ရှက်တတ်ရင်ပေါ့ကွာ Be Guilty

pig walking
မရှက်တတ်သူများ

ဟိတ်ကောင်ငဖား
မိုက်တုန်းပဲလား
အမေကျော်
ဒွေးဒေါ်လွမ်း
အပွင့်မြင်ရင်
ဖင်တရမ်းရမ်းနဲ့
သောက်သုံးမကျ
နင့်ဘဝ
ရှက်သေးဘူးလား..

နင်မျိုတဲ့ထမင်း
နင်စွပ်တဲ့အဝတ်
နင်သုံးတဲ့အဆံ
နင့်အဘငတ
ပေးတယ်ထင်လား
နင့်ကိုယ်နင်တော့
ကယ်တင်ရှင်
အမျိုးသားရေးဝါဒီ
ငတိအဘရှေ့တော့
အံ့လောက်ပါရဲ့
လက်အုပ်ချီဘုရားထူး
ကျွန်သဘောက်…

သမိုင်းကိုပြန်ကြည့်
အလုပ်သမားခံစားခွင့်
တပတ်နာရီ၄၀
အိုဗာတိုင်ကြေး
ဘယ်လိုရခဲ့သလဲ
တထွာတမိုက
်နင့်ညဏ်နဲ့
မဟာစဉ်းစားခန်း
မဝင်ရအောင်
ပြောလိုက်မယ်
By Heart မှတ်ထား
တိုက်ယူခဲ့ရတယ်….

တိုက်ဆိုရင်တိုက်
ကိုက်ဆိုကိုက်တာ
နင်တို့သဘာဝမို့
မထူးဆန်းဘူး
ထင်လိမ့်မယ်
နင်မသိတာ
ယုံကြည်ချက်အတွက်
စွန့်လွှတ်စွန့်စား
အနစ်နာခံ
ပေးဆပ်ရမှု….

သခင်အားရ
ကျွန်ပါးဝမို့
နင်ကပြောတယ်
အလုပ်ရရင်
မသေရုံစားရရင်
အရှက်လုံဝတ်ရရင်
ကျေနပ်ကြပေါ့
ပါးရိုက်လည်းခံ
အဆဲလည်းခံ
လက်သရမ်းလည်းခံ
နင်ခံနေကြမို့
ကိုယ့်စိတ်နဲ့
နှိုင်းတော့မရိုင်း…..

နင်ခံလို့ကောင်းတိုင်း
အများတကာကို
မတိုက်တွန်းနဲ့
မကဲ့ရဲ့နဲ့
တထစ်ရှိ
အနောက်ဆရာကို
အပြစ်မပုံနဲ့
နင်ဝတ်တဲ့ဂျင်း
နင်သောက်တဲ့ကော်ဖီ
နင်ရှုတဲ့စီးကရက်
နင်ကြည့်တဲ့တီဗွီ
နင်သုံးတဲ့အင်တာနက်
နင်ပြောတဲ့တုတ်ကြီးကြီးနဲ့
အကောင်တွေဆီကလာတာ…..

ဒါမျိုးကြတော့
အဝင်ကောင်း
အထွက်ကောင်း
အသံလေးတောင်မထွက်
ပထွေးအဘတွေထိတော့
အသဲချိအောင်
ရင်နာပြတယ်
ေဩာ် လောကမှာ
နင်လိုလူစား
အများသားလား…

4 comments

  • kothetaung

    March 11, 2011 at 2:44 am

    ပုဇွန်လုံးကို ထွန်တုံးပေါ်တင် ရေပင်မရှိတဲ့ ခရီးကို လျှောက်ရတော့မှာလား

  • အာဖျံ ကွီး

    March 11, 2011 at 5:11 am

    ကိုကြောင်ကြီး ရင်တွင်းဖြစ်ပေါ့ … ဟုတ်လား။
    ကူးသွားပါတယ်။ ခွင့်ပြုပါ။

  • char too lan

    March 11, 2011 at 8:38 am

    အားမလေး မနက်ရုံးရောက်ကတည်းက login ဝင်နေတာ ခုမှပဲမူမမှန်တဲ့ Setting နဲ့ ဝင်သွားတော့တယ် စာဖတ်ရတာ မန်းရတာတွေ တော်တော်ကိုအဆင်မပြေတော့တာဗျ အဲ့ဒါကြောင့် ဒါလေး မ သွားတယ်ခွင့်ပြု !! 😀

  • ogre

    March 11, 2011 at 11:17 am

    အသိဉာဏ်နကန်းနဲ့…တွေကရာလျှောက်ရမ်းမပြောနေနဲ..
    မှန်းခြေနဲရမ်း….ထွေမနေနဲ
    အရင်မင်းရေးနေတဲ့..ပေါ့ပေါ့လေးပို့စ်တွေမဟုတ်ဘူး
    ဘာမသိညာမသိနဲ..အာထိရာလျှောက်မရေးနဲ
    မင်းသိအောင်အရင်..ကောမက်ပေးလိုက်မယ်
    နောက်ရေးတဲဘလော့စ်ကျမှတွေးယူ…
    ကြောင်ဖြစ်တာတောင်..မရှုးခြင်နဲ့

Leave a Reply