ဘာရယ်မဟုတ်ပါ။ ဒီနေ့  စက်တင်ဘာ ၃ဝရက်နေ့ ည၁၁နာရီအချိန်မှာ ဓမ္မရံသီဆိုက် ဝင်ကြည့်မိတော့ တရားတော်အသံဖိုင်ပေ့ချ်မှာ ဆရာတော်တပါးချင်းစီရဲ့အမည်နဲ့ တရားနာသူ ပရိသတ်ဦးရေတွေ့လို့ ရွာသားများလည်း သိရအောင် ကူးတင်လိုက်ပါတယ်။ ပရိတ်သတ် အနည်းအများကို ဆိုက်တခုထဲကနေ ဆုံးဖြတ်လို့မရပေမဲ့ တရားနာလေ့ရှိသူများ သဘောကျနှစ်သက်တဲ့ ဆရာတော်များကို ဒေါင်းလုပ်ချတဲ့ ဦးရေအရေအတွက်နဲ့ တိုင်းတာကြည့်ရင် ယေဘူယျ သိနိုင်မယ်ထင်လို့ပါ။ credit: http://www.dhammaransi.com/index.php?option=com_content&view=category&id=50&Itemid=83 ဓမ္မရံသီဆိုက်တွင် အွန်လိုင်းမှတဆင့်အများဆုံးနာယူသူ ပရိတ်သတ် ရရှိသူ ဆရာတော်များ ၁. အရှင်ဇဝန(မေတ္တာရှင်) ရွှေပြည်သာ 19190 ၂. မိုးကုတ်ဆရာတော်ဘုရားကြီး အရှင်ဝိမလ 17070 ၃. ဆရာတော်ဥုးသုမင်္ဂလ (မင်္ဂလရိပ်သာ) 15881 ၄. သီတဂူဆရာတော် အရှင်ဉာဏိဿရ 15366 ၅. တိပိဋကဓရ မင်းကွန်းဆရာတော်ဘုရားကြီး ဦးဝိစိတ္တသာရဘိဝံသ 11505 ၆. […]


တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးကြောင်ကြီးတယောက် ဗိုလ်ရှုခံစင်မြင့်ထက်ဝယ် မြန်မာ့တပ်မတော် တပ်ရင်းတပ်ဖွဲ့အသီးသီး၏ ချီတက်အလေးပြုမှုကို ခံယူနေပေသည်။ စစ်ကြောင်းကြီးများ တကြောင်းပြီးတကြောင်း အားမာန်အပြည့်ဖြင့် ချီတက်လာလေပြီ။ ရောင်ခြည်တထောင် အလင်းဆောင်သော သူရိယနေမင်း အလင်းရောင်အောက်ဝယ် လှံစွပ်တဝင်းဝင်း သေနတ်တပြောင်ပြောင် သစ်လွင်တောက်ပသော စစ်စိမ်းရောင် ယူနီဖောင်းဝတ်စုံများဖြင့် စစ်ရေးပြကွင်းတခုလုံး လွန်စွာပဏာရလျက် ရှိပေသည်။ စစ်ကြောင်း များမှာ ကြည်း ရေ လေ မဟာဗျူဟာ တပ်ရင်းတပ်မ၊ လက်ရုံးတပ်ဖွဲများအလိုက်၊ သူတို့နောက်မှ တင့်ကား၊ သံချပ်ကာကား၊ အမြောက်တင်ယာဉ်၊ ၎င်းယာဉ်များအား ပစ်ခတ်ဖျက်ဆီးပစ်မည့် အပေါ့စားဒုံးလောင်ချာများ၊ ယင်းဒုံးလောင်ချာများကို ရှာဖွေတိုက်ခိုက်မည့် လေဆာပဲ့ထိန်းဒုံးများ၊ တာတို တာလတ် တာဝေးပစ် ဒုံးပျံများ၊ ဒုံးပျံဖျက်စီးရေး ဂျက်တိုက်လေယာဉ်၊ ဗုံးကြဲလေယာဉ်၊ လေယာဉ်ပစ်ဒုံးကျည်၊ ယင်းတို့ကို လက်ဦးမှုယူကာ ပစ်ခတ်မည့် လေဆာပဲ့ထိန်း လေဆာဒုံးကျည်များ၊ […]


ဗုဒ္ဓဘုရား မြန်မာလူမျိုးဟုတ်မဟုတ်နဲ့ ပတ်သက်လို့ ကျနော်လည်း ပြောချင်တယ်ဗျို့။ အမှန်တော့ ကမာ္ဘဦးအစ ဖိုမဒွိစုံကနေ အားလုံးပေါက်ဖွားလလို့ ဆွေမျိုးစပ်နီးစပ်တယ်ပြောတာ လက်မခံနိုင်စရာ မရှိပါဘူး။ ဗုဒ္ဓဘာသာအယူမှာ ကမာ္ဘဦးအစ ဗြဟ္မာကြီးလေးဦးက ဆင်းသက်တယ် ဆိုထားတော့ မတူတဲ့ မိဘတွေကနေ ပေါက်ဖွားတယ်လို့ ယူဆနိုင်ပြန်လို့ အားလုံးဆွေမျိုးတော်တယ် တထစ်ချယုံကြည်နိုင်ရန်လည်း ခက်ပါတယ်။ စေ့စေ့စပ်စပ် စဉ်းစားရင် မူလအစ တစုံတွဲပဲရှိရှိ၊ နှစ်စုံတွဲပဲရှိရှိ ဘယ်လိုစဖြစ်လာခဲ့သလဲ အဖြေမရှိ သေးပါဘူး။ ကနဦး ဖို၊မ နှစ်ယောက်ပဲရှိတယ်ဆိုရင် ဖိုမ နှစ်ယောက်စီရော အစကထဲက ဘာပြုလို့ မရှိနိုင်ရမှာလဲ။ ဒီတော့ နှစ်မျိုးစလုံး ဖြစ်နိုင်တယ်လို့ ယူဆပါရစေ။ ပြောလေ့ရှိတဲ့ သာကီမျိုးဟေ့ ဒို့မြန်မာ ဆောင်ပုဒ်အရဆိုရင် ကျနော်တို့သည် ဂေါတမဘုရားနဲ့ ဆွေတော်မျိုးတော်စပ်လို့ ဂုဏ်ယူချင် ဂုဏ်ယူနိုင်ပါတယ်။ အနောက်တိုင်းအယူမှာလည်း ယေရှုသခင်သည် […]


    ပြီးခဲ့တဲ့ ရွေးဂေါက်ပွဲမှာ ရခိုင်ပါတီကနေ အရွေးခံလိုက်ရတဲ့ ပေါက်တောမြို့နယ် လွှတ်တော်အမတ် ဦးအောင်ကျော်ဇံကို မဲလိမ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အမတ်အဖြစ်ကနေ ပယ်လိုက်ပြီး ပြိုင်ဖက် ကြံဖွတ် လွှတ်တော်အမတ်နဲ့ အစားထိုးလိုက်ပါတယ်။ ဦးအောင်ကျော်ဇံသည် မဲပေါင်းသုံးသောင်းကျော်ရခဲ့ပြီး ကြံ့ဖွတ် အမတ်ကတော့ တသောင်းကျော်ပဲ ရခဲ့တာပါ။ ဘယ်သူလိမ်သလဲ ဒီတချက်ထဲနဲ့တင် သိနိုင်ပါပြီ။ ဟိုဖက်ကမဲ တသောင်းကျော် တကယ် ရခဲ့သလား ဆက်စဉ်းစားဖို့ မလိုတော့ပါဘူး။ အမှန်အတိုင်း ပြောရရင် လွှတ်တော် အမတ်ထိုင်ခုံပျောက်၊ နေရာအလုခံရတာ စိတ်မဝင်စားပါဘူး။ မလုပ်ပါနဲ့လို့ တားတဲ့ကြားက လုပ်ခဲ့တာကိုး။ ဟိုတုန်းက လွှတ်တော်တွင်း နိုင်ငံရေးလုပ်မယ်ဆိုသူ အတိုက်အခံများ ပြောခဲ့တာ ပေးထားတဲ့ ဘောင် အတွင်းက တိုက်ယူမယ်။ အချင်းချင်း ညီညီညွှတ်ညွတ် ပူးပေါင်းဆောင်ရွက်ကြမယ်၊ လေကြီးမိုးကြီး ပြောခဲ့တာ […]


“ ဘုံး၊ ခွပ်၊ အင့်၊ အွတ်၊ အမလေးဗျ။” နေ့ခင်းကြောင်တောင် လူအများ ဥဒဟို သွားလာနေရာ မြို့ထဲ လမ်းတခှအတွင်းရှိ တိုက်ပထမထပ်မှ အသံများကို စာမူကိစ္စ လမ်းကြုံရောက်ရှိစဉ် ကြားလိုက်ရခြင်း ဖြစ်သည်။ တိုက်လှေခါးခြေရင်းတွင် လွယ်အိတ်ကိုယ်စီနှင့် ချာတိတ်အချို့ကို ရုံးစုရုံးစု တွေ့နေရပြီး အသံ လာရာဆီသို့ လှမ်းကြည့်လိုက်ရာ ကျနော့်အသိ ဂျော်လကီဘု ကျူရှင်ခန်းဖြစ်နေသဖြင့် စိုးရိမ်စိတ်ကြီးစွာဖြင့် အလောတကြီး တက်သွားမိသည်။ မြင်ကွင်းကားမလှပ၊ လွန်စွာအရုပ်ဆိုး အကျည်းတန်လှပေသည်။ ဂျော်နီအောင်ဘုခင်မျာ မျက်နှာတခုလုံး ဖူးယောင်လျက် လူရုပ်ပင်မပေါ်၊ သူ့၏ထိုးထိုးထောင်ထောင်ဆံပင်နှင့် မျက်ခွက်ကြီးမှာ အခွံ မချွတ်ရသေးသော နာနတ်သီးမှည့်တလုံးနှင့်ပင် တူနေပေတော့သည်။ ကျနော်ရောက်သွားစဉ် မှာပင် ဂျော်လကီဘုက သူ့အား နောက်ထပ် နှစ်ချက်မျှဆင့်၍ ဂမူကျွေးလိုက် ပြီးဖြစ်သည်။ “ဘုံး…ဒိုင်း.. အင့်၊ […]


ရွာသားအပေါင်းတို့ခင်များ ကိုမိုးသီးဘလော့ခ် http://komoethee.blogspot.com/2011/08/steve-jobs.html#links မှာ လူတိုင်းကြိုက်တဲ့ Imac computer, Ipod, Iphone, Ipad တို့ရဲ့ အရှင်သခင် Apple ကော်ပိုရေးရှင်းကြီးရဲ့ အမှုဆောင်အရာရှိချုပ်ဟောင်းနဲ့ လက်ရှိဒါရိုက်တာဘုတ် အဖွဲ့ဥက္ကဌ စတိဗ်ဂျော့ဘ်ရဲ့ ၂၀၀၅ခုနှစ်တုန်းက စတန်းဖို့ဒ်တက္ကသိုလ်မှာ ပြောခဲ့တဲ့ မိန့်ခွန်းဖတ်ရလို့ ဝေငှလိုက်ပါတယ်။ စာဟောင်းမို့ သိပြီးသားဖြစ်ခဲ့ရင်လည်း မဖတ်ရသေးသူများအတွက် နားလည်ခွင့်လွှတ်ပေးကြပါလို့ တောင်းပန်ပါတယ်။ ရွာစည်းကမ်းချက်များနဲ့ ကိုက်ညီအောင် သူပြောတဲ့ အရေးကြီးအချက်သုံးချက်ကို ကောက်နှုတ်တင်ပြလိုက်ပြီး မူရင်းဘာသာပြန်စာကိုတော့ ကွန်းမန့်အနေနဲ့ အောက်ခြေမှာ ထည့်ပေးထားပါတယ်။ သူ့ဘဝဟာ အလွန်စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ပညာတတ် မိခင်အရင်းရဲ့ စွန့်ပစ်ခြင်း ခံရသူ၊ ပညာတတ်မဟုတ် ခလေးမရှိသူ သာမန်လင်မယားနှစ်ဦးက သူကြီးလာရင် တက္ကသိုလ် ဘွဲ့ရတဲ့အထိ ကျောင်း ထားပေးပါမယ်ဆိုတဲ့ ကတိနဲ့မွေးစားခံခဲ့ရသူပါ။ အထက်တန်းကျောင်းပြီးတော့ ဈေးကြီးလှတဲ့ […]


ဆြာတော် – အိမ်း..မောင်ကြောင်၊ မတွေ့တာကြာပေါ့ကွဲ့။ ကျောင်းကို မျက်စိလည်လမ်းမှာရောက်လာသလား။ ကြောင် – မှန်လှပါ၊ ဆရာတော်အား တရားမေးလျောက်စရာရှိ၍ တမင်လာခြင်းဖြစ်ပါတယ် ဘုန်းတော်ကြီးမြတ် အရှင်ဘုရား။ ဆြာတော် – သာဓု သာဓု သာဓု.. ဆိုစမ်းပါအုံးကွဲ့၊ နင့်ဟာဘာတုံး.။ ကြောင် – မိတ်အင်ယူအက်စ်အေ ပါဘုရား။ ဆြာတော် – သိုးဆောင်းစကားနဲ့ မပြောနဲ့ဒကာ၊ ဘုန်းကြီးက စာတတ်ပေမဲ့ ဝံသာနုဘုန်းကြီး။ ကြောင် – သီးခံတော်မူပါ ဆရာတော်၊ ပြောချင်တာ တပည့်တော်၏ ရုပ်နာမ်နှစ်ပါးသည် အမေရိကန်နိုင်ငံလုပ် ဖြစ်သွားပါပြီ။ တပည့်တော်ကို ဆရာတော့်ရွာထဲက ထန်းရည်ငမူး အောင်ဘုနဲ့ တစားထဲ မြင်သွားမှာစိုးလို့ပါ။ မူးတာခြင်းတူပေမဲ့ တပည့်တော်က ပြင်သစ်ဝိုင်အရက်၊ ဘီယာနှပ် ဂျပန်ကိုဘေးနွားကင်နဲ့ အဆင့်မြင့်ပါဘုရား။ ဆြာတော် – […]


ကယ်ကြပါအုံးဗျာ၊ အမေရိကန်ဒေါ်လာ သန်းတထောင်ပြည့်ဖို့ တပြားပဲလိုတော့တယ်၊ ပြည့်သွားရင် ဦးကြောင် ဘီလျံနာဖြစ်ပြီ။ သန်းထောင်ကြွယ် သူဌေးဖြစ်ဖို့ကို ငယ်စဉ်တောင်ကျေး ခလေးဘဝထဲက အိမ်မက် မက်ခဲ့တာပါ။ စားလည်းဒီစိတ် သွားလည်းဒီစိတ် အီးပါသေးပေါက်လည်း ဒီစိတ်တခုထဲနဲ့ အသက်ရှင်ခဲ့တယ်။  ကိုယ့်အတွက် နာမည်ကောင်းရဖို့ တခုထဲမဟုတ်ဘဲ ကမာ္ဘမှာမြန်မာဟေ့လို့ ကြွေးကြော်စေချင်တဲ့ အများ အကျိုးဆောင်ချင်တဲ့ စိတ်လည်းပါတယ်။ စဉ်းစားကြည့်လေဗျာ၊ ကျုပ်သာ ဘီလျံနာဖြစ်သွားရင် ကမာ္ဘကျော် ဖိုဘီမဂ္ဂဇင်းမှာ နှစ်စဉ်ဖော်ပြတဲ့ ကမာ္ဘတလွှား ဘီလျံသူဌေးစာရင်းမှာ ပထမဆုံး မြန်မာနိုင်ငံသား တဦးအနေနဲ့ ခင်ဗျားတို့လည်း ဂုဏ်ယူဝံ့ကြွားနိုင်မှာပေါ့။ သန်းတထောင်ပြည့်ဖို့ ငွေရမဲ့အလုပ်မှန်သမျှ ကုန်းရုန်းလုပ်ခဲ့၊ အန္တရာယ်အသွယ်သွယ် ဖြတ်ကျော် စီးပွားရှာခဲ့တယ်။ ကမာ္ဘပေါ်မှာ ကျုပ်မရောက်ဘူးခဲ့တဲ့ နိုင်ငံဆိုတာ မရှိဘူး၊ အီရတ်စစ်ပွဲ ဖြစ်တုန်းကလည်း ကျည်ဆံအခွံ သွားကောက်ခဲ့တယ်၊ အာဖဂန်နစ္စတန်မှာလည်း တာလီဘန်တွေ […]


လူအတော်များများက ဒုက္ခလို့ပြောလိုက်ရင် ဆင်းရဲခြင်းလို့သိပါတယ်။ သူများကိုယ့်ထက်သာလို့၊ သူများနဲ့ တန်းတူမရှိလို့၊ လိုတာမရလို့ ၊ မလိုတာရလို့၊ သူများဦးသွားလို့ အကြောင်းစုံနဲ့ ဒုက္ခဆင်းရဲလို့ သတ်မှတ်တယ်၊ ဒုက္ခနဲ့တွေ့ပြီ သတ်မှတ်ပါတယ်။ တကယ်ရော ဟုတ်လို့လား……ဒီလိုကြေးဆို ဘုရားဟော လက္ခဏာသုံးပါး ထဲက တပါးပါးနဲ့ လူတိုင်းဆုံတွေ့နေကြပြီ ထင်ပါရဲ့။ အသိညဏ်ရှိသူများကလည်း ပြောကြတယ် ဒုက္ခသည် ပူလောင်ခြင်း၊ သမုဒယကြောင့် ဒုက္ခဖြစ်တယ်။ သို့ပေမဲ့ လက်တွေ့မှာ သမုဒယ စွဲလမ်းခြင်းကို မဖြုတ်နိုင်ကြပါဘူး။ မလုပ်နိုင်သူများတဲ့အခါ ရုပ်ဝါဒီများက နာမ်ဝါဒီများ စိတ်ကူးပေါက်ရာ လုပ်ကြံရေးသားခဲ့ကြတာလို့ စွပ်စွဲကြတယ်။ ဒုက္ခ တကယ်ရှိတယ်၊ အကြောင်း သမုဒယဆိုတာလည်း ငြင်း၍မရ၊ ပယ်သတ်ရာ မဂ္ဂနဲ့ ကုန်ဆုံးဧငြမ်းရာ နိရောဓလည်း အထင်အရှားရှိကြောင်း သက်သေထူသွားသူ ပုဂ္ဂိုလ်ထူး အများအပြား ရှိပါတယ်။ အများညည်းညူနေသလို […]


ဩဂုတ်လ၈ရက်နေ့က ကြောင်ကြီးရဲ့ ၂၁နှစ်မြောက် မွေးနေ့ဖြစ်ပါတယ်။ အဲဒါကြောင့် ကြောင်နှစ်ကောင်စာပေကနေ သူ့မွေးနေ့အထိမ်းအမှတ်အဖြစ် the potfolio of big cat (အိုးကိုဦးစားပေးပြမှာမိုလို့ပါ) အမည်ရှိ ကာလသမီးကြိုက် အပြာနုရောင်စာအုပ် ထုတ်ဝေခြင်း လက်မှတ်ရေးထိုးပွဲကို ကန်တော်ကြီးက ကြက်ကျွန်းမှာ ကျင်းပခဲ့ပါတယ်။ စာအုပ်ဈေးနှုန်းကတော့ ၁၃ကျပ်၅ဝပြားဖြစ်ပြီး လာဝယ်သူတိုင်းကို ကြောင်ချီးနံ့သင်းနေတဲ့ စာအုပ်များနဲ့အတူ ကံထူရှင်ဆယ်ယောက်အား ကြောင်သေးဖြင့်ပန်းမည်ဖြစ်ပါသည်။ ဈေးနှုန်းသက်သာရခြင်း အကြောင်းကတော့ အမြတ်အစွန်းအတွက် မဟုတ်ဘဲ လိင်တူခြောက်သူများရပိုင်ခွင့်လို လူနဲ့ကြောင် အာဝါဟ ဝိဝါဟ ပြုခွင့်ရရှိရေး လူအများ စာနာသတိပြုမိစေရန်၊ မွေးရာပါ အခွင့်အရေး၊ မျိုးရိုးရပိုင်ခွင့်အဖြစ် ယဉ်ကျေးတဲ့ကမာ္ဘကြီးမှ လက်ခံလာစေရန် ငွေကြေးအကုန်အကျခံစိုက်ထုတ်ပြီး လိင်တူလိင်ကွဲ အတူတူပဲ၊ ဇာတ်တူဇာတ်ကွဲ ဆယ်ခါဆွဲဆိုတဲ့ ဇာတ်ပြောင်းတော်လှန်ရေးကို စတင်လိုက်လို့ပါ။ ရောင်းရငွေများအားလုံးကိုလည်း ဆိင်ငြိမ်ကွယ်ရာမှာ ကြောင်နဲ့လူ လွတ်လပ်ပျော်ရွှင်စွာ […]


စစ်အစိုးရသမတ ဦးသိန်းစိန်ရဲ့ ပြည်ပအတိုက်အခံများကို ပြည်တော်ပြန်လာဖို့ ခွင့်ပြုမယ်ဆိုတဲ့ မိန့်ခွန်းအပြီးမှာ သူတို့ရဲ့ ကမ်းလှမ်းချက်ကနေ စဉ်းစားမိတာတခုကို ပြောချင်ပါတယ်။ အခုအချိန်အထိတော့ ပြောစကားအဆင့်သာရှိသေးပြီး တိကျခိုင်မာတဲ့ ခြေလှမ်းမျိုး မတွေ့ရသေးဘူး။ အစိုးရသစ် အာဏာရလာတာ ၆လပြည့်ခါနီးပြီ၊ လွှတ်တော်ကိုယ်စားလှယ်များမှာ ပြောဆိုဆွေးနွေးပိုင်ခွင့် ရေရေရာရာ မရှိဘူး၊ ဒေသဆိုင်ရာ အစိုးရတွေမှာ လုပ်ပိုင်ခွင့် မယ်မယ်ရရ မတွေ့ရဘူး၊ နယ်စပ်တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်၊ မြန်မာပြည်အနှံ့ ထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသားနှစ်ထောင်ကျော် မတရားအကျဉ်းချခံနေရဆဲပဲ၊ မြေယာအဓမ္မသိမ်းမှု၊ အတင်းအကျပ်လုပ်အားပေး၊ ကတိပေးထားသလို ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကိုလဲ လူထုစိတ်ကြိုက် ရွေးချယ် ပိုင်ခွင့်မရဘူး၊ စာပေသတင်းလွတ်လပ်ခွင့်၊ အသင်းအပင်း ဖွဲ့စည်းပိုင်ခွင့်ဆိုတာလဲ အာမခံချက်မရှိသေးဘူး။ ဟိုတို့ထိ ဒီတို့ထိ တပိုင်းတစ လေးတွေလောက်နဲ့ အပြောလွတ်ရုံ၊ အပြကောင်းရုံလောက် လုပ်ထားတာ ရှိပါသေးတယ်။ ဦးသိန်းစိန်မိန့်ခွန်းရဲ့ ရည်ရွယ်ချက်သည် ဘာဖြစ်နိုင်မလဲ။ […]


တရုတ်ပြည်က သူ့ရဲ့ပထမဆုံး ပေ၉၉ဝအရှည်ရှိ လေယာဉ်တင်သင်္ဘောကို မန်ဒရင်းပင်လယ်ပြင်မှာ စမ်းသပ်ရေချ မောင်းနှင်လိုက်ပြီမို့ တရုတ်တို့ရဲ့ ကြီးထွားလာတဲ့ စီးပွားရေးအင်အားနဲ့အတူ ချဲ့ထွင်လာတဲ့ စစ်အင်အားတည်ဆောက်မှုကိုလည်း သတင်းမီဒီယာတွေမှာ ဖော်ပြနေကြပါတယ်။ တရုတ်ပြည်မနဲ့ပြိုင်ဖက် ထိုင်ဝမ်နိုင်ငံကလည်း တနေ့ထဲမှာ သူတို့ရဲ့ လေယာဉ်တင်သင်္ဘောဖျက်ဒုံးပျံကို ထုတ်ပြန်ကြေငြာလိုက်တယ်။ လေယာဉ်တင်သင်္ဘောတစီး လည်ပတ်လှုပ်ရှားဖို့ဆိုတာ အလွန်ရှုပ်ထွေး၊ ကုန်ကျစရိတ် နှစ်စဉ် ဒေါ်လာဘီလျံ ချီတယ်လို့ ဆရာဦးဘိုဘိုကျော်ငြိမ်း ဘာသာပြန်တဲ့ ဆောင်းပါးတပုဒ်မှာ ဖတ်ဖူးပါတယ်။ သူ့တစင်းထဲသွားလို့ မရဘဲ ရေငုပ်သင်္ဘောများ၊ ဒုံးပျံတင် ဖရီးဂိတ်စစ်သင်္ဘောများ၊ ထောက်ပို့ သင်္ဘောများ တလှေကြီးနဲ့ ဆင်ဖြူတော်ကို အခြားဆင်များခြံရံသလို ထားရတာပါ။ မိမိကမ်းလွန်ပင်လယ်ပြင် သာမက တကမ္ဘာလုံးရှိ နိုင်ငံတကာပင်လယ်ပိုင်နက်မှာ လှုပ်ရှားနိုင်တဲ့ ပင်လယ်ပြာသင်္ဘောအုပ်စစ်စစ်ဆိုလို့ အမေရိကန်တနိုင်ငံထဲ ရှိမယ်ထင်ပါတယ်။ သူ့နောက်မှာ ဗြိတိန်၊ ပြင်သစ်တို့ ရှိပါလိမ့်မယ်။ ကုန်ကျစားရိတ် […]


သဂျီးတင်လိုက်တဲ့ ဩဂုတ်လ ၅ရက်ထုတ်.. မြန်မာ့အလင်းသတင်းစာပါ မောင်တင်အေး(သရက်)ရဲ့ နိုင်ငံကိုစွန့်ခွာခြင်းဆောင်းပါး ဖတ်ပြီး စဉ်းစားမိလို့ပါ။ ဆောင်းပါး အကြောင်းအရာ တိုင်းပြည်ကို စွန့်ခွာပြေးပြီး သူတပါးနိုင်ငံမှာ အခြေကျနေထိုင်သူ၊ နိုင်ငံတော် ကျေးဇူးသစ္စာကို ခံစားပြီး (သူတို့အဆိုအရ) တခြားနိုင်ငံမှာ ခိုလှုံခွင့်ခံ၊ နိုင်ငံသားခံယူသူ ပြည်ပအတိုက်အခံများကို စွတ်စွဲတိုက်ခိုက် ထားပါတယ်။ ဆောင်းပါးရှင် စွပ်စွဲသလို နိုင်ငံတော်ကပေးတဲ့ အခွင့်အရေးများ ဥပမာ ပညာသင်ဆု ယူပြီး အိမ်မပြန်တဲ့သူတွေလဲ ရှိပါမယ်။ ကျနော်က နိုင်ငံရေး ထဲထဲဝင်ဝင် လှုပ်ရှားသူ၊ နိုင်ငံရေးကြောင့် ပြည်ပရောက်နေသူလည်း မဟုတ်လို့ ပုဂ္ဂိုလ်ရေး ခံစားချက် မရှိပါ။ စဉ်းစားမိတာ နိုင်ငံတော်ဆိုတာ တကယ်ရှိသလား၊ ဝေါဟာရသက်သက်လား၊ ဘယ်လိုမျိုးကို ခေါ်သလဲ။ ပြည်တွင်းမှာ အတိုက်အခံများကို နှိပ်ကွပ်၊ ဝါဒဖြန့်ချီတဲ့အခါ စစ်အစိုးရ အဆက်ဆက် […]