မြင်းခွာရွက်ဆိုရင်တော့ မြင်းခွာရွက်ဟင်းခါးရယ်။ မြင်းခွာရွက်သုတ်ကို ကြိုက်ပါ တယ်။ အပြင်က ဆိုင်တွေက မြင်းခွာရွက်သုတ် စားဖူးမှပဲ အိမ်က မေမေသုတ်တာနဲ့ မတူတာကို သွားတွေ့ပါတယ်။ ဆိုင်ကမြင်းခွာရွက်သုတ်ကတော့ လက်တစ်ဆစ်အရွက်လှီးပြီး ပဲမှုန့်နဲ့ သုတ်တာပေါ့။ အိမ်မှာ စားနေကျ မြင်းခွာရွက်သုတ်ကတော့ ၁။ မြင်းခွာရွက်ကို အမြစ်ကစ မပစ်ဘဲ ပါးပါးလေးတွေလှီး ၂။ ကြက်သွန်ဖြူ နီ ဆီချက်ချက်ထား ၃။ပဲမှုန့်မသုံးဘဲ ကုလားပဲခြမ်းကြော် ဒါမှမဟုတ် မြေပဲလှော်ကို ထောင်းပြီးသုံးမယ်။ ၄။ အချဉ်ကိုတော့ ပုံမှန်သံပုရာသီးပဲသုံးမယ် ၅။ ဟင်းခတ်မှုန့်နဲ့ ဆားအနည်းငယ် မြင်းခွာရွက်းပါးပါးလေးတွေနဲ့ ပဲမှုန့်မသုံးဘဲ ကုလားပဲခြမ်းကြော် မြေပဲလှော် ထောင်းထားတဲ့ အမှုန့်နဲ့ ဆီချက်ကောင်းကောင်းနဲ့ မြင်းခွာရွက်သုံးဟာ တကယ် ခံတွင်းတွေ့စေမှာပါ။ ပုစွန်ခြောက်မသုံးဘဲ ပုစွန်ခြောက်မှုန့်အနည်းငယ် သုံးပါတယ်။ […]