အန်အယ်ဒီ အနေနဲ့ မှတ်ပုံတင် မတင်၊ ရွေးကောက်ပွဲဝင် မဝင် ဆုံးဖြတ်ရပါတော့မယ်။ မှတ်ပုံတင်ဖို့ သဘောတူကြပေမဲ့ ရွေးကောက်ပွဲကိစ္စ ကိုတော့ ဗဟိုကောက်မတီအဆင့် အကြေအလယ်ဆွေးနွေးကြမယ်လို့ ဆိုပါတယ်။ နိုဝင်ဘာ ၁၄ရက်နေ့မှာ နိုင်ငံရေး အကျဉ်းသားများ ထပ်မံလွှတ်ပေးမယ် ပြောထားပေမဲ့ ကာကွယ်ရေးဦးစီးချုပ်ပါဝင်တဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့ (ကာ၊လုံ) က အနားကပ်ပြီးမှ လွှတ်မိန့်ကို ရပ်ဆိုင်းထားလိုက်ကြောင်း အာရ်အက်ဖ်အေ သတင်းမှာ ဖတ်လိုက်ရပါတယ်။ စစ်အုပ်စု အနေအထားက ရှင်းပါတယ်၊ အတိုက်အခံများ ပေးသမျှယူ ကျွေးသမျှစား အထွန့်မတက်နဲ့။ အခြေခံဥပဒေကို လေးစားလိုက်နာ ရမယ်၊ ရွေးကောက်ပွဲ မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်ရမယ်။ နိုင်ငံရေးလှုပ်ရှားမှုများကို ပေးထားတဲ့ ဘောင်အတွင်း လုပ်ရမယ်။ အပြန်အလှန်အားဖြင့် ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးမယ်။ ကြားထဲမှာ အငြိမ်မနေ ဟိုတောင်းဆို […]


နဝတ တက်ခါစ ဗိုလ်ချုပ်ထွန်းကြည်၊ ဗိုလ်ချုပ်ကျော်ဘ၊ ဗိုလ်ချုပ်မြင့်အောင်တို့ ခေတ်ကောင်းစဉ်က မြို့တွေမှာ မြို့မနာရီစင်များ အပြိုင်အဆိုင် ဆောက်ကြတာ မှတ်မိကြပါလိမ့်မယ်။ ဝန်ကြီးတွေ နယ်ဆင်းရင် မြို့မိမြိုဖများနဲ့တွေ့ပြီး အာဝါဒခြွေလေ့ရှိတယ်။ လူကြီးနားကပ်ချင်သူများက ဝန်ကြီးပြောချင်တာ ပြောပြီးရင် မြို့လူကြီးအနေနဲ့ ကျေးဇူးတင်ကြောင်းနဲ့ ရပ်ရွာလိုအပ်ချက်များ တင်ပြကြတယ်။ တီဗွီထဲ ပါတယ်ဆိုတော့ နည်းတဲ့ အခွင့်အရေး မဟုတ်ဘူး။ ပြောကလည်းပြောချင် အမှားပါမှာလည်း စိုးသေးတော့ ဘေးလွတ်ရန်လွတ် ဖြစ်တာကိုပဲ ရွေးပြောတယ်။ မြို့တိုင်းမှာ နာရီစင် ဆောက်နေရင် နာရီစင်ဆောက်ပေးပါ ခင်ဗျားပေါ့။ အဲဒီအခါ ဝန်ကြီးက နာရီစင် လိုချင်ရင် ငါး တတန် ရအောင်မွေး၊ သစ်တတန် ရအောင်စိုက် ဘာညာပေါ့လေ၊ သူ့အရပ်နဲ့ သူ့လူ ဇာတ်တိုက်စရာ မလိုအောင် အပီအပြင် ကကြတယ်။ မြို့သေးရင် […]


လောကကြီးရဲ့ ဆန့်ကျင်ဖက် သဘောတရားတွေကို နေရာတိုင်းမှာ တွေ့နိုင်တယ်၊ သူတို့ကပဲ တိုးတက်မှု၊ ဆုတ်ယုတ်မှု၊ တည်ငြိမ်မှု၊ လှုပ်ရှားမှုများကို ဆောင်ကြဉ်းပေတယ်။ ဒါကိုပဲ ဘုရားသခင် အလိုတော်၊ သဘာဝတရား ထိန်းညှိမှု၊ အညမည ဆက်နွယ်မှု သဘောတရားလို့ အမျိုးမျိုး သမုတ်ကြတယ်။ တရုတ်တွေရဲ့ ဖုန်းရွှေပညာရပ်မှာတော့ ရင် ယမ် ခေါ်တဲ့ဓာတ်မျိုး ဖြစ်မယ်ထင်တယ်။ ဘယ်လိုပဲ ခေါ်ခေါ်ပါ၊ သူက ရှိနေမှာမို့ သဘောသဘာဝကို နားလည်ထားဖို့ပဲ လိုတယ်။ ကောင်းသလား ဆိုးသလားထက် လိုက်လျောညီထွေ ရှိရင် အပေါင်းလက္ခဏာ ဆောင်မယ်၊ ကန့်လန့်တိုက်နေရင် အနုတ်ခံရမယ်။ ဥပမာပေး ပြောရရင် အိမ်ထောင်တခုမှာဗျာ မိဘနှစ်ပါးစလုံးက တပုံစံထဲဖြစ်နေရင် သိပ်မနိပ်ဘူး။ ခလေးတွေကို ထိန်းကျောင်းရာမှာ တဦးကတင်းရင် နောက်တဦးက ချော့မော့စည်းရုံး တတ်ရမယ်။ တဦးက […]


သံမဒဂျီး ဦးသိန်းစိန်က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပြင်ဆင်ချက်ကို လက်မှတ်ထိုး အတည်ပြုလိုက်ပါပြီ။ အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ အင်္ဂါနေ့မှာ မှတ်ပုံတင်ရေး မတင်ရေး ပါတီတွင်းဆွေးနွေးပြီး ဗဟိုအလုပ်မှုဆောင်ကော်မတီအဖွဲ့မဲနဲ့ ဆုံးဖြတ်ကြမယ်လို့ သတင်းများမှာ ဆိုပါတယ်။ သတင်းတပုဒ်မှာ ဒေါ်စုက မှတ်ပုံတင်ရေး ထောက်ခံပြီး ရွေးကောက်ပွဲတောင် ဝင်ဖွယ်ရာ ရှိတယ်၊ ဦးဝင်းတင်ကတော့ မပြတ်သား ဖြစ်နေတယ်လို့ ဖတ်ရတယ်။ ၁၉၉ဝခုနှစ် ရွေးကောက်ပွဲ အနိုင်ရ အမတ်နှစ်ဦး၊ ဒေါ်နော်အုံးလှတို့ အန်အယ်ဒီအဖွဲ့ဝင် ၃၃ဦးကတော့ ဆန့်ကျင်ကြောင်း ကြေငြာချက်ထုတ် ထားပါတယ်။ အခုအချိန်အထိ ဒေါ်စုနဲ့ ဦးသိန်းစိန်တို့ ဘာတွေကြိတ် သဘောတူထားတယ် မသိရသေးပါဘူး။ ဒေါ်စု အနေနဲ့ တဦးထဲ သွားနေပုံရတယ်။ ရွေးကောက်ပွဲ ဥပဒေ ပြင်ဆင်ချက်သုံးခုမှာ (၁) ထောင်ချခံရသူတွေကို ပါတီဝင် […]


ဒီနေ့ Kyaymon နဲ့ တရုတ်ပြည်အကြောင်း ရန်ဖြစ်ပြီးသကာလ ဒေသအတွင်း တရုတ်ပြည်ရဲ့ လွှမ်းမိုး ဩဇာသက်ပုံကို စဉ်းစားမိတာလေး ရေးချင်တယ်။ ပညာရှင် မဟုတ်လို့ အရပ်သားလို ခပ်တိမ်တိမ်ကလေး တွေးပါတယ်။ ဆရာသစ်မင်းတို့လို ပညာရှင်များ၏ ထောက်ပြဝေဖန်စရာများကို ကြိုဆိုပါသည်။ တွေးမိပုံကဒီလိုပါ…. အာရှတိုက်မှာ အရှေ့နဲ့အနောက် ရေမြေတောတောင် ရာသီဥတု ယဉ်ကျေးမှုများ ကွာခြားတာကို သတိပြုမိတယ်။ အနောက်ဖက်ဒေသ အာရပ်ကမာ္ဘကတော့သိတဲ့အတိုင်း ပူပြင်းခြောက်သွေ့တဲ့ သဲကနာ္တရ ဒေသဖြစ်တယ်၊ အစ္စလာမ်ဘာသာ၊ အာရပ်ယဉ်ကျေးမှု ထွန်းကားတယ်၊ မြေကြီးထွက် ရေနံနဲ့ စီးပွားဖြစ်တယ်။ အရှေ့ဖက်မှာတော့ မြန်မာနိုင်ငံပါတဲ့ အရှေ့တောင်အာရှ (အာဆီယံ)၊ အရှေ့မြောက်အာရှ (တရုတ်၊ ဂျပန်၊ ကိုရီးယား)၊ တောင်အာရှ (အိန္ဒိယတိုက်ငယ်) ပါတယ်။ တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဂျပန်၊ တောင်ကိုရီးယား […]


“ဘာ….ဟုတ်လို့လားဟယ် နင်တို့ကလည်း စိတ်ထင်ရာတွေ လျောက်ပြောနေတယ်၊ ဒီခေတ်ကြီးမှာ ဒါမျိုးဆိုတာ ယုံတမ်းစကားတွေပါ၊ မလိုသူတွေ သွားပုပ်လေလွင့် ပြောတဲ့စကားနေမှာပါ။ အရင်ကဆိုရင်တော့ ယုံမယ်၊ အခု အင်တာနက်မှာ မွန်းဂေးSex ဆိုက်နေ့တိုင်းတက် သတင်းဖလှယ်၊ ကွန်းမန့်တွေဖတ်နေလို့ မအ တော့ဘူး။ မောင်မင်းကြီးသား မှောင်ခို ကျန်းမာပါစေ၊ ချမ်းသာပါစေ..။” မနက် စောစောစီးစီး ပျံ့လွှင့်လာသော သတင်းအပေါ် ပဲပြုတ်သည် ဒေါ်ဘုမ၏ တုံ့ပြန်စကားဖြစ်သည်။ ကောလဟာလသတင်း သယ်ဆောင်လာသူ မောင်ကြောင် မှန်းချက်နှင့်နှမ်းထွက် မကိုက်သဖြင့် မျက်နှာရှုံ့မဲ့သွားသည်။ ယခင်က သူဘာပြောပြော ပါးစပ် အဟောင်းသား နားထောင်လေ့ရှိသူ အဒေါ်ကြီး ပြန်လှန်မေးခွန်း ထုတ်တတ်လာချေပြီ။ ဒေါ်ဘုမ မနက်ဈေးထွက်ပြီးလျင် အရင်လို ရပ်ကွက်ရှိ အိမ်ပေါက်စေ့ အတင်းထိုင်မတုပ်တော့ဘဲ အင်တာနက်ဆိုင်သွား ချက်တင်တက်နေသည်ဟု သိုးသိုးသန့်သန့် ကြားမိတာ […]


နယူးယောက်မြို့နဲ့ Long Island ဒေသတဝိုက် ပြေးဆွဲတဲ့ ဒေသဆိုင်ရာ အစိုးရတပိုင်း LIRR ရထား ကုမ္မဏီ အငြိမ်းစားရံပုံငွေ ဒေါ်လာသန်းတထောင်ကျော် အလွဲသုံးစားမှုကြီးကို ဖက်ဒရယ်ပြည်ထောင်စု အစိုးရမှ စုံစမ်းစစ်ဆေး နေပါတယ်။ သဂျီးရဲ့တိုင်းပြည်မှာလည်း ဒီလိုမျိုးရှိပါ ဂလားလို့ သံဝေဂ ယူမိပါတယ်။ အစိုးရ ကောင်းရင် အုပ်ချုပ်ပုံစနစ် မှန်ရင် တိုင်းပြည် တိုးတက်တယ် သဂျီးရေ၊ လူထက်မူ အရေးကြီးတယ်။ စပါးလုံး တထောက်လောက် ကြည့်ပြီး ဘာသာတရားကို အရမ်းမစွတ်စွဲနဲ့။ အခုလို ပြသနာမျိုးတွေ အများပြည်သူနဲ့ ဆိုင်တဲ့ ဌာနတိုင်းလိုလိုမှာ ရှိတယ်။ လုပ်ပုံလုပ်နည်း ဖြစ်ရပ်တွေသာကွာမယ်။ စီးပွားရေး ကော်ပိုရေးရှင်းတွေ အများပြည်သူနဲ့ဆိုင်တဲ့ လုပ်ငန်းဌာနတွေအားလုံး သူ့ဂွင်နဲ့သူ။ အစိုးရ ချွတ်ခြုံကျမှ ယိုပေါက်တွေ လိုက်ပိတ် ရင်းနဲ့ပေါ်ကုန်တာ။ စနစ်မှန်ရင် […]


ပြောင်သူလွှတ်တော်က နိုင်ငံရေးပါတီ မှတ်ပုံတင် ဥပဒေ ပြင်ဆင်ချက် အတည်ပြုလိုက်တယ်လို့ RFA သတင်းမှာ ဖတ်ရလို့ လက်တန်းကောက်ရေးလိုက်တယ်။ ပြင်လိုက်တဲ့ အဓိက အချက်သုံးချက်မှာ (၁) အရင် ဥပဒေမှာ သတ်မှတ်ထားတဲ့ ထောင်ဒဏ်ကျခံနေရသူ နိုင်ငံရေးပါတီဝင် မဖြစ်ရဆိုတဲ့ အချက် ဖျက်သိမ်းပြီး၊ (၂)၂၀၀၈ အခြေခံဥပဒေကို “ထိန်းသိမ်း စောင့်ရှောက်ရေး” အစား “လေးစားလိုက်နာရေး” နဲ့ အစားထိုးတယ်။ (၃) မှတ်ပုံတင်မယ့် ပါတီတခုဟာ အနည်းဆုံး မဲဆန္ဒနယ်မြေ (၃) ခု ကိုယ်စားပြုပြီး ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ရမယ်လို ့ ပြောင်းလဲထားတယ်။ ကြားဖြတ်ရွေးဂေါက်ပွဲမှာ ကိုယ်စားလှယ်နေရာ ၅ဝ လစ်လပ်တယ်။ http://www.rfa.org/burmese/news/parliament-10272011235203.html မဇ္ဈိမသတင်းမှာတော့ နေရာသုံးနေရာ သတ်မှတ်ချက်ဟာ ရွေးကောက်ပွဲဝင်လွန် နိုင်ငံရေးပါတီများနဲ့ မသက်ဆိုင်လို့ ရေးထားတယ်။ […]


ငယ်စဉ်က ရုရှားစာရေးဆရာကြီး လီယိုတော်စတွိုင်းရေးတဲ့ လူပေါကြီးအီဗန်ဝတ္ထု ဖတ်ဖူးပါတယ်။ (အထင်မကြီးနဲ့ ဘာသာပြန်)။ အသေးစိတ် မမှတ်မိပေမဲ့ ဆိုင်တာကို ကိုးကားပါရစေ။ လူပေါကြီးဆိုသော်လဲ မင်းသိင်္ခဝတ္ထုထဲက ဇာတ်ကောင်စရိုက် အတိုင်းပြောကြေးဆိုရင် လူစွမ်းကောင်း ဒါမှမဟုတ် ဂန္ဓာရီခရီးသည် ဖြစ်နိုင်ပါတယ်။ အီဗန်မှာ လောဘ၊ ဒေါသ မရှိဘူး။ ပကတိ ရိုးသားဖြူစင်တယ်။ အကိုနှစ်ဦးကတော့ သူလိုငါလို အတ္တကြီးသူများ ဖြစ်ပါတယ်။ အရွယ်ရောက်တော့ အကိုနှစ်ဦး အိမ်ထောင်ပြုကြပြီး မိဘသေလို့ အမွေခွဲတဲ့ အခါမှာလည်း ကျွဲနွားရွှေငွေတွေကို သူတို့ပဲ အကုန်သိမ်းတယ်။ အီဗန်ကတော့ ယူရကောင်း၊ နာရကောင်းမှန်း မသိဘူး။ တနေ့မတော့ အီဗန်တယောက် လယ်ထဲမှာ ထွန်သွားနဲ့ညှိနေတဲ့ မှင်စာတကောင် ဖမ်းမိတယ်။ မသတ်ဘဲ လွှတ်လိုက်လို့ မှင်စာက လိုရာဆုမန်းနိုင်တဲ့ ဆေးမြစ်သုံးခုပေးတယ်။ ဆေးမြစ်တခုကို အကိုကြီးက […]


အမေရိကန်နိုင်ငံမှ စတင်လိုက်တဲ့ ဝေါစထရိသိမ်းပိုက်ရေး လှုပ်ရှားမှု Occupy Wall street ဟာ အခုဆိုရင် အခွင့်ရေး တောင်းဆိုလှုပ်ရှားသူ၊ အလုပ်သမားသမဂ္ဂများရဲ့ အားပေးထောက်ခံမှုနဲ့ ကမာ္ဘတလွှား မြို့ကြီးများကို ပျံ့နှံ့သွားပြီး အရှိန်အဟုန်နဲ့ ချီတက်လျက်ရှိပါတယ်။ သက်ဆိုင်ရာ တိုင်းပြည်တွေမှာ ဖြစ်နေတဲ့ ရေရှည်စီးပွားရေးကျဆင်းမှု အခြေအနေဆိုးကို ကန့်ကွက်ဆန္ဒပြနေတာပါ။ လှုပ်ရှားမှု ကြွေးကျော်သံကတော့ “ငါတို့သည် ၉၉ရာခိုင်နှုန်းဖြစ်တယ်။” ဒီနေ့ စီအန်အန်မှာ စိတ်ဝင်စားစရာ သတင်းတပုဒ် ဖတ်ရပါတယ်။ http://money.cnn.com/2011/10/20/news/economy/occupy_wall_street_income/index.htm?hpt=hp_t2 အမေရိကန်နိုင်ငံသား အခွန်ထမ်းများရဲ့ တစ်ရာနှုန်းဖြစ်တဲ့ အချမ်းသာဆုံး ရေပေါ်ဆီလူတန်းစား အလွာထဲဝင်ဖို့ ဒေါ်လာတသန်း နှစ်စဉ်ဝင်ငွေရှိမှ ဖြစ်မယ်လို့ထင်နေရင် ပြန်စဉ်းစားလိုက်ပါအုံး။ ၂၀၀၉ခုနှစ်မှာ ထုတ်ပြန်တဲ့ အခွန်ဦးစီးဌာန စာရင်းကိန်းဂဏန်းများအရ နှစ်စဉ်ဝင်ငွေ ဒေါ်လာ၃၄၃၉၂ရ ရှိဖို့သာ လိုပါတယ်။ ကန့်ကွက်ဆန္ဒပြသူများကတော့ ရေပေါ်ဆီ၁%ကြောင့် ဆင်းရဲချမ်းသာ […]


သမဒဂျီးဦးသိန်းစိန်ရဲ့ ချစ်ခင်ကြင်နာမှုနဲ့ ပြန်လွှတ်ပေးလိုက်တဲ့ နိုင်ငံရေးအကျဉ်းသား၂၀၆ဦးရဲ့ စာရင်းကို thevoicemyanmar.com ကနေ scribd.com မှာတင်ပေးတာတွေ့လို့ လွတ်လာသူများရဲ့ ထောင်ကျသက်နဲ့ ရခဲ့တဲ့လျော့ရက်ကို ရွာသားများသိနိုင်အောင် ကူးယူဖော်ပြလိုက်ပါတယ်။ ဗွိုက်စ်ဂျာနယ်ကိုလည်း ဒီကနေ ခွင့်တောင်းပါတယ်။ အန်အယ်ဒီကြေငြာချက်မှာ လွတ်လာသူ နိုင်ငံရေးအကျဉ်းသား ၁၉၈ဦး၊ သို့ပေမဲ့ နိုင်ငံရေး အကျဉ်းသားစောင့်ရှောက်ရေးအဖွဲ့ အေအေအာပီကတော့ ၂၀၆ဦးလို့ဆိုပါတယ်။ ဦးဇာဂနာ၊ ဗိုလ်ချုပ်ဆေထင် တို့လို နှစ်ရှည်ထောင်ဒဏ်ချခံထားရတဲ့ အကျဉ်းသမားများပါသလို အတော်များများဟာ ပြန်လွတ်ခါနီးသမား၊ ထောင်ထဲမှာ အချိန်အတော်များများ ပေးဆပ်ခဲ့ရသူ (သို့) မတရားပြစ်ဒဏ်ရဲ့ သုံးချိုးနှစ်ချိုးကျော်မျှ ခံစားခဲ့ ရသူများ ဖြစ်ပါတယ်။ တဆက်ထဲမှာပဲ ရွာသားများအနေနဲ့ သူတို့ဘဝကို ပိုပြီးစာနာတတ်စေရန် လွတ်ခါနီးမှ လွတ်မြောက်လာသူအချို့နဲ့ ပြည်ပသတင်းဌာနများ တွေ့ဆုံမေးမြန်ခန်းများကို ကောက်နှုတ်တင်ပြပါတယ်။ သက်ဆိုင်ရာ သတင်းဌာနများကိုလည်း ဒီကနေ ခွင့်ပန်လိုက်ပါတယ်။ […]


အကြောင်းအရာ – အောက်တိုဘာ၁၂ရက်၊ ၂၀၁၁ခုနှစ် သီတင်းကျွတ်လပြည့်နေ့တွင် ဦးသိန်းစိန် စစ်အစိုးရ မှလွှတ်ပေးမည်ဆိုသော ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများနှင့် စပ်လျဉ်း၍ ကြောင်အဖွဲ့ချုပ်၏ သဘောထား။ အထက်ပါ အကြောင်းအရာနှင့် စပ်လျဉ်း၍ ကြောင်အဖွဲ့ချုပ်၏ စိုးရိမ်ပူပန်ချက်ကို မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား တိုက်ရိုက်အသိပေး တင်ပြလိုပါသည်။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးများနှင့် စပ်လျဉ်း၍ နိုင်ငံရေးပြသနာကို နိုင်ငံရေးနည်းဖြင့်သာ ဖြေရှင်းလိုကြောင်း၊ သဘောထား မတူသူများနှင့် စေ့စပ်ညှိနှိုင်း သွားလိုကြောင်း၊ အစိုးရ အပြောင်းအလဲ (Regime Change) မဟုတ်ဘဲ စနစ်အပြောင်းအလဲ (System Change) လုပ်ဆောင်နေကြောင်း အစဉ်တစိုက် ဒေါ်စုပြောဆိုခဲ့တာ သတိပြုမိပါသည်။ ကြောင်များသည် ဆရာကောင်းတပည့် ပန်းကောင်းပန်သကဲ့သို့ ဒေါ်စုလိုလားသည့် အရပ်သားနိုင်ငံရေးစနစ် ကို ယုံကြည်သူများ ဖြစ်ကြပါသည်။ နိုင်ငံရေးတွင် […]


Steve Jobs အက်ပဲလ်ကွန်ပြူတာ၊ အိုင်ဖုံး။ အိုင်ပေါ့ဒ်၊ အိုင်ပဒ်၊ အိုင်ကျူးန်းတေးဂီတဆိုက် တို့၏အရှင်သခင် စတိဂျော့ဗ် အသက်၅၆နှစ် (၁၉၅၅-၂၀၁၁) ကွယ်လွန်သွားပါပြီ။ သူသေဆုံးကြောင်းသတင်းကို အက်ပ်ပဲလ်ကုမ္မဏီဆိုက်မှာ ယနေ့ညနေပိုင်းတွင် စာမျက်နှာပြည့် ကြေငြာထုတ်ပြန်ခဲ့ပါသည်။ စတိဂျော့ဗ်သည် အက်ပဲလ်ကွန်ပြူတာကုမ္မဏီကို ၁၉၇၆ခုနှစ်တွင် ငယ်သူငယ်ချင်း Steve Wozniak နှင့်အတူ စတင်တည်ထောင်ခဲ့ပြီး အဲဒီအချိန်က ကမာ္ဘ့ပထမဆုံး တကိုယ်ရည်သုံးကွန်ပြူတာလို့ ပြောနိုင်တဲ့ Apple II ကိုဈေးကွက်တင် ရောင်းချခဲ့သည်။   ကွန်ပြူတာတွက်ချက်မှုများ၊ တေးဂီတထုတ်လုပ်မှုရေး၊ ဆက်သွယ်ရေးကဏ္ဍများ တခေတ်ဆန်းသစ်စေခဲ့လို့ ကွန်ပြူတာလောကက သူ့ကို master innovator အဖြစ် လျှပ်စစ်မီးကို တီထွင်ခဲ့သူ သောမတ်စ်အက်ဒီဆင်နဲ့ တတန်းထဲထား သမုတ်ကြပါတယ်။ ၂၀၀၄ခုနှစ်တုန်းက ဖြစ်လေ့ဖြစ်ထမရှိတဲ့ ပန်ကရိယ ကင်ဆာရောဂါကနေ နာလန်ထူလာခဲ့ပြီး ၂၀၀၉ခုနှစ်မှာ တခါ […]