Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


aye.kkJanuary 18, 20121min105533
ကျမ၏အဘိုးအဘွားများလက်ထက်က၊ငါးပိလုပ်ငန်းဖြင့် ရောင်းစားကာ စီးပွားရှာစားခဲ့ကြပါသည်။ အမေ့လက်ထက်တွင်မိသားစု စားသုံးရန်နှင့်ဆွေမျိုးမိတ် သင်္ဂဟအနည်းအတွက် ပိုမိုလုပ်ကာအနည်းအကျဉ်းမျှသာရောင်းချပေးပါသည်။ ထိုသူတို့ကအမေ့လက်ရာအား လွန်စွာနှစ်သက်ကြ ၍ဖြစ်ပေသည် ။ အမေလုပ်သောငါးမှာ ငါးဇင်ရိုင်းနှင့်သာ ရေချိုငါးပိပြုလုပ်ခြင်းဖြစ်ပေသည် ။ အမေသည်ငါးဇင်ရိုင်းငါးများအားဈေးမှရလာလျှင်။ အနည်းဆုံး (၅)ပိဿာမှ အချိန်(၁၀)ပိဿာအထိ။ ဝယ်ယူ၍ပြန်လာတတ်ပါသည် ။ အမေဈေးမှငါးရလာသည့် နေ ့ဆိုလျှင် ။ကျမတို ့မောင်နှမတွေ ။ လွန်စွာအလုပ်ရှုတ်သောနေ ့လည်းဖြစ်ပေသည် ။ ထိုငါးဇင်ရိုင်းများအား ဇကာကြမ်းကြီးများထဲ၌ထည့်ကာ ။ ကျမတို ့မှာငါးဇင်ရိုင်းငါးများထဲတွင်ရောညှပ်ကာ ပါလာတတ်သည့် ငါးကွင်းရှာ ၊ ငါးပူတင်း ၊ ငါးပျံများအားရွေးထုတ်ကာ ။ ဖယ်ရှားပစ်ကြရပါသည် ။ ငါးကွင်းရှာငါးနှင့် ငါးပူတင်းငါးက စား၍မကောင်း ။ ငပိဖြစ်သွားလျှင်လည်း အရသာက ခါးသက်သက် ။ စား၍လည်းမကောင်းအချိုဓတ်မရှိ ။ ငါးပူတင်းအသားက […]


aye.kkJanuary 17, 20121min47712
နွေဦးရာသီကာလ၊ကျောင်းပိတ်ရက်ရှည်များက၊ကျမရဲ ့ခလေးဘဝ အရွယ်မှာ၊ ပျော်စရာအကောင်းဆုံးနှင့် လွမ်းမောစရာ၊အကောင်းဆုံးကာလ လေးများဖြစ်ခဲ့ပါသည်။ ဥဩငှက်တို့၏တွန်သံချိုချိုများအား၊ကြားရလျှင်၊အိမ်နောက်ဖေးခြံဝန်းထဲကို မသွားရ မနေနိုင်လောက်အောင်ပင်၊ကျမစိတ်ကဖြစ်မိပါသည်။ မိဘများ၏အိမ်ခြံဝန်း(အနောက်)ရှိ၊မြင့်မားသောအုန်းပင်ကြီးများနှင့် အပင်ကြီးများများစွာရှိနေသဖြင့် မိဘများက ကျမအားခွင့်မပြုပါ။ နွေဦးကာလရောက်ပြီဆိုလျှင်တော့ ၊ အိမ်နောက်ဖေးခြံဝန်းထဲ ပင်ယံမြင့်အုန်းပင်ထက်ဆီမှာ ဥဩငှက်တို့ရောက်လာကြပြီး၊တွန်သံချိုချိုကို သာယာနာပျော်ဘွယ်ကောင်းစွာဖြင့် ကြားရတတ်ပါသည်။ ကျမအနေနဲ့၊ထိုဥဩငှက် တွန်မြည်နေသော ပင်ယံမြင့်အုန်းပင်ပေါ်သို့၊ကျမခေါင်းကိုမော့၍ကြည့်မိတတ်ပါသည်။ ထိုသို့ကြည့်မြင်လျှင်၊ဥဩငှက်ကလေးက ကျီးကန်းအသိုက်ထက်ဖျားမှ နေကာအဝေးသို့ မျှော်ကြည့်နေသလိုဖြင့် တွန်မြည်ကာ ကျူးရင့်နေသည်ကို၊လွမ်းမောဘွယ်ရာ၊ကျမတွေ ့မြင်ရပါသည်။ တချက်တချက်တိုက်ခတ်လာသည့်၊လေအဝှေ့မှာ၊ပင်ယံမြင့်မားသည့် အုန်းပင်ထက်ဆီကနေ၊ကောက်ရိုးမျှင်စများ သစ်ကိုင်းစအခြောက်သေးသေးလေးများ လေထဲတွင်၊ရီးလေးခိုလျှက်လွင့်မျောပြုတ်ကျလာတာကို၊ တွေ ့မြင်ရသည့်အချိန်အခါ၌လည်း၊ကြည့်လို့ကောင်းစွာနဲ့ငေးမောကြည့်ရှုနေမိတတ်ပါသည်။ အမေက ကျမငေးမောနေသည်ကို ၊တွေ့မြင်မိသောအခါများ၌လည်း”နတ်ကရာ””ကျီးမောမနေနှင့်”ဟုပြောဆိုတတ်လေ့ရှိပါတယ်။ တစ်ရက်တွင် အမေ့အား ဥဩငှက်က ကျီးကန်းသိုက်ပေါ်၌ တွန်မြည်နေတာနှင့် ပတ်သက်၍၊ ကျမမေးဘူးပါတယ်။ အမေက၊ကျမကို၊ဥဩငှက်တို့က ကိုယ်ပိုင်အသိုက်မရှိ၊မပြုလုပ်ပါ။သူများအသိုက်မြင်တွေ ့က ဝင်၍ဥတတ်ကြောင်းပြောပြပါတယ်။ ဥဩက၊ဥချပြီးလျှင်လည်း၊ပိုင်ရှင်ကျီးများ ပြန်လာ၍မြင်ပါလျှင်၊ရန်ရှာခံရမည်စိုးသဖြင့် ဥဥပြီးခြင်း ပြန်ထွက်ခွါရကြောင်း၊ထိုအခါသူတို့က ဥဥပြီးစ […]


aye.kkJanuary 12, 20121min55610
ကျမ၏ဆွေမျိုးရင်းချာပမာမခြား၊ခင်မင်ရသော အစ်ကိုကိုယ်တိုင်ရေးသားကာ၊ကျမ၏မေးထဲသို့ပေးပို့လာသည့်ဆောင်းပါးလေးအားစာဖတ်သူတို့ဗဟုသုတရရှိစေလိုသည့် စေတနာမှန်ဖြင့်ဖော်ပြအပ်ပါသည်။ သူတပါးကို ကောင်းမွန်ချမ်းသာစေလိုသော မေတ္တာစိတ် စေတနာ ကို အရင်းခံ၍ မိမိပိုင်ဆိုင်သည့် ပစ္စည်းဝတ္ထုကို ပေးကမ်းစွန့်လှူ ခြင်းကို ဒါနဟုခေါ်ပါသည်။ ဒါနသည် လောဘ၊ မစ္ဆရိယတရား ဆိုးတို့ကို တော်လှန်နိုင်ခြင်း၏ အောင်ပွဲဖြစ်သည်။ ဒါနသည် ဘဝ ခရီးလမ်းကြောင်း သံသရာရိက္ခာအတွက် စုဆောင်း ပျိုးထောင် သည့် စရိတ်လည်းဖြစ်ပါသည်။ ကောင်းသောအကြောင်းကံသည် အခါအခွင့်သင့်ချိန်မှာ ကောင်းသောအကျိုးဆက်ကိုသာ ပေးမြဲ ဖြစ်ပါသည်။ ယခုချမ်းသာပြည့်စုံနေကြသူများသည် ယခင်က ပြုလုပ်ခဲ့ကြသော ဒါနကုသိုလ်ကံများ၏ အကျိုးဆက်ကို ခံစား နေကြသူများ ဖြစ်ကြသည်။ ဘုရားအလောင်း တော် စသော သူတော်ကောင်းများသည် ဒါနပါရမီကို အရင်းခံ၍ အခြားပါရမီ တို့ကိုလည်း ဖြည့်ကျင့်မြဲ ဖြစ်သည်။ လှူဒါန်းရာတွင် သူတစ်ပါး (သို့) အများ […]


aye.kkJanuary 11, 20121min39012
ကျမငယ်စဉ်တောင်ကျေးဘဝကတည်းကပင်၊အရင်းနှီးဆုံးဆွေမျိုးရင်းချာပမာနေလာခဲ့သော ဘဘကြီးကိုယ်တိုင်ရေးသားခဲ့သောအကြောင်းအရာလေးအားစာဖတ်သူတိုု့ ဗဟုသုတအဖြစ် ရရှိနိုင်စေရန် မူရင်းအတိုင်း ပြန်လည်ရေးသားဖော်ပြအပ်ပါသည် ။ လူတစ်ဦးနှင့်တစ်ဦးသဘောထားခြင်းမတိုက်ဆိုင်ခြင်း၊အယူအဆလွဲခြင်း၊အထင်အမြင်မှားခြင်း၊ လမ်းချော်၍တွေးခြင်းစသည်များဖြစ်တတ်ကြသည်မှာမဆန်းပါ။ ၁။ လူတစ်ယောက်က မိမိရှေ့မှလူအား လက်ဝါးထောင်ပြလျှင် ပြသူကလက်ဖမိုးကိုသာ မြင်ပြီးကြည့်သူ ကလက်ဘဝါးကို မြင်ပါမည်၊ ရှုထောင့်တစ်မျိုးစီဖြစ်၍ အမြင်ခြင်းလည်းတစ်မျိုးစီဖြစ်နိုင်ပါသည် ။ ၂။ ဧည့်သည်များပြန်သောအခါ တာ့တာဟုဆိုပြီး လက်ဝါးထောင်ပြီး လှုပ်ရန်း၍နှုတ်ဆက်ကြသည်မှာ တိုင်းပြည်အများရှိ လူူတို့၏ကောင်းသောအပြုအမူဆိုတာ ကျွန်တော်တို့သိရှိကြသော်လည်း ၊ကျွန်တော်ဖတ်ဘူး တာက Greece ပြည်တွင်ထိုအပြုအမူ၏ အဓိပ္ပါယ်မှာ“go to hell”ဟုဆိုပါသည် ၊ သူတို့နှုတ်ဆက်တာကတော့ လက်ဘဝါးကို ကိုယ့်ဘက်ထားပြီး လက်ဖမိုးကို သူ့ ့ဘက်သို့်ထားပြီး လှုပ်ရန်းကြပါသည် ၊ လက်ဝါးလှဲ့မှုပြောင်းပြန်ဖြစ်ပါသည် ၊ ကိုယ့်အပြုအမူကြီးဘဲမှန်သည်ဟုဇွတ်ပြောလို့မရပါ ။ ၃။ မဟော်သဓာဇတ်တော်တွင် မဟော်သဓာက အမရာဒေဝီအား တွေ ့သောအခါ လက်သီးဆုတ်ပြ၍ […]


aye.kkJanuary 8, 20121min39715
ကျမဘဝတွင်အမြတ်နိုးဆုံးအရာကား အမှန်တရားဖြစ်၏ ။ အမှန်တရားကို မြတ်နိုးသဖြင့် အဖေက မောင်နှမအားလုံးထဲတွင် ကျမကိုလွန်စွာပင်အားထား၏ ။ ကျမ၏ဆုံးဖြတ်ချက်မှန်သမျှက အဖေကလက်ခံ၏၊ ။ အားကိုး၏ ။ ကျမကိုအဖေကယုံကြည်၏ ။ ကျမ၏မွေးလက်စန်းဇာတာအရတူရာသီလဂ်ရ၏ ၊ ဇာတာအရလည်းအမှန်တရားကိုမြတ်နိုး၏ ။ ကျမသည်အမှန်တရားကိုမြတ်နိုးသဖြင့် ၊ မဟုတ်လျှင်ဆတ်ဆတ်ထိမျှလက်မခံတတ် ၊ ထစ်ကနဲဆိုကျမနှင့်ထိတ်တိုက်တွေ ့ရစမြဲပင်။ ကျမ(၁၁)နှစ်သ္မီးအရွယ်က အမေကိုယ်တိုင် ။ ကမ္မဌာန်းကျောင်းပို့ကာ တရားအားထုတ်ခိုင်းရ၏ ။ သည်းခံခြင်းတရားကို အမေကျင့်သုံးခိုင်း၏ ။ အမေမသေခင် တစ်လအလိုလောက်က ကျမထံမှ သည်းခံပါ့မည်ဆိုသည့် “ဂတိ”စကားတစ်ခွန်းကိုသာ အမေကတောင်းခံ၏ ။ ကျမထံမှဂတိတစ်လုံးမပေးနိုင်သည့်အခါ အမေသေရမှာစိတ်မဖြောင့်ဟုပြော၏ ။အမေအသေဖြောင့်နိုင်ရန် သည်းခံပါ့မည်ဟု ကျမထံက ဂတိမရမခြင်း အမေကစောင့်၏ ။ နောက်ဆုံးတွင် ကျမမှ ။ မျက်ရည်ဖြိုင်ဖြိုင်ကျကာ ။ […]


aye.kkJanuary 7, 20121min3438
နွေရာသီကျောင်းပိတ်ရက် နေ့လည်ခင်းများတွင် ဘကြီးအိမ်မှာ ရှိသည်ကိုမြင်လျှင်ကျမသွားရောက် လည်ပတ်တတ်ပါသည် ၊ သွားသည့်အခါတိုင်းလည်း ဗဟုသုတအမြဲရ၍ ဖြစ်ပါသည် ။ ဘကြီးအိမ်မှာရှိနေလျှင် ကျမအားအစစအရာရာ သွန်သင်ဆုံးမပြတတ်သဖြင့် နာခံကာစိတ်ထဲမှာပျော်ရွှင်ပါသည် ။ ကျမအနေနှင့်ဗဟုသုတအဖြစ်ပြောပြချင်သောအကြောင်းအရာတစ်ခုရှိပါသည် ။ ကျမခင်မင်ရသောအမ(ထင်ထင်)နှင့်ပါတ်သက်၍ဖြစ်ပါသည် ၊ အမထင်ထင်မှာ ဘကြီးနေသောအိမ်နှင့် တစ်အိမ်ခြားကပ်ရက်တွင်နေထိုင်ပါသည် ။ အမ(ထင်ထင်)၏အမသည်စိတ်မနှံ့သူဖြစ်ပြီး ၊ အမ(ထင်ထင်)က စကားပြောလျှင်အထစ်ကာ မျက်လုံးစွေပါသည် ။အမ(ထင်ထင်)သည် ကျမတို့နှင့်အိမ်နီးချင်းများဖြစ်သည့်အပြင် ကစားဖော်အမလည်းဖြစ်ပါသည်၊ အမ(ထင်ထင်)ကိုတစ်လမ်းတည်းနေသူ အားလုံးတို့ကသံယောဇဉ်ရှိကြပြီး စကားပြောအထစ်နေခြင်းကို ကိုယ်ချင်းစာကာချစ်ခင်သနားကြပါသည် ။ တစ်ရက်တွင်အမ(ထင်ထင်)ကကျမအား သူစကားပြော အထစ်နေရခြင်းကိစ္စနှင့်ပါတ်သက်၍ရှင်းပြသည်မှာ ထမင်းစားတတ်ခါစ အရွယ်က မိဘများကဘဲဥနှင့် အမြဲတစေကျွေးလေ့ရှိခဲ့သဖြင့် ၊ စကားပြောတတ်ခါစ အရွယ်မှစတင်ကာ စကားပြောအထစ်ခဲ့ကြောင်း သူ၏အမေဖြစ်သူအား ရှေးလူကြီးသူမတို့က ကလေးထမင်းစားတတ်ခါစ အရွယ်၌ ဘဲဥနှင့်မကျွေးရန် မှာကြားကြကြောင်း ဘဲဥနှင့်ကျွေးပါက စကားပြောအထစ်တတ်ကြောင်း […]


aye.kkJanuary 4, 20121min32510
ကျမငယ်ငယ်က ကျောင်းပိတ်ရက် ညနေခင်းရောက်လျှင် ဘကြီးအိမ်ရှေ့ ဝရန်တာအုတ်ခုံလေးတွင် အမြဲထိုင်ပါသည် ၊ ညနေ(၅)နာရီလောက် ဈေးမှဆိုင်သိမ်းပြီး ပြန်လာလေ့ ရှိသောအမ(လီလီ)တစ်ယောက်က တစ်လမ်းတည်းနေကြသဖြင့် အမြဲလိုလိုတွေ့ ့မြင်နေပါသည် ၊ ထူးခြားသည်မှာ အမလီလီလမ်းလျှောက်နေပုံကား အများနှင့်မတူ တစ်မူထူးနေ၍ ဖြစ်ပါသည် ၊ တစ်ရက်လျှင်မနေနိုင်ရကာ ဘကြီးဖြစ်သူအား စူးစမ်းမေမြန်းမိပါသည် ။ ဘဘကြီးအား အမ(လီလီ)လမ်းလျှောက်လာသည်ကိုမြင်လျှင် ခေါ်၍ပြမိပါသည် ၊ အဲဒီအမကလမ်းလျှောက်လျှင်(ရှေ့ထွက်ဘယ်ချေ၊ညာလက်ကားကာ) ချေကားလက်ကားဖြင့် သွားသည် ဘာလို့အများနှင့်မတူရတာလဲဟု မေးသောခါ ၊ ဘဘကြီးက ဘဲလေးတွေလမ်းလျှောက်လျှင် မည်သို့ပုံစံနှင့်လျှောက်တာ မြင်မိသလဲဟုမေးပါသည် ကျမက ချေထောက်ကားပြီးသွားတတ်ကာ တောင်ပံလဲကားတတ်သည် ဟုအမြင်ကိုပြောပြမိပါသည် ၊ ထိုအခါတွင် ဘဘကြီးကရှင်းပြပါသည် ၊ ကျမ်းတခုတွင်ဖတ်သိဘူးကြောင်း လူမှာဤသို ့ဘဲသွားပုံနှင့်အလွန်တူပါက ထိုသူသည် အိုးအိမ်ပိုင်ဆိုင်ကာမနေရတတ်ကြောင်း ပြောပြပါသည် ကျမကတကယ်လားဟု ဘဘကြီးအား […]


aye.kkJanuary 1, 20121min36111
နှစ်ထောင့်ဆယ့်နှစ်.. အသစ်ဖွင့်လှစ်မဲ့စာမျက်နှာတွေ.. ဖြူစင်ကာလေစေတနာများနဲ့.. မုဒိထားကာလှမ်းလို့သာဝင်ခဲ့ပါဂေဇက်ရွာ.. အာဃာတတွေဖယ်ကာရှား..မေတ္တာတွေထားပါလို့.. မှားတာတွေရှိရင်လည်းအားလုံးက ခွင့်လွတ်နားလည်ပေးနိုင်အောင်.. ဝန်ချကာတောင်းပန်တတ်ရင်း.. သူကြီးပေးတဲ့နှစ်သစ်လက်ဆောင်ရွှေစောင်းနှစ်လက်ကမျက်နှာချင်းဆိုင်လျှက်ပေမို့… တွေးယူပါရွာသူားများ.. အပေးနဲ့အယူကြည်ဖြူကာမျှတထားလို့ သူကြီးကိုဝိုင်းရံကာကူညီရင်း.. တစ်ယောက်နဲ့တစ်ယောက်ကြိုက်မတူတာရှောင်ရှားလို့သိတာတွေဖလှယ်ရင်း.. သမုဒိချစ်စကြိုးရှည်ရှည်နဲ့ခိုင်ခိုင်မြဲမြဲတုပ်နှောင်ကာချည်ကာထားလို့.. တွဲလက်တွေမဖြုတ်စတမ်းပေါ့ လျှောက်လှမ်းကြစို့အတူတူ.. စာချစ်သူဆွေသဟာများရယ်.. ပေါင်းစည်းကာသာအောင်ကြောင်းဝေဖြာစွာနဲ့.. ဂေဇက်ရွာဝင်စာရနံ့တွေသင်းပျံ့မွှေးကြူကြိုင်လှိုင်စေဘို့.. တို့တွေအားလုံး.. သစ္စာပန်းခင်းစိုက်ရအောင်..။


aye.kkDecember 30, 20111min2423
တဏှာရင်းခံ ၊ ပစ္စုပန်၌ မာန်နှင့်အတ္တ ၊ ကြောင်းခံကြသည် ငါ့ကိုယ်ငါပင် ၊ အကောင်းမြင်၍် သူ ့လျှင်ပြစ်တင် ၊မကောင်းမြင်သည် ငါလျှင်သာက ၊ ပဓာနဟု မုချအသိ ၊ ရှိပေ၏တည့် ငါ၏ဥစ္စာ ၊ ငါ့ဟာပေတည်း ငါပြီးမှပြီး ၊ ငါတည်းသဘော ဟူသောအသိ၊ ဒိဌိကြိုးတုပ် မြုပ်လမ်းအာရုံ ၊ စွဲငြိထုံက ပါယ်ဘုံနစ်မြုပ် ၊ နှုတ်မရတည့် ငါ၏ဘဝ ၊ တောင့်တကုသိုလ် ထိုထိုပြုထား.. ရှေးကံများကြောင့် ၊ ရကားခန္ဓာ လောင်းကောင်သာတည့် ၊ ထမ်းကာအဟုတ် ဝန်တာထုပ်အား ၊ ဒုက္ခကြီးစွာ့ ခံရအမှန် ၊ ဤသံသရာ မျှောလမ်းမှာရပ်.. ဖြတ်ဖို့လျှင်က ၊ အပြောခန္ဓာ ငါ,သူဆိုကာ ၊ မတွယ်တာနှင့် […]


aye.kkDecember 28, 20111min40714
လူကြီးသူမ ပြောပြဆိုတာ အိမ်ယာထူစ အုန်းချထားကား သမီးသားထက် အားကိုးရဟု ဆိုသည့်စကား တန်ဘိုးထား၍ အုန်းများချကာ စိုက်ခဲ့သည်တည်း သမီးသားလျှင် မွေးဖွားစည်ပင် ကျောင်းလျှင်ထားက အုန်းများစသီး ရောင်းချငွေက စရိတ်ရခဲ့ စိုက်တဲ့အကျိုး တန်ဘိုးရှိမြင် နှစ်စဉ်မြဲပင် ဤတွင်ချိန်ကျ သမီးသားလျှင် အိမ်ယာမြင်၍ ရင်စုံခွာလျှက် ထွက်ကြပေတာ အုန်းမှာမူကား သီးထားမပျက် ရောင်းထွက်ငွေဖော် ရသော်ကာမျှ စားသောက်ရပြီ အိုသည်မင်းစာ ချန်ကာစုရင်း ရင်တွင်းမှာလည်း လိပ်ခဲတည်းလျှက် ဝမ်းနည်းဝမ်းသာ မျက်ရည်ဖြာစို့ ငါတို့စိုက်ထား အုန်းများသီးတည်း သမီးသားထက် အားလျှက်ကိုးမြင် ကျေးဇူးတင်သည် လွန်ပင်ဖိုးတန်ရွှေအုန်းတည်း..။


aye.kkDecember 25, 20111min77113
ကျမအားငယ်စဉ်က သူတော်ကောင်းမိတ်ဆွေ ဘဘကြီး၏ ။ သွန်သင်ဆုံးမ ပြောကြားမှတ်သားခဲ့မှုလေးအား လေစားကြည်ညိုရ သောအားဖြင့် ဂါဝရတရားထားကာ ။ ဗုဒ္ဓဘာသာဝင်အနေနှင့် ဗဟုသုတရစေချင်ပါ၍ စကားကုသိုလအဖြစ် ဆင့်ပွားနိုင်ပါစေရန် ဖော်ပြလိုက်ပါသည် ။ ဘုရားကိုမွှေးသောအနီရောင်နှင်းဆီပန်းတပွင့်ဖြင့်ကပ်လှူသောအခါ ၁။ နှင်းဆီ ပန်း ပွင့်ဖြင့်ကပ်လှူပါ၏ဘုရား (သုတ္တန်ဒါန – ၅ .ပန်း) ၂။ ပန်း၏ အနီရောင်အဆင်း ဖြင့်ကပ်လှူပါ၏ဘုရား (အဘိဓမ္မာဒါန – ၁.ရုုပဒါန) ၃။ ပန်း၏ မွှေးသော အနံ့ ဖြင့်ကပ်လှူပါ၏ဘုရား (အဘိဓမ္မာဒါန – ၃.ဂန္ဓဒါန) ၄။ ဤပန်း ၊ ၎င်း၏အရောင်အနံ့တို့သည် ၊ ခယဓမ္မာ-ကုန်တတ်သောသဘောရှိ၏ ၊ ဝယဓမ္မာ-ပျက်စီးတတ်သောသဘောရှိ၏ ။ ငါ၏ကိုယ်ခန္ဓာသည်လည်း ထိုနည်းတူစွာပင် ပျက်စီးတတ်သောသဘောရှိ ပါတကား (ဖြစ်ပျက်သိဆင်ခြင်ခြင်း)။ များသောလူတို့သည် […]


aye.kkDecember 24, 20111min3585
ဒေါက်တာဂျိမ်း(စ်)ဘီဆမ်းမနား(James B. Sumner) သည် secret of life enzymes“အသက်ရှည်အင်ဇိုင်းများ၏လျှို ့ဝှက်ချက်”အမည်ရှိစာအုပ်ကိုရေးသားပြုစုခဲ့သဖြင့် နိုဘဲလ်ဆုကို ၁၉၄၆ ခုနှစ်ကရရှိခဲ့လေသည် ၊ အောက်ပါအချက်များပါဝင်လေသည် ။ အင်အားကုန်ခမ်းနွမ်းနယ်သောစိတ်များပေါ်ပေါက်လာလျှင်အခြားကြောင့်မဟုတ် သင်၏အသက်တနှစ်ပြီးတနှစ်ကြီးလာစဉ်တွင် ကိုယ်ခန္ဓာအတွင်း၌ အင်ဇိုင်းများနည်းပါးလာခြင်းနှင့် အင်ဇိုင်းဓါတ်များအားပျော့လာခြင်း ပင်ဖြစ်လေသည် ၊ ကိုယ်ခန္ဓာတည်ဆောက်ရာတွင်အင်ဇိုင်းဓါတ်အားမပြည့်ဝသဖြင့်ဖြစ်ပေါ်လာသောညှိုးနွမ်းဆုတ်ယုတ်မှု များကို လူသားများတိရိစ္ဆာန်များနှင့် ပိုးမွားများ၏ကိုယ်ခန္ဓာအတွင်း၌ တွေ ့ရသည် ၊ အင်ဇိုင်းများသည် ကိုယ်ခန္ဓာကျမ်းမာရွှင်ပျနုပျိုလျှက် အသက်ရှည်ရေးတွင်အလွန်အရေးကြီးပေသည် ။ အစာစိမ်းကိုချက်ပြုတ်ကြော်လှော်ပြုပြင်ခဲ့လျှင် အင်ဇိုင်းဓါတ်များပျက်စီးသည်ဟု (stay young longer)”နုပျိုလျှက်အသက်ရှည်ပါ”စာအုပ်တွင် လင်ဒါကလပ်အမ်အေ ကရေးသားဖော်ပြထားသည်။ ထိုစာအုပ်၌အိုမင်းရင့်ရော်သော လူကြီးများအားစမ်းသပ်စစ်ဆေးကြည့်သောအခါတွင် အစာစိမ်းများမှသာရနိုင်သောအင်ဇိုင်းဓါတ်များလုံလုံလောက်လောက်မရရှိသဖြင့်မောပန်းနွမ်းနယ်နေသည်ကိုတွေ ့ရှိရသည် ။ ထိုလူကြီးများ၏ကိုယ်ခန္ဓာအတွင်း၌အင်ဇိုင်းဓတ်များသည်တနှစ်ပြီးတနှစ်နည်းပါးယုတ်လျှော့လာသည် ကိုလည်းတွေ ့ရှိရသည် ။ အင်ဇိုင်းဓါတ်များနည်းပါးလာသည်နှင့်အမျှအရေများတွန် ့၍အရေးအကြောင်းများ ပေါ်လာသည်၊ဆံပင်များကျဲလာသည် ၊ ကျွတ်လာသည် ၊ကြွက်သားများပျော့အိတွဲကျလာသည်။ […]


aye.kkDecember 22, 20111min3474
ငါငယ်ငယ်မှသည် ကျောင်းစာသင်ခဲ့စဉ်ဝယ်.. ပညာတော်လို့ နှစ်စဉ်တိုင်းမယ်.. ရွှေဒင်းဂါးဝိုင်း နှစ်တိုင်းဆုအဖြစ်ရခဲ့သည်.. ငါ့ရဲ ့တိုင်းပြေ စနစ်ဆိုးအောက်.. ကျရောက်စဉ်ဝယ် ထိုးဖောက်ထွက်ခွါ.. တိုင်းတစ်ပါးမှာ ချေချ.. ဒုက္ခဆိုတာ ကြီးကျယ်ရောက်ခဲ့တယ်.. ငါ၏ဘဝ ကူလီထမ်းရ.. နဖူးချေမ ချွေးကျပြီးလျှင် မိဘနှစ်ပါးရိုသေထားကာ.. မညီးညူဘဲရှာဖွေလုပ်ကျွေး ပြုစုခဲ့လေသည်.. ငါ၏ဘဝ ကူလီထမ်းမှလွတ်မြောက်ရဘို ့.. ငွေစတစ်ပဲ စုဘို့တွက်တာ.. ငါ၏စိတ်ကို ချိုးနှိမ်ပြီးကာထမင်းကိုသာ ဆားလေးပုံ၍.. ငရုတ်သီးတစ်တောင့်ကိုက်ပြီးစပ်က ရေနဲ့မျှောချစားခဲ့ရသည် နပ်ပေါင်းအလီလီ.. တစ်နေ ့တစ်လံပုဂံ ဘယ်မှမရွေ ့နိုင်တည့်.. မုချငွေစတစ်ပဲ လက်ထဲရောက်မှ ဈေးရောင်းစား၍ရပေမည်.. ငွေစတစ်ပဲ ရသောနေ့တွင် လျှင်လျှင်ဝမ်းသာ.. ဈေးဆိုင်ကိုသွား ပဲတီစိမ်းတောင်းလက်ညိုးထိုးပြ.. ပဲတီတစ်ပဲဘိုးခါးပိုက်တစ်ဖုံလုံချည်ပြင်ဝတ်ထဲ့ဆောင်ပြီးကာ.. ရပြီးသည့်လျှင်ဝယ်ပြီးပြန်ခဲ့မှိုရသကဲ့သို့ ပျော်ရွှင်မိခဲ့သည်တဲ့လေ.. ပဲတီပင်ပေါက် လုပ်ရောင်းရဘို့ကား.. ရင်းနှီးပစ္စည်းစိုက်ဖို့မလို ဖွဲနှင့်ရေက အလကားရသည်.. အပင်ဖောက်ဘို ့တစ်နေ့ကိုလျှင် […]