ဦးကြောင်ကြီး မူးယောင်ပြီး ဒူးထောင်တီး ဗူးကောင်ဂျီး…… တုံချမ်းချမ်း…… တုံချမ်းချမ်း ဤသို့ အားပါးတရ သီဆိုနေစဉ် သူ့အကို တောကြောင်မှလာ၍ ဟေ့ကောင် ကြောင်ကြီး စင်ပေါ်ကဆင်း သဂျီးရပ်ခိုင်းနေတယ်၊ ဂဇက်ရွာဂေါက်ပြိုင်ပွဲတွင် သီဆိုနေခိုက် ဘလိုင်းဂျီး အကစ်ခံရခြင်းဖြစ်သည်။ သမီးဒေါ်လေးရှေ့တွင် ဖြစ်သဖြင့် မဟာအရှက် ကွဲလေဗျီ။ ဘာဆိုဘာမှ မမြင်တော့၊ သောက်စားထားသည့် ဆာကေးအရက်နှင့် ကိုဘေးနွားကင် အရှိန်ဖြင့် “ဘာသဂျီးလဲ ယီးလာကွ၊ လဗြွတ်ထင်တယ်ဟေ့” ပယ်ပယ်နယ်နယ် အော်ဟစ်ဆဲဆို မိတော့သည်။ တတ်နိုင်ဗူး၊ နောင်ခါလာနောင်ဈေး.. သမီးဒေါ်လေးရှေ့ သိက္ခာအကျ ခံဘူး။ ကြောင်ကြီးအား ဖိတ်ကြားသီဆိုခိုင်းသော ဂဇက်ရွာဂေါက်သမီးများနှင့် ဖက်ရွက်ကော်မတီဝင်များ မျက်နှာပျက် ကုန်သည်။ သဂျီးလက်ပါးစေ ကပ်ဖားရပ်ဖား ၆မျက်နှာ၊ ကရဲစည်၊ ကစည်သွပ်၊ ကပေ၊ ကပုတို့က မျက်နှာလို မျက်နှာရ […]