မိတ္ထီလာ အရေးအခင်းနဲ့ဆိုင်လို့ မြင်တာလေး တခုပြောချင်တယ်၊ မပြည့်စုံတဲ့ ရှုဒေါင့်ကနေပါ။ ကုလား – ဗမာ အဓိကရုဏ်းတွေသည် အစဉ်အဆက် လှုံ့ဆော်ဖန်တီးရ လွယ်လွန်းနေလို့…။ ပြသနာက ဘာသာရေးဆိုတော့ အဖြေသိပေမဲ့ ရှင်းဖို့မလွယ်။ နည်းလမ်းတခုက တိုင်းပြည် ကြီးပွားတိုးတက်ရင် ဗရုတ်ဗရက် အဖြစ်နည်းတယ်။  ပြောလေ့ရှိတာ လူအများစု သည်းခံဖို့၊ ဘာသာတရား အဆုံးအမ လိုက်နာဖို့၊ အနည်းစုကို အနိုင်မကျင့်ဖို့…။ လူမျိုးရေး နဲ့ ဘာသာရေး နှစ်ခုယှဉ်လိုက်ရင် ဘာသာရေး ပဋိပက္ခသည်  ပိုပြင်းထန်တယ်။ သဂျီးဦးခိုင်ဆီကနေ ရှားရှားပါးပါး (ဘုရားစူး) တန်ဖိုးရှိတဲ့ စကားလုံး မှတ်သားဖူးတာ “မြတ်စွာဘုရားက သာဝကတပည့်များကို ဂိုဏ်းဂဏ ထူထောင်ခွင့် မပြုခဲ့ဆိုတာပဲ” ဒါကြောင့်ထင်ပါရဲ့ ဗုဒ္ဓဘာသာ သာသနာမှာ တစုတစည်းထဲ ဂိုဏ်းချုပ်ဆိုတာ မတွေ့ရဘူး။ သူ့ဒေသအလိုက် […]


တလောက TheWeek.com မှာ ပူပန်နေဖို့ မထိုက်တဲ့ ထင်ယောင်ထင်မှား ဂရမ်မာ အများများ ဆောင်းပါး အဆက်ဖြစ်ပါ။ တန်ဖိုးရှိပြီး လေးစားလိုက်နာရမည့် သဒ္ဒါစည်းကမ်းများစွာ ရှိပါတယ်။ သူတို့နောက် မလိုက်လို့ လူဆိုး၊ စာရေးမသာ ဖြစ်သွားစရာတော့ မရှိဘူး။ တချိန်မှာ အဲဒီသဒ္ဒါစည်းကမ်းတွေကို Henry James, Henery Adams နဲ့ အခြားထင်ရှားသော ဟင်နရီအမည်တပ် စာရေးဆရာများစွာ ချိုးဖောက်ခဲ့ဖူးတာ သေချာပါတယ်။ ဒါ့အပြင် သဒ္ဒါစည်းကမ်းသည် ဖြစ်သလို ရေးနေကြတဲ့ ယနေ့ခေတ် စာအရေးအသားမှာ အားအနည်းဆုံး ထောက်ပြဝေဖန်ခံရတဲ့ ပြသနာတခု ဖြစ်နေပါပြီ။ ကျနော့်စာအုပ်အသစ် How to Not Write Bad: The Most Common Writing Problems and the […]


“တရုတ်ကူမြူနစ်ပါတီ မြန်ကျင့်ပြည်နယ် တာဝန်ခံ အသစ်ခန့်အပ်…” တရုတ်ကူမြူနစ်ပါတီမှ ယူနန်ပြည်နယ် တောင်ပိုင်းနှင့် ထိစပ်လျက်ရှိသော ဧရိယာ စတုရန်းမိုင် ၂၆၀၀၀ဝ ကျော် ဒေသကို မြန်ကျင့်ပြည်နယ်အသစ် သတ်မှတ်ပြီး ယင်းဒေသ ကူမြူနစ်ပါတီ အကြီးအကဲအဖြစ် ဘွားဒေါ်ဂျီးအား ခန့်အပ်လိုက်သည်။ အသစ်ခန့်အပ်ခံရသော မြန်ကျင့်ပြည်နယ် ကူမြူနစ်ပါတီ အကြီးအကဲ ဘွားဒေါ်အနေဖြင့် တရုတ်ကူမြူနစ်ပါတီ ခေါင်းဆောင်များနှင့် တရုတ်အစိုးရ အကြီးအကဲများထံမှ ဩဝါဒစကား နာခံရန် မကြာမှီ  ပီကင်းမြို့တော်သို့ သွားရောက်ရန် ရှိကြောင်းသိရသည်။ ဘွားဒေါ်မှ သည်လိုပြော “သားရယ် သီးခံလိုက်ပါကွယ်…” မတ်လ၁၄ရက်နေ့က မီးပွိုင့်အချိန်မှီ စိမ်းမပေး၍ တပ်ချုပ်ကြီးမြေး ဖိုးလပျိ၏ အထိုးအကြိတ် နှိပ်စက်ခံရသော အင်းလျားလမ်း မီးပွိုင့် ယဉ်ထိန်းရဲသားအား တိုင်းပြည်ရေရှည်အကျိုး မျှော်ကိုး၍ သည်းညီးခံရန် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်ရေး […]


ဒီနေ့ ဘာဖွရင် ကောင်းမလဲ စဉ်းစားတော့ တနေ့က ဒေါ်ခင်မမမျိုးရဲ့ ရင်ကိုထိမှန်စေခဲ့သော မြှားချက်များ ပို့စ်မှာ ကြံ့ဖွတ်စည်းရုံးရေးမှူးဟောင်း အင်ဖော်မာ ကပေရဲ့မှတ်ချက်“ စစ်ကိုင်းတိုင်း ရဲမှူးဂျီးက ဒေါ်စု သာ တစ်ခုခုဖြစ်ကြည့် အထက်အမိန် ့မပေးထားပေမယ့်လဲ အကုန်ပစ်သတ်မယ်လို ့ကြိမ်းတယ်” ကိုဖတ်ရတော့ ဒီမိုး ဒီရေနဲ့ ဒီလေအောက် ဘုန်းဂျီးရူးနဲ့ လှေလူး တွေ့နေဂျပီလို့ တွေးမိတယ်။ သူလုပ်တာနဲ့ ဆန္ဒပြသူတွေက သေဒဏ်ပေးဖို့သင့်တဲ့ လူဆိုးတွေဖြစ်လို့…. အခြားသူတွေလည်း ဘာထူးလဲ … ဆန္ဒပြသူတွေကို ငတုံးငအ အရိုင်းအစိုင်းတဲ့။ ထောက်လှမ်းရေးလည်း မျက်နှာဖုံးစွပ် ရေးလို့ဖြစ်တာမို့ မထူးဆန်းပေမဲ့ ကိုယ်သိနေတဲ့ ရွာသားအချို့ပါ ပြောကြတာမို့ စိတ်ဘဝင်မကျ ဖြစ်မိတယ်…..။ သူတို့လည်း ကျနော့်ကို စနိုးစနောင့် ဖြစ်ချင် ဖြစ်မှာပေါ့လေ။ အပြန်အလှန်ပေါ့။ သက်ရောက်မှုတိုင်းမှာ […]


လက်ပံတောင်းတောင် အစီရင်ခံစာနှင့်ပတ်သက်ပြီး ၈၈ မျိုးဆက်ကျောင်းသား ကိုမင်းကိုနိုင်နှင့် တွေ့ဆုံခြင်း သစ်ထူးလွင် ဝက်ဘ်ဆိုက်မှ ကူးယူသည်။ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအစီရင်ခံစာအပေါ် နယ်ပယ်အသီးသီးမှ လေ့လာသုံးသပ်ဝေဖန်မှု များရှိနေသော်လည်း ယင်းကိစ္စနှင့်ပတ်သက်၍ ၈၈ မျိုးဆက်ကျောင်းသားများ၏ သဘောထားမှတ်ချက် တစုံတရာထွက်ပေါ်လာခြင်းမရှိသည့်အပေါ် ထင်မြင်ချက်အမျိုးမျိုး ထွက်ပေါ်ခဲ့သည်။ သို့ဖြစ်၍ ၈၈မျိုးဆက်ကျောင်းသားများအနေဖြင့် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ မည်ကဲ့သို့ ထင်မြင်သုံးသပ်သည်ကို သိရှိနိုင်ရန် The Messenger  ဂျာနယ်မှ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကို တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ပါသည်။ လက်ပံတောင်းတောင် အစီရင်ခံစာထွက်လာပြီဆိုတော့ ၈၈ မျိုးဆက်ကျောင်းသားတွေရဲ့ သဘောထားက ဘယ်လိုလဲ။ ပြည်သူတွေ စိုးရိမ်ကြောင့်ကြနေတာကို ကျွန်တော် တို့သိပါတယ်။ အဓိက ကတော့ ဒါဟာ အစီရင်ခံစာ ပဲဖြစ်တယ်။ အစီရင်ခံစာဆိုတာဟာ နောက်ဆုံးအပြတ်ချတဲ့ အမိန့်မဟုတ်ဘူး။ အစိုးရကအပြီးအပြတ်ချတဲ့အမိန့် မဟုတ်ဘူး။ နောက်ဆုံး […]


ဟေ့ကောင်ကြောင်ကြီး.. မင်းအပေါက်ပိတ်စမ်း..။ တောက်စ်.. မလောက်လေး မလောက်စားနဲ့၊ ငါလိုသဂျီးကို … ခွီးထဲမှပဲ။ ဦးခိုင်တယောက် ကြိတ်မနိုင်ခဲမရ ဖြစ်နေခြင်းမှာ ၎င်းအား အချိုးမပြေဟု ဝေဖန်နေခြင်းကြောင့်တီး။ မင်းနာမည်ကြီးချင်တိုင်း ငါလို ဂုံသားရေရှိ လုဂျီးလုဂေါင်းကို တောင်ပြောမြောက်ပြောနဲ့ မဟုတ်တမ်းတယား လျှောက်ဖွရသလားကွ။ ငါ့ဟာငါ ဘာလုပ်လုပ် နင့်အပူပါလား.. ဂေါင်းဇောင်ဂျီးကွ ဂေါင်းဇောင်ဂျီး။ မင်းတို့တွေ ကိလေသထဖို့ ဒေါက်တာချက်ကြီ်း ငါထောင်ပေးထားတာ၊ ကျေးဇူးတရား သိတတ်ရတယ်။ တယောက်ထဲ အိမ်မှာဒိုင်လျှို ကြည့်နေရသားနဲ့ အားလုံးမြင်ကြပါစေဆိုပြီး ဖရီးပွန်းဆိုက် လုပ်ပေးထားတာမှ မထောက်…။ အေဗေးဂေါင်တွေ ယီးပဲ…..။  သဂျီးကို ကလန်ကဆန် ပြောမိသူများအားလုံး ကိုယ်မဟုတ်သလို ငြိမ်နေရသည်။ မင်းတို့ ဘာသောက်ဖစ်ရှိလဲ၊ စိနတိုင်းသားတွေ တူးပေးမှ မြေဂျီးက ရွှေသီးမှာ။ အခုတော့ …. ရွာနာတယ်လေး […]


  သမီးလေးဝေါင်း… သတိရခြင်းများစွာနဲ့ စာရေးလိုက်ပါတယ်။ ကိုယ့်ဖခင်ကို ဆုံးရှုံးသွားလို့ ဝမ်းနည်းကြေကွဲ နေမှာပဲနော်၊ ဦးကြောင်လည်း ကျန်ရစ်သူ မိသားစုနဲ့အတူ မျှဝေခံစားရပါတယ်။ ဒါကြောင့် တတ်နိုင်သလောက် အားပေးနှစ်သိမ့်ဖို့ ဓမ္မစကားဆိုရင်း စိတ်ပြေတဲ့အခါ ရွာကိုပြန်လာခဲ့ပါလို့ ဖိတ်ခေါ်ပါရစေ…။ သဲအင်းဂူဆရာတော်ကြီးက ဆွမ်းသွပ်တရားနာပွဲတခုမှာ ကျန်ရစ်သူ ဒကာမကြီးကို ဒီလိုဆုံးမတယ်။ လူတွေက သေတယ်သေတယ် ပြောကြငိုကြတယ်။ အဲဒါ သေတာမဟုတ်ဘူး၊ ဘဝပြောင်းတာ.. ဘဝတခုကနေ တခုကို ကူးတာ။ ဘယ်သူတွေသေလဲ.. ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ ရဟနာ္တရှင်မြတ်တွေ သေတယ်။ သူတို့ပြန်မလာတော့ဘူး။ ပုထုဇဉ်တွေက အရင်ဘဝကနေ ဒီဘဝရောက်..နောက်ဘဝကိုကူး.. ရပ်ခွင့်မရှိဘူး။ ဒါကြောင့် ဆုံးရှုံးသွားပြီနဲ့ တွေ့ဆုံကြုံကွဲ လောကနိယာမအပေါ် အယူမမှားဖို့မှာတယ်။ (စကားလုံး အတိအကျ မဟုတ်ပါ) ဘာသာတရား ရှုဒေါင့်ကနေ နတ်ပြည်လားတယ် ကောင်းကင်ဘုံသွားတယ် […]


သဂျီး အပမှီနေပြီထင်တယ်၊ ရွာသူနှောက်ယှက်တာလား၊ ပယောဂဝင်တာလား တခုခုတော့ တခုခုပဲ မနေ့က သူ့ဆီ သတင်းသွားမေးတော့ အိမ်ဧည့်ခန်းမှာ ခြေနှစ်ချောင်း ကွားရားခွ ငုတ်တုပ်ထိုင်နေတာ နှစ်လုံးပြူးဂျီး အတိုင်းသား မြင်နေရတယ်။ ဘယ်သူ့ကိုမှ ဂရုစိုက်ပုံ မရဘူး။ သေချာအောင် အနားသွားပြီး ပရိတ်ရွတ်တော့ မျက်နှာဂျီး မဲ့ပြတယ်၊ ပုံတော်ထုတ်ပြတော့ မိုးကောင်းကင် မော့ကြည့်ပြီး စကိုင်းဘီလူး…. စကိုင်းဘီလူးလို့ နှုတ်ကတဖွဖွ ရွတ်လို့ဗျို့။ ကျုပ်လည်းကြောက်လိုက်တာ… ဘာဖြစ်မှန်း သိဘူးလေ၊ တော်ကြာနေ အာဠာဝက ဘီလူး၊ တာနောယက္ခ ဘီလူးလိုမျိုးဆို ဘယ်လိုလုပ်မလဲ။ နောက်တော့ ကျနော့်ကို ခေါင်းပေါင်းဆောင်းဆိုပြီး သူ့ဘေး အတင်းထိုင်ခိုင်းတော့တာပဲ။ ဘာလုပ်တယ်မှတ်လဲ လွှတ်တော်တက်တာတဲ့ဗျာ။ သူနဲ့ကျနော်ပေါင်း နှစ်ယောက်ရှိလို့ လွှတ်တော်စည်းဝေးပွဲ တက်ရောက်သူဦးရေ ရာနှုန်းပြည့် အထမြောက်သတဲ့။ ပြောလိုက်တာ စုံလို့ဗျာ.. […]


တရုတ်ဝမ်ပေါင် အကျိူးတော်ဆောင်ကုမ္မဏီ … ဆောရီး :kwi: ကြေးနီတောင် ကော်မရှင် ကျပ်သန်းငါးထောင် လျော်ကြေး ထပ်ပေးတော့မယ် ဆိုပဲဗျ…၊ တပတ်အတွင်းမှာ လုပ်ငန်းစမယ်တဲ့။ ကော်မရှင် အကြံပြုချက်ကို ဦးပိုင်နဲ့ ဝမ်ပေါင်ကုမ္မဏီတို့ကလည်း သဘောတူတယ် ကြေငြာတယ်။ မဟုတ်မှလွဲရော ဘွားဒေါ်ဂျီးကော်မရှင် လပေါင်းများစွာ အချိန်ယူနေတာ အချက်အလက် စုံစမ်းနေတာ မဟုတ်ဘူး၊ တရုတ်ကုမ္မဏီ၊ စစ်တပ်ဦးပိုင်တို့နဲ့ ကြိတ်ဆွေးနွေးနေတာဗျို့။ ကြားလူခုံသမာဓိ နေရာယူပြီး အဲလိုတော့ လုပ်ဖို့မသင့်ဘူးနဲ့တူတယ်။ လုပ်လည်း ပွင့်ပွင့်လင်းလင်း နှစ်ဖက်ကို ချပြပေါ့။ အခုတော့ တဖက်သတ်ကြီး.. စဉ်းစားကြည့်လေ ရက်ပိုင်းအတွင်းမှာတင် ဒေါ်လာသန်းပေါင်းများစွာ အကုန်ခံရမည့်သူတွေက လွယ်လင့်တကူ ခေါင်းငြိမ့်ပြတာ၊ ဘွားဒေါ်ဂျီးကို ယုံကြည် လေးစားလွန်းတာ တခုထဲနဲ့ ဟုတ်ပါ့မလား။ တရုတ်တွေ ယုံပေမဲ့ ပြည်တွင်းမှာ ယုံကြည်မှု နည်းလာနေတယ်။ […]


ဝမ်ပေါင်စီမံကိန်း ဆက်လုပ်မယ်လို့ ဘွားဒေါ်ဂျီး ပြောလိုက်ပါပြီ။ ဘာဆက်လုပ်မလဲ ငုံ့ခံမလား တုံ့ပြန်မလား။  တကယ်တော့ ဝမ်ပေါင်အရေးအခင်း စုံစမ်းရေးကော်မရှင်ဆိုတာ အချိန်ဆွဲမှု သက်သက်တခုထက် ပိုပုံမရဘူး၊ အင်္ဂလိပ်လို time buying ခေါ်တာပေါ့နော်။ ခုထွက်လာတဲ့ အစီရင်ခံစာပါ အချက်အလက်တွေ ဖတ်ကြည့်ပါ၊ တိကျပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေ မဟုတ်ဘဲ ဘက်နှစ်ဘက် ကြားချထားတဲ့ အပြောတွေသာ ဖြစ်နေတယ်။ ဒီလောက်တော့ ကြောင်တဂေါင်ထဲ အမြီးနှံ့ လုပ်တတ်တယ်။ လူတွေတလှေဂျီးနဲ့ လေးငါးလလောက် အချိန်ဖို့ မလို…..မလို။ ကြားထဲ ၈၈မျိုးဆက် ကျောင်းသားအဖွဲ့ ဆွဲထည့်လိုက်သေးတယ်။ ဟိုကအချိန်မှီရှောင်နိုင်လို့ပေါ့ နို့မို့ရင် ငပိကြား ဆားအသိပ် ခံရအုံးမယ်။ ဘွားဒေါ် ၂၀၁ဝခုနှစ် ရွှေဂုံတိုင်မူဖျက်ပြီး ရွေးကောက်ပွဲ ဝင်ထဲက ဘယ်ခြေလှမ်း လှမ်းနေလဲ တွေ့နေရတာပဲ။ အခုဆို နိုင်ငံရေး […]


သောက်.. သမဒဂျီး။ ပြည်ပခရီး ပြန်လာသော သမဒဂျီး ကြိုဆိုနေသော လူအုပ်အားကြည့်၍ ပဏာယူ နေစဉ် မမျှော်လင့်သော အသံကြားလိုက်၍ အလွန်တင်းသွားသည်။ ဘယ်အကောင်တုံးကွ ပေါ်တင်ကြီး ဆဲတာ…။ ကြည့်လိုက်တော့ ဂဇက် သဒင်းထောက် ကြောင်ကြီး သူ့အား ရေတဖန်ခွက် ထိုးပေးရင်း အင်တာဗျူးလုပ်ရန် ကြိုးစားနေသည်။ တောက်စ်.. မျက်နှာကို အတတ်နိုင်ဆုံး ပြုံးထားပြီး နှစ်ကိုယ်ကြား အံကြိတ်ပြလိုက်သော်လဲ ဒင်းက အထူအပါး နားမလည်၊ သောက်သမဒ သောက်သမဒ ရေရွတ်ရင်း အတင်းရေလိုက် တိုက်နေပြန်သည်။ တောက်စ်.. သနားလို့ လက်ပေးကိုင်တာ နို့အပိုထည့်ခိုင်းတဲ့ ချိုဆိမ့်လဖက်ရည်နဲ့ တူနေပြီ။ ကြာလေဆိုးလေ ဖြစ်သောကြောင့် စောင့်ကြီးအောင့်ကြီး မော့သောက်ကာ ရေခွက် လွှင့်ပစ်လိုက်သည်။ အခုလို ပြည်ပခရီး ပျံလာစဉ် ခရီးရောက်မဆိုက် ဘာမိန့်စရာ […]


ဒဂယ် အဟုတ် ပြောတာပါဗျာ၊ ပေးချင်တဲ့ကျမ်းပေးပေး လိမ်ဝံ့ဗာဗူး… ဖြစ်နိုင်ပါ့မလား မောင်ကြောင်ဠုရယ်…… နင့်ဟာက နားရှိလို့ကြား သွားရှိလို့ဝါးရတယ်၊ မဖြစ်ရေးချ မဖြစ်နိုင်… လူရိုးသင်းဂျိုင်းကုန်းသာ ရှိတာကလား…။ ပြန်ပြောစမ်းပါအုံး ဘယ်လို ဘယ်လို။ ဒီလိုဗျာ… အဲဒီညမှာ ကောင်မလေး ချိန်းတော့ ကျနော် သွားလိုက်တယ်.. ခါတိုင်းလဲ သူ့အမေဂျီးလစ်ရင် တွေ့နေဂျလေ၊ ရိုးရိုးသားသားပါပဲ ဘာမှ လွန်လွန်ကျူးကျူး မဖြစ်ခဲ့ရိုးအမှန်ပါ။ သူ့အိမ်ရောက်တော့ စကားလေး ဘာလေးပြော၊ ကော်ဖီသောက် မုန့်စား၊ တီဗွီအတူကြည့်ပြီး အိပ်ယာပေါ်မှာ နှစ်ယောက်သား ဖက်အိပ်ပျော်သွားတယ်၊ ဖြစ်ချင်တော့ သူ့အမေက အိမ်စောပြန်လာတာနဲ့တိုးပြီး ကျနော့်ကို သောက်ကြောင်လို့ဆဲပြီး ကုတင်ပေါ်က ကန်ချလိုက်တာပဲ။ အိမ်ကိုလည်း အယ်ဇေးရှင်းခွေးဂျီး ဆယ်ကောင်နဲ့ နေ့ညမပြတ် အစောင့်ထားပြီး ကောင်မလေးကို နိုင်ငံဂျားကို ပို့လိုက်တော့တာပါပဲဗျာ။ သူနဲ့အဲဒီအချိန်ကစလို့ […]


ဒီနေ့ ရာဟူးမှာ အင်္ဂလိပ် ဂရမ်မာနဲ့ဆိုင်လို့ စိတ်ဝင်စားစရာ ဆောင်းပါးတွေ့လို့ ရွာသူသမီးလေးများအကျိုး အလို့ငှာ ကြိုးစားပမ်းစား ဘာသာပြန် လိုက်ပါတယ်။ မှားတယ် ထင်နေဂျတဲ့ အမှားမဟုတ်တဲ့ အင်္ဂလိပ်စာ ဝါကျတည်ဆောက်ပုံ ရခုနဲ့ စာလုံးအချို့ပါ။ ရွာသားတွေက ဖ လေးလုံးသမား အများစုဖြစ်တာမို့ စကားထည့် မပြောတော့ဘူး။ အင်္ဂလိပ်စာ ဆရာမဟုတ်လို့ ဘာသာပြန် အမှားအယွင်းများစွာရှိရင် ခွင့်လွှတ်ပါ အတိအကျ သိလိုလျင် ကော်ပီကတ် မူရင်းအင်္ဂလိပ်စာကိုသာ ဖတ်ပါလို့ တိုက်တွန်းရင်း စေတနှာ အရင်းခံလျက် သမီးရဲ့ဦး ကြောင်ကြီး 😎  1. Don’t split infinitives To နဲ့ verb အကြား adverb မခြားရသည် နိုင်တီးဂွမ်တီးခေတ် သဒ္ဒါစည်းကမ်းပါ။ ဟိုတုံးက လက်တင်စာသည် အင်္ဂလိပ်စာ […]