မျောက်ရှုံးအောင်ဆော့ဘူးသော ငယ်ငယ်ကအကြောင်းများအား ။ ပြန်စဉ်းစားမိလျှင် ။ ရင်သပ်ရှူမောဘွယ်ရာ ဖြစ်ရသည့်အပြင် ။ ပျော်စရာကောင်းခဲ့ပါသည် ။ ကြံကြံဖန်ဖန်ရှာကြံခါ ။ ဆော့တတ်လွန်းခဲ့သဖြင့် ။ လူကြီးများကပင် အံ့အားသင့်ခဲ့ကြရပါသည်။ ကျမသည် အမေကြီးပြင်းခဲ့သော ။ ဆွေမျိုးပမာ ခင်မင်တွယ်တာရသော ။ ဘကြီးတို့အိမ်ဆိုလျှင် အလွန်ပျော်သူဖြစ်ပါသည် ။ နံနက်ခင်းတိုင်းလည်း ။ ဘကြီး၏အမေ အမ်းမကခေါ်လျှင် ။ မသွားလို ့ကမရ သွားရပါသည် ။ အိမ်အကူတို့ ့ဈေးဝယ် ပြီးပြန်လာပါက ။ အမ်းမကိုယ်တိုင် ဟင်းသီးဟင်းရွက် များသင်သည့် အခါဘေးနား မှာနေပြီး ကြည့်ခိုင်းသဖြင့်ကြည့်နေရပါသည်။ ဟင်းသီး ဟင်းရွက် သင်နေသည့်အချိန် ။ အမ်းမတို့လူကြီးများ အချင်းချင်းပြော ဆိုနေကြသည့် စကားတို ့အား စိတ်ဝင်စားခါ မှတ်သားထားတတ်ပါသည်။ […]