“မိုးနှင်း ကျူရှင်ပြီးတာနဲ့ ချက်ချင်းပြန်လာနော်….. ” “ဟုတ်ကဲ့အစ်မ စိတ်ချပါ…..” ရုံးမထွက်လာချင်းပင် မိုးနှင်းတစ်ယောက် နာရီကြည့်မိလိုက်သည်….။ ရုံးမှ ကျူရှင်သို့ နာရီဝက်နှင့် အရောက်စီးရမည်… ဘတ်စ်ကားက မလာသေး….။ “ဝူး…… “ မျှော်နေရင်းနှင့်ပင် ရောက်လာသော ဘတ်(စ်)ကားကို လူချောင်တာ မချောင်တာသေချာမကြည့်အား ကမန်းကတန်းပင်… ကားပေါ်သို့ ပြေးတက်လိုက်ရသည်….။ ကားပေါ်အရောက်.. လူများအကြားတွင်… နာရီကြည့်မိသည်…. (၁)နာရီ (၁၀)မိနစ်…. ကျူရှင်ချိန်က (၁)နာရီ (၃၀)….. နောက်ကျပြီဟု တွေးနေမိသည်….။ “ကဲ….. စာတိုက်မှတ်တိုင်ရောက်ပြီ…….” ယာဉ်အကူ၏အသံကြောင့်….. အမြန်ကားပေါ်မှ ပြေးဆင်းလိုက်သည်…. မဆင်းရင်လည်း တွန်းချခံရရင်ခံရ မခံရလျှင်…. ဟောက်ခံရသည်မှာအသေအချာပင်..။ ဘတ်စ်ကားပေါ်မှ ဆင်းဆင်းချင်းပင်…. တစ်ဘက်ကားလမ်းမှ ကျူရှင်ဘက်သို့လှမ်းကြည့်လိုက်သည်….။ မိုးနှင်းကို စောင့်နေကြသောသူငယ်ချင်းများကို လှမ်းမြင်လိုက်ရသည်…။ “စာမသင်သေဘူးလား……”… “မဟုတ်ဘူးဟေ့ နင့်ကိုစောင့်နေတာ မိုးနှင်းရဲ့… […]