foreign.jpg

ဒီနေ့မနက် အိပ်ယာထပြီး အင်တာနက်တက် သတင်းဖတ်တော့ မြန်မာတိုမ်းစ်အယ်ဒီတာချုပ် ရော့စ်ဒန်ကလေကို ထောင်ဒဏ်တလ (သို့) ဒဏ်ငွေတသိန်းနဲ့ အမှုဖြတ်ပေးလိုက်ကြောင်းတွေ့ရပါတယ်။ သူ့ကို ၄၄ရက်ချုပ်ထားပြီးလို့ ထောင်ဒဏ်ကျခံရန် မလိုတော့ေြ့ကာင်းမါ ဆက်လက်ဖတ်ရှုရပါတယ်။ အကျဉ်းထောင်တွင်း လူမဆန်မှုများကို ဘယ်သူမှ မခံစားစေလိုတဲ့အတွက် ကာယကံရှင်ကိုယ်စား ဝမ်းသာပါတယ်။ တနေ့ကလည်း တရုတ်ပြည်သားကျောက်ကုန်သည်၆ယောက်က မြန်မာကျောက်သမားတဦးကို ဝိုင်းရိုက်လို့  တရုတ်ကောင်စစ်ဝန်အကူအညီနဲ့ တရုတ်ပြည်ကို ပြန်ပို့လိုက်ကြောင်း သိရပါတယ်။ အာဏာပိုင်များရဲ့ တင်းကျပ်တဲ့ ချုပ်ကိုင်မှုအောက်မှာရှိတဲ့ မြန်မာပြည်မှာ အခုလို ဥပဒေအတိအလင်း ချိုးဖောက်မှုများကို အနိမ့်ဆုံးပြစ်ဒဏ်များနဲ့ အရေးယူမှုများဟာ ကိုယ့်နိုင်ငံသားများကိုရော သက်ရောက်မှုရှိမလား သိချင်ပါတယ်။ အရင်က အခြေခံဥပဒေမရှိလို့ဆိုသူ သောက်ရှက်နဲတဲ့ ကြားချောင်သတ်ပါတီများ၊ စားဖားသာကူး စာနယ်ဇင်းသမားများ၊ ဒေါင်းယောင်ဆောင်ကျီး ဒလျှိုဒလံများ ပိုသိကြမယ်ထင်ပါတယ်။ အတိုက်အခံတဦး သာမန်လူတိုင်းကျူးလွန်နိုင်တဲ့ အမှားအယွင်းတခုလုပ်မိပြီဆိုရင်တော့ အမြင့်ဆုံးပြစ်ဒဏ် အပေးခံရတယ်။ […]

index.jpg

MDY Leaks ဇွန်လ၂၉ ဒီပို့စ်တင်တာ ၁ဝရက်လောက်ရှိပြီ၊ မှတ်ချက်များလည်း ရတန်သလောက် ရပြီမို့ သဂျီးအကြောင်း သဂျောင်းအကြီး ပေါင်းစည်း မောင်းတီး ပါတော့မယ်။ မီညောင် မီညောင်…… အများစိတ်ဝင်စားတဲ့ သဂျီး အီရပ်ပြန်ဆိုတာ ဒီလိုပါ။ သူက တခုခုလုပ်ရင် ရိုုးအီသွားမှ ရပ်ပြီးပြန်ပါတယ်။ ဒါကြောင့် အီရပ်ပြန်လို့ နာမည်တွင်ပါတယ်။ အမေရိကန်ဝင်တိုက်တဲ့ အီရတ်နိုင်ငံ မဟုတ်တာ စာလုံးပေါင်း သတ်ပုံမှာ တွေ့နိုင်ပါတယ်။ ကျနော်က အီသွားရင် ရန်လုပ်ပြီးမှပြန်လို့ အီရန်ပြန်တွင်တာပါ။ စကားစပ်လို့ ပြောရရင် သဂျီးကတော်ကတော့ အီသွားရင် ဂျစ်ကြပြီးမှပြန်လို့ အီဂျစ်ပြန် ခေါ်ပါတယ်။ သဂျီးဦးခိုင်နဲ့ကျနော် အသက်ပေးချစ်ပုံက ဒီလိုပါ။ မြန်မာပြည်မှာရှိစဉ် အသက်ဆိုတဲ့ ဇယားမလေးကို အခကြေးငွေပေးပြီး ချစ်ကြပါတယ်။ (မှတ်ချက် – သဂျီးလူပြိုဘဝတုန်းကပါ၊ အခုတော့ […]

principle.jpg

တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့ လူနဲ့မူ ဘယ်သူ ဦးဆောင်သင့်သလဲဆိုတာ မကြာခဏ ငြင်းခုံ ဆွေးနွေးလေ့ရှိတဲ့ ခေါင်းစဉ်တခုပါ။ ရွာသားတချို့ရဲ့ ထင်မြင်ယူဆချက်များကိုလည်း တွေ့ဖူးတယ်။ လေ့လာမိသလောက် လူသမားများသည် ရှေးရိုးအစဉ်အလာ တန်ဖိုးထားလိုသူ ကွန်ဆားဗေးတစ်များ ဖြစ်ပြီး၊ မူသမားတွေကတော့ အပြောင်းအလဲလိုလားသူ ပရောဂရက်စစ်များ၊ လွတ်လပ်ပွင့်လင်းလွန်းသူ လစ်ဘရယ်များပါ။ လောကကြီးက ဆန်းပြားတယ်။ ပုံမှန်ဆိုရင် ကွန်ဆားဗေးတစ်များက စည်းကမ်း ထုံးစံ ယဉ်ပါးသူများဖြစ်လို့ မူကို လူထက် ဦးစားပေးရမယ်၊ လစ်ဘရယ်များကတော့ လွတ်လပ်စွာ နေသူများဖြစ်လို့ လူကိုမူထက် နှစ်သက်သင့်တယ်။ သို့ပေမယ့် နိုင်ငံရေးအမြင်မှာတော့ ပြောင်းပြန်ဖြစ် သွားပါတယ်။ တိရစာ္ဆန်တွေတောင် ရေမြေတောတောင် ဥတုလိုက်လို့ အရောင်ပြောင်းတတ်ရင် ကိုယ့် အကျိုး တခုထဲကို ကြည့်တတ်တဲ့ လူတွေပိုဆိုးတာ မဆန်းပါဘူး။ ကျနော်က တော်လှန်တဲ့အမြင်ရှိတဲ့ ပရောဂရက်စစ် […]

rat.jpg

ခက်ပါဘိ လီဘူးရယ် ကြောင်မပါ နောင်ခါသိ ထောင်စရာ မောင်မှာမရှိ ငေါင်တယ်ကွာ ခေါင်ပါဘိ ရှောင်ဖယ်နွှာ ဂျောင်သာဂိ ပြောင်ရယ်ကာ လှောင်ပါ၏ မောင်မယ်ခွာ ပေါင်စရာနထ္တိ အောင်မယ်ခမျာ ဒေါင်ချာထိ ဗြောင်တွယ်ဖွာ နောင်ကွာစိ အထာရှိရှိနဲ့ လွှာကြည့်တာ ကမာ္ဘသိဖြစ်သွားတယ် ခွေးလွှတ်ပါ ဦးဘီလူး သင်လည်းမြူး ငါလည်းcool အထာရူးနဲ့ လာမလုပ်နဲ့ ခုတ်လိုက်မယ် ဖြုတ်လိုက်မယ် အစွယ်ကိုချိုး တရုတ်ပြည်ပို့ ခေါင်းကိုဖြတ် ဇာတ်ထဲမှာထား ကိုယ်ကြီးကို မြေထဲမြှုပ် အစောင့်လုပ်ခိုင်းစားမယ် တအားရက်စက်ဘိ မညည်းနဲ့ နှစ်ဆဲ့လေးနာရီ နားရက်မရှိ ကျားပါးစပ်ကိုထိမှတော့ ဂွိသွားတာနည်းသေး မသိနားမလည် တပည့်သားငယ်ဆိုရင် အုန်းငှက်ပျောပွဲနဲ့တောင်းပန် အရှင်ကြောင်မင်းရယ် နောင်မမိုက်ပါ နောင်မမိုက်ပါလို့ မှောင်မိုက်မှာငို ဆယ်ခါပြန်ဆိုစေသတည်း။ 😐

happy-cat-day.jpg

နင့်ကိုငါချစ်တယ် ငါ့ကိုနင်ချစ်မလား ဟာ ဟာ ဟာ ကမာ္ဘဦးထဲက ရည်းစားစကား သင်လဲကြား ကျုပ်လဲကြား သူလဲပြော ကိုယ်လဲပြော နင်လဲမော ငါလဲမော… ကြိုက်သွားရင် ချစ်သူဖြစ် မုန်းတဲ့အခါ ရန်သူဟစ် ငါစိမ်းမြင် ငါးကင်ပစ် တချို့ကြတော့ အကုန်ကစ် ပြောကြတဲ့ အချစ်နဲ့စစ် တရားမျှတခြင်း ပုံပြင်ဖြစ်….. ဖြစ်ချင်တာဖြစ် မောင်ဘချစ် ရင်ဆိုင်နိုင်ဖို့ အားကုန်ညှစ် ဆန်စုံစား ကံကုန်သွား (ဆရာ) သော်တာဆွေ ပြောစကား…. ညောင်းရင်နား မောရင်ထိုင် ငိုင်ချင်ငိုင် မှိုင်ချင်မှိုင် နိုင်ချင်လည်း နိုင်မယ်ပေါ့ စိတ်လေးတော့ ခိုင်ပါစေ မှားလည်းမှား ခါးလည်းခါး မရပ်မနား ဇာတ်တိုက်ထား ဘဝဆိုတဲ့ အရှိတရား နင်လည်းသွား ငါလည်းသွား…..

myan-king1.jpg

အရင်တပတ်က တင်ဖို့ကြိုးစားပေမယ့် ပုံတွေပါအောင် ဘယ်လိုတင်ရမှန်မသိလို့ google and scribd လင့်ခ်တွေသုံးပြီး သောကြာနေ့မှ တင်မလို့ အန်တီဆူးကဘယ်လို ရှာဖွေတွေ့ရှိသွားလည်း မသိဘူး။ ကိုယ့်ဖာသာကိုယ် ရွာထဲက မီဒီယာထဲမှာ ပီဒီအက်ဖ်ဖိုင်အနေနဲ့ သိမ်းထားတာ အန်တီဆူးမန်းမှပဲ သိတော့တယ်။ ရွာထဲကလင့်ခ်၊ ဂူဂဲ့လင့်ခ်နဲ့ scribd လင့်ခ်တွေနဲ့ သိမ်းထားတာကို တင်လိုက်သည်။ google document link https://docs.google.com/document/d/1AOhsOzj826-yuAaKdH9pKqK9_BXfYy6AOuL1aLZHfmY/edit?hl=en_US&authkey=CNDp-wU Scribd link မန်းဂေဇက် Myanmar Kings  

border-trade.jpg

မြန်မာပြည်မှာ စစ်အစိုးမရပြောတတ်တဲ့ ကိုလိုနီနယ်ချဲ့ လက်သစ်ဝါဒဆိုတာရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ အခုသတင်းထဲက ကလင်တန်ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်နဲ့ မြန်မာပြည်ရဲ့ လက်ရှီ အက်ဖ်ဒီအိုင် နိုင်ငံခြားမှ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အနေအထားတို့ကို စပ်ဆက်စဉ်းစားမိစေရန်ပါ….. အာဖရိကတိုက်ရဲ့ သဘာဝ သယံဇာတများကို မိမိတို့နိုင်ငံ အကျိုးစီးပွားအတွက်သာ ထုတ်ယူအသုံးချ သွားမယ့် ပြည်ပအစိုးရများနဲ့ ရင်းနှီးမြှုပ်နှံသူများရဲ့ ခိုးကြောင်ခိုးဝှက် လက်သစ်နယ်ချဲ့ကိုလိုနီဝါဒ ရှိနေကြောင်း ယူအက်စ်နိုင်ငံခြားရေးဝန်ကြီး ဟယ်လာရီကလင်တန်က စနေနေ့တွင် သတိပေးပြောဆိုသည်။ ပြည်ပစီမံကိန်း များဟာ အခွင့်ထူးခံလူတစုအတွက် မဖြစ်စေဘဲ တာရှည်ခံပြီး ပြည်သူများအားလုံး အကျိုးခံစားရဖို့ သေချာမှ လက်ခံသင့်ကြောင်း အာဖရိက ခေါင်းဆောင်များအား ပြောသည်။ မတော်မတရား လုပ်နေသူတွေကို ဘယ်သူ ဆိုတာ ထုတ်ဖော်မပြောပေမဲ့ အာဖရိကတိုက်မှာရှိတဲ့ ကြီးမားလှတဲ့ တရုတ်ရင်းနှီးမြှုပ်နှံမှုများနဲ့ စီးပွားရေး အကျိုးအမြတ်များဟာ အာဖရိကတိုက်ပြည်သူများအပေါ် ခေါင်းပုံမြတ်သွေးစုပ် […]


ပီဒီအက်ဖိုင် သို့မဟုတ် ချာတ်၊ ဂရပ်ဖ်၊ ဇယားတွေ ပါတဲ့ word ဖိုင်ကို အပြည့်အစုံပေါ်အောင် ဘယ်လိုတင်လို့ရလဲ သိသူများပြောကြပါဗျို့….

paper-tiger.jpg

ကမာ္ဘပေါ်မှာ နိုင်ငံအချင်းချင်းကိစ္စရပ်များ၊ လူသားမျိုးနွယ် တစုလုံးနဲ့ဆိုင်တဲ့ အရေးကိစ္စများအတွက် ကွပ်ကဲညှိနှိုင်းဆောင်ရွက်ပေးဖို့ ကမာ္ဘ့ကုလသမဂ္ဂဆိုတာ ရှိပါတယ်။ ရွာထဲမှာ ကျနော့်ထက်ပိုသူများ ရှိမှာပါ။ အဲဒီ့အဖွဲ့အစည်းကြီးဟာ နိုင်ငံတခုချင်းကို ဘာလုပ်ရမယ်၊ မလုပ်ရဘူးလို့ ညွှန်ကြားနိုင်တဲ့ အခွင့်အာဏာများ အပ်နှင်းထားပါတယ်။ ချမှတ်ထားတဲ့ စည်းကမ်းဥပဒေတွေနဲ့တော့ ဘောင်ဝင်ရမှာပေါ့လေ။ နိုင်ငံကြီးတခုရဲ့ ခေါင်းဆောင် အဆင့်အတန်းနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရာထူး ညီမျှပါတယ်။ ကုလသမဂ္ဂဌာနချုပ်ရုံးရဲ့ လက်အောက်မှာ ယူအန်ဒီပီ၊ ယူနီဆက်ဖ်၊ အိုင်အမ်အဖ်၊ အိုင်အယ်အို စတဲ့ ရုံးကြီးများရဲ့ အကြီးအကဲများဟာ နိုင်ငံ့ခေါင်းဆောင်ဟောင်းများ သို့ ဩဇာတိက္ကမရှိတဲ့ ဝန်ကြီးဟောင်းများ ဖြစ်ပါတယ်။ ကုလအတွင်းရေးမှူးချုပ် ကတော့ တောင်ကိုရီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဟောင်းပါ။ ပြောချင်တာ ရွေးချယ်ခန့်အပ်ထားတဲ့သူများ၊ အပ်နှင်းထားတဲ့ အဆောင်အယောင်၊ ခံစားခွင့်၊ လုပ်ပိုင်ခွင့်အာဏာတို့ဟာ နိုင်ငံကြီးတခုရဲ့ အစိုးရအဖွဲ့အတိုင်း ကြီးမားထည်ဝါလှပါတယ်။ သို့ပေမဲ့ […]

pennies.jpg

Utah ပြည်နယ်ကလူတဦးဟာ အငြင်းပွားနေတဲ့ ဆေးကုသစရိတ် ကုန်ကျငွေကို ပြားစေ့၂၅၀ဝ တိတိဖြင့် ပေးဆောင်အပြီးတွင် တာဝန်ဝတ္တရားနှောက်ယှက်မှုနဲ့ တရားရင်ဆိုင်ဖို့ ရှိနေသည်။ Jason West သည် မေလ၂ရရက်နေ့တွင် လက်ကျန်၂၅ဒေါ်လာ ငွေတောင်းခံလွှာအတွက် ဆေးခန်းတွင် ငြင်းခုံရန်ဖြစ် ခဲ့သည်။ ထို့နောက် ဝန်ထမ်းများကို ငွေသားလက်ခံ၊ မခံ မေးမြန်းကာ တပြားစေ့၂၅၀ဝခန့်ကို ကောင်တာ ထက်တွင် သွန်ချလိုက်ပြီး ၎င်းတို့ကို ရေတွက်ရန် တောင်းဆိုခဲ့သည်။ အကြွေစေ့များမှာ ကောင်တာနှင့် ကြမ်းပြင်တဝိုက် ပြန့်ကျဲသွား၍ ဝန်ထမ်းများမှာ ယင်းအပြုအမူအတွက် စိတ်ဆိုးကြရသည်။ လက်ထောက်ရဲမှူး Campbell က West မှာ အဲဒီလို ပြုမူဆောင်ရွက်ဖို့ ဘာအကြောင်းပြချက်မှ မရှိဟုပြောသည်။ ထို့နောက်တွင် ရဲများက အသက်၃၈နှစ်အရွယ်ရှိ West ကို ဝတ္တရားနှောက်ယှက်မှု ရင်ဆိုင်ရန် […]

mccain-departs-assk-305-z.jpg

မြန်မာပြည်မှာရှိစဉ် ကြားဖူးတဲ့ အဖြစ်အပျက်များပါ။ နိုင်ငံခြားမှာရှိတဲ့ ကော်ပရေးရှင်းကြီးတခုမှာ အကောင်ဖြစ်နေတဲ့ မြန်မာတဦး စီးပွားရေးကိစ္စနဲ့ ပြည်တော်ပြန်ပြီး အစိုးရတာဝန်ရှိပုဂ္ဂိုလ်ဆိုသူ စစ်ဗိုလ်များထံ တွေ့ဆုံတဲ့အခါ ရိုရိုကျိုးကျိုး စကားပြောရပါသတဲ့။ နို့မို့ရင် ငါလိုကောင်ကို မထီလေးစား လုပ်သလားဆိုပြီး ပညာအပြခံရဖို့ ရှိပါတယ်။ ကုတ်အကျင်္ီနဲ့ နက္ကတိုင်စည်းထားတဲ့ နိုင်ငံခြားသားတွေ ခြေထောက်ချိတ်ထိုင် စကားပြောရင်တော့ စစ်ဗိုလ်ကြီးများ ဂုဏ်ယူလို့မဆုံး တပြုံးပြုံးနဲ့ပေါ့။ ဒါကြောင့် နိုင်ငံခြားမှာ အောင်မြင်နေတဲ့ မြန်မာလူမျိုး လုပ်ငန်းရှင်တွေ၊ အရာရှိတွေ ပြည်တော်ပြန်လို့ အစိုးရရုံးကိစ္စရှိရင် မျက်နှာဖြူလူမျိုး လက်အောက် ငယ်သားကို ရှိခဲ့ရင် ကိုယ်စားလှယ်လွှတ်လေ့ ရှိပါတယ်။ ဒါမှ အစိုးရတာဝန်ရှိ ပုဂ္ဂိုလ်များက တူတူတန်တန် လူတွေနဲ့ ငါတို့ ဆက်ဆံရတယ်လို့ ကျေနပ်နှစ်ခြိုက် အားရတော်မူကြပါသတဲ့။ အသိတဦးပြောပြတာလည်း စိတ်ပျက်စရာပါ။ နိုင်ငံခြားမှာ အောင်မြင်နေတဲ့ […]

polygamy.jpg

မလေးရှားနိုင်ငံတွင် ထားရာနေစေရာသွား အိမ်ထောင်ရှင်မများကလပ်ကို မွတ်စလင်အဖွဲ့အစည်းတခုက တည်ထောင်လိုက်သည်။ ယင်းအဖွဲ့သည် လူမှုဖောက်ပြန်မှုများအား တိုက်ဖျက်သည့်ကုထုံး တရပ်အဖြစ် အမျိုးသမီးများကို လင်ယောက်ျားများအား ကျိုးနွံစွာဖြင့် အိပ်ယာထဲတွင် စိတ်ကျေနပ်ပျော်ရွှင်အောင် အသုံးတော်ခံဖျော်ဖြေနည်းတို့ကို သင်ကြားပေးမည်ဖြစ်သည်။ အိမ်ထောင်ရှင်မများသည် ချစ်ဗျူဟာ အခင်းကောင်းသူများဖြစ်ရင် ရိုသေလေးစားမှု၊ ဧည့်ဝတ်ကျေပြွန်မှု၊ ပြုစုယုယမှုတွေကို လုပ်ရကောင်းမှန်း သိမယ်၊ အဲဒီလိုနဲ့မှ လင်ယောက်ျားတွေကို သစ္စာမဖောက်အောင် ထိန်းသိမ်းနိုင်မယ်လို့ အဖွဲ့ဒုတိယဥက္ကဌ ရိုဟာရာ မိုဟာမက်က ပြောသည်။ အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူများနှင့် နိုင်ငံရေးသမားများကတော့ မှားယွင်းသော လမ်းညွှန်မှုနှင့် မွတ်စလင်အမျိုးသမီး ရပိုင်ခွင့်များကို ထိုးနှက်ချက်ချက်တရပ်အဖြစ် ပြစ်တင်ရှုံ့ချ လိုက်ကြသည်။ ကလပ်အသင်းကို Global Ikhwan group က တည်ထောင်ခဲ့ပြီး လွန်ခဲ့သော ၂နှစ်ခန့်က လင်ယောက်ျားတဦးမှ မိန်းမအများအပြားယူနိုင်သော ပေါ်လီဂမီအဖွဲ့ Polygamy […]