smiling-kitten.jpg

မန်းလေးဂေဇက် ညဉ့်နက်နက်မှာ လထွက်လာသလို စာအိုးများအတွက် အားဆေးတခွက်။ ရပ်နီးရပ်ဝေး ကြီးကြီးငယ်ငယ် အရွယ်စုံဆိုက်စုံ မြန်မာသစ်တို့ရဲ့ ဆုံရပ်မြေ။ ဖတ်ချင်စရာ ကဏ္ဍစုံလင် ပြည်ပပြည်တွင်း ကလောင်ရှင်များရဲ့ ကစားကွင်း။ ရင်းနှီးဖော်ရွေ တောင်းဆိုသမျှ ဖြည့်ဆည်းပေးတဲ့ စာတည်းချုပ်သဂျီး ကိုKAIနဲ့အဖွဲ့သားများ။ ခြွေလိုက်ပါရဲ့ ရင်ထဲကဆုတောင်း နောင်နှစ်တွေလည်း သရဖူဆောင်းလို့ ပြိုင်ဘက်ကင်းစေကြောင်း။

first-prize.jpg

လောကမှာ လူတိုင်း ပထမ ဖြစ်ချင်ကြသည်။ နံပါတ်တစ်ဂဏန်းသည် အကြီးဆုံး၊ အတော်ဆုံး သင်္ကေတကို ဆောင်သည်။ နံပါတ်ကြီးလေ များလေ ပိုကောင်းလေများလည်း ရှိသည်။ သို့ရာတွင် သဘောကတော့ အတူတူ ဖြစ်သည်။ ထိပ်ဆုံးနေရာသည် ပြိုင်ဖက်မရှိ တဦးတည်းအတွက် ဖြစ်သည်။ ရုံးလုပ်ငန်းဌာနများတွင် ယင်းသဘောကို ထင်ရှားစွာ တွေ့ရသည်။ ညွှန်ကြားရေးမှူးချုပ်သည် ဩဇာ အာဏာအရှိဆုံးဖြစ်ပြီး ဒုညွှန်ချုပ်ကတော့ နာမည်သာရှိပြီး အောက်ခြေဝန်ထမ်းများ၏ ရုံးစာရေးကြီးဟု အမည်နာမ သမုတ်ခြင်းကို ခံရလေ့ရှိသည်။ အခြား ဒုတိယရာထူးများတွင်လည်း အလားတူ ဖြစ်သည်။ ဒုတိယသည် ပထမ၏တဝက်မျှပင် လုပ်ပိုင်ခွင့်အာဏာ မရှိတတ်ပေ။ အသိတဦး ငယ်စဉ်က အစိုးရအလုပ်တာဝန်ဖြင့် နယ်သွားရသည်။ ထိုနယ်၏ စစ်တိုင်းမှူးသည် သူနှင့်ရင်းနှီးသော ဗိုလ်မှူးကြီးဖြစ်သည်။ တော်လှန်ရေးကောင်စီ ခေတ်ဖြစ်၍ ဗိုလ်မှူးအဆင့်ဆိုလျင် ဖိန့်ဖိန့်တုန်အောင် […]

ying-yang.jpg

ဘာသာတရားနဲ့ ယဉ်ကျေးမှုဆိုတာကို စဉ်းစားမိပါတယ်။ ဘာသာတရားဆိုတာ နာမ်ဝိညာဉ် ရေးရာနဲ့ဆိုင်တဲ့ ဆုံးမသွန်သင်ချက်တွေဖြစ်ပြီး ယဉ်ကျေးမှုသည် နဂိုရှိပြီးသား ဓလေ့ထုံးတမ်းများနှင့် ဘာသာတရားတို့ ပေါင်းစပ်ရင်းမှ တိုးပွားစည်ပင်လာတဲ့ ကျင့်ဝတ်စည်းကမ်းများလို့ လူပြိန်းဆန်ဆန် နားလည်ပါသည်။ သစ္စာလေးပါးတရားတော်ကို ထိုးထွင်းသိမြင်ရေးသည် ဗုဒ္ဓဘာသာ၏ ပန်းတိုင်ဖြစ်ပြီး ကာလဒေသ လူမျိုးဘာသာစကား ကွဲပြားမှုကိုလိုက်၍ ရှင်းလင်းချဲ့ထွင်ချက်တွေသည် ဆုံးမပို့ချသူ၊ လိုက်နာဆည်းကပ်သူများရဲ့ အသိညဏ်၊ လူနေမှုအဆင့်ကိုလိုက်၍ ပြောင်းလဲပါသည်။ အမှန်သစ္စာသည် မဖေါက်ပြန်ပေမဲ့ ခေတ်စနစ်ပြောင်းတိုင်း လူတွေရဲ့စိတ် ပြောင်းပါသည်။ ရုပ်နဲ့နာမ်၊ ပတ်ဝန်းကျင်နှင့်လူ့စိတ် ခွဲမရလို့ လူမှုဆက်ဆံရေး အတွေးအခေါ် အပြုအမူများအားလုံး ပြောင်းလဲရသည်။ အီဗော်လူးရှင်း အဆင့်ဆင့် ပြောင်းလဲခြင်း မျိုးရှိသလို ရီဗော်လူးရှင်း အခြေခံမှစ၍ ပြောင်းလဲခြင်းများ လည်းရှိသည်။ ပြောင်းလဲပုံတွေ ကွဲပြားသလို လူတွေ၏ တုံ့ပြန်လက်ခံပုံများလည်း မတူညီကြ။ ဤတွင် […]

powerball.jpg

အမေရိကန်ဒေါ်လာ ၉၅.၃သန်းတန် ပါဝါဘောထီလက်မှတ် ပထမဆုကြီးကို အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ်မှ အသက်၆၄နှစ်အရွယ် အစားထိုးအကူ ကျောင်းဆရာမဖြစ်သူ ဖို့မိုဟေ့ဗ်မြို့နေ ရှီလာဗာကီးဆိုသူက တဦးတည်း ဆွတ်ခူးရရှိသွားပါသည်။ သူမက ဆုကြေးငွေကို အကြိမ်ကြိမ်အလီလီ နှစ်ပေါင်းများစွာ ထုတ်ယူမည့်အစား ဒေါ်လာ၄၉.၉သန်းကို တလုံးတခဲထဲ ထုတ်ယူမှာဖြစ်ပြီး အပန်းဖြေ ခရီးသွားသုံး မော်တော်ယာဉ်ဝယ်မယ်၊ နိုင်ငံအနှံ့ခရီးထွက်ပါမယ်။ သူနဲ့သူ့၏ မိသားစုဝင်များ၊ မိတ်ဆွေများ အားလုံးရဲ့ ဘဝတွေ ပြောင်းလဲသွားတော့မယ်လို့ မိတ်ဆွေသူငယ်ချင်းများ၊ ဘဏ္ဍာရေးဆိုင်ရာ အကြံပေးများ ဝန်းရံနေတဲ့ ကံထူးရှင်ဗာကီးက သတင်းစာ ရှင်းလင်းပွဲ တခုတွင်ပြောသည်။ ဒီဇင်ဘာလ ၁ရက်နေ့ ကထွက်တဲ့ ပထမဆုကိုပေါက်ဖို့ ရွေးပြီးသား နံပတ်တွဲတခုကိုပဲ အပတ်စဉ် နှစ်ပေါင်းများစွာ စွဲစွဲမြဲမြဲ ထိုးခဲ့တယ်လို့ ခလေးနှစ်ဦးနဲ့ မြေးငါးယောက်ရဲ့ ခင်ပွန်းမရှိ တကိုယ်တည်း အုပ်ထိန်းသူ ဗာကီးကပြောသည်။ […]

playboy.jpg

ကိုကိုကာလသားတို့လက်စွဲ ပလေးဘွိုင်းမဂ္ဂဇင်း တည်ထောင်သူ ဟဂ်ဟဖ်နာသည် အသက် ၂၄နှစ်အရွယ်ရည်းစား ပလေးဘွိုင်းမော်ဒယ် ခရစ်စတယ်ဟယ်ရစ်နဲ့ စေ့စပ်လိုက်သည်။ ဟဖ်နာက တနင်္ဂနွေနေ့မှာ ပထမဆုံး တွီတာကနေတဆင့် အသိပေးသည်။ ခရစ်စတယ်ကို လက်စွပ် ပေးလိုက်တဲ့ အချိန်မှာ သူမ ဝမ်းသာလွန်းလို့ မျက်ရည်ဖြိုင်ဖြိုင်ကျတယ်။ ငါ့မှတ်ညဏ်ထဲမှာ ယခုနှစ် ခရစ်စမတ် အားလပ်ရက် သတ္တပတ်က အပျော်ဆုံးပဲ..ခရစ်စမတ် လက်ဆောင်အဖြစ် မျှော်လင့်နေတာကို ရပြီ ..အဲဒါ ခရစ်စတယ်ရဲ့ အချစ်ပါ။ သူ့သတင်းကို လုံဝရှင်းလင်းသွားအောင် ပိုင်ရှင်သူဌေးကြီးက ‘ဟုတ်တယ် ခရစ်စတယ်ကို ပေးလိုက်တာ စေ့စပ်လက်စွပ်။ ဒီသတင်းကနေ ထူးထူးဆန်းဆန်း အုတ်အော်သောင်းနင်း ဖြစ်ဖို့ငါ မရည်ရွယ်ဘူး။ အားလုံးအတွက် ပျော်ရွှင်ဖွယ်ရာ ခရစ်စမတ်ဖြစ်ပါစေ’။ ယခု လက်ထပ်ပွဲသည် ထင်ပေါ်ကျော်ကြားတဲ့ လူပျိုကြီး ဟဖ်နာအတွက် တတိယအကြိမ် လက်ထပ်ခြင်း […]

moon-cat.jpg

ဆောင်းနှင်းဖွေးဖွေး နေ့ရက်တွေကို လွမ်းတယ်၊ အေးစက်စက် ဒီဇင်ဘာညချမ်းကို လွမ်းတယ်၊ မြူနှင်းဝိုးတဝါး နံနက်ခင်းကိုလည်း လွမ်းတယ်။ တမ်းတခဲ့ရတဲ့ ကာလတွေကို မုန်းတယ်၊ မျှော်လင့်ချက်ရဲ့ ခါးသီးအချိန်တွေကို မုန်းတယ်၊ ဟန်ဆောင်ကျော်ဖြတ် ပြုံးပျော်အတိတ်ကို မုန်းတယ်။ လွမ်းတယ် မုန်းတယ် မုန်းတယ် လွမ်းတယ် ဆောင်းပြီးဆောင်း ဘယ်အခါမပြောင်း မအိုဟောင်းနိုင်တဲ့ ခံစားချက်ဝေဒနာမို့ သိသိကြီးနဲ့ မိုက်မိသူအတွက် ဆေးဆိုတာ ဝေလာဝေး။

depressed-cat.jpg

နုစဉ် ငယ်စဉ် တက်ကြွစဉ် အရမ်းဖွဲ့ချင်တဲ့ စာတပိုဒ်ရှိခဲ့။ ကဗျာမပီ စာမပီ စကထဲကိုက ကြည်ရွှင်မှုမဲ့။ ဖြစ်လိမ့်နိုးနိုး ဆထက်တိုး လိုက်ကန်းဆိုးမဲ့ ရေးသီဖွဲ့။ တရေးနိုးထတွေး သန်းကောင်သလွဲဆွေး စိတ်တခုထဲနဲ့ အသက်ဆက်တယ်။ ဗြုန်းဆိုပျံထွက် မဖမ်းတတ်လို့ မှောင်ရိပ်ထဲမှာ ငိုမိတယ်။ သိလို့လန့်နိုး အိမ်မက်ဆိုးလည်း အချိန်အကြာကြီး လွမ်းသေးတယ်။ ခံစားချက်လှိုင်း လွမ်းချက်တိုင်းသာ ဖွဲ့တတ်ခဲ့ရင် ကဗျာဆရာ ဖြစ်လိမ့်မယ်။ လဲသူလဲ ကွဲသူကကွဲ ကျိုးသူကျိုး ပဲ့သူပဲ့နဲ့ အမှတ်မရှိသူများ ဆက်လျှောက်ဆဲ။ အချိန်ဆိုတာ အကောင်းဆုံးဆေးတဲ့ တငွေ့ငွေ့နဲ့တော့ လောင်မြိုက်ဆဲ။ ငါ့အဖို့တော့ လိုက်လေလေ ဝေးလေမို့ ကဗျာဆိုတာ မိုးပေါ်က လမင်း။ နာလွန်းလို့ ရပ်လိုက်ပေမဲ့ တွေးနေဆဲ ရေးနေဆဲ မသိစိတ်ထဲမှာ အိမ်မက်ထဲမှာ နှလုံးသားထဲမှာ။

cook.jpg

ရွာထဲမှာ ဟင်းချက်သင်တန်းတွေ ခေတ်စားနေလို့ သဂျီးစကားအတိုင်းဆို သမိုင်းမှတ်တမ်း ကျန်သွားအောင် အဂ္ဂမဟာ သုဓမ္မာ မင်းလှရာဇာ သတိုးသေနာပတိ စားတော်ကဲ မဟာကြောင်ရဲ့ လက်စွမ်းလေးပါ။ မဖတ်ခင် ပါးစပ်ဆေး သွားတိုက် ပြီးကြပါ။ နို့မို့ရင် သွားရည်တများများနဲ့ နံစော်ဟောင်နေပါ့မယ်။ ထမင်းပေါင်းနည်း ရေတခါဆေးပြီးဆန်ကို ချင်ခွက်နှင့် နှစ်လုံးခန့် ထမင်းပေါင်းအိုးထဲသို့ ရေလက်တဆစ်ခန့်ထည့်ပါ။ ပြီးလျင် ထမင်းပေါင်းအိုးခလုပ် ဖွင့်၍ကျက်လျင် စားနိုင်ပါပြီ။ ဝက်အူချောင်း၊ ပြောင်းဖူးစေ့များကို လည်းထမင်းနှင့် တပါတည်း ချက်ပြုတ်စားသောက် နိုင်ပါသည်။ အသားကျော်နည်း ဆား ဆနွင်းနယ်ပြီး ရှာလကာရည် (သို့) ကွတ်ကင်းဝိုင်စိမ်ပြီးသား အသားများကို တခါတည်း ဆီ၊ ရေ ရော၍ ရေခန်းသွားသည်အထိ မီးအပူပေးပါ။ ဝက်အူချောင်းကိုလည်း ထိုနည်း၎င်း လုပ်နိုင်ပါသည်။ အသား၊ငါးဟင်းချက်နည်း အသား ငါးခုတ်ပြီးသားဝယ် […]

special.jpg

ဒီပို့စ်ကို ရေးဖို့စဉ်းစားမိတာ ကြာပါပြီ။ လက်လှမ်းမှီသလောက် ဘယ်သူမှ အရေးတယူ လုပ်ရေးတာ မတွေ့မိလို့ နည်းနည်းတော့ အံ့ဩရပါတယ်။ ပြည်တွင်းနေ မြန်မာလူမျိုးများအတွက် မဆန်းပေမဲ့ ပြည်ပရောက်တဲ့အခါ ကို့ယို့ကားယားဖြစ်ရ၊ အခြားနိုင်ငံသားများအဖို့ အဆန်းတကြယ် နားလည်ဖို့ခက်တဲ့ ကမာ္ဘမှာ ရှားရှားပါးပါး မြန်မာတို့ရဲ့ နာမည်ပေးပုံ စနစ်ပါ။ အားလုံးသိကြတဲ့အတိုင်း ဗုဒ္ဓဘာသာဝင် မြန်မာခလေးတဦး မွေးလာပြီဆိုရင် ၉၉%လောက်က မွေးတဲ့နေ့နံကိုက်ပြီး အမည်ပေး ပါတယ်။ အဆင်သင့် မဖြစ်သေးလို့ မွေးစာရင်းမှာ အလွယ်ပေးလိုက်ရင်တောင် ကျောင်းအပ်တဲ့အခါ စိတ်ကြိုက်နာမည်ကို ဆရာသမားများနဲ့ တွက်ချက်ပြီး ပေးပါတယ်။ ကမာ္ဘပေါ်ရှိ အားလုံးလိုလိုသော လူမျိုးများ အမည်တွေမှာတော့ မျိုးရိုး မိသားစုနာမည် တွေကို ရှေ့ သို့မဟုတ် နောက်မှာထားပြီး ကိုယ်ပိုင်အမည်နဲ့ တွဲမှည့်ပါတယ်။ ဥပမာ မိုက်ကန်းအောင်ပုဆိုရင် နောက်စာလုံး […]

past.jpg

ကံဆိုတာ အတိတ်အလုပ်နဲ့ ပစ္စုပ္ပန်အလုပ် နှစ်ခု ပေါင်းတာလို့ သိသူများက ပြောပါတယ်။ ပို သိသူများကတော့ ကံသည် အတိတ်၊ ညဏ်နှင့် ဝီရိယသည် ပစ္စုပ္ပန်လို့ ထပ်မံ ခွဲခြားပေးပါတယ်။ ကံကို ရှုမြင်သုံးသပ်တဲ့အခါ ပစ္စုပ္ပန်နဲ့အတိတ် အစွန်းနှစ်ဖက် ကွဲသွားပါတယ်။ ပစ္စုပ္ပန်အစွန်းက လူအုပ်ထဲကို အထုပ်တထုပ် လှမ်းပစ်ထည့်လိုက်ရင် တဦးမဟုတ်တဦး ထိမှာပဲ၊ ဘာကြောင့်မှမဟုတ်။ ပစ္စုပ္ပန်ဖြစ်တဲ့ ပြုသူနဲ့အပြုခံရသူ နှစ်ဖက်ရှိရင် တခုခုတော့ ဖြစ်တယ်လို့ ပြောပါတယ်။ အစွန်းမရောက်သူကြတော့ အတိတ်ကံ ရှိဖို့ပဲလိုတယ်၊ ညဏ်နဲ့ဝီရိယရှိရင် ဖြစ်ပြီလို့ စွဲယူပါတယ်။ ကံ ညဏ် ဝီရိယသည် ဆတူ သက်ရောက်လို့ အားများရာဖက် လိုက်ခြင်းသဘောပါ။ အတိတ်ကံ အစွန်းရောက်များက အတိတ်က အလုပ်သည် လက်ရှိမှာ အရာရာကို လွှမ်းမိုးတယ်လို့ မှတ်ယူပြီး၊ […]

2010-NP-winner1.jpg

၂၀၁ဝခုနှစ် ငြိမ်းချမ်းရေးနိုဘယ်ဆုကို တရုတ်အစိုးရနဲ့ သဘောထားကွဲလွဲသူ လျူရှောင်ဘို ရရှိသွားတာကို တန်ပြန်ဆောင်ရွက်တဲ့အနေနဲ့ တရုတ်ပြည်ဟာ သူ့ရဲ့ပထမဆုံး ငြိမ်းချမ်းရေးဆုကို ကြာသာပတေးနေ့မှာ ပေးပါမယ်။ ဒေါ်လာတသောင်းငါးထောင်တန် ကွန်ဖြူးရှပ်ငြိမ်းချမ်းရေးဆုကို နော်ဝေနိုင်ငံ အော်စလိုမြို့မှာ ပေးအပ်မဲ့ နိုဘယ်ဆု မတိုင်ခင်တရက်လိုမှာ ပေးမှာဖြစ်ပါတယ်။ တရုတ်ပြည်ဟာ ငြိမ်းချမ်းရေးရှေးရှုတဲ့ ကွန်ဖြူးရှပ်အတွေးအခေါ် လွှမ်းမိုးထားတဲ့ ကြီးမားတဲ့ နိုင်ငံတခုပါ။ ကျနော်တို့ဟာ ကမာ္ဘ့ငြိမ်းချမ်းရေးကို အရှေ့တိုင်းအမြင်နဲ့ မြှင့်တင်သွားလိုတယ်လို့ ဆုချီးမြှင့်ရေးကော်မတီ ဥက္ကဌကပြောပါတယ်။ ဥရောပတိုက်ဟာ ရာစုနှစ်ပေါင်းများစွာ တဦးနဲ့တဦး တိုက်ခိုက်ခဲ့ကြတဲ့ နိုင်ငံလေးတွေနဲ့ ဖွဲ့စည်းထားတယ်၊ ငြိမ်းချမ်းရေးဆိုတာကို နားမလည်တဲ့လူတွေက ဒီအတွေးအခေါ်ကို သေးသိမ်ပျက်ဆီးသွားအောင်လုပ်မှာကို မမြင်ချင်ဘူးလို့ သူကထပ် ပြောပါတယ်။ သူတို့ဟာ အစိုးရနဲ့မသက်ဆိုင်ဘူး ဆိုတာကလွဲလို့ ဆုရွေးချယ်ရေးသူ ငါးဦးပါဝင်တဲ့ အဖွဲ့ရဲ့ အသေးစိတ်အချက်အလက်တွေ ပြောဆိုဖို့ ငြင်းဆန်သွားပါတယ်။ ဆုရွေးချယ် […]

numbers.jpg

ဟိုးတလောက ရွာထဲမှာ နှစ်လုံးတွေ သုံးလုံးတွေ ခေတ်ထနေလို့ ဘိုးတော်ကြောင်ကြီးလည်း ဝင်ပြီးဖောရှော ပါရစေ။ ဘိုးတော်လို့ အစကထဲက ပြောထားတော့ နလပိန်းတုန်း သာမန်လူတွေလို ချဲထိုးချဲပေါက် ဒိုင်လျော်ဒိုင်ပြေးတွေ အကြောင်းပြောမှာ မဟုတ်ပါဘူး။ ဘိုးတော်ကြောင်ကြီးရဲ့ သမထ တန်ခိုးနဲ့ မက်တဲ့အိမ်မက်လေးကို သမုဒ္ဒရာ ဝမ်းတထွာအတွက် မမောနိုင်မပန်းနိုင် လှုပ်ရှားရုန်းကန် နေရတဲ့ သားတော်သမီးတော်များ အတွက် ပေးမှာပါ။ အိမ်မက်လေးက ဒီလိုပါ…… တနေ့ အိပ်မောကျစဉ် နတ်ပြည်ကို စိတ်ဇောကျ သွားမိပါတယ်။ နတ်မင်းကြီးက ကျနော်တို့ ချစ်စနိုးနဲ့ ခေါ်နေကြတဲ့ သဂျီးမင်း ဆိုသူပါ၊ အပါးတော်မြဲ အရာရှိချုပ်က လက်သံပြောင် ငပွကြီး ဆူးနတ်သမီး၊ စားတော်ကဲနတ်သမီးကတော့ ဟင်းချက်စာအုပ်ကိုဖတ်ပြီး ဆရာကြီးတဆူ လုပ်လေ့ရှိတဲ့ အန်တီဝေ ဖြစ်ပါတယ်။ နတ်မင်းဆီ အဝင်အထွက် […]

fair-tale.jpg

ခလေးတို့ရေ ရှေးရှေးတုန်းက ချာလီဂေဇက် ဆိုတဲ့ရွာကြီးမှာ ရွှေစလွယ်နဲ့ ငှက်ကြီးတောင်ဓါး ကိုင်ခွင့်ရတဲ့ အမိန့်တော်ရမင်း သူကြီးဦးချားလ် ဆိုသူတဦး စီမံအုပ်ချုပ်တယ်။ နာမည်အရင်းကတော့ ဦးတိုင်ဆိုလား ဦးကွိုင်ဆိုလား၊ ဒါပေမဲ့ ချာလီအိန်ဂျယ်လ် ရုပ်ရှင်ကားထဲမှာ ဘော့စ်ဖြစ်သူ မျက်နှာကို ဘယ်တော့မှ မတွေ့ရသလို သူ့ကိုလည်း ဘယ်သူမှ မမြင်ဘူးကြလို့ ဦးချားရယ်လို့ အမည်တွင်သတဲ့၊ ရွာကိုတည်ထောင်သူ လည်းဖြစ်လို့ ဩဇာတိက္ကမ ပြည်စုံတဲ့အပြင် ဓနငွေကြေးပါ ကြွယ်ဝချမ်းသာလို့ ရွာနီးချုပ်စပ်သာမက ဇမ္ဗူဒီပါတောင်ကျွန်းတခွင် ကျော်ဇောသတင်းကြီး နေတာပေါ့။ ရွာသူရွာသားများအပေါ် ရင်ဝယ်သားသို့မခြား အုပ်ချုုပ်ပြီး ဆုပေးဒဏ်ပေး စနစ်ကျင့်သုံးလို့ မြန်မာပြည် ခေတ်မှီအုပ်ချုပ်ရေးစနစ်ကို ပထမဦးဆုံး တီထွင်သူရယ်လို့ ဝီခီပီးဒီးယား အင်တာနက် စွယ်စုံကျမ်းမှာအသိအမှတ်ပြု ထားရသတဲ့ကွယ်။ သူရဲ့စနစ်အောက်မှာ တရွာလုံးဟာ ငြိမ်ဝပ်ပိပြားပြီး ဗိုင်းကောင်း ကျောက်ဖိလေးများ ဖြစ်နေကြသတဲ့။ […]