နွေ,မိုး,ဆောင်း၊သုံးရာသီ ကာလပတ်လုံး ဖူးပွင့်သည့် ပန်းမျိုးကွဲ အများအပြား စုံလင်စွာကို အဖေက တယုတယ စိုက်ပျိုးထားပါတယ်။ ကျမတို့ရဲ ့ နေအိမ်ခြံဝန်း(အိမ်ရဲ ့အနောက်ဖက်)မှာတော့၊ ဆလပ်,ဇီဖဝါ (အထပ်တရာ),ခေါန်ရန်းမျိုးကွဲပေါင်းများစွာနဲ့ အတော်ကို စုံလင်လှပါတယ်။ စံပယ် အမျိုးမျိုးလည်းပါဝင်ပါတယ်။ ခြင်းလုံးပန်းခေါ်ဘော်လုံးပန်း,ပိန်းပန်းတို့အပြင်၊အိမ်(အနောက်ဖက်)ခြံစည်းရိုးတစ်လျှောက်မှာလဲ၊တိုက်ပန်း(အဖြူ), တိုက်ပန်း(ပန်း),ပုံနရိပ်(နီ),ပုံနရိပ်(ဝါ),တဇောင်းဆူးပန်းပင် ၊တို့ကိုအိမ်ခြံစည်းရိုးအဖြစ်ကာရံပြီး၊အဖေက။ အလှစိုက်ပျိုးထားပါတယ်။ ကဆုန်လ မိုးဦးရာသီ ရောက်ပြီဆိုတာနဲ့ မိုးဖွဲဖွဲလေးရွာလိုက်တာနဲ့၊အိမ်ခြံနောက်ဖေးမှာ မြေသင်းရနံ ့တွေနဲ့အတူ ပန်းရနံ့တွေ မွှေးကြိုင်လန်းဆန်းလို့လာပါတယ်။ ။ အိမ်ခြံနောက်ဖက်ထဲ မဆင်းရမနေနိုင်တာက၊ကျမပဲဖြစ်ပါတယ်။မြေသင်းရနံ့နဲ့အတူ၊ မိုးဦးစကို ပထမဆုံး ကြိုဆိုပြီး စစခြင်းပွင့်တဲ့၊၊ ခြင်းလုံးပန်း နီတျာရဲရဲလေးတွေကို အမြဲနှစ်စဉ်တွေ ့မြင်ရလို့ဖြစ်ပါတယ်။ ခြင်းလုံးပန်းနီနီလေးကို လှမ်းတွေ ့တာနဲ့၊ ကျမက အိမ်နောက်ဖေး မီးဖိုဆောင်က၊ဓားပါးလေးယူပြီး ခြင်းလုံးပန်းနီနီကို၊ ခူးယူပြီး ဘုရားတင်ရတာ အရမ်းပျော်ပါတယ်။ နှစ်တိုင်းခူးခွင့်ရအောင်၊ အမြဲကြံဆောင်ကြိုးစားခဲ့လို့၊မောင်နှမတွေထဲမှာတော့ ကျမထက်ဦးအောင် […]