ba gyiOctober 31, 20111min111
(ဒုတိယပိုင်း)–။ ထိုမြေအောက်ခန်းသည်ကားအလွန်အသံလုံပေစွ၊သူတို့ပြောသောစကားသံက ဟိန်းထွက်နေ၏၊ အနံ့တစ်ခုရပါ၏၊ အောက်သိုးသိုးအင်္ဂတေနံ့နှင့်ရောစွက်နေသည့်အစိုပြန်သောအနံ့၊ ထိုနေ့က ကျွန်တော် စွပ်ကျယ်အကျင်္ ီလက်ပြတ်၊ ချည်သားရှပ်အကျင်္ ီကလေးနှင့် အပေါ်ဆုးံမှစစ်ရောင်အရပ်ဝတ် ဂျာကင် တစ်ပတ်နွမ်းကလေးဝတ်ထားပါသည်၊ ဗိုလ်ရူးရူးပြီး၊(ဒီအက်စ်အေဖြေတုန်%


ba gyiOctober 31, 20111min2178
အပိုင်း(တစ်) ယုံကြည်ချက်ကြောင့်ပြန်လွတ်လာသူများထဲမှပုဂ္ဂိုလ်တစ်ဦးနှင့်တွေ့ရာမှသူ့အကြောင်းနှင့်မိမိ၏အတိတ်ပုံရိပ်တို့ကိုသတိယမိရင်းရေးဖြစ်ပါသည်။ သူသည်သေဒါဏ် ကျခံခဲ့ရ သူ ဖြစ်ခဲ့ပြီး၊(22)နှစ်အကြာတွင်၊ ကံအကြောင်းတရားက မျက်နှာသာပေး ခံရ သဖြင့်၊ပြန်လွတ်မြောက်လာခဲ့ပြီ။သူလွတ်လာတော့ သူ့အမေကား လူ့လောက တွင်မရှိရှာ တော့ပြီ၊ သူနှင့်ကျွန်တော်သည် အထက်တန်းကျောင်း မှာ ကတည်းက သိကျွမ်းခဲ့သောသူ ငယ်ချင်း များဖြစ်ကာ၊ ထိုအချိန်ကပင်လူမှုလုပ်ငန်းများကိုဆောင်ရွက်ရန်ဝါသနာထုံခဲ့ကြသည်။ သူကကြက်ခြေနီ၊ ကျွန်တော်ကအရံမီးသတ်၊ ထို လုပ်ငန်းများကိုသူရောကျွန်တော်ရောဆောင်ရွက်ခဲ့ကြခြင်းမှာ ပေါ်ပြူလာဖြစ် လိုသောကြောင့်မဟုတ်သလို၊ အခွင့်အရေးရလို မှုကြာင့်လည်းမဟုတ်၊ တစ်နေရာမှာ မီးလောင်ပြီဆိုလျှင်- ထိုမီးလောင်ပြင်မှာသူနှင့်ကျွန် တော်လက်ချင်း တွဲပြီး၊ဒုက္ခသည် တွေ ကိုကူညီနေကျ။ ထိုစဉ်ကတည်းကပင် ထိုဝါ သနာကြောင့်လောမသီ မဆလခေတ်၏ ပြည်သူ့လူမှုဘဝကိုလက် တွေ့ကျကျစတင်သိခဲ့ ကြသည်။ ( 1987) ငွေစက္ကူအရေးအခင်းမှသည်-(1988) အစပိုင်းထိ ပြည်သူ့ဘဝအကျပ်တည်းများအတွက်တိုက်ပွဲဝင်ရဲဘော်တွေဖြစ်ခဲ့သည်၊နောက်ပိုင်း၊ပါဝင်ရာအဖွဲ့မတူ၊ ဆောင် ရွက်မှုလုပ်ငန်းပုံစံမတူကြတော့၊ ထိုအချိန်မှစပြီးသူနှင့်ကျွန်တော်လူချင်းကွဲကွာသွားခဲ့ပြိ၊ပန်းတိုင်နှင့်ရည်ရွယ်ချက်ကတော့အတူတူပင်၊ တစ်နေ့ (1989)နှစ်အစပိုင်း ကာလ […]


ba gyiOctober 29, 20111min26410
ဦးကုလားကြီးအသက်ငင်နေတာတော်တော်ကြာပြီ၊ ခုဆိုတစ်လလောက်ရှိရောပေါ့၊ အသက်ကလည်း(70)ကျော်(80)နီးပါး၊ခံစားနေရတဲ့ရောဂါကအဆုပ်ကင်ဆာ နောက်ဆုံး အခြေနေမို့ဆေးရုံကလက်မခံတော့၊အိမ်ပြန်ခေါ်လာခဲ့ရသည်တဲ့၊ ဖုတ်ဝင်နေသလေားလို့အိမ်သားတွေ သံသယဝင်ပြီ၊ သူ့အိပ်ယာခင်းအောက်ကို သူ့ဖိနပ်ပြောင်းပြန်ထည့်သည်– အသက် ကမထွက်၊ သူအိပ်ယာ ဖျာအောက် ကို ဩဇာရွက်ထည့်ကြသည်—- ထိုအသက်ကမဖြုံ၊အိမ်သားတွေ လူနာပြုရစုလို့အိပ်ရေးမပျက် ဖုတ်ဝင်သလားလို့ ထထ ချောင်း ရလို့ပျက်ရပြီ၊ သူ့ခဗျာလည်းမနဲခံစားနေရပြီ။ သူ့သားကြီးဆို လက်ရှိ ရပ်ကွက်ထဲမှာမှာပူပူနွေးနွေးကြံ့ဖွတ်ချုပ်ရေးမှုး၊ ဦးကုလားအတွက်၊ တစ်နေ့တစ်နေ့ကြံ့ဖွတ်အဖွဲ့သားတွေလာလာမေးကြသည်၊ အဖိုးဘယ်လိုလဲ– အဖိုး ဘယ်လိုလည်းပေါ့၊ သူသေလျှင် နာရေးကိစ္စပူစရာမလို ၊ဆရာဝန်မှ တစ်ပတ်သာလိုတော့သည်ဆိုကတည်းကပြင်ဆင်ပြီးသား၊ ဒါပေမည့် အခု(1)လတောင်ရှိရော့မည်၊ သူ့ သား ကြီးခေါင်းစားရပြီ၊ သူ့အဖေတော်တော်ခံစားနေရသည်ကိုး။ အကြောင်းတော့ရှာရတော့မယ်၊ တစ်ခုရှိတာက သူ့အဖေဦးကုလားကြီးသည် သူသေလျှင်မီးရှို့မှာအလွန်တွေးကြောက်သည်၊ဒါလည်းသူတို့ကိုကာယကံရှင် ဦးကုလား ကြီးမှ ပွင့်ပွင့်လင်းလင်းပြောပြီးသား၊မြေမြှုုပ်သငြ်္ဂိုလ်ရန်လည်းမှာပြီးသား၊သူ့ကိုယ်သူ အဲလောက်ထိပြင်ဆင်ထားသော ဦးကုလာကြီး၊ဘာကြောင့်အသက်မထွက်သေးတာပါလိပ်။ သည်နေ့သူ့မွေးနေ့ထပ်ရောက်ပြန်ပြီ၊ စောင့်ကြည့်ရမည်၊ ည (12)နာရီသာကျော်သွားပြီ၊ ဦးကုလားကြီးကသည်အတိုင်း။ သည်တော့ […]


ba gyiOctober 25, 20111min1734
ပုံပြင်ဟုဆိုရသော်လည်း၊ လွန်ခဲ့သော(3)နှစ်ကကိုယ်တွေ့တစ်ခုဖြစ်ပါသည်၊ နှစ်ကြာပြီမို့ ကျွန်တော့်မြင်ကွင်းမှာဝိုးတဝါး (သို့သော်) ပျောက် ပျက်မ သွားပဲစွဲထင်နေ သည် ကတော့ ယနေ့တိုင်ပင်- ထိုနေ့ကကျွန်တော်တို့အလုပ်ဌာနမှမိသားစုအားလုံးအလှုဒါနတစ်ခုပြုကြသည်နေ့ဖြစ်သည်၊ ဒါနပြုသောနေရာဌာနမှာ ထူးထူးခြားခြားစိတ် ရောဂါ ကုရာဌာန(စိတ်ကျန်းမာရေးဆေးရုံတွင်ဖြစ်သည်) ၊ဆေးရုံသို့ရောက်ကြတော့၊တာဝန်ရှီသူများမှခရီးဦးပြုကြပြီးဧည့်ခန်းတွင် ခေတ္တစောင့်ကြရင်း၊အ လှု ရှင်၊ လှုဒါန်း ရာ ပစ္စည်း အကြောင်းအရာများမှတ်တမ်းသွင်းကာ၊ တာဝန်ခံအဆောင်ကိုင်ဆရာမများမှ စိတ်ရောဂါဝေဒနာရှင်များနေထိုင် ရာအဆောင်များကို တစ်ခုချင်း လိုက်ပြ ကြ သည်၊ ပင်မ ဆေးရုံကြီးမှ လူနာဆောင်ဘက်ကူးသော စင်္ကြန်လမ်း လေးအရောက်တွင်သပ်သပ်ရပ်ရပ် လူတစ်ယောက် ကျွန်တော့်ထံဦးတည်လာပြီး ဟန်းဖုံး ခဏဆက်လို ကြောင်းအ ကူညီပေးရန်ပြောလာရာ- ဘယ်ဆက်မှာလည်းမေးတော့ အမေရီးကားရောက်သူ့သူငယ်ချင်းထံ ဆက်မည့်အ ကြောင်းပြန်ဖြေ နေတုန်း နောက် ခပ်လှမ်းလှမ်းမှ ဆရာမတစ် ယောက် ပြေးလာပြီး ဟဲ့ဂျော်နီ ဧည့်သည်တွေကို မနှောက်ယှက်ရဘူးဆိုပြောရင်း၊ […]


ba gyiOctober 21, 20111min2338
အသုပ် နှင့် ကျွန်တော် (1) မနေ့ကအလုပ်ကိစ္စနှင့် ဌာနခွဲတစ်ခုသို့အသွားထမင်းစားချိန်တော်တော်လွန်မှထိုနေရာကိုရောက်တော့၊ထိုဌာနမှ တာဝန်ခံဂျာကလေးကဧည့်ဝတ်ပြုကာဘာစားမလည်း မေးလာသဖြင့်၊ ထ္မင်းလည်းမစားချင်တော့သည်ဖြစ်ရကား၊ မင်းလမ်း(ဂွတ္တလိတ်)မှ ရခိုင်မုန့်ဖတ်သုပ်ကိုမျက်စိထဲပြေးမြင်ကာမှန့်ဖတ်သုတ်မှာ လိုက်ပါ၏၊ ၊ ကျွန်ုပ် ၏ရှေ့မှောက်သို့ရောက်လာသော မုန့်ဖတ်သုပ်ပွဲနှင့် မုန့်ဟင်းခါးဟင်းရည်တစ်ပွဲကိုကြည့်ကာ၊( ကိုယ်စားချင်သောဆိုင်ကိုမပြောလိုက်မိလေခြင်း)ဟုထိုအခါမှ သတိယမိသည်၊ ကဲ ရှိစေတော့ ငတ်ကြီးကျပြီးစားချင်ဇောကမေ့ရော့စေပြီတည်းဟုစိတ်ထဲမြီုသိပ်ကာ လွှေး လိုက်ပါတော့သည်၊ အောက်မလေးဟု စိတ်ထဲမှပဲ တမိသည်၊ အောက်သိုးသိုးအနံ့နှင့်ရောပြီး ရယ် ဒီမိတ်ငြုပ်အချဉ်စူးစူးအနံ့ကအာခေါင်ထဲဝင်မွှေတော့သည်၊ဝါးမိသောမုန့်ဖတ်မှဂျလိဂျလိမြည်သံထွက်လာတော့ သဲတွေကပါနေသေးသည်၊ ကျန်ုပ် ၏မျက်နှာအမူအရာကိုကြည့်နေသော ဂျာကလေး မှ ပျာပျာသလဲနှင့် ထလာပြီးသွားဝယ်သူ ကလေးကို ဆူတော့မည်အလုပ် ၊ကျုပ်ကလက်ကာပြပြီး(နေနေမဆူပါ နှင့် ) ဟုတားကာ၊ ရေတစ်ခွက်ယူလာစေပြီး ခပ်မြန်မြန် ပါးစပ်ထဲရှိတာထွေးထုတ်၊ အာလုပ်ကျင်းလိုက်ရသတည်း။ အသုတ်အလွန်ကျိုက်သော ကျွန်ုပ၊် သည်တစ်ကြိမ်တည်းခံရသည်မဟုတ်၊ တစ်ခါတုန်းကလည်း မြိုထဲမှာ Printing ကိစ္စ နှင့် […]


ba gyiOctober 10, 20111min2023
ပြီးခဲ့တဲ့ (7/8/9) လပိုင်းတွေကအပျော်လေးတွေ ကြားရ၊ မြင်ရတာနဲ့ကို သူတို့နဲ့လိုက်ပျော်မိပါတယ်၊ ခုတော့ နဲနဲ အသားကျသွားသလိုပါပဲ၊ လမ်းမှာ ဘိုးဘိုး၊ ဖွားဖွားတွေ အချင်း ချင်း တွေ့ပြီ ဆိုရင် မိရိုးဖလာ နှုတ်ဆက်ကြမေးကြပေါ့ ———၊ ဦး—– ၊ ဒေါ်—— နေကောင်းရဲ့လား၊စခန်းဝင်ဖြစ်သေးလား ( တရားစခန်းပျောတာ ) ခုတော့ နှုတ်ဆက်ပုံပြောင်းသွားတယ် —- — ဦး (အ ဝှာ ကြီး )—နေကောင်းရဲ့လား—-ခု—တော့်- ပင်စင်ဘယ်လောက်တိုးသွားလည်း? အားလုံးဘယ်လောက်ရလည်း ?.ဝမ်းသာပါ့ တော် —– ကိုယ့်ဟာလေးနဲ့ကိုယ် ဆေးဘိုလေးခုသာခံသာပေါ့ ၊ ကဲ ကြားရ နားဝ ဘယ့်ဂလောက် စိတ်ချမ်းသာစရာလည်း လို့–။ ဒါတောင် ကျုပ်တို့ သမ္မတ ကြီးက အကင်းလေးပဲ( တို့) […]


ba gyiOctober 4, 20111min31318
ယ္ခင်အပတ်က ကျွန်တော့ post လေးကိုဝိုင်းပြီး comment ပေးကြတဲ့ရွာသားများနှင့်တစ်ကွ၊ အားလုးံသောရွာသားအပေါင်းနှင့် Mandalay Gazette ရဲ့ ပရိတ်သတ်ကြီး အား လုံးကိုကျေးဇူးအထူးတင်ပါသည်၊အဲသည် post မှာ comment ပေးခဲ့တဲ့ kai ရဲ့ဆွေးနွေး ချက်မှာပါတဲ့ အချက်တွေပေါ်မူတည်ပြီး( မြစ်ဆုံကိစ္စ နှင့်ပါတ်သက်ပြီးသူကြီး သို့တင် ်ပြခြင်း)ဆိုတဲ့နောက် post မှာပိုပြီး ကျယ်ကျယ်ပြန့်ပြန့်ထပ်ဆွေးနွေးတာ ဖတ်ရလို့အားလုံးကိုကျေးဇူးတင်သလို ဒီကိစ္စတွေရဲ့အဓီကလိုအပ်ချက်တွေအပေါ် ပြောင်းလဲ နိုင်မည့် အ ပြောင်း အလဲ(အစ)လို့ပြောရမလား အဲသည်သတင်းလေး ကိုကျွန်တော်ယ္ခုတင်လိုက်ပြန်ပါပြီ၊ ဖတ် ပြီးရွာသားအပေါင်းဆွေးနွေးပေးကြပါအုန်းခင်ဗျား————၊ သည်သတင်းကို(20010) နှစ်ကုန်ပိုင်းလောက်ကစခဲ့တာပါ၊ ရန်ကုန် မြို့မကျောင်းမှ ဆရာမ တစ်ဦး၏ ပါးစပ်သတင်းပါ ရန်ကုန် မှာရှိတဲ့ကျောင်ကြီး (10)ကျောင်း စရွေး ထုတ်ပြီးစင်္ကာပူနဲ့အာရှမှာ တိုးတက်နေတဲ့ အထက်တန်းကျောင်းတွေ မှာသင်တဲ့ သင်ရိုးညွှန်းတမ်း […]


ba gyiOctober 1, 20111min1696
မနေ့က တို့ပြည်သူတွေ ဧရာဝတီအရေးသမ္မတကြီးရဲ့မေတ္တာတေးကြားရပြီး ပျော်လိုက်ကြ ရေးလိုက်ကြနဲ့၊ ဟော—- သည်ကနေ့လည်းကျရော ၊ မီးပျက်တာ မှ ဟိုးအရင် အဆိုးဆုံးအခြေအနေတုန်းကလို- ရုတ်ချည်းပြန်ဖြစ်သွားတာ— ဘာ့ကြောင့်လည်း၊ ကိုယ့်သမ္မတကြီးကိုတော့ ကိုယ်ယုံပါတယ်——- ဒါပေမည့် ? zzzzzzzzzzz ရွာသားတွေ တွေးကြပါတော့ ကွယ် ။ စကားကြပ် ။ ။ တို့ဝန်ကြီး မောင်ဇော်မင်း ကလေးကလည်းလျှပ်စစ်တွေ ပိုလျှံနေတယ် ပြောထားလျှက် ကနဲ့-( တိန် )၊ အပြစ်ပြောတာမဟုတ်ပါဘူး- အဖြစ်ပြောတာပါကွယ်။