ဒေါ်လာသန်း၄၀ဝတန် ပါဝါဘောလ်ထီ ကံထူးရှင်က တနင်္လာနေ့တွင် တောင်ပိုင်းကယ်ရိုလိုင်းနားပြည်နယ်၌ ဆုငွေထုတ်ယူခဲ့ပီး ၎င်းနာမည်ကို ထုတ်ဖော်မပြောဆိုရန် ထီအာဏာပိုင်များအား မေတ္တာရပ်ခံထားသည်။ ကိုလံဘီယာမြို့နေ လွန်ခဲ့သည့် အပတ်က ထီပေါက်သူနှင့် စပ်လျဉ်း၍ အချက်အလက် အနည်းငယ်သာ ထီရုံးမှ ထုတ်ပြန်သည်။ ထီဖွင့်ပွဲ နောက်ဆုံးနေ့ဖြစ်သော ဗုဒ္ဓဟူးနေ့က ထိုသူ ကိုလံဘီယာ အမြန်မောင်းလမ်းပေါ် ဓာတ်ဆီဆိုင်တွင် ကားဆီဝင်ဖြည့်စဉ် မိန်းမလုပ်သူမှ ဟော့ဒေါ့အသားညှပ်ပေါင်မုန့် ဝယ်ယူခိုင်းသည်။ စတိုးဆိုင်မှ ဟော့ဒေါ့ မရောင်းသဖြင့် ဒေါ်လာသန်း၄၀ဝတန် ထီကြော်ငြာတွေ့ပြီး ဒေါ်လာ၂ဝဖိုး ကံစမ်းမိသည်။ ၎င်းဘဝတွင် ဒုတိယအကြိမ်မြောက် ထီထိုးခြင်းလည်းဖြစ်သည်။ ကြာသာပတေးနေ့တွင် အိမ်မှနေ၍ ထီလက်မှတ်တိုက်ကြည့်ရာ ၎င်းထီပေါက်ကြောင်း သိလိုက်သည်။ အနားရှိ ခွေးကိုသာ ထီပေါက်ကြောင်း ပြောခဲ့သည်။ ခွေးဂျီး၊ သူ့မိန်းမနှင့် ထီအာဏာပိုင်များသာ ကံထူးရှင် မည်သူမည်ဝါဖြစ်ကြောင်း သိရှိကြသည်။ […]


မြန်တျန့်ပြည်ဂျီးမှာ အကြွေးဝယ်ခွင့် ခရက်ဒစ်ကတ် ခေတ်စားလာဒေါ့မှာမို့ ဒီနေ့ အီးဟောင်းဒေါ့ကွန်းမှာ တင်ထားတဲ့ “သေသူ ခရက်ဒစ်ကတ်အကြွေး မည်သူပေး” သဟုတုဗဖြစ်ဖွယ်စာကို စေတနှာနဲ့ ဘာသာပြန် ဝေငှ လိုက်ပါဒယ်။ မိမိ ခြစ်ခင်ကြင်နာသူကို ဆုံးရှုံးရလို့ ဝမ်းနည်းကြေကွဲ ဖြစ်တုံးမှာ တပူပေါ် နှစ်ပူဆင့် ကျန်ရစ်သူများ အနေနဲ့ နောက်ထပ် ဆိတ်မကောင်း ဖြစ်စရာ ကြုံရတာ ပြပါဆို အကြွေးလာတောင်းသူ ဖြစ်ပါတယ်။ (debt collector ခေါ်သဗျ.. ဒင်းရို့ကလည်း သူ့ပညာနဲ့သူ… ဖုံးတဂွမ်ဂွမ်ဆက် စာတဂျီဂျီပို့ပေါ့ဗျာ။ အကြွေးမဆပ်ဘဲ လစ်ပြေး သွားရင်တော့ သူ့ဆိုရှယ်နံပါတ်နဲ့ ရေမြေအဆုံး လိုက်ပေဒေါ့၊ ကမာ္ဘမကြေစဒမ်း..။ ဖုံးဆက်ရင် လေသံအမျိုးမျိုး တဖက်သား အခြေအနေကြည့် ပြောရတယ်။ ချော့သင့်တန်ချော့ ခြောက်သင့်တန်ခြောက်၊ ရသလောက် နှိုက်ယူဂျပါဒယ်။ ဟိုကလည်း […]


သဂျီးဦးခိုမ် ရေးသား၍ သဂျီးဂဒေါ် မဒမ်ဗရောင်း ထုတ်ဝေသည့် ဗုဒ္ဓဘာသာအဆစ် စာအုပ်ထွက်ရာ နားမလည် ပါးမလည် ဝယ်သူများ ပိုက်ဘောမိကုန်သည်။ အကြောင်းမှာ အာရေဗျ၊ အူရဒူ၊ ဖာစီ၊ ဘင်္ဂါလီ ဘာသာတို့နှင့် ရေးထားသောကြောင့်ဖြစ်၏။ အတော်ဆိုးတဲ့လူ ပိုက်ဆံရှာတာ ရိုးရိုး မရှာဘူး၊ ဘာသာရေး ခုတုံးလုပ်တယ်  !@#$%.. အေးလကွာ ငါလဲအဟုတ်မှတ် ဝယ်မိတာ တေဇမ်း..။ ပွစိပွစိ ဆူညံပွက်သံ လျှံထွက်လာသည်…. သဂျီးကတော့ သူမဟုတ်သလို အေးအေး ဆေးဆေး ခလေးမွေး.. နောက်သာမီးလေးတယောက် ယူရန်ပင် စိုင်းပြင်းနေသည်..။ အဒဲ့ကောင် ခံပေါ့ကွာ.. အသနားဘူး။ ခွီးထဲမှ ပြောတိုင်းယုံ ရောင်းတိုင်းဝယ် မေးတိုင်းဖြေ.. ဟေ့ သခင်ဆိတ် မွေးဂျပါကွ… နို့သောက်၊ အသားစားလို့ရတယ်.. ကရိကထလည်း အများဘူး။ စားချိန်တန် […]


ခြစ်သော ဦးကျောက်စ်နဲ့ ကျောက်ဂဒေါ်လောင်း… ထရေးဒါးဟိုတယ်မှာ မင်ဂါဆောင်ပီးရင် အဲဒမှာ မဟုတ်မဟတ် မလုပ်ကျဗာနဲ့…။ ဗတဗျံ ကျားတဗျံ သတ်ပုတ်နေဂျဒါ ကြည့်ရမှာ အားနာဇယာ….။ အဲလာမျိုး မသိခြင်ထောင် စောင်နေဖို့ကြလော့ ဝါသနှာဃ တားမရ…။


သူများတွေ ယူဂျ၊ ယူဂျမှာမြင်ဒေါ့ အနော်ကြောင်ကြီးလည်း မိန်းမယူဖို့ ဆုံးဖြတ်လိုက်ပီ…။ ဟောင်ကောင်မြေကြွက်စ် ဦးကျောက်နဲ့ ယာကူဇာ နှူးဘာဂီ တို့ထက်ဦးအောင် မင်ဂါဆောင်မည်။ ကြောင်သဒို့သာမီး ဘူဖြစ်မဲ စာဖတ်သူများ ဆုံးဖြတ်ပေးပါ။ ရွာသူားများ စီမံရာ နာခံပါ့မယ်…။ ကြောင်ကြီးဂဒေါ့ ရလျင် လှယာဂျီးနဲ့ လှယာဂျီးနဲ့…. ခြစ်……………………..မှာ……… ဒဂယ်…. အဟုတ်………….။ အရွေးချယ်ဂံ သဒို့သာမီး နှစ်ဦးဃဒေါ့… ကြေးမုံဂျီး (ခ) အီတွန့်ဗွမ် (တရုတ်သဗုံဟောင်းနှင့် လက်ရှိ ဝပြည်လွတ်မြောက်ရေးတပ်မဒေါ် နိုင်ငံရေးမှူး) ခရစ်စတယ်လှိုင်းဂလေး (စကပ်တိုဝတ် တင်းနစ်မယ်နှင့် တိုက်ဂွမ်ဒို သိုင်းပညာရှင်) မှတ်ချက်။ သဒို့သာမီးအရံအဖြစ် ကေအိုင်အိုသဗုံ ဦးမျိုး သာမီးဂလေး နှစ်ဦးမှ မေတ္တာဖြင့် ဆောင်ရွက်ပေးလိမ့်မည်။ သဒို့သားအရံ မထားပါ (သနလို့)  


သမဒဂျီး ဦးသိန်းစိန်ကို တရုတ်ကြီးက လျှာဂျီးနဲ့ လျှာဂျီးနဲ့….. ……….. ….  🙂 ဧရာဝတီ ဘလော့ဂ်မှာ တင်ထားတဲ့ သမဒ ဦးသိန်းစိန် တလုပ်ပြည်တောလား သဒင်းဓာတ်ပုံ ကြည့်ဂျဇမ်းပါဦး.. အယပ်ဂဒို့။ ဝသဗုံ ကြေးမုံဂျီးအမျိုး ကွမ်းရှီးပြည်နယ်ကွန်ဂရက် အတွင်းရေးမှူးနဲ့ မြန်မာသမဒဂျီး ဘေးဂျင်းယှဉ် ထိုင်ရသဒဲ့။ တရုတ်-အာဆီယံ စီးပွားရေး ဆွေးနွေးပွဲ နန်နင်းမြို့မှာလုပ်လို့ နိုင်ငံဂေါင်းဆောင်ခြင်း မတွေ့ရဒါ နားလည်တယ် သို့သော် ကျုပ်တို့သမဒကို ပြည်နယ်အတွင်းရေးမှူးနဲ့ တန်းတူထား ခံရတာဒေါ့ မရှိဒဲ့သိက္ခာ ကျလွန်းသဗျာ..။ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး ဒါမျိုးထင်ပါရဲ့..။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်လာတော့ ဦးသိန်းစိန်နဲ့ တန်းတူထိုင် စဂါးပြောပေမဲ့ ဟိုဟာက ကမာ္ဘ့အင်အား အကြီးဆုံးနိုင်ငံ အစိုးရအဖွဲ့ နံပါတ်နှစ် ပြောလို့ရသူ၊ ကမာ္ဘ့နိုင်ငံရေးရာတွေကို ကိုင်လှုပ်နိုင်စွမ်း […]


စပါယ်ရှယ် အိမ်လုပ် အာလူးကြော်နည်း လျှို့ဝှက်ချက်မှာ နှစ်ပြန်ကြော်ပြီး ၎င်းနှစ်ခုအကြား ရေခဲသေတ္တာထည့် အအေးခံပေးခြင်းဖြစ်၏။ ပထမ ဆီပူနှစ်ခြင်းသည် အာလူးအသား နူးညံ့ပျော့ပြောင်းစေရန်နှင့် ဒုတိယအခါတွင်မူ  အာလူးအပြင်သား ကြွပ်ရွအောင် မီးပြင်းတိုက်ပေးရမည်။ လူနှစ်ယောက်စာအတွက်… စားသုံးဆီ၊ တပေါင် ဆယ်အောင်စ (တပိဿာ နီးပါးလောက်ထင်တယ်) ခန့်ရှိ အာလူးများအား အခွံမချွတ်ဘဲ တလက်မ လေးပုံတပုံအရွယ် အချောင်းများ လှီးဖြတ်ပါ။ အိမ်သုံးဆား ဖြူးပါ၊ ကြော်ပြီးလျင် မြည်းလို့ရလဗျီ..။ ပြုလုပ်ပုံ အဆင့်ဆင့် နည်းနာနိဿယ ညွှန်ကြားလွှာ အမိန့်ပြန်တမ်း ဥပဒေသ ဖော်မြူလာ မှတ်တမ်း ပုရပိုက် ၁။ ကွာတားခြင်ခွက် ၆ခွက်စာအရွယ် ဇောက်ဒယ်အိုး dutch oven ထဲ ဆီနှစ်လက်မ မြှုပ်အောင်ထည့်ပြီးလျင် မပူမပြင်း ၃၇၅ ဒီကရီ ဖာရင်ဟိုက်ရောက်အောင် […]


ဘာသာရေး ကိုင်းရှိုင်းသူတွေဟာ ဘာသာမဲ့များထက် ညဏ်ရည် ပိုမိုနိမ့်ကျတယ်လို့ ဆယ်စုနှစ်ပေါင်းများစွာ ပြုလုပ်သော သိပ္ပံနည်းကျ ဆန်းစစ်ချက် ၆၃ခုအား ကိုးကား၍ စာတမ်းတစောင်က ဆိုသည်။ မိုင်ရွန်ဖက်ကာမင်န် ဦးဆောင်သော ရော့ချက်စတာ တက္ကသိုလ် သုတေသနအဖွဲ့မှ “အသိညဏ်ထက်မြက်မှုနဲ့ ဘာသာတရား ယုံကြည်သက်ဝင်မှု အနှုတ်လက္ခဏာဆောင် ပြောင်းပြန်အချိုးကျကြောင်း” စစ်တမ်း၆၃ခုအနက် ၅၃ခုတွင် တွေ့ရသည်။ ညဏ်ကောင်းသူများသည် အိုးမင်းရင့်ရော်သည့်တိုင် ယုံကြည်သက်ဝင်ရန် ခဲယဉ်းလှပြီး ၎င်းတို့ ဘာသာတရား ဝေးကွာရသည့် အကြောင်းအရင်းမှာ အရင်ထင်ထားသလောက် ရှင်းလင်းဖြောင့်စင်းမှု မရှိကြောင်း သုတေသီများ တွေ့ရှိသည်။   ယခင်လေ့လာချက်များတွင် ညဏ်ရည်မြင့်မားသူများသည် ပိုသိပိုတတ်သူများ ဖြစ်သောကြောင့်ဟု ရိုးရှင်းစွာ ယူဆသော်လည်း အကြောင်းဇစ်မြစ်မှာ ပိုရှုပ်ထွေးဖွယ်ရှိသည်။ ညဏ်ကောင်းသူသည် အိမ်ထောင်ရှင် ဖြစ်တတ်ကာ ဘဝတွင် အောင်မြင်မှု ပိုရလေ့ရှိသဖြင့် ဘာသာတရား […]


ကြီးကြီးကျယ်ကျယ် အသစ်အဆန်း ဘာထွက်မလဲ မျှော်နေသူ စမတ်ဖုံးရူးများအတွက် ဒီနှစ်ဟာ စိတ်ပျက်စရာ ဖြစ်ပါတယ်။ အဲလိုပြောတာ ဖုံးကောင်းကောင်းတွေ ထွက်မလာလို့ မဟုတ်ပါဘူး။ ပြောကြေးဆို အများကြီးပါ… HTC One၊ BlackBerry Z10၊ Samsung Galaxy S4နဲ့ Moto X တို့ရှိပါတယ်။ အဲဒီ ရှယ်ဖုံးတွေ ဝယ်မိသူတိုင်း နှစ်သက်ကြပါလိမ့်မယ်။ ပြောစရာရှိတာ အဲဒီဖုံးတွေကို ဘယ်လောက် အမွှမ်းတင်တင် ကြော်ငြာလုပ်လုပ် နည်းပညာ အလှည့်အပြောင်း ရယ်လို့ပြောဖို မရှိခြင်းပါ။ သူတို့အားလုံး ဒီပုတ်ထဲကဒီပဲ ဖြစ်လို့နေပါပြီ။ ၂၀၀ရခုနှစ်မှာ အက်ပဲလ်ကုမ္မဏီက အိုင်ဖုံးနဲ့ ခုန်ပျံကျော်လွှား အနိုင်ယူပြီး နောက်မှာတော့ သူ့ကို ပြိုင်ဖက်တွေ လိုက်မှီသွားကြတယ်။ အများစုအတွက် ဖုံးအားလုံးဟာ ပိန်မသာ လိန်မသာပါပဲ။ အက်ပလီကေးရှင်းတွေ သုံးလို့ရမယ်၊ […]


First eleven အင်တာနက်စာမျက်နှာမှာ အမျိုးသားလွှတ်တော်ဥက္ကဌ ဗိုလ်ချုပ်ဟောင်း ဦးခင်အောင်မြင့်ရဲ့ ရှစ်လေးလုံး ငွေရတု သဝဏ်လွှာ ဖတ်ရသဗျ.. ၁၉၈၈ ဒီမိုကရေစီ လှုပ်ရှားမှုကို၁၉၃ဝ ရေနံမြေ သပိတ်ကြီးနဲ့ နှိုင်းယှဉ်ဂုဏ်ပြု အစချီထားပြီး အလယ်လောက်မှာ ဟောသည်လို ဆိုသဗျ “၁၉၆၂ နောက်ပိုင်းတွင် ၁၃၀ဝ ပြည့် အရေးတော်ပုံ၏ ရည်မှန်းချက် တစ်ရပ်ဖြစ်သော ဆိုရှယ်လစ် အရေးအတွက် ဦးလှည့်ကြိုးပမ်း ခဲ့ပါသော်လည်း တစ်မျိုးသားလုံး မျှော်လင့်တောင့်တခဲ့ကြသည့် ငြိမ်းချမ်းသာယာ ဝပြောသော ခေတ်မီနိုင်ငံတော်သစ်ကိုကား မတည်ဆောက်နိုင်ခဲ့ပါ။ ဤကာလရှည်ကြီးအတွင်း ကမ္ဘာ့နိုင်ငံရေး တူရူချက်မှာလည်း တစ်ရာ့ရှစ်ဆယ်ဒီဂရီ လှည့်ပြောင်းသွားသည်ကို သတိပြုမိပါသည်။ အထူးသဖြင့် နှစ်ဆယ်ရာစုနှောင်းပိုင်း ဆယ်စုများလောက်မှစ၍ ကမ္ဘာ့လူထု၏ တိမ်းညွတ်မှုမှာ ဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေးစနစ် ဖြစ်လာသည်။ မြန်မာနိုင်ငံ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီးမှာ […]


၈၈၈၈ အရေးတော်ပုံနဲ့ ပတ်သက်ပြီး အဲဒီအချိန်က အာဏာရ မဆလပါတီ ယခု တစညပါတီ ပြောခွင့်ရသူ ဦးဟန်ရွှေကို ဧရာဝတီမဂ္ဂဇင်းကမေးတော့ ဒီလိုဖြေတယ်“ ရွေးကောက်ပွဲလုပ်ဖို့ ကတိပေးပြီးသား ဖြစ်တယ်၊ ……. ……… လုပ်တဲ့အခါမှာ အခက်ခဲ ၂ ခု ကျော်လွှားရမှာက တခုကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၁ ကိုပြင်ရမှာ။… ………. အဲဒီတုန်းက ဥပဒေဆိုတာ လူက လုပ်တာပဲ၊ လူကပြင်ရင်ရတယ် ပြောတာပဲ။ မလိုဘူး၊ ကြားဖြတ်အစိုးရပဲ လိုတယ်လို့ ပုတ်ခတ် ပြောခဲ့ကြတယ်။ ……….. …. အဲဒီလို ဖြစ်ခဲ့ကြတော့ အခု နမူနာပဲလေ။ အများကြီး ပေရှည်သွားတယ်။ …… အဲဒီလိုနဲ့ စက်တင်ဘာ ၁၈ ရက်နေ့မှာ တပ်ကို အာဏာ လွှဲလိုက်ရတယ်။ […]


“သဂျီးခြောက်သွားပီ…” ရွာထဲတွင် အုတ်အော်သောင်းနင်း ဖြစ်ကုန်သည်။ “ဟုတ်ပါ့မလားဟယ်…. မနေ့ဃဒင် အကောင်းဂျီး၊ မာဆက်မှာတောင် တွေ့လိုက်သေးဒယ်”  “အေးလေ ငါလည်းသူနဲ့ 69ဇိမ်ခန်းမှာ တမြန်နေ့ဂ ဆုံမိဒေါ့ တဆက်ရှင်နဲ့ မလောက်လို့ အချိန်ပိုကြေး ပေးရဒါ ညည်းနေသံကြားတယ်” “အဲဒါတော့ အသိဗူးဗျာ အခုဒင် လောလောလတ်လတ် ထွက်လာဒဲ့သဒင်း၊ မယုံ ကိုယ်ဒိုင်သွား မေးဂျေ” ကကြောင်ကြီးနှင့် မန်းဂေဇက် ရွာသူားများ အချေအချ ပြောဆိုသံဖြစ်သည်။ သံသယဖြစ်မည်ဆိုလဲ ဖြစ်လောက်စရာပင်.. တိုင်းသိပြည်ကျော် ရှာပွတ်ခိုမ်ဟု နာမည်ကြီးနေသည်မှာ အကြောင်းမဲ့မဟုတ်၊ ချဲကြွေးပေးဖို့ မရှိသဖြင့် အကြံကုန် ဂဠုန်ဆားချက် လျှာပွတ်ဆေး ဖော်ရောင်းရာမှ ကံကောင်းထောက်မ၍ ကျိကျိတက် ချမ်းသာလာပြီး ဘဝမေ့ဂါ ကာမစည်းစိမ် မပြတ်ရှာဖွေ ခံစားလွန်းသူ၊ တခုမဟုတ်တခု မပွတ်ရလျင် မနေနိုင်သူဖြစ်သည်။ ယခုမူ […]


အောင်မငှီး တိုက်ကြီး လှုပ်နေတယ်…ပြေးဂျဟ လွှားဂျဟ… ရန်ကုန်မြို့လည်ဂေါင် လူသွားလူလာ အထူထပ်ဆုံး ဆူးလေဘုရားလမ်းအနီးတွင် ရုတ်ရုတ်သဲသဲ ဖြစ်နေသည်။ အချိန်ဂါး ညဉ့်ဦးယံ၊ ရာသီဥတုမှာ အားကစားသမား အကြိုက် မပူလွန်း မအေးလွန်း အနေတော်…။ ထိုအချိန်ဝယ် ရန်ကုန်မြို့ ကြက်သရေဆောင် ထရေးဒါးဟိုတယ် မိုးမျှော် အဆောက်အအုံဂျီးမှာ ယိမ်းထိုးလှုပ်ရှား ကခုန်နေသယောင်…။ ထူးဆန်းသည်မှာ ဘေးနားရှိတိုက်တာ အဆောက်အအုံများ ဘာမျှမဖြစ်သည့်အလား။  အသို့ဖြစ်သနည်း အပမှီသလော.. ရွာသူလက်ချက်ပေလော.. မည်သို့ဆိုစေကာမူ ဆေ့ဖတီဖွတ် လုံခြုံရေး အရေးကြီးသမို့ အရေးပေါ် ကယ်ဆယ်ရပေမည်။ ဘေးဂို ဘေးဂို… ပီးပေါ် ပီးပေါ်.. ရွှီးရွှီး.. မီးသတ်ကား အချက်ပေးသံ၊ လူနာတင်ကား ဥဩဆွဲသံ၊ ရဲ ခရာမှုတ်သံ ဆူညံသွားသည်။ ဝိုင်းအုံ ကြည့်မနေဂျပါနဲ့.. လမ်းရှင်းဂျပါ… ဟိုတယ်တွင်းကလူများ […]