသည်းခိုက်အောင်ချမ်းတယ်။   နင်ကကောင်းကင်ယံက ‘လ ‘ဆိုရင် ငါကရေတွင်းထဲက ‘လ’ ဘဝချင်းက မိုးနဲ့မြေဆိုတာကို ခေါက်ထားလို့ရတယ်။   ခြွေလိုက်ပါ ကြွေလိုက်ပါလို့မတောင်းဆိုဝံ့ဘူး သည်ကောင်က ကြွေလည်း’မွှေး’ ဝေလည်း’မွှေး’ချင်တာ ဘဝက နင်ထင်ထားသလောက် မလှတာဆိုးတယ်။   ‘အချစ်’က နင့်ကိုနာမည်မတပ်ဘူး ဟန်နီ နင်ကသာ ‘အချစ်’ကိုနာမည်တပ်နေတာ။ နင်က ‘အချစ်’မယုံရင် ‘အချစ်’ကလည်း နင့်ကိုယုံမှာမဟုတ်ဘူး။ လရောင်ကို ပျားရည်စမ်းလို့မရဘူးလို့ နင်ထင်နေတယ် ဟန်နီ တစ်ခါတစ်ရံမှာ ပျားရည်ထဲ လရောင်က နစ်ဝင်နေတတ်တယ်။   […]


ညတွေ အမှောင်သမ်းလာတော့ ကြယ်တွေထမ်းထားတဲ့ ကောင်းကင်ကြီးကို ငေးရင်း ရင်ဘတ်ထဲ ကြွေလာတဲ့ မိုးတွေ… အချစ်မှာ ထီးမဆောင်းခဲ့သလိုမျိုး နှလုံးသားတည့်တည့်မှာ အလွမ်းမိုးတွေ ဖြာတော့ သန်းခေါင်မှာသည်းတဲ့မိုးကမှ နင့်ရင်ထဲအလွမ်းတွေ ကြွေနိုင်မှာလား ငါကနင့်အပေါ်ကျတဲ့ မိုးတွေကိုတောင် မစဲချင်တာပါ သည်းချင်သလောက် သည်းစမ်းပါစေ ရင်ခွင်တခြမ်းလုံး ရွဲရွဲစိုအောင်ထားမယ် ပုံသေနည်းနဲ့ အကြွင်းတွေ အချစ်မှာ ကမ်းတယ် (ဆိုတော့) အလွမ်းဆိုတာ တယောက်တဝက် မျှသုံးခဲ့တဲ့ တစ်ရှုးစလေးလို လက်တွဲ လျှောက်ခဲ့ဖူးတဲ့ လမ်းတွေမှာ သတိရခြင်းဟာ သူ့နေရာနဲ့သူပါ *မေရေ အပြင်မှာ ရွာတဲ့မိုးလို ကိုယ့်နားလာပြီး တိုးကာရွာ လက်ခုပ်ပေါ်က ရေစက်လိုပါပဲ မြင်နေတော့လည်း အတိုင်းသား ဆုပ်ကိုင်လိုက်မှ တစ်စစီ…….. ဒါဟာ မျက်လှည့်မဟုတ်ဘူး။ ဒါဟာ လှည့်ကွယ်မဟုတ်ဘူး။ ဒါဟာ အချစ်ရဲ့လှည့်ကွက်တစ်ခု။ မှိုတက်နေတဲ့ […]


မွတ်သိပ်စွာ ငိုကြွေးပြီးနောက်မှာ ချုပ်နှောင်ထားခြင်းတွေ ကွယ်ပျောက်သွားတယ် ဒါဟာ နင်းခြေခံလိုက်ရတဲ့ တေလေတစ်ကောင်ရဲ့တမ်းချင်း။ အားလုံးဟာ အစီအစဉ်အလိုက်ပါပဲ ပိတ်ကားနောက်ကွယ်က ဖလင်အပိုင်းအစတွေက ကုလားဖန်ထိုးခံလိုက်ရတာ ဘယ်သူမှမသိလိုက်ဘူး။ တေလေတစ်ကောင်ထက် ပညာရှင်တွေက ပိုရက်စက်တတ်ကြတယ် တန်ဖိုး နဲ့ တန်ဘိုးကိုတေ့ ပညာရှင်တွေခွဲခြားမသိသွားရှာဘူး ပိတ်ကားနောက်က ဖလင်တွေက အပိုင်းပိုင်းအစစနဲ့ ကျိုးပျက်လို့။ တန်ဖိုးမရှိပေမယ့် တန်ဘိုးရှိချင်ခဲ့တာ အခုတော့ အဲသည်တန်ဘိုးတွေက ကြွေကျလို့ အခက်နဲ့အလက်နဲ့ဝေချင်နေခဲ့တာ အခုတော့ အားလုံးမီးမြိုက်ခံခဲ့ရတာ။ ညိုမှိုင်းတဲ့တိမ်စိုင်တွေမှာ အဖြူရောင်မိုးသားမျှင်တွေရှိတယ် လူတိုင်းမှာ အဖြူရောင်မိုးသားမျှင်တွေရှိတယ် တစ်ဘဝမှ တစ်ခါတော့ ညိုမှိုင်းဖူးကြမှာပါ။ ပူလောခြင်းတွေထဲမှာတောင် အရိပ်တစ်ခုတော့ရှိရမယ် တစ်ခါတစ်ရံ ပူလောင်တာတော့ အဆန်းမလုပ်တာအကောင်းဆုံးပဲ မုန်တိုင်းပြီးရင် လေပြေတော့ လာမှာပါ နည်းနည်းတော့ အချိန်စောင့်ပေါ့။ ချောင်ထဲမှာ ငြိမ်းချမ်းစွာထိုင်နေသူကပြောတယ် သူ့မှာ ဂုဏ် ငွေ ပကာသန […]


သတိရခြင်းများစွာဖြင့်..ငါမင်းဆီစာရေးလိုက်တယ် မင်းအချစ်တွေ…..လွတ်လပ်ပါစေချစ်သူ………   သတိရခြင်းများစွာဖြင့်…ငါမင်းကိုလွမ်းနေတယ်… မင်းအလွမ်းတွေ…အနှောင်အဖွဲ့ကင်းလွတ်ပါစေ   သတိရခြင်းများစွာဖြင့်…ငါငိုနေတယ်… ငါ့မျက်ရည်တွေက…သန့်စင်ပါတယ်ချစ်သူ   သတိရခြင်းများစွာဖြင့်…မင်းကိုငါချစ်တယ်ချစ်သူ မင်းအချစ်တွေ….ကတိတည်ပါစေ…   သတိရခြင်းများစွာဖြင့်…ငါတွေးနေတယ်ချစ်သူ ဒီအချိန် မင်းဘာတွေလုပ်နေမလဲ   သတိရခြင်းများစွာဖြင့်…ငါတစ်ယောက်တည်းပါချစ်သူ မင်းဘေးနားမှာ ဘယ်သူရှိနေမလဲ   သတိရခြင်းများစွာဖြင့်…ဘဝကိုဆက်လျှောက်နေဆဲပါ.. မင်းဘဝတွေ…သန့်စင်နေပါစေ   သတိရခြင်းများစွာဖြင့်…အဝေးကိုငါမျှော်ကြည့်မိတယ်ချစ်သူ မင်းပုံရိပ်တွေ…မြင်ယောင်ဆဲပါ   သတိရခြင်းများစွာဖြင့်…မင်းဆီကိုစာရေးလိုက်တယ် နှလုံးသားဆိုတဲ့စာရွက်ငယ်နဲ့……… သံယောဇဉ်ဆိုတဲ့ ဖောင်တိန်ရယ်…. အလွမ်းတွေကို မှင်ရေလုပ်ပြီး…….. စိတ်ချင်းဆက်သွယ်မှုကြေးနန်းနဲ့…. ငါ…မင်းဆီစာပို့လိုက်တယ်……   သတိရခြင်းများစွာဖြင့်……………….   ××××××××××   ရင်နှင့်ရင်း၍ Base of true story Aung Moe Thu 18.12.2010 (SAT) 9.44AM


အဲသည်နေ့က လက်ပံပွင့်တွေ တစ်တောလုံးကြွေနေတယ်။ ဟုတ်တယ်…….. အဲသည်နေ့က လက်ပံတွေက အရောင်အဆင်းမရှိဘူး။   ကြွေကျတဲ့ လက်ပံတွေ ကိုယ်ပြန်မကောက်မိဘူး လက်ပံတွေဟာ သူ့ခြေရင်းမှာ ခ…ဝပ်ဆင်းလို့။   ကြွေကျတဲ့ လက်ပံပွင့်ကိုမှ သူကခပ်မဲ့မဲ့ပြုံးပြနေသေးတယ် အဲသည်အချိန် သူ့ခေါင်းထက်မှာ စံခွင့်မရှိတဲ့ လက်ပံပွင့်ကငိုတယ်။   သူနဲ့တွေ့မှ ကျွန်တော့်လက်ပံပွင့်တွေက အဖြူရောင် ကြွေလိုက်တာမှ သူ့ဘေးမှာ လက်ပံတွေဖွေးဖွေးလှုပ်။   ရူးသွားတယ်…လို့ သူထင်တယ် ဟုတ်တယ် အဲသည်စက္ကန့်ကလေးမှာ လက်ပံတွေရူးသွားတယ်။   သူ့ခေါ်မှာ နှင်းဆီရဲရဲတစ်ပွင့်ပန်းထားတယ် သူ့ဘေးမှာ လက်ပံပွင့်တွေကြွေကျတယ်။   တစ်ပွင့်ချင်းကနေ အုံလိုက်ကျင်းလိုက် လက်ပံပွင့်အဖြူတွေ ဖွေးဖွေးလှုပ်။   သူ့နှုတ်ခမ်းက စကားတစ်ခွန်းကျလာတယ် “လက်ပံပွင့်ဟာ လက်ပံပွင့်ပါပဲ……. နှင်းဆီမဖြစ်ချင်စမ်းပါနဲ့”တဲ့။   လက်ပံပွင့်တွေကို သူတစ်ချက်ကြည့်တယ် သူ့အကြည့်က……………………………… […]


ရူးသွပ်စွာ ငါတမ်းတ မိပါရဲ့ …… အမှောင်ထဲမှာ ကျရှုံးနေသူတစ်ယောက်မို့ မင်းငါ့အရှုံးကို ဘယ်တော့မှမြင်မှာမဟုတ်သလို ငါကလည်း ထုတ်ပြဖို့ဝန်လေးသူတစ်ယောက် …………. ဒီမှာ… လွမ်းစရာကို နာစရာနဲ့မနှစ်သိမ့်တတ်ဘူး… လွမ်းဖို့ကို ငါ့မာနက တားဆီးထားလို့…..။   တစ်ခါတစ်ခါ…. မဲ့ပြုံးတောင်ပြုံးမိတတ်နေပြီ မင်းခြေထောက်အောက်ရောက်နေတဲ့ ငါ့မာနကို ဖွဟဲ့လို့ ဆွဲထူရင်း ငါ့နှလုံးသားထဲ ပြန်သိမ်းထားလိုက်တော့မယ်   နိုင်ချင်ပေမယ့် ရှုံးနေတဲ့ဘဝတစ်ခုကို မင်းလှောင်မရယ်နဲ့ ပဲ့တင့်သံဆိုတာ ကိုယ့်ဆီပြန်လာတတ်တာ သဘာဝတဲ့   တုံ့ပြန်မှုသဘောတရား မင်းမသိရင် နယူတန်က မင်းကိုလှောင်ရယ်လိမ့်မယ် တစ်ခါတစ်ရံတော့ အချစ်တွေဟာ အမုန်းကိုပြောင်းလဲသွားနိုင်သေးတာပဲ   ဒါပေမယ့် မင်းကိုငါမမုန်းသေးဘူး နာကျင်တဲ့အချစ်တစ်စုံ ဆုပ်ကိုင်ထားတုန်းမှာ မင်းဝမ်းပန်းတသာ လှောင်ရယ်လိုက်ပါ အစကတည်းက ရှုံးပြီးသားမို့ …………………………. …………………………… ငါ့မာနလေး ငါပြန်ကောက်ယူရင်း   […]


မျက်တောင်တွေ တစ်ဖျတ်ဖျတ် ခတ်နေတဲ့ကြားက အဲသည်အချိန်ကလေးအတွင်းမှာ ကျွန်တော်သူ့ကိုသတိရမိတယ် မေလဆိုရင် သူကျွန်တော့်ဘဝထဲကထွက်ခွာသွားတာ (၂၄)နှစ် ဘာမှမသိလိုက်တဲ့ သူ့အရိပ်အငွေ့အသက်တွေကို စိတ်မှန်းနဲ့ ကျတော်ခံစားတမ်းတနေတုန်းပဲ။ သူကျွန်တော့်အပေါ် နွေးထွေးခဲ့မှာပါ သူကျွန်တော့်ကို ပဲ့ကိုင်ခဲ့မှာပါ မှန်းဆခံစားရင် သူဟာကျွန်တော့်ကို အားပေးသူ။ လောကဒဏ်ကြားမှာ ကျွန်တော်လမ်းလျှောက်ဆဲပါ (၂၄)နှစ်အကြာမှာ သူဘယ်ရောက်သွားသလဲ။ သူဟာ တစ်ခါတစ်ခါ ကျွန်တော့်အနားရောက်ရောက်လာတယ်။ တစ်ခါ တစ်ခါ ကျွန်တော့်နားကပ်ပြီး စကားတစ်ခွန်းပြောတယ်။ ဘဝဆိုတာ ဒီလိုပဲ သားရဲ့……………တဲ့။ …………………… ………………………. တကယ်တော့ သူခေါ်တဲ့ သားဆိုတဲ့အသံတောင် မမှတ်မိတဲ့ ကျွန်တော့်အဖြစ်မှာ မှောင်ပိတ်ခံစားမှုထဲက တစ်စုံတစ်ရာကို ကျွန်တော်ရှာဖွေကြည့်တယ်………။ …………….. (၂၄)နှစ်ဆိုတဲ့ အတိုင်းအတာမှာ ဖေဖေဟာ…………..ကျွန်တော့်ဘဝထဲမှာ အလင်းတန်းတစ်ခုအဖြစ်တည်ရှိနေဆဲပဲ…….။ ……. မှောင်ပိတ်တဲ့ခံစားမှုထဲမှာပေါ့……။ ရင်နှင့်ရင်း၍ အောင်မိုးသူ ဧပြီ ၃ရက် ၂၀၁၃ခုနှစ် […]


ဒီနေ့မိုးက အရင်နေ့တွေလို သဲသဲမဲမဲမဟုတ်ဘူး။ ခပ်စွေစွေနဲ့ ရွာနေတယ်။ မိုးရွာရင် အိမ်အပြန် ဘတ်စ်ကားတွေ ဘာကြောင့်ပိုကြပ်သလဲဆိုတာ အခုထိကျွန်တော်အဖြေရှာမတွေ့သေးဘူး။ ဘတ်စ်ကား ပေါ်မှာ သူ့ခြေထောက်ကိုယ်နင်း ကိုယ့်ခြေထောက်သူနင်းနဲ့ လူလူချင်း ကိုယ့်အနံ့သူရှူ သူ့အနံ့ကိုယ်ရှူရင်း။ အိမ်အပြန်ကို အသောနှင်နေကြတယ်။ သက်ပြင်းခပ်သေးသေးတစ်ခုကိုချရင်း ကိုယ့်အကြောင်းမစဉ်းစားခင် သူများအကြောင်းကို ခပ်ဖွဖွကိုယ်စဉ်းစားနေမိတယ်။ ယာဉ်အကူရဲ့အော်ဟစ်တဲ့အသံနဲ့အတူ ညည်းတွားသံ အချို့ကလည်း ဘတ်စ်ကားတစ်စီးလုံးမှာ နေရာကွက်ကြား ထစ်ချုန်းဆူညံနေတယ်။ ဘတ်စ်ကားပေါ်က ပြဿနာအချို့ကို ဥပေက္ခာပြုရင်း စိတ်ထဲမှာသီချင်းတစ်ပုဒ်ကို ကျွန်တော်ညည်းတွားနေတယ်။  ကိုယ်ညည်းတွားနေတဲ့သီချင်းက ခုတလောကျွန်တော်သိပ်ကြိုက်နေတဲ့ “ဂျီလတ် ရဲ့ အစွန်းနှစ်ဖက်” ။           “ကျွီကနဲ” ဘရိတ်အုပ်လိုက်တဲ့ အရှိန်ကြောင့် ကားပေါ်က ခရီးသည်တွေတစ်ချက် ဆူဆူညံညံဖြစ်သွား လေရဲ့။ ခြေနင်းခုံကနေ ကျွန်တော်ခြေတစ်လှမ်းဆင်းပြီး ရှေ့ကိုတစ်ချက်ကြည့်လိုက်တယ်။ ဟုတ်တယ် ကိုယ်ဆင်းရမယ့်မှတ်တိုင်ပဲ။ ဆင်းဆင်းချင်း မျက်နှာချင်းဆိုင်မှာ […]


ကျွန်တော်ဟာ သူ့ရဲ့ အာဒံမဟုတ်ဘူးတဲ့ …………………………………………. ကျွန်တော့်နံရိုးတစ်ချောင်းကို သူ့ပြန်ထုတ်ပေးတယ်။ ကျွန်တော်ဟာ သူ့ရဲ့ အာဒံပါလို့ ပြောပြလည်း သူယုံတော့မှာမဟုတ်ဘူး။ အဲသည်နေ့…………… ကျတော့်ဘဝတွေ အစိတ်အမွှာမွှာ ပျောက်ဆုံးသွားတာ ‘ဧဝ’ မသိခဲ့ဘူး။ …………………………………………………………………….. ကျွန်တော့်ကို ကျောခိုင်း သူချစ်တဲ့ ‘အာဒံ’ နဲ့ ထွက်ခွာ။ လေပြင်း ကမ္ဘာဦးမှာ အပြိုင်းပြိုင်းတိုက်ခဲ့တဲ့နေ့……. ‘ဧဝ’ ကျွန်တော့်အနားမှာ မရှိခဲ့ဘူး။ သူပြောခဲ့သလို သူနဲ့မတိုက်ဆိုင်တဲ့ နံရိုးတစ်ချောင်းကျွန်တော့်မှာရှိတယ်။ အဲ့သည်အရာကိုကြည့်ရင်း နေ့တိုင်းငိုတယ်။ …………တိတ်…………ဆိတ်………………. ကမ္ဘာဦးမှာ ကမ္ဘာပျက်ပါစေဆုတောင်းတယ်။ ပြန်လာပါ ‘ဧဝ’ ပန်းသီးတစ်လုံးနဲ့ ကျွန်တော်ထိုင်စောင့်နေတယ် တွေးကြည့်တယ်………… ‘အာဒံ’ မဟုတ်တဲ့ တစ်ယောက်နဲ့ သူပျော်မြူးနေမှာပေါ့ ပြောမပြတတ်တဲ့ အတွင်းစိတ်က ခံစားမိလိုက်တယ် သူပျော်နေတယ်……….။ တဖြည်းဖြည်း နွမ်းလာတဲ့ ပန်းသီးကိုကြည့်ရင် ကျွန်တော့်တစ်ချက်ပြုံးတယ်………။ […]


ကိုယ့်မျက်ရည်တွေကြွေနေပြန်ပြီ။ ဒါကို……သူသိပါ့မလား…။ သူနဲ့ စတွေ့တွေ့ချင်းပဲ ကိုယ်ငိုခဲ့ရတာတွေ သူ့ကိုသိပ်ချစ်မိသွားတာတွေဟာအပေါစားဆန်နေမလားလို့ ကိုယ့်ကိုယ်ကိုတွေးမိပါရဲ့။ အင်းလျားကန်ဘက်က လေပြင်းတွေက တိုက်ခတ်နေလိုက်တာ။ကိုယ်တောင်လွင့်ထွက်သွားမတတ်ဘဲ။ သူကတော့ အားနာတဲ့ဟန်ပန် တွေနဲ့ပေါ့။ ကိုယ့်မျက်ရည်တွေကိုသူအားနာနေတာလား။ ကိုယ့်ကိုယ်သနားစရာ သတ္တဝါတစ်ကောင်လို သူသနားနေတာလား။ ကိုယ်တွေးရင်းပိုဝမ်းနည်းလာမိပါရဲ့။ ကိုယ့်ကိုယ် သူသနားအောင် အားနာအောင် ဘာတစ်ခုမှ မလုပ်ခဲ့ရိုးအမှန်ပါ။ အဲသည်နေ့က သူဟာ ကိုယ့်ဘဝမှာ ဘယ်တော့မှ မမေ့တော့မယ့်လူသားတစ်ယောက်ပေါ့။   သူရေ……..ကိုယ်ဟာ သူ့ကိုစောင့်ကြည့်နေသူတစ်ယောက်ပါ။ သူ့အကြောင်းတွေကို အမြဲတမ်းစောင့်ကြည့် နေသူတစ်ယောက်ပေါ့။သူအချစ်တစ်ခုကြောင့် ခံစားနေရမှန်းကိုယ်သိနေတယ်။ ကိုယ်ကိုယ်ချင်စာပါတယ်။ ကိုယ်က သူ့ကိုတစ်ဖက်သတ်ဆိုပေမယ့်သူကတော့ အချစ်ဒဏ်ခံရဖူးသား လူတစ်ယောက်ဆိုတာကိုလေ။ ကိုယ်ဟာ တစ်ဖက်သတ်ပါသူ။ အချစ်နဲ့ပတ်သတ်လို့သုံးပြီးသားစကားလုံးပြန်သုံးမယ်ဆိုရင်တောင် တစ်ဖက်သတ်ဆိုတာဟာ ဘယ်တော့မှ ရိုးမသွားမယ့်တစ်ယောက်တည်းချစ်နေရတဲ့ စကားလုံးဆိုတာတော့ သူသိမှာပါ။ တစ်ဖက်သေအောင်သတ် ပစ်သလို ခံစားရတယ်ဆိုတဲ့အကြောင်းအရာတွေကို သူသိမှာပါ။ သူမသိချင်ယောင်ဆောင်နေတယ်ဆိုတာ ကိုယ်နားလည်ပါတယ်။ ကိုယ်နဲ့ပတ်သက်တဲ့အရာတိုင်းသူပိုစိတ်မကောင်းဖြစ်ရတဲ့ဆိုတဲ့ […]


    ကလင်းးးးးးးးးးးးးးးးးကလင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး နှိုးစက်ကထွက်လာတဲ့အသံ။ ဖွင့်မရတဲ့မျက်လုံးအစုံကိုမဖွင့်ဘဲ လက်နဲ့စမ်းကာပိတ်လိုက်တယ်။ ကျွန်မသိနေ တယ်။ ဒီနေ့ ကျွန်မနောက်မကျဘူး။ ဒီနေ့တနင်္ဂနွေနေ့လေ အလောတကြီး ကမန်းကတန်း ပြေးလွှားရုံးကန်ရတဲ့ ရသတ္တပတ်အားလုံးရဲ့ ပင်ပန်းသမျှအချိန်တွေ သည်မနက်လေးတင်ပဲ အားယူရတာ မဟုတ်လား။ မြန်မာနိုင်ငံက ပုပ္ပလိဂ ဝန်းထမ်းတွေအတွက်တော့ တနင်္ဂနွေဆိုတာ ရသတ္တပတ်အားလုံးရဲ့ အပန်းဖြေရက်လည်းဟုတ်သလို နေ့တိုင်းလိုလို အလျှင်စလိုချက်ပြုတ်ကာ ရုံးအမီပြေးရတဲ့နေ့တွေကြောင့် ကိုယ်စားချင်တာလေး ချတ်ပြုတ်စားရတဲ့ နေဆိုလည်းမမှား ဘူးလေ။ ကျွန်မတို့လို တစ်ကိုယ်တည်းသမားတွေအတွက်တော့ နံနက်လင်းဝေလီဝေလင်းလေးဟာ ပင်ပန်းသမျှတွေရဲ့ အကောင်းဆုံးအနားယူချိန်မဟုတ်လား။ နှိုးစက်ကိုပိတ် ခေါင်းအုံးပေါ်ကို ဆက်လက်ထိုးအိပ်လိုက်တာပါပဲ။ ဒီနေ့က တနင်္ဂနွေနေ့လေ။   ဗိုက်ကတစ်ချက်ဆန္ဒပြလာတာနဲ့ နာရီလှမ်းကြည့်မိတော့ (၁၀)နာရီခွဲ။ သွားတိုက်၊ မျက်နှာသစ် ဆံပင်ကိုဖြီးလိမ်း ပြီးမနက်စာဗိုက်ဖြည့်ဖို့ အပြင်ကိုခြေလှမ်းဦးတည်ပြီ။ လွန်ခဲ့တဲ့ (၁၀)နှစ် တနင်္ဂနွေနေ့ မေမေရှိစဉ် […]