ရန်ကုန်တိုင်းဝံကျီးခြုပ် ဦးမြင့်ဆွေဂ မီဒီယာတွေကို ရခိုင်အရေးနဲ့ ပတ်သက်ပီး စည်းကမ်းလိုက်နာဂျဖို့ သတိပေးဂျောင်း သတင်းများမှာ ဖတ်ရဒယ်။ အင်တာနက် ဖေ့ဘွတ် မီဒီယာတွေမှာ သွေးထိုးလှုံ့ဆော်လို့ အခြေအနေပိုဆိုးတာလို့ အပြစ်ဖို့ဒယ်။ မင်းသားဂေါင်းဆောင်းထားတဲ့ ဘီလူးစုတ် မူလရုပ်အသွင် မြင်နေရဘီ။ နဂိုထဲဃမှ မီဒီယာ၊ လူမှုအခြေပြုအဖွဲ့အစည်း၊ နိုင်ငံရေးလှုပ်ရှားမှုတွေကို ရမယ်ရှာနေဒါ ရခိုင်အရေးနဲ့ အားလုံးကို ရောကြိတ်တော့မယ်ထင်တယ်။ ဒီအတိုင်းဆို ကချင်အရေးလဲ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြီးဖို့မမြင်ဘူး။ ရခိုင်မှာ ဖြစ်တာလည်းဖြစ် ကိုယ့်အရေးကိုလည်း မျက်ခြေမပြတ်ကြပါနဲ့။ ရေရှည်အမြင်နဲ့ ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားဂျဗာ။ ရခိုင်ကိစ္စမှာ အခုအချိန်အထိ အမြတ်ထွက်နေသူဂ စစ်တပိုင်းအစိုးမရနဲ့ စစ်တပ်ဖြစ်တယ်။ ဒီမိုကရက်တစ် အတိုက်အခံများ နေရာဝင် မယူနိုင်ဒါ အံ့စရာဗဲ။ ၁၉၆၂ခုနှစ် ဦးနေဝင်း အာဏာသိမ်းတော့လည်း အစပိုင်း ဟုတ်တုတ်တုတ်ဆိုဒေါ့ အမျိုးသားရေးအမြင်နဲ့ လက်ခုပ်ဝိုင်းတီးလိုက်တာ […]