ဒေါ်လာသန်း၄၀ဝတန် ပါဝါဘောလ်ထီ ကံထူးရှင်က တနင်္လာနေ့တွင် တောင်ပိုင်းကယ်ရိုလိုင်းနားပြည်နယ်၌ ဆုငွေထုတ်ယူခဲ့ပီး ၎င်းနာမည်ကို ထုတ်ဖော်မပြောဆိုရန် ထီအာဏာပိုင်များအား မေတ္တာရပ်ခံထားသည်။ ကိုလံဘီယာမြို့နေ လွန်ခဲ့သည့် အပတ်က ထီပေါက်သူနှင့် စပ်လျဉ်း၍ အချက်အလက် အနည်းငယ်သာ ထီရုံးမှ ထုတ်ပြန်သည်။ ထီဖွင့်ပွဲ နောက်ဆုံးနေ့ဖြစ်သော ဗုဒ္ဓဟူးနေ့က ထိုသူ ကိုလံဘီယာ အမြန်မောင်းလမ်းပေါ် ဓာတ်ဆီဆိုင်တွင် ကားဆီဝင်ဖြည့်စဉ် မိန်းမလုပ်သူမှ ဟော့ဒေါ့အသားညှပ်ပေါင်မုန့် ဝယ်ယူခိုင်းသည်။ စတိုးဆိုင်မှ ဟော့ဒေါ့ မရောင်းသဖြင့် ဒေါ်လာသန်း၄၀ဝတန် ထီကြော်ငြာတွေ့ပြီး ဒေါ်လာ၂ဝဖိုး ကံစမ်းမိသည်။ ၎င်းဘဝတွင် ဒုတိယအကြိမ်မြောက် ထီထိုးခြင်းလည်းဖြစ်သည်။ ကြာသာပတေးနေ့တွင် အိမ်မှနေ၍ ထီလက်မှတ်တိုက်ကြည့်ရာ ၎င်းထီပေါက်ကြောင်း သိလိုက်သည်။ အနားရှိ ခွေးကိုသာ ထီပေါက်ကြောင်း ပြောခဲ့သည်။ ခွေးဂျီး၊ သူ့မိန်းမနှင့် ထီအာဏာပိုင်များသာ ကံထူးရှင် မည်သူမည်ဝါဖြစ်ကြောင်း သိရှိကြသည်။ […]