pig-walking.jpg

ဟိတ်ကောင်ငဖား မိုက်တုန်းပဲလား အမေကျော် ဒွေးဒေါ်လွမ်း အပွင့်မြင်ရင် ဖင်တရမ်းရမ်းနဲ့ သောက်သုံးမကျ နင့်ဘဝ ရှက်သေးဘူးလား.. နင်မျိုတဲ့ထမင်း နင်စွပ်တဲ့အဝတ် နင်သုံးတဲ့အဆံ နင့်အဘငတ ပေးတယ်ထင်လား နင့်ကိုယ်နင်တော့ ကယ်တင်ရှင် အမျိုးသားရေးဝါဒီ ငတိအဘရှေ့တော့ အံ့လောက်ပါရဲ့ လက်အုပ်ချီဘုရားထူး ကျွန်သဘောက်… သမိုင်းကိုပြန်ကြည့် အလုပ်သမားခံစားခွင့် တပတ်နာရီ၄၀ အိုဗာတိုင်ကြေး ဘယ်လိုရခဲ့သလဲ တထွာတမိုက ်နင့်ညဏ်နဲ့ မဟာစဉ်းစားခန်း မဝင်ရအောင် ပြောလိုက်မယ် By Heart မှတ်ထား တိုက်ယူခဲ့ရတယ်…. တိုက်ဆိုရင်တိုက် ကိုက်ဆိုကိုက်တာ နင်တို့သဘာဝမို့ မထူးဆန်းဘူး ထင်လိမ့်မယ် နင်မသိတာ ယုံကြည်ချက်အတွက် စွန့်လွှတ်စွန့်စား အနစ်နာခံ ပေးဆပ်ရမှု…. သခင်အားရ ကျွန်ပါးဝမို့ နင်ကပြောတယ် အလုပ်ရရင် မသေရုံစားရရင် အရှက်လုံဝတ်ရရင် ကျေနပ်ကြပေါ့ ပါးရိုက်လည်းခံ အဆဲလည်းခံ လက်သရမ်းလည်းခံ […]

8888.jpg

ပေးသမျှယူ ကျွေးတာစား ခိုင်းတိုင်းလုပ် တရုတ်နဲ့ကုလား အဖေတော် လျှာထူအောင် ကွမ်းစားပြီး မင်းရဲ့ပထွေး အဘတွေကို ဖင်လှန်ဆားဖြူး လျှာနဲ့လျက်တာ အားမရလို့ ရွာထဲကို ဝင်လာသလား။ မင်းနေရပ် ခွေးကတက် အိမ်တွေပေါ်ရှောက် မတက်နဲ့ ကိုယ့်နေရာကိုယ်သိ လာရာလမ်းပြန် လူ့နေရာလူ ခွေးနေရာခွေး အစွယ်တဖွားဖွား ဘီလူးလည်းမဟုတ် မာန်တဖီဖီ ကျားလည်းမဟုတ် သွားရေတမြားမြားနဲ့ မင်းဟာခွေးရူး။

Lotus.jpg

အရဟံဂုဏ်တော်ကို သတ္တဝါအပေါင်း၏ ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရားလို့ အလွယ်နားလည်ခဲ့ပါတယ်။ နောက်တော့ ကိလေသာအညစ်အကြေးကို ဝါသနာပါမကျန်အောင် အလုံးစုံ ပယ်သတ်ပြီးသော အနက်လည်းရှိသေးတယ်လို့ သိလာပါတယ်။ သတ္တဝါအပေါင်း ပူဇော်အထူးကို ဘာကြောင့် ခံတော်မူထိုက်တာလဲလို့မေးရင် ရေရေရာရာ မသိခဲ့ရိုးအမှန်ပါ။ နောက်ကြတော့ ဘုရားဆိုတာ ဘုန်းတော် ကံတော် ညဏ်တော် အနန ္တလို့လူပြိန်းသိ သိခဲ့ပါတယ်။ ငါကံထူးလို့ ဗုဒ္ဓမြတ်စွာကို ကိုးကွယ်ခွင့် ရတယ်ဆိုပြီး သဒ္ဓါဝမ်းမြောက်စိတ် ပွားရပါတယ်။ အခြားဂုဏ်တွေကိုလည်း ဒီလိုပဲ လုံးကောက်အနက် အဓိပ္ပါယ်ကိုသာယူ ပူဇော်ခဲ့ပါတယ်။ ဗုဒ္ဓ – သစ္စာလေးပါးကို ဆရာမပါကိုယ်ပိုင်ညဏ်နဲ့ပိုင်း၊ သူတပါးကိုဆုံးမဖို့ နည်လမ်းအကုန်သိ၊ ချေချွတ်ထိုက်သူ အလုံးစုံကို ချေချွတ်နိုင်သော၊ အ ရဟံ – မကောင်းမှုဒုစရိုက်တို့၌ ဆိတ်ကွယ်ရာမရှိသော စတဲ့ ပညာခန်းနွယ်တဲ့ ဂုဏ်တော်တွေကြရင်တော့ […]

CHINATOWN.jpg

နယူးယောက်မြို့ကို ရောက်လာကြတဲ့ နိုင်ငံတကာက ရွှေ့ပြောင်းလာသူ လူသစ်များ တရုတ်တန်းမှာ အလုပ်စရှာကြပုံကို ပြီးခဲ့တဲ့အင်္ဂါနေ့ ကထဲက nytimes.com မှာတွေ့လို့အားရင် ဘာသာပြန်ပို့စ်တင်မယ်လို့ စိတ်ကူးရှိပေမဲ့ ကိုယ့်ဒေသလည်းဖြစ် ကိုယ်တိုင်သူတို့လို ဖြတ်သန်းခဲ့တာမို့ ကိုယ့်အာဘော်နဲ့ကိုယ်ရေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ မူရင်းဆောင်းပါးကိုဖတ်ချင်သူများအတွက် ဒီပို့စ်နဲ့တဆက်ထဲ တွဲတင်ထားပါတယ်။ သိပ်တော့အသေးစိတ် မရေးပါဘူး။ အားလုံးနဲ့ဆိုင်တဲ့ကိစ္စမျိုး၊ ပြောသင့်တဲ့ တာမျိုးပဲ ပြောပါ့မယ်။ တချိန်မှာ ကိုယ်က အမေရိကန်သမတလောင်း ဖြစ်ချင်ဖြစ်မှာမို့ အကုန်လုံးထုတ်ပြောလို့ မဖြစ်ဘူးလေ။ သမတဖြစ်ခွင့် မရှိလည်း ဒုတိယသမတပေါ့ဗျာ။ (ပြီးမှသမတကို လူငှားပြီးလုပ်ကြံခိုင်းမယ်။) 😀 ပင်လယ်ရပ်ခြားမှာ ကိုယ့်အား ကိုယ်ကိုး ဘဝကို ဖြတ်သန်းရသူတိုင်းဟာ ဇာတ်လမ်းကိုယ်စီနဲ့ပါ။ ဝမ်းနဲစရာ၊ ခံပြင်းစရာ၊ စိတ်ပျက်စရာ၊ နောက်တော့လည်း ငယ်စဉ်က အချစ်ဟောင်းအကြောင်းလို ရယ်စရာ မောစရာ လွမ်းစရာတွေ ဖြစ်ကုန်ပါတယ်။ […]

sub.marine-600x337.jpg

အဏ္ဏဝါချစ်သူများ ကြိုတင်ပြင်ဆင်မှုသိပ်မလိုဘဲ Ego Compact Semi Submarineနဲ့ ရေအောက် ပင်လယ်ကို အချိန်မရွေး စူးစမ်းလေ့လာနိုင်ကြပါပြီ။ Semi Submarine လို့ခေါ်ရတာကတော့ ရေထဲကို လုံးလုံးလျားလျား ငုတ်လျှိုးမသွားဘဲ လှေနှစ်စင်းအလယ်မှာ ထွင်းဖောက်မြင်ရတဲ့ ရေလုံမှန်ခန်းတခု ချိတ်ဆွဲထားခြင်းကြောင့်ပါ။ ဒီရေငုတ်လှေကလေးနဲ့ Avatar sequel ရုပ်ရှင်အတွက် ရေနက်ပိုင်းရိုက်ချက်တွေ ရိုက်လို့တော့ မရပါဘူး၊ ဒါပေမဲ့ ရင်သပ်ရှုမောဖွယ် ပင်လယ်ရေအောက်ရှုခင်းတွေ ခံစားဖို့တော့ သင့်တော်လှပါတယ်။ Skuba diving လိုရေအောက်ထဲကို ရေငုတ်ဝတ်စုံအပြည့်၊ အောက်ဆီဂျင်ဗူးလွယ်ပြီး သွားခြင်းထက် Snorkling လို ပေါ့ပေါ့ပါးပါး အသက်ရှုပိုက်လေးစွပ်ပြီး ရေတိမ်ပိုင်းငုတ်တာနဲ့ ပိုနီးစပ်ပါတယ်။ အပန်းဖြေခရီးအတွက် လှေကလေး ရေအောက်ထဲသွားတဲ့ အမြန်နှုန်းကို ပြောမထားဘဲ တပ်ထားတဲ့ ဘက်ထရီတွေက ပုံမှန်နှုန်းနဲ့ရှစ်နာရီ၊ အမြင့်ဆုံးအရှိန်နဲ့ဆို လေးနာရီကြာခံတယ်လို့သာ ပြောပါတယ်။ […]

banana-sleep6.jpg

ညဖက်ဆာတတ်လို့ အိပ်မပျော်တာဆိုပြီး ညသန်းကောင် သွားရည်စာ စားနေရသူများအတွက် သဘာဝအလျောက် အိပ်မောကျစေရန် အထောက်အကူပြုမည့် အစားအစာငါးမျိုးကတော့…. ၁. ချယ်ရီသီးမှာ အိပ်ပျော်စေရန် လုပ်ဆောင်ပေးတဲ့ ကိုယ်ခန္ဓာအတွင်းပိုင်းစနစ်ကို ထိန်းချုုပ်တဲ့ melatonin ဓာတ်ပါရှိသည်။ အိပ်ရာမဝင်ခင် ဒါမှမဟုတ် လေယာဉ်ခရီးစဉ် မစတင်မှီ တနာရီအလိုမှာ ချယ်ရီသီး သို့ ချယ်ရီသီးပါတဲ့မုန့်များကို စားခြင်းဖြင့် အိပ်ပျော်ဖို့အတွက် melatonin ဓာတ်ကိုရရှိသည်။ ၂. ငှက်ပြောသီးတွင် သဘာဝအလျောက် ကြွက်သားကိုပြေလျော့စေသော natural muscle relaxants ပိုတက်စီယမ်နှင့် မဂ္ဂနီစီယမ်ဓာတ်များ အလုံအလောက် ပါဝင်သည်။ ထို့ပြင် ဦးနှောက်အတွင်း 5-HTP အဖြစ်သို့ပြောင်းသွားတဲ့ အမိုင်နိုအက်ဆစ် L-tryptophan လည်းပါရှိသည်။ 5-HTP သည် serotonin (a relaxing neurotransmitter) and melatonin […]

Vday.jpg

နှစ်ယောက်ရှိတဲ့အခါ ကိုယ်ကဒုတိယ၊ စောင့်ခွင့်ရတယ် တသက်လုံး၊ Best man ဖြစ်တော့ သတို့သားအရံ၊ မျက်ရည်ကျချင်ရင် နောက်ဖေးသွားတဲ့၊ မင်္ဂလာဦးည ခဲဖိုးလေးတောင် ပေးဖော်မရ.. ကိုကြောင် ကိုကြောင်နဲ့ လိုတဲ့အခါ သူ့ဆိုစကား၊ ချိုသာလေစွ မင်းနှုတ်ဖျား၊ ထိန်းပေးပါ သမီးနှင့်သား၊ ေဩာ်..ငါက နွားလားကွ.. လို့ပြောချင်ပေမဲ့ ပြုမိတဲ့ကံ အသစ်မဖန်စေဖို့ ရန်ကိုမစ မာန်ကိုချ ပုဂံမပြီး ပြေးလိုက်တယ် ကပ္ပိယဆွမ်းပွဲအမှီ ရွာဦးကျောင်းဆီသို့.

shortsighted.jpg

ကံဆိုတာ အလုပ်လို့ လူအများ ပြောကြပါတယ်၊ အဲသည်အလုပ်ကိုပဲ ပုဂ္ဂိုလ်စရိုက်အလိုက် ကွဲပြားစွာ အဓိပ္ပါယ်ဖွင့်ပါတယ်။ ရွာထဲမှာလည်း အမြင်အမျိုးမျိုးနဲ့ပါ။ ဗုဒ္ဓဘာသာဝင် မဟုတ်သူများ၊ စူးစမ်းလေ့လာလိုသူများ၊ ဝေဖန်တိုက်ခိုက်သူလိုများအတွက်လည်း ပစ်မလွဲစတင် ဆွေးနွေးတတ်ကြတဲ့ ခေါင်းစဉ်တခု ဖြစ်လေ့ရှိပါတယ်။ စာပေကျမ်းဂန်များ၊ သမထအမြင်သန်သူများ ကိုယ်တွေ့တွေမှာ ရှေးဘဝနောက်ဘဝ၊ ငရဲ နတ်ပြည် စတာတွေကို အတိအကျ ဆိုလေတော့ ဗုဒ္ဓဘာသာဝင် အများစုဟာ ကံဆိုတာကို အတိတ် ပစ္စုပ္ပန် အနာဂတ်တို့နဲ့ ယှဉ်တွဲလက်ခံကြပါတယ်။ တဖက်မှာလည်း ကံသည် ပစ္စုပ္ပန်အလုပ်လို့ ယုံကြည်သူ ကမ္မပစ္စုပ္ပန်ဝါဒီများလည်း ထုနဲ့ဒေးပါ။ အတိတ်ကံ အစွန်းရောက်များက ဘာဖြစ်ဖြစ် အတိတ်ကံကို ပုံချလေ့ရှိပြီး ပစ္စုပ္ပန်အစွန်းရောက်တွေကတော့ လက်ရှိဖြစ်တည်မှုကိုသာ လက်ခံကြပါတယ်။ ထင်ရှားတဲ့ ကမ္မဌာန်းဆရာတော်များရဲ့ သွန်သင်ချက်တွေမှာတော့ အတိတ်ကံရဲ့ လွှမ်းမိုးမှုကို ပိုအလေးထားကြောင်း တွေ့ရမှာဖြစ်ပါတယ်။ […]

freedom.jpg

လွတ်လပ်ရေးကိုလူတိုင်း လိုချင်မက်မောကြသည်။ အသက်ပေါင်း ဘဝပေါင်းများစွာ ပေးဆပ် ရယူကြသည်။ သမိုင်းကိုကြည့်လျင် ကျနော်တို့သည် လွတ်လပ်ခြင်း အဓိပ္ပါယ်ထက် မခံချင်စိတ်ကို ရှေ့တန်းတင်တာများသည်။ အကျိုးဆက်အနေဖြင့် ဘေးဥပါဒ် အန္တရယ်များနှင့် ကြုံတွေ့ကြရသည်။ လွတ်လပ်ရေးကို အင်္ဂလိပ်ဆိုပြန်လျင် independence အမှီအခို ကင်းလွတ်ခြင်းဖြစ်သည်။ သို့သော် သူတပါးကို မမှီခိုဘဲနေရန် လက်တွေ့အလွန်ခက်သည်။ သက်ရှိသက်မဲ့များ အချင်းချင်း အပြန်အလှန် ဆက်နွယ်နေသော နည်းပညာဦးဆောင်သည့် ယနေ့ခေတ်တွင် ဤသဘောတရား ပိုမိုထင်ရှားသည်။ သာမန်အားဖြင့် အလွန်ချမ်းသာသည့် လုပ်ငန်းရှင်သူဌေး၊ ဩဇာတိက္ကမကြီးမားသည့် ခေါင်းဆောင်၊ အောင်မြင်ထင်ရှားသည့် အသိ အတတ်ပညာရှင်များသည် သူတပါးအားမှီခိုခြင်း ကင်းလွတ်သည်ဟု ဆိုနိုင်သော်လည်း ၎င်းတို့နောက်ကွယ်တွင် အသိရခက်သည့် အပေးအယူအခြင်းအရာ များစွာရှိသည်။ နယူတန်၊ အိုင်းစတိုင်း၊ လီယိုတော်စတွိုှုင်း၊ မဟတ္တမဂန္ဓီတို့လို ပါရမီရှင်များမှလွဲ၍ ကျန်သူများသည် တနည်းမဟုတ်တနည်း […]

talking.jpg

မြန်မာနိုင်ငံမှာ လွှတ်တော်အစည်းအဝေးများ ခြိမ့်ခြိမ့်သဲ ကျင်းပနေပါတယ်။ ချပေးထားတဲ့ ဘောင်အတွင်းက တောင်းဆိုမယ်ဆိုတဲ့ အတိုက်အခံနိုင်ငံရေးပါတီ လွှတ်တော်အမတ်များလည်း တက်ရောက်လျက် ရှိပါတယ်။ ကြက်ဖွတ်နဲ့စစ်သားအမတ်တွေက ၈၀%ကျော်၊ သူတို့မဟာမိတ် တစညပါတီအမတ်တွေ နောက်ထပ်၅%ကျော်ဆိုတော့ အကွဲကွဲအပြားပြားဖြစ်နေတဲ့ အတိုက်အခံ နိုင်ငံရေးပါတီ အမတ်မင်းများက ၁၀%ကျော်ရုံလေးပဲ ရှိပါတယ်။ ဒီကြားထဲ တိုင်းရင်းသားပါတီ တချို့က သူတို့ပြည်နယ်လူမျိုးရေးကိုပဲ ရှေ့တန်းတင်ပြီး ဘေးရန်ကင်းကွာ လုပ်စားကြမှာဆိုတော့ မသိနားမလည်တဲ့ ပြည်သူအချို့ကို မစားရဝခမန်း စိတ်ထင်ရာပြောပြီး ကိုယ့်တပ်ကိုယ်ပြန်နင်းခဲ့တဲ့ အတိုက်အခံ နိုင်ငံရေးသမားဟောင်းများ လွှတ်တော်ထဲမှာ ဆွေးနွေးတောင်းဆိုဖို့မပြောနဲ့ အီးတောင် ကျယ်ကျယ်ပေါက်ရဲကြမယ် မထင်ပါဘူး။ သိရတဲ့ နောက်ဆုံးသတင်းများအရ ဗိုလ်ရွှေမန်းက အောက်လွှတ်တော်ဥက္ကဌ ဖြစ်ပါတယ်။ အခြားဒေသ လွှတ်တော်အသီးသီးမှာ အလားတူ နေရာများကိုလည်း ကြက်ဖွံ့နဲ့စစ်သားအမတ်တွေပဲ ယူပါတယ်။ သူခိုးခိုးတာသူ့စရိုက်ပါ၊ မခိုးနဲ့ပြောလည်းခိုးမှာပဲ။ သိလျက်နဲ့ […]

nld+internet.jpg

By ဗွီအိုအေ (မြန်မာဌာန) တနင်္ဂနွေ, 30 ဇန်နဝါရီ 2011 ဓာတ်ပုံ nldburma.org ထပ်ဆင့် ဖြန့်ဝေရန် ပြည်တွင်း ပြည်ပ ပြည်သူ့ကွန်ယက် ဖွဲ့ရာမှာ ဆက်သွယ်ရေး လမ်းကြောင်း ကောင်းမွန် ကျယ်ပြန့်တာက အဓိက ဖြစ်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ စတင်လိုက်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ အင်တာနက် စာမျက်နှာမှာ ပြောဆိုလိုက်ပါတယ်။ NLD ဝက်ဘ်ဆိုက်ဒ်ကို ပေးပို့တဲ့ နှုတ်ခွန်းစကားထဲမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောထားတာပါ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ မူဝါဒတွေနဲ့ လှုပ်ရှားမှုတွေကို ဒီအင်တာနက် စာမျက်နှာကနေ ကမ္ဘာတဝန်း သိအောင် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ NLD အလုပ်အမှုဆောင် အဖွဲ့ဝင် ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က ဆိုပါတယ်။ […]

militia-cat.jpg

ကျွန်နော်လည်း မနောလိုပဲ ရွာထဲ ကြော်ငြာဝင်ပါရစေ။ ကြောင်ကြီးကွ ဖောင်မစီးဘူး တောင်ကြီးထိ သွားမယ်ခြေလျင်။ ကြောင်မပျို တွေ့ပါစေ လမ်းခရီးမှာလ… ခရာသံ တစီစီနဲ့ ညောင်လိုက်မယ် ခရီးဆုံးတိုင်ပ။ ရှောင်မရ ကြောင်ကျ ကျမှ လွတ်စေ့မယ်… ပျိုမေကြောင် အကောင်တသိန်း ဝိုင်းဖွဲ့ခိုင်းလိုက်မယ် ခေမီကို အက။ ကြာပလေ့စေ မဆုံးခရီးကိုစ… အီဖေကို ကြောင်သခင်ကြီးမယ် ပျော်လိုက်မယ့်ဖြစ်ခြင်း။

party-appeal.jpg

ကျပ်ပြေးမြို့တော်ရှိ မတရားရုံးချုပ်ကနေ အန်အယ်ဒီပါတီ ဆက်လက်ရပ်တည်ခွင့် အယူခံကို ပယ်ချလိုက်သည်။ ဒီလိုပယ်ချဖို့ကို မတရားရုံးချုပ်က မိနစ်အနည်းငယ်လောက်ပဲ အချိန်ယူကြားနာ ဆုံးဖြတ်ခဲ့တယ်လို့ ရှေ့နေဦးကျော်ဟိုးမှပြောသည်။ ဒေါ်စုအဖို့ ပါတီဆက်လက်ရပ်တည်ခွင့်အတွက် ဥပဒေဆိုင်ရာ ရွေးချယ်စရာလမ်း ကုန်သွားပြီ။ ရှေ့နေကတော့ ဥပဒေကြောင်းအရ ဆက်တိုက်ပွဲဝင်မည်၊ ပါတီအနေနဲ့ မတရားသူကြီးချုပ်ထံ တိုက်ရိုက်အယူခံတင်နိုင်ဖို့အတွက် ပါတီလူကြီးများနဲ့ တိုင်ပင်မည်ဟုပြောသည်။ http://news.yahoo.com/s/afp/20110128/wl_asia_afp/myanmarpoliticscourtparty Myanmar court rejects Suu Kyi party appeal YANGON (AFP) – Myanmar democracy icon Aung San Suu Kyi’s party saw its hopes for a political future dashed again on Friday […]