ဒီနေ့မနက် အိပ်ယာထပြီး အင်တာနက်တက် သတင်းဖတ်တော့ မြန်မာတိုမ်းစ်အယ်ဒီတာချုပ် ရော့စ်ဒန်ကလေကို ထောင်ဒဏ်တလ (သို့) ဒဏ်ငွေတသိန်းနဲ့ အမှုဖြတ်ပေးလိုက်ကြောင်းတွေ့ရပါတယ်။ သူ့ကို ၄၄ရက်ချုပ်ထားပြီးလို့ ထောင်ဒဏ်ကျခံရန် မလိုတော့ေြ့ကာင်းမါ ဆက်လက်ဖတ်ရှုရပါတယ်။ အကျဉ်းထောင်တွင်း လူမဆန်မှုများကို ဘယ်သူမှ မခံစားစေလိုတဲ့အတွက် ကာယကံရှင်ကိုယ်စား ဝမ်းသာပါတယ်။ တနေ့ကလည်း တရုတ်ပြည်သားကျောက်ကုန်သည်၆ယောက်က မြန်မာကျောက်သမားတဦးကို ဝိုင်းရိုက်လို့ တရုတ်ကောင်စစ်ဝန်အကူအညီနဲ့ တရုတ်ပြည်ကို ပြန်ပို့လိုက်ကြောင်း သိရပါတယ်။ အာဏာပိုင်များရဲ့ တင်းကျပ်တဲ့ ချုပ်ကိုင်မှုအောက်မှာရှိတဲ့ မြန်မာပြည်မှာ အခုလို ဥပဒေအတိအလင်း ချိုးဖောက်မှုများကို အနိမ့်ဆုံးပြစ်ဒဏ်များနဲ့ အရေးယူမှုများဟာ ကိုယ့်နိုင်ငံသားများကိုရော သက်ရောက်မှုရှိမလား သိချင်ပါတယ်။ အရင်က အခြေခံဥပဒေမရှိလို့ဆိုသူ သောက်ရှက်နဲတဲ့ ကြားချောင်သတ်ပါတီများ၊ စားဖားသာကူး စာနယ်ဇင်းသမားများ၊ ဒေါင်းယောင်ဆောင်ကျီး ဒလျှိုဒလံများ ပိုသိကြမယ်ထင်ပါတယ်။ အတိုက်အခံတဦး သာမန်လူတိုင်းကျူးလွန်နိုင်တဲ့ အမှားအယွင်းတခုလုပ်မိပြီဆိုရင်တော့ အမြင့်ဆုံးပြစ်ဒဏ် အပေးခံရတယ်။ […]