စိတ်ကျန်းမာရေးဆေးရုံသို့အလှု တစ်ခေါက်နှင့် ပုထုဇ္ဇနော ဥမ္မတ္တကော–။
ပုံပြင်ဟုဆိုရသော်လည်း၊ လွန်ခဲ့သော(3)နှစ်ကကိုယ်တွေ့တစ်ခုဖြစ်ပါသည်၊ နှစ်ကြာပြီမို့ ကျွန်တော့်မြင်ကွင်းမှာဝိုးတဝါး (သို့သော်) ပျောက် ပျက်မ သွားပဲစွဲထင်နေ သည် ကတော့ ယနေ့တိုင်ပင်- ထိုနေ့ကကျွန်တော်တို့အလုပ်ဌာနမှမိသားစုအားလုံးအလှုဒါနတစ်ခုပြုကြသည်နေ့ဖြစ်သည်၊ ဒါနပြုသောနေရာဌာနမှာ ထူးထူးခြားခြားစိတ် ရောဂါ ကုရာဌာန(စိတ်ကျန်းမာရေးဆေးရုံတွင်ဖြစ်သည်) ၊ဆေးရုံသို့ရောက်ကြတော့၊တာဝန်ရှီသူများမှခရီးဦးပြုကြပြီးဧည့်ခန်းတွင် ခေတ္တစောင့်ကြရင်း၊အ လှု ရှင်၊ လှုဒါန်း ရာ ပစ္စည်း အကြောင်းအရာများမှတ်တမ်းသွင်းကာ၊ တာဝန်ခံအဆောင်ကိုင်ဆရာမများမှ စိတ်ရောဂါဝေဒနာရှင်များနေထိုင် ရာအဆောင်များကို တစ်ခုချင်း လိုက်ပြ ကြ သည်၊ ပင်မ ဆေးရုံကြီးမှ လူနာဆောင်ဘက်ကူးသော စင်္ကြန်လမ်း လေးအရောက်တွင်သပ်သပ်ရပ်ရပ် လူတစ်ယောက် ကျွန်တော့်ထံဦးတည်လာပြီး ဟန်းဖုံး ခဏဆက်လို ကြောင်းအ ကူညီပေးရန်ပြောလာရာ- ဘယ်ဆက်မှာလည်းမေးတော့ အမေရီးကားရောက်သူ့သူငယ်ချင်းထံ ဆက်မည့်အ ကြောင်းပြန်ဖြေ နေတုန်း နောက် ခပ်လှမ်းလှမ်းမှ ဆရာမတစ် ယောက် ပြေးလာပြီး ဟဲ့ဂျော်နီ ဧည့်သည်တွေကို မနှောက်ယှက်ရဘူးဆိုပြောရင်း၊ ပြန်ခေါ်သွားတော့မှ စိတ်ဝေဒနာရှင်မှန်း သိရ တော့ သည်။ သူကား အမေ ရီးကားပြန်လော၊ အမေရီးကားသွားသည့်အသိုင်းအဝိုင်းကလော၊ သူ့ပုံပြင်၊သူ့နောက်ကြောင်းတော့ရှိလိမ်မည်၊
ယောက်ကျားလေးအဆောင်တစ်ခုကိုရောက်ပြီ၊ ပြစ်မှုသ္မားများဆောင်ဟုသိရသည်၊ သက်ဆိုင်ရာအဆောင်တာဝန်ခံများအထူးကြပ်မတ်နေသောအဆောင်ဖြစ်သည်၊ ရှေးဦးစွာ
ခရင်မင်နယ်(ရာဇဝတ်မှုခင်း)ကျခံနေသူစိတ်ဝေဒနာရှင်များတွေ့ရသည်။ တစ်ချို့ဖာသိဘာသာထိုင်နေကြသလို၊ တစ်ချို့ကတော့ ဧည်သည်လူစိမ်းတွေရှိရာအနားတိုးရင်း ပါးစပ်မှ
တစ်စုံတစ်ရာရေရွတ်ရင်းလာကြသည်၊စူးစမ်းကြသည်၊ သူတို့နှင့် ကျွန်တော်တို့အကြားသံတိုင်များခြားနေသည်၊ ထိုထဲမှ တစ်ယောက်က အဆောင်တာဝန်ခံကို သူ့အနားတိုး ရန် လက်ဖြင့်ခေါ်ပြီး အနားရောက်သောအခါ၊ ဆရာ ကျွန်တော့်နားထဲ မှာ (သတ်ပြစ်– သတ်ပြစ်လို့ )လာလာပြောနေပြန်ပြီ –လာပြောနေပြန်ပြီ ဟု တစ်တွတ်တွတ် ပြောပြီး ဆောက်တည်မရဖြစ်နေရာ၊ ချက်ချင်းဆိုသလို၊ အဆောင်တာဝန်ခံမှ သီးသန့်အခန်းလွတ်ထဲသို့ပြောင်းထည့်ထားပြီး၊ သူနာပြုတစ်ဦးအား ဆရာဝန်ထံ သတင်း ပို့ ဘို့စေလွှတ် လိုက်ပါသည်၊ ထိုသူမှာစိတ်ဖေါက်ပြီးလူသတ်မှုကျူးလွန်ခဲ့သူဟုသိရသည်။အရက်ကြောင်ခဲ့သူပါတဲ့ ဒါသူ့ပုံပြင်- သူ့အကြောင်း။
ထိုအဆောင်နှင့်ဆက်လျှက်အဆောင်သို့ရောက်သည်၊ နိုင်ငံရေးဖြင့်ထောင်ကျနေရာမှ စိတ်ဖေါက်သွားသူများဟုသိရသည်၊ သီးသန့်တစ်ယောက်ချင်းထားသည်၊ ထိုအ ဆောင် ရှေ့အရောက်- သံတိုင်ကြားထဲမှ တစ်ယောက်ကလှမ်းမေးသည်၊ ဦးသန်းရွှေ ကျန်းကျန်းမာမာပဲလား တဲ့—- တွေ့ချင်လို့ပြောပေးပါ ဟု ပါလိုက်သေးသည်။နောက်တစ်
ယောက်ကတော့မှုန်တေတေ စူးစမ်းသလိုကြည့်ပြီး၊ လက်ထဲမှ ဂျာနယ်တစ်ဆောင်ကိုင်မြှောက်လျှက် နာဂစ် အတွက်စိတ်မကောင်းကြောင်း၊ အမေရိကန်/ပြင်သစ်အကူအညီမယူ
ပဲငြင်းလိုက်သည်ကို ဒုက္ခသည်တွေအစားစိတ်မကောင်းကြောင်းပြောရင်း၊ ကျွန်တော်တို့အုပ်စုထဲမှ ဝဝဖိုင့်ဖိုင့် ဥပတိရုပ်ကောင်းသောသူကိုရှေ့ခဏလောက်ကြွရန်ဖိတ်ခေါ်ပြီး–
ခြေဆုံးခေါင်းဆုံးကြည့်ကာ—သည်မှာ အစ်ကိုကြီး စိတ်ဆိုးတတ်လား–ဟုမေးရာ မေးခံရသူမှ မဆိုးတတ်ပါ ဟုဖြေလိုက်သည် နှင့် — အစ်ကိုကြီးက သချင်္ိုင်းကုန်းကြီးပဲ ဟု
နှက်လိုက်ပါသတည်း၊ ပြောခံရသူရော/အားလုံး (ဝါး)ကနဲရယ်လိုက်မိသည်၊ သူက ဆက်ပြောသေးသည် — ကျုပ်ပြောတာလက်မခံလို့ရယ်တာလား— ခင်ဗျားနေ့စဉ်စားတဲ့
ကြက်သေ၊ဝက်သေ၊ငါးသေတွေ ဘယ်အပေါက်ကသွင်းသလည်း– ခင်ဗျားပါးစပ်ပေါက်ကသွင်းတယ်မဟုတ်လား— ပြီးတော့ ခင်ဗျားဗိုက်ထဲရောက်တယ်လေ — ကဲအဲဒါ ခင်ဗျားကိုယ် က သချင်္ူိင်း မဟုတ်လို့ ဘာလည်း ဆိုကာ ချာလည်လှည့်ပြီး ကပြပါလေတော့သတည်း၊ ထိုသို့အတွေးခေါ်ရှိသူ တစ်ယောက် ထိုနေရာသို့ဘာ့ကြောင့်ရောက်နေရပြီ
မသိ၊ သူ့ပုံပြင်၊သူ့နောက်ကြောင်းကတော့ နိုင်ငံရေးသ္မားပါတဲ့။
အချို့အဆောင်များတွင်ဆရာဝန်၊အင်ဂျင်နီယာ၊ သီချင်းရေးဆရာအစုံတွေ့ရသည်၊ အင်္ဂလိပ်လိုကောင်းကောင်းပြောတတ်သူပင်တွေ့ရသည်၊သူ့နောက်ကြောင်း၊သူ့ ပုံပြင် တွေနှင့်ပင်၊သည်အဆောင်ကတော့ မိန်းကလေးများသီးသန့်ဆောင်ပါတဲ့ —- ၊ ငယ်ငယ်ရွယ်ရွယ်တွေ၊ လူလတ်ပိုင်း မှသည် သက်ကြီးရွယ်အိုအထိ ၊ အချို့လှည်းနေကြသည်၊
အချို့ထိုင်လို့၊ အချို့ကတော့ သူတို့အတွေ့အကြုံအရ ကြွေးမွေးလူဒါန်းသူများဟုသိသဖြင့် သံတိုင်တွေကြားမှ ဝိုင်းကြည့်ကာ နှုတ်ဆက်ကြသည်၊ထိုမိန်းကလေးအဆောင်၏၊
ဆရာဝန်ခန်းတွင် ထူးထူးခြားခြား စစ်တပ်မှ ဗိုလ်ကြီးယူနီဖေါင်းနှင့်၊ ကောင်းမလေးတစ်ယောက်ကို ချိုင့်ထဲမှ ထ္မင်းခွန့်ကျွေးနေသည်၊ အဲဒါ သူ့မိန်းမဟု သိရသည်၊ ဪ –သူတို့လည်းရောက်တတ်တဲ့နေရာပါလား ဟု တွေးမိသည်။ ထ္မင်းကျွေးချိန်ရောက်ပြီ၊ အလှုရှင်များအနေနှင့်ကိုယ်လှုထားသောထ္မင်း/ဟင်းတို့ကို မိမိမျက်မြင်ကျွေးမွေး နေတာ ကြည့် နိုင်ရန်ထ္မင်းစားဆောင်များအလိုက်လှည့်လည်ပြသသည်၊ ထ္မင်းစားဆောင်တစ်ဆောင်ရောက်ပြီဆိုလျှင်- ထိုအဆောင်မှ စိတ်ရောဂါသည်များသုံးယောက်တစ်တွဲတန်းစီ လျှက်ငုတ်တုတ်ထိုင်ကာစောင့်ကြိုနေကြသည်၊ အလှုရှင်များလာတော့မှ ထ္မင်းစားပွဲအသီးသီးသို့နေရာယူကြပြီး၊တစ်ဦးမှ မတ်တပ်ရပ်ကာ တိုင်ပေးသည်ကိုကျန်ဝေဒ နာရှင်များက ညီညာ စွာ လိုက်ဆိုကြသော ဆုတောင်းလေးကိုကြားရသည်မှာ အလှုရှင်များ၏ရင်သို့ရိုက်ခတ်စေခဲ့သည်၊ ဆုတောင်းပေးနေစဉ်တွင် အားလုံးထ္မင်းစားပွဲကိုအာရုံပြုမျက်လုံးလေး တွေ မှိတ်ပြီး ယနေ့အလှုရှင်များ လှုဒါန်းရသည့်အကျိုးကြောင့် ကျန်းမာကြပါစေ၊ ချမ်းသာကြပါစေ၊ ဘေးရန်ခပ်သိမ်းကင်းကြပါစေ၊ နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေတဲ့ —–၊
မိန်းကလေးအဆောင်တစ်ဆောင်ရှေ့ရောက်တော့ ထုံးစံအတိုင်း သုံးယောက်တွဲ ငုတ်တုတ်ကလေးတွေစောင့်နေကြပြီ၊ အလှုရှင်တွေရောက်တော့ ဆိုင်ရာအဆောင် တာ ဝန်ခံများ မှ အလှုရှင်မျာအကြောင်းမိတ်ဆက်ပေးပြီး၊ ဝေဒနာရှင်များထဲမှ အသက်(40) ခန့်ရှိသော ဝေဒနာရှင်အမျိုးသ္မီး ကိုခေါ်ထုတ်ကာ ၊ သီချင်းဆို ဖျော်ဖြေစေ သည်၊
နာမည်က ထက်ထက် ပါတဲ့၊ သူသီဆိုသောသီချင်းကား— ချမ်းမြေ့ ချမ်းမြေ့ပါစေ– ချမ်းမြေ့ပါစေ—- ဖေဖေလည်းချမ်းမြေ့ပါစေ— မေမေလည်း ချမ်းမြေ့ပါစေ–အား
လုံးပဲချမ်းမြေ့ပါစေ တဲ့ — ဒါ ဧည့်သည်လာတိုင်းသူဆိုနေကျ ၊ သူပုံပြင်၊ သူ့နောက်ကြောင်းမှာ အဖေ/အမေ မဲ့ခဲ့ပြီး၊ တစ်ကောင်ကြွက် ဘဝ နှင့် စိတ်ရောဂါရခဲ့ရှာပြီ၊ အစရှာ
မရတော့သော မိခင်/ဖခင်တို့ကိုမေတ္တာပို့ရင်း အားလုံးချမ်းမြေ့ပါစေဟု ဆိုနေသော သူ့ ခဗျာ၊ မိဘမေတ္တာငတ်ရင်း စိတ်ဝေဒနာ ခံစားနေရရှာသည်၊
ထိုဆေးရုံကြီးတွင် နှစ်စဉ် လူနာပေါင်း (200)ကျော်လောက်အမြဲရှိနေတတ်သည်ဟုသိရသည်၊ လူနာ(500)လောက်ဆံ့သောဆေးရုံကြီးဖြစ်သည်၊ တစ်ခါတစ်ရံ လူနာ (300)ကျော်ထိပင်ရှိပါသည်တဲ့၊ ထိုလူနာများအတွက်နေ့စဉ်ဆေးဘိုး၊ နံက်/ည ကြွေးမွေးစားရိတ်မှာ အစိုးရထောက်ပံ့မှုအရလုံးဝ မလုံလောက်ဟုသိရသည်၊ တစ်ချို့တတ်နိုင် သူမျာက ဆေးရုံဝင်းအတွင်းဝန်ထမ်းစားသောက်ဆိုင်များတွင် လစာပေးပြီးထ္မင်း/ဟင်းကောင်းကျွေးရန်စီစဉ်ပေးနိုင်သော်လည်း၊အများစုမှာ မတတ်နိုင်ကြ၊ ဆေးရုံမှ အစိုးရ ထောက်ပံ့မှု အနည်းငယ်နှင့် စေတနာရှင်အလှုရှင်များလှုဒါန်းသောငွေကြေး ဖြင့် နေစဉ်၊ ပဲဟင်းတစ်လှည့်၊ ခြင်ရေဟင်းတစ်လှည့်ကျွေးကြရကြောင်း၊အလှုရှင်သီးသန့်ရှိမှအသား ဟင်းမြင် ရကြောင်းပြောပြသည်၊သူတို့တစ်တွေ ဒါ့ကြောင့်( အလှုရှင်လာလျှင်ပျော်ရွှင်နေကြတာကိုး)ဟု ကောက်ချက်ချမိသည်၊ကျွေးသမျှကို ပလုပ်ပလောင်းနှင့် ခေါင်းမဖော်ပဲ စားကြသည်၊တစ်လုပ်ပြီးတစ်လုပ်စားကြသည်၊ ကောင်းသည်/မကောင်းသည်လည်းမဝေဖန်၊ ထည့်ပေးသမျှကုန်အောင်စားကြသည်၊ တာဝန်ခံများမှအချိန်အဆ နှင့်အရိပ်အကဲ ကြည့်ပြီးထည့် ပေးသည်၊ သူတို့မှာအချိန်အဆမရှိတတ်ကြသဖြင့်၊ စားပိုးနင့်ခြင်း၊ အစာမကြေခြင်းမဖြစ်စေရန်ဖြစ်သည်၊ သူတို့ကို အသားကျွေးလျှင် နူးနပ်နေအောင် ချက်ရ သည် ဟုပြောသည်၊တစ်ချို့ဆိုလျှင်အသားတုံးကိုပါးစပ်ထဲတစ်လုပ်တည်းပြစ်ထည့်တတ်သဖြင့် လည်ချောင်းနင်တတ်ကြောင်း၊ အရိုးပါသောအစာများ မကျွေးသင့်ကြောင်း လည်း ဗ ဟုသုတသိရသည်။ထိုဆေးရုံကြီးမှတာဝန်ရှိသူများ၏အခက်ခဲများစွာ၊မလောက်ငှမှုများစွာကိုအတွင်းသိခဲ့ပါသည်။ ထိုမလောက်ငှမှုထဲမှ စိတ်ကျန်းမာရေးချို့တဲ့နေသူများ၏ဘဝ
သည်ကား — ကျွန်တော့်ရင်ထဲ မွန်းကြပ် လျှက်—–။
ပုထုဇ္ဇနော– ဥမ္မတ္တကော ဟု မြတ်စွာဘုရား ဟောကြားခဲ့ပါသည်၊ အရိယာမဟုတ်သော လူသာမန်တို့သည် ရူးနှမ်းတတ်ပါ၏၊ ၊ မဂ္ဂင်ရှစ်ပါးဟူသောဘဝနေထိုင်နည်း
နှင့်ကိုက်ညီမှသာ အရိယာ လမ်းပေါ်ရောက်နိုင်ကြပါမည်၊(1)မှန်သောအယူရှိရမည်၊(2) မှန်သောအကြံအစည်ရှိရမည်၊(3)မှန်သောစကားသာပြောဆိုရမည်၊(4) မှန်သာအလုပ် ကို လုပ်ကိုင်ရမည်၊(5) မှန်သောအသက်မွေးခြင်းရှိရမည်၊(6)မှန်သောအားထုတ်ခြင်းရှိရမည်၊(7)မှန်သောအမှတ်(သတိ)ရခြင်းရှိရမည်၊(8)မှန်သောတည်ကြည်ခြင်းရှိရမည်။
သည်လိုဆိုပါလျှင်- အရိယာမဟုတ်သော လူသာမန်တို့သည်ကား— တစ်နေ့ ရူးနှမ်းကြပေအုန်းတော့မည် — အပ္ပမာဒေန သမ္ပာဒေထ။
4 comments
koyinmaung
October 25, 2011 at 5:22 pm
စိတ်ဝင်စားစရာလဲကောင်းပါတယ်
သနားစရာလဲကောင်းပါတယ်
စိတ်ရှည်သီခံစောင့်ရှောက်ပေးဆရာဝန်ဆရာမတွေရဲ့
စိတ်ဓါတ်ကတော့ဂုဏ်ယူစရာပါဘဲလေ…..
captainamerica
October 25, 2011 at 7:51 pm
အင်းပို(စ်)လေးဖတ်ပြီးစိတ်မကောင်းတော်တော်ဖြစ်မိပါတယ်။မျက်လုံးထဲပါမြင်ယောင်လာမိတယ်။
စိတ်ထဲတစ်မျိုးကြီးခံစားလိုက်ရတယ်။
windtalker
October 25, 2011 at 8:00 pm
ဘကြီး စာ ကို ဖတ်အပြီးမှာ စိတ်ဝေဒနာရှင်တွေ အကြောင်းကို စုံလင်စွာ သိလိုက်ရတယ် ။
သူတို ့တွေ အကြောင်းကို အရင်က မသိခဲ့ဖူးပါဘူး ။ ဘကြီး ရေးတာဖတ်ရမှပါ ။
ဒါနဲ ့ဘကြီးသွားခဲ့တဲ့ ဆေးရုံက ဘယ်နေရာလဲ ဆိုတာ ရေးဖို ့မေ့ကျန်ခဲ့တယ် ထင်ပါရဲ ့။
နေရာလေးပါသိရရင် အလှူပြုချင်တဲ့သူတွေ အတွက်ပေါ့ ။
နောက်ပြီး “အမေရိကားက သူငယ်ချင်းတွေဆီ ဖုန်းဆက်ချင်တယ်ဆိုတဲ့ ဂျော်နီ” ဆိုတာ ကျုပ် တို ့ရွာက ကိုအောင်ပု တော့ မဟုတ်တန်ကောင်းပါဘူးနော် ။
🙂
Oo Oo
October 25, 2011 at 9:40 pm
ရန်ကုန်ဆိုရင်တော့ရွာသာကြီး(စီပွါးရေးတက္ကသိုလ်ကိုကျော်လွန်ပြီးတော်တော်လေးသွားရတယ်ထင်ပါတယ်)မှာပါ
အမှန်တကယ်ကိုအလှုရှင်လိုအပ်နေတဲ့နေရာတစ်ခုပါပဲ…ကျနော်ရောက်ဖူးတာနှစ်အနဲငယ်ကြာခဲ့ပါပြီ..ကျနော်..ရွာသာကြီးစိတ်ကျမ္မာရေးဆေးရုံ(ရန်ကုန် ) ကိုရောက်ဖူးခဲ့စဉ်က..လေ့လာကြည့်မိသလောက်ကျနော့အမြင်ကိုပြောရရင်
ဆေးရုံမှာတာဝန်ကျနေတဲ့ဆရာဝန်တွေ..သူနာပြုတွေ..ဆေးဝန်ထမ်းတွေက..စိတ်ဝေဒနာရှင်လူနာတွေအပေါ်မှာအတော်
စိတ်ရှည်ကြပြီး..ဂရုတစိုက်ရှိတာတွေ့ခဲ့ရတော့..သူတို့ကိုလေးစားမိပါတယ်…စိတ်ဝေဒနာရှင်တွေဆိုတာ..တခြားလူနာတွေနဲ့မတူပါဘူး
ယဉ်ယဉ်အေးအေးလေးနဲ့လဲပြသနာရှာနေတတ်ပါတယ်..ကြမ်းတဲ့ဝေဒနာရှင်တွေကျပြန်တော့လဲမနဲထိန်းကြရတာပါ
မူးယစ်ဆေးဝါးနဲ့..အရက်စွဲလူနာတွေလဲ..တက်ရောက်ကုသနေကြတဲ့ဆေးရုံပါ
ဆေးရုံကမြို့နဲ့အလှမ်းဝေးနေတော့..လူနာရှင်တွေဟာအမြဲလာမကြည့်နိုင်တာများပါတယ်..မိသားစုဝင်တွေလုံးဝလာမကြည့်တော့တဲ့
ပိုင်ရှင်မဲ့လူနာတွေလဲမနဲပါဘူး..သူတို့ကိုလဲ..နိုင်ငံတော်ရဲ့မစို့မပို့ချပေးထားတဲ့ဘတ်ချက်အောက်မှာ…ဆေးရုံကပဲဆေးကုသပေးရင်းအလှုရှင်တွေကိုမျှော်ရင်းကျွေးမွေးထာရတာပါ..ရွာသားတို့လဲ..အချိန်ရရင်အဲ့လိုနေရာကိုတခါတခေါက်
လောက်ဖြစ်ဖြစ်..သွားရောက်လေ့လာကြည့်ပါ..စိတ်ဝေဒနာရှင်တွေဟာတကယ်သနားဖို့ကောင်းပါတယ်..သူတို့ထဲမှာပညာတတ်တွေကိုလဲတွေ့ရတတ်ပါတယ်
လူသားချင်းစာနာစွာနဲ့..တကယ်ကိုလှုသင့်တဲ့နေရာတခုဖြစ်ပါတယ်