ဦးကြောင်ကြီး မူးယောင်ပြီး ဒူးထောင်တီး ဗူးကောင်ဂျီး…… တုံချမ်းချမ်း…… တုံချမ်းချမ်း ဤသို့  အားပါးတရ သီဆိုနေစဉ် သူ့အကို တောကြောင်မှလာ၍ ဟေ့ကောင် ကြောင်ကြီး စင်ပေါ်ကဆင်း သဂျီးရပ်ခိုင်းနေတယ်၊ ဂဇက်ရွာဂေါက်ပြိုင်ပွဲတွင် သီဆိုနေခိုက် ဘလိုင်းဂျီး အကစ်ခံရခြင်းဖြစ်သည်။ သမီးဒေါ်လေးရှေ့တွင် ဖြစ်သဖြင့် မဟာအရှက် ကွဲလေဗျီ။ ဘာဆိုဘာမှ မမြင်တော့၊ သောက်စားထားသည့် ဆာကေးအရက်နှင့် ကိုဘေးနွားကင် အရှိန်ဖြင့် “ဘာသဂျီးလဲ ယီးလာကွ၊ လဗြွတ်ထင်တယ်ဟေ့” ပယ်ပယ်နယ်နယ် အော်ဟစ်ဆဲဆို မိတော့သည်။ တတ်နိုင်ဗူး၊ နောင်ခါလာနောင်ဈေး.. သမီးဒေါ်လေးရှေ့ သိက္ခာအကျ ခံဘူး။ ကြောင်ကြီးအား ဖိတ်ကြားသီဆိုခိုင်းသော ဂဇက်ရွာဂေါက်သမီးများနှင့် ဖက်ရွက်ကော်မတီဝင်များ မျက်နှာပျက် ကုန်သည်။ သဂျီးလက်ပါးစေ ကပ်ဖားရပ်ဖား ၆မျက်နှာ၊ ကရဲစည်၊ ကစည်သွပ်၊ ကပေ၊ ကပုတို့က မျက်နှာလို မျက်နှာရ […]


သမီးဒေါ်လေးကိုခြစ်တယ်…. အို ဦးဦးကြောင်ကလည်း အန်တီ့ကိုခြစ်တာ သမီးကို ဘာလို့လာပြောနေတာလဲ၊ ပြီးတော့ သူက အိမ်ထောင်နဲ့နော်၊ သမီးညီမဝမ်းကွဲရဲ့အမေ၊ သမီးအန်ကယ်ရဲ့မိန်းမ.. မသင့်တော်ပါဘူးဦးရယ်။ တိန်စ်… ဦးကြောင်ပေါဒါ အဲလိုဟုတ်ဖူးကွဲ့.. ဗယ်လင်တိုင်းနေ့ ဒီနေ့မှာ သမီးဒေါ်ဂလေးကို ခြစ်ခွင့်ပန်နေတာ.. သမီးလိုတော်တဲ့ သူကလေးကို ဦးကြောင်ခြစ်မိနေပြီ။ ဟင်… ဦးကြောင်ကို ပြန်ခြစ်ရင် နာတင်းဒိုး ဆော့ရမယ်၊ ဝီဂိမ်းစက် အိပ်စ်ဘောက် ဂိမ်းစက် ဝယ်ပေးမယ်၊ ကြိုက်သလောက် ဆော့ရမယ်။ ဆိုဒါရောသောက်ရမှာလား..။ ကဖိန်းနဲ့သကြားဓာတ် အပြည့်ပါတဲ့ ဆိုဒါအစစ် သောက်ရမယ်၊ ချောကလက် တဝဂျီးစားရမယ်။ သွားရည်စာ ဆိုတာ စားချင်တိုင်းစား၊ မက်ဒေါ်နယ် ဒက်ဗယ် ထရစ်ပယ် ဒီလက်စ် ဟမ်ဘာဂါ အာလူးကြော် ကိုမေးမနေနဲ့။ သမီးဒေါ်ဂလေး သဘောအကျကြီး ကျနေမှန်းသိသဖြင့် နောက်ဆုံးပွဲသိမ်း… ပြီးဒေါ့ […]


သမီးတို့ ကြားဖူးလား…“ရူပါချူခြာစ ယူကာပြ သူဇာလှ” ဆိုတာ။ ပုံစံ ဒုံမပျံ ရွက်ကြမ်းရေကျိုသာသာ ကောင်တကောင်ရှေ့ မိန်းမချောတွေ ဟတ်ထိုးမှောက်လျက် လဲမကျသင့်လို့ မထင်လိုက်ကြပါနဲ့ကွယ်။ Hitch ရုပ်ရှင်ဇာတ်လမ်းကိုပဲ မြင်ယောင်ကြည့်ပါ။ ရွှေမင်းသမီးနဲ့ ကိုရုပ်ဆိုးဖြစ်လည်း ချစ်ပန်းတွေ ဝေဆာဖူးပွင့် စေပါတယ်။ မိသားစု စိတ်ပညာဂျာနယ် အဆိုအရ အမျိုးသားက အမျိုးသမီးထက် စွဲဆောင်မှု အားနည်းတဲ့ စုံတွဲတွေမှာ စိတ်ပျော်ရွှင် ကျေနပ်မှု ပိုများတယ်။ (ဝေးဝေးမကြည့်နဲ့၊ သဂျီးနဲ့ သဂျီးဂဒေါ် စုံတွဲရှိတယ်) အဲဒီလို ယောက်ျားတွေက အိမ်ထောင်ရှင်ဂေါင်း ပီသဖို့၊ မိန်းမ အလိုလိုက်ဖို့ ပိုလုပ်တယ်၊ မိန်းမချော မိန်းမလှကို မတန်မရာ ရထားတာ ဒင်းတို့ကိုယ်ဒင်းတို့ သိနေတယ်လေ..။ :kwi: A sloppy guy lands a […]


သမဓဃျီး ဥသိန်းစိန်မှ အစိုးရအဖွဲ့အား ပါတီပေါင်းစုံမှ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းရန် ကြိုးပမ်းချက်အနေဖြင့် ဂဇက်ရွာပေါရေးစိုဂွင့်ရှိသူ ဦးကြောင်ကြီးအား ပြည်ထဲရေးဝန်ကြီး ခန့်အပ်လိုက်ရာ ပျော်မဆုံးမှီ ပဲခူးထဲရေးဝံကျီး ဖြူးထဲရေးဝမ်ကျီး စသဖြင့် မြန်မာနိုင်ငံရှိ မြို့ပေါင်းစုံ သုံးရာကျော် အမည်ဖြင့် မြို့ထဲရေးဝိန်ဂျိများ ခန့်လိုက်ရာ ဦးကြောင်ကြီး ရေလည်လည် တင်းနေဂျောင်း သိရသည်။ အလားတူ ဘွားဒေါ်ဂျီးအား ပြည်ထောင်စုဝင်ဂျီး တနေရာ ပေးလိမ့်မည်ဟု ခန့်မှန်းထားရာ ဦးကြောင်ကြီးကဲ့သို့ အကစ်ခံရမည် စိုးသဖြင့် ပြည်ထောင်စုအပြင် အင်းစိန်ထောင်စု သာယာဝတီထောင်စု ရှိအုံးမည်လားဟု သမဒဂီးအား မေးခွန်းထုတ်ထားသည်။ စကောလောက်မှ ဇောက်မနက် အကြံပက်စက် စစ်လမ်းနီးသူ အချို့ဂမူ ထောင်စုဆိုသည်မှာ အကျဉ်းစခန်းများစွာ အုပ်ချုပ်သော ညွှန်ကြားရေးမှူးအဆင့်ဖြစ်၍ ဘွားဒေါ်ဂျီးအနေဖြင့် လက်လွှတ်မသင့်ဟု ချွန်တွန်းကြသည်။ လွှတ်တော် ငှက်ကထဂျီး ဥရွှေမန်းမှလည်း […]


တရုတ်နှစ်ကူး နီးလာပြီမို့ ရွာထဲမလဲ အမျိုးသားဂေါင်းများ ငှားရန်ရှိပါလိမ့်မယ်။ ကျနော်ကိုတော့ ကြေးမုံဂျီး ဦးထားပြီးပြီမို့ ခွင့်လွှတ်ကြပါ။ သူက ဖူးလ်ဆားဗစ်ပေး ငှားထားတာပါ၊ မလိုလားအပ်တဲ့ နောက်ပိုင်းပြသနာ မပေါ်ရလေအောင် ဓာတ်ပုံ၊ မူဗွီ၊ အွန်လိုင်း၊ အော့ဖ်လိုင်း ၃၆ဝံ မူပိုင်ခွင့်ပါ ဝယ်သွားပါတယ်။ :eee: ယောက်ျားလေး ချစ်သူ ငှာရမ်းခြင်း တရုတ်ပြည်တဝှမ်းမှာ ပေါ်ပင်ဖြစ်လို့နေပါတယ်။ တယ်လီဂရပ်ယူကေ သတင်းစာအဆိုအရ နှစ်သစ်ကူးမတိုင်ခင် အဲလိုငှားရမ်းခံရဖို့ TAoBao အွန်လိုင်းဈေးဝယ်တဲ့ ဝက်ဗ်ဆိုက်မှာ အမျိုးဂေါင်းသား ၃၀ဝခန့် စာရင်းပေးထား ပါသတဲ့။ ဈေးကတော့ တနေ့ ယူအက်စ်၄၈ဒေါ်လာ ဖြစ်ပါတယ်။ ယဉ်ကျေးသိမ်မွေ့တဲ့အနမ်းရယ်၊ ဈေးဝယ်ထွက်ခြင်းရယ်၊ လူဂျီးသူမတွေနဲ့ အရက်အတူ သောက်ပေးပါအုံး ဆိုရင်တော့ အပိုကြေး ထပ်ဆောင်းရပါမယ်။ တရုတ်နိုင်ငံမှာ မိန်းခလေးတွေ အိမ်ထောင်ပြုဖို့၊ မိသားစုဘဝတခု […]


ဒဂျီး အဲလိုတော့ ပြောနဲ့ဗျာ၊ ဃဈက်ဝက်ဆိုက် စရိတ်စက သိပ်များနေတယ်ဆိုရင် အဝှာလုပ်တာ တခါလောက် လျှော့ပေါ့။ အခုတော့ ပို့စ်တင်သူတွေကို စာတပုဒ်လောက် လျှော့ရေးပါလား ညာလားနဲ့ ချစ်တီးကြရသလား။ ပွိုင့်တိုးမလာတဲ့အပြင် တနေ့တခြား နည်းသွားတယ်။ ဗျားဂျီးနော်.. အားနာလို့ ကြည့်နေတာ အတယ်မထင်နဲ့။ ကြောင်ကြီး၏ စကားအဆုံးဝယ် ဒဂျီးမျက်နှာ ပျက်သွားပြီး နဂိုမူလ မဲကြုတ်နေရာမှ လုံးဝနက်မှောင်သွားကာ ကတ္တရာစေး လောင်းထားသော မီးသွေးခဲတမျှ ဖြစ်သွားသည်။ ဟ…….. ကိုရင်ကြောင်ရဲ့ ငါပိုက်ဆံနဲ့ ငါပါကွ၊ မင်းဆီက တပြားတချပ် မတောင်းပါဘူး။ ပွိုင့်လျော့တာ ဆာဗာကွန်ပြူတာ အမှားဖြစ်ပါလိမ့်မယ်။ အဝှာလည်း မလုပ်ဖြစ်တာ ကြာပီ။ အလုပ်တဖက် ဆိုက်တဖက်နဲ့ မအားရပါဘူးကွာ။ စကားနဲရန်စဲပြော၍ ရှောင်ထွက်ခိုက် သူ့ထက် ပါးနပ်သော ကြောင်ကြီးှက လက်ဖမ်းဆွဲပြီး […]


ဇန်နဝါရီ၂၈ရက်နေ့ထုတ် ကြောင်သူတော် သတင်းစာပါ လူပွေကြီးဦးခိုင် ဖဲမွှေ့ယာကတ္တီပါထက် ချစ်ခန်းဖွင့် ချစ်ရည်လူးနေတဲ့ ဓာတ်ပုံဟာ ဟောလီးဝုဒ်အပြာကားတခုမှ မင်းသားတုပစ် tooth pick (တွမ်ခရုစ်၏ညီ) ရဲ့ ဇာတ်ဝင်ခန်း ဖြတ်ညှပ်ကပ်ဖြစ်ကြောင်း ဟောင်ကောင်တွင် အပြာမင်းသားဖြစ်ရန် ကြိုးစားနေသူ ဦးကျောက်ခဲမှ ယနေ့ ဆက်သွယ်ကြောင်းကြားလာသည်။ နောက်ဆက်တွဲ သတင်းစီစစ်မှု ဆောင်ရွက်ခဲ့ရာ ဂဇက်သဂျီးဦးခိုင် ဆီးဂိမ်းအကြို သွေးပူလေ့ကျင့်ခန်းဆိုကာ အချိန်ပိုင်း မိုတယ်တခုသို့ ခြေများနေသဖြင့် ကျွန်ုပ်တို့ သတင်းထောက်မှ စုံစမ်းခဲ့ရာ အိပ်ယာပေါ်တွင်လူခံ၍ ဒိုက်ထိုးနေခြင်း ဖြစ်သဖြင့် သတင်းဖြစ်စဉ်အရ မှန်ကန်ပြီး၊ ဓာတ်ပုံမှာမူ သတင်းအယ်ဒီတာ ဦးအောင်ပု ရေနှင့် ဖားပြုတ်ချက်အရက် မှားသောက်သဖြင့် မူးနေစဉ် သတိလက်လွတ် ဖြစ်သွားပါသည်။ ဒေါက်တာချက်ကြီးနှင့် ညမင်းသား ဆိုက်များတွင်လည်း မတင်ထား၍ သတင်းစာ သုံးစောင်စလုံး အငိုက်မိကာ […]


ဦးကြောင်ကြီးရည်းဇား အပျိုဆင် ရှာရာပိုဗာလေးနှင့် ခြစ်သောကြေးမုံဂျီးအမျိုး နလီတို့သည် နယူးယောက်စံတော်ချိန် ၂၃ရက်နေ့  ည ၉:၃၀  ဝန်းကျင်  သို့မဟုတ်  မြန်မာစံတော်ချိန် ၂၄ရက်နေ့ နံနက် ၉နာရီ တဝိုက်တွင် ဩစတေးလျအိုးပင်းတင်းနစ် ၂၀၁၃ ဆီမီးဖိုင်နယ် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ရာ ဦးကြောင်ကြီးမှ သူ၏ရည်းဇား ရှာရာပိုဗာကြောင်ကြီး ရှုံးလျင် ကြေးမုံဂျီးထံ သူ့ဘဝတခုလုံး ပုံအပ်မည်ဖြစ်ကြောင်း၊ မှောက်လိုမှောက်သွန်လိုသွန် လက်ဖဝါးထဲမှရေ ကြိုက်သလို ပြုမူနိုင်ကြောင်း၊ လည်ဖြတ်လျင်လည်း သေခံဝံ့ကြောင်း စိန်ခေါ်ထားသည်။ ယခင်အကြိမ်များကလည်း ယခုကဲ့သို့  စိန်ခေါ်လောင်းကြေးထပ်မှုများစွာ ရှိခဲ့သော်လည်း ရပ်ထဲရွာထဲ ခုနှစ်အိမ် ရှစ်အိမ်ကြား အော်ဟစ်သောင်းကျန်းလေ့ရှိသူ ကြေးမုံဂျီး လေသံမျှပင် ထွက်မလာခဲ့သဖြင့် ဦးကြောင်ကြီးတယောက် ပွဲမစခင်ကပင်လျင် နိုင်နေပြီဖြစ်ကြောင်းနှင့် ဥပဒေကြောင်းအရဆိုလျင် ကြေးမုံဂျီးအား မှောက်လိုမှောက်သွန်လိုသွန် လက်ဖဝါးထဲမှာရေစက်ပမာ ပိုင်ဆိုင်နေပြီဖြစ်ကြောင်း ကမာ္ဘ့တင်းနစ်အဖွဲ့ချုပ်မှ အသိမှတ်ပြု […]


ဒီနေ့ ဒေါက်တာလွဏ်းဆွေ ဘလော့ဂ်မှာ စစ်တဗိုင်းအစိုးရ ဂေါင်းဇောင် ဦးသိန်းစိန်အစိုးမရ လူမှုအဖွဲ့အစည်း ၈၆ဖွဲ့ကို ခေါ်လေဖောတာနဲ့ ပတ်သက်လို့ ဗကသအဖွဲ့ချုပ် ကျောင်းသားခေါင်းဆောင်များရဲ့ တုံ့ပြန်ချက် ဖတ်ရတယ်။ အတိုချုပ်ရင် ဗကသကို ရန်ကုန်တိုင်းအုပ်ချုပ်ရေးရုံးက နိုင်ငံတော်အဆင့် စည်းဝေးပွဲ ဖိတ်တယ်။ ဗကသခေါင်းဆောင်တွေသွားတယ်။ ၈၈မျိုးဆက်အဖွဲ့ တက်ပုံမရဘူး။ ဟိုကြတော့ ဓာတ်ပြားဟောင်းဖွင့်တယ်၊ ခရိုနီနဲ့သာကူးတွေက ကျေးဇူးတင်တယ်။ ဗကသနဲ့ အတိုက်အခံ ပြောမည့်သူ ခြောက်ယောက်လောက်က အချိန်မရဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ပြောခွင့်မရဘူး။ နားလှည့်ပါးရိုက် ခံလိုက်ရတယ်။ ဗကသအဖွဲ့က ပြန်လာတော့ နောက်တခါ မလိမ်ညာဖို့ သတိပေးတယ်၊ သို့ပေသိ ကိုယ့်ကို ဟိုကရိုက်ပြီးသွားပြီ။ ခေါ်တိုင်းမသွားကြပါနဲ့၊ စစ်တပ်ရဲ့ နည်းပရိယာယ်မှာ ထင်ရှားတဲ့ အတိုက်အခံ အဖွဲ့အစည်း လူပုဂ္ဂိုလ်များကို နှိမ်ချဆက်ဆံ နိုင်ငံရေး အမြတ်ထုတ်လေ့ရှိတယ်။ တွေ့တဲ့အခါ […]


လွှတ်တော် ကိုယ်ဇလည် ဦးကြောင်ကြီး ပြည်သူ့လွှတ်တော် အလကားအကြိမ် ပေါက်ကရအစည်းအဝေးသို့ တက်ရောက်ရန် ရောက်ရှိလာသည်။ လွှတ်တော်ပင်ပ အဆောက်အဦးနှင့် အဝင်တံခါးမအကြား နေရာလပ် အတော်ခြားရကား အတော်ပင် လျောက်လှမ်းရသည်။ ကြံ့ဖွတ်ကိုယ်ဇလည်များအတွက် ပါတီဘွတ်စ်ကားရှိပြီး မိုးကျရွှေကိုယ်တော် စစ်ဗိုလ်ကိုယ်ဇလှယ်များက ဟက်စကီးရဟတ်ယာဉ်များဖြင့် လွှတ်တော်ခေါင်မိုးပေါ်သို့ ဆင်းသက်သည်။ ခရိုနီဂျီး ဦးဂွင်ရွှေကတော့ စကိတ်ဘုတ် စီးသွားသည်။ အတိုက်အခံ ကိုယ်ဇလှယ်အများစုမှာ ဗိုင်ကောင်များ ဖြစ်ရကား နေပူကြဲတဲတွင် ၉၆၉၃ လမ်းလျောက်ရသည်။ မြန်မာနိုင်ငံ ပြည်ဒေါင်ဇု လွှတ်တော်၏ နေ့စဉ် မရိုးနိုင်သော နံနက်ခင်းရုံးချိန် မြင်ကွင်းပေတည်း…။ မဲဆန္ဒရှင် ပြည်သူ့ကျေးဇူး ရှေးရှုပြီး ပွင့်ပွင့်လင်းလင်း ပြောမယ်ဗျာ၊ ဂေါင်းဇောင်ဆိုတာ ငယ်သားကိုညှာရတယ်။ ရုံးတက်ရုံးဆင်း လမ်းလျောက်တာ ဘာမှမပင်ပန်းဘူး၊ လူတိုင်း ကိုယ့်အိတ်ကိုယ် လွယ်သင့်တယ်၊ မီဒီယာထဲ အိတ်ဆွဲတော် […]


ဒီကိစ္စပြောချင်တာ ကြာပြီ၊ အခန့်မသင့်သေးလို့ ပြင်မလား ပြင်မလားနဲ့ ကြည့်နေတာ၊ အခုတော့ နဲနဲဖွပါမယ်။ ဒေါ်စု လွှတ်တော်တက်တဲ့ ဓာတ်ပုံ သစ်ထူးလွင်မှာ တွေ့ရတယ်။ ဘွားဒေါ်က ထုံးစံအတိုင်း တက်တက်ကြွကြွ ဖျတ်ဖျတ်လတ်လတ်နဲ့ပါ။ သို့ပေသိ သူ့နောက်မှာ ပုဂ္ဂိုလ်နှစ်ဦး သူ့လက်ဆွဲခြင်း၊ လက်ဆွဲအိတ်များ ကိုင်လို့ ပါလာတယ်။ အဲဒီလို အိတ်ကိုင်၊ ထီးမိုးပေးတာ ဘွားဒေါ် အပြင်ထွက်ရင် မကြာခဏ တွေ့နေရတော့ ရင်ထဲမှာ ကျလိကျလိ ဖြစ်လာတယ်။ ဘွားဒေါ်ကတော့ အဲလို ပြုမူစေချင်မယ် မထင်ဘူး၊ တားကောင်းတားပါ လိမ့်မယ်၊ မရတော့လည်း နင့်ထိုက်နဲ့နင့်ကံ မသိကျိုးကျွံ နေလိုက်ရပုံပဲ။ မလုပ်ကြပါနဲ့ဗျို့… လူအမြင် မတင့်တယ်ပါဘူး။ “သခင်မျိုးဟေ့ ဒို့ဗမာ” ကြွေးကြော်သံနဲ့ မြန်မာတွေ လွတ်လပ်ရေး လှုပ်ရှားမှု အရှိန်အဟုန် မြှင့်တင်ခဲ့တာပါ။ […]


မန်းယုံမန်းပြီး ပို့စ်တင်လေ့မရှိတဲ့ ဂဇက်ရွာသူ နှင်းနှင်းဂလေးကို ဦးကြောင် ခြစ်ချင်လို့ သိသူများ ရှိရင် ကိုယ်စား ပြောပေးဂျပါ။ နှင်းနှင်းလေးကို သိပ်ခြစ်တယ်ကွာ…….  ကြားထဲက မဆိုင်သူတွေ ဝင်မရှုပ်နဲ့.. ကုတ်ပစ်မယ်.. ခွီးဂရား… နှင်းနှင်းလေးကို ခြစ်ချင်လို့


ပြည်ထောင်ဇုသမဒကြောင်နိုင်ငံဒေါ် နိုင်ငံဒေါ်ကြောင်ရုံး အမေ့ငါးကြော် စာအမှတ် ကက်ကတစ် ၁၃၇၄ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၁ ရက် (၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်)   လက်ပေးလက်ယူမှု အရေးယူ ဆောင်ရွက်ရေး ကော်မတီ ဖွဲ့စည်းခြင်း၊ ပြည်ဒေါင်ဇု အစိုးမရအဖွဲ့သစ် တာဝမ် ယူပီးနောက် ကောင်းမွန်သော အပ်ချုပ်မှုစနစ်နှင့် သန်းရှင်သော အစိုးမရ ဖြစ်ပေါ်ရေးအတွက် အစိုးမရ အဖွဲ့စည်းများအတွင်း ဂတိအ တရားများ ကွင်းရှင်းရေးနှင့် လက်ပေးလက်ယူမှုများ ပပျောက်ရေး တို့အတွက် “လက်ပေး လက်ယူမှု အရေးယူ ဆောင်ရွက်ရေး ကော်မတီ” ကို အောက်ပါ လဗျွတ်အတိုင်း တွဲလောင်း ချလိုက်သည်။ ခေါင်းလောင်းလေးတွေ မြည်နေပြီ…. တွဲလောင်းခါလို့ ယမ်းနေသည်…. လက်ပေး လက်ယူမှု အရေးယူ […]