black chawOctober 17, 20111min39060
[polldaddy poll=5589554] လေးစားရပါသော kai ခင်ဗျား။ ဒီရက်ပိုင်း လှိုင်နယ်မြေသမိုင်းဝန်းထဲကို ရောက်တော့  အင်းလေးဆောင်ရှေ့မှာ ဆောက်လုပ်ဆဲ လုံးချင်းအိမ်ယာ စည်မံကိန်းတစ်ခု ကိုတွေ့မိတယ်ဗျာ။ Parami Resident ဆိုတာကြီး တစ်ခုကိုလည်း တွေ့ခဲ့ရပါတယ်။ ကျွန်တော်တို့ ရန်ကုန်မြို့မှာ အိမ်ယာတည်စရာ ဒီလောက် ရှားနေပြီလားဗျာ။ စီးပွားရေးတက္ကသိုလ် လှိုင်နယ်မြေရှေ့ ကိုရောက်တော့ ဆိုင်းဘုတ်တော့ ချိတ်ထားသေးတယ်ဗျ။ ဂိတ်ပေါက်မှာ မေးကြည့်တော့ ဒီမှာ ဒီပလိုမာ တန်းတွေပဲ ဖွင့်တော့တယ်တဲ့။  ဟိုဘက် လှိုင်နယ်မြေထဲမှာ ကျတော့ တီတီစီ က မူလတန်းကျောင်းသား လေးတွေ တက်နေကြတယ်ဗျာ။ တက္ကသိုလ် ကျောင်းသားဘဝဆိုတာ ဘဝမှာ တကယ် အထွတ်အထိပ် ဂုဏ်ယူရတဲ့ ကာလတိုလေးတစ်ခုပါ။ လူငယ်လေးတွေဟာ တက္ကသိုလ် ကျောင်းသားဘဝကို စိတ်ကြည်နူးချမ်းမြေ့စွာ ပညာသင်ယူလို့ ရတဲ့ နေရာမျိုးလေးမှာ […]


black chawOctober 16, 20114min43323
ဒီနေ့ မနက်ပိုင်း မင်္ဂလာဆောင် တစ်ခုကိုသွားရင်း ဆီဒိုးနား ဟိုတယ်ရှေ့က အင်းလျားကန်ဘောင်ပေါ်ကို ရောက်ခဲ့ပါတယ်။ လက်ထဲလည်း ကင်မရာပါလာတော့ ကိုချိုတို့ ကိုပေါက်တို့ ရဲ့ တပည့် (ကိုယ့်ဟာကိုယ် ဆရာမွေးတာနော်)ပီပီ ပန်းပွင့်လေးတွေကို လက်ဆော့မိပါတယ် ဆရာတို့ရေ။ လှလှ မလှလှ၊ အဆင့်မီမီ မမီမီ လက်သင်လေး တစ်ယောက်ရိုက်ထားတာ ကြည့်ပြီး ဝေဖန်ပေးကြပါဦး။ ဓါတ်ပုံပိုးက တော်တော် ဝင်နေပြီဗျာ။ ရှုခင်းပုံလေးတွေလည်း ရိုက်လာခဲ့ပေမယ့် မလှဘူးထင်လို့ မတင်လိုက်တော့ပါ။                                


black chawOctober 15, 20116min36019
ဒီပုံတွေကို တင်ရကျိုးနပ်သွားပါပြီ သူကြီးရေ။ ကျွန်တော်တို့ အစ်ကိုတွေ အစ်မတွေ တက်နေတုန်းကတည်းက ရင်ခုန်ခဲ့ရတဲ့ ကျောင်းကြီးပါ။ ကျွန်တော်တို့တောင် ကံတော်တော်ကောင်းလို့ မှီလိုက်တဲ့ ကျောင်းကြီး။ အခုခေတ် ကလေးတွေကို တက်စေချင်မိတယ်။ သူတို့လည်း ဒီနေရာလေးမှာ ကျောင်းတက်ချင်ကြမှာပဲလို့ ကျွန်တော်အမြဲတမ်းကိုယ်ချင်းစာမိပါတယ်။ လူတစ်စု အာဏာတည်မြဲရေးအတွက် ကလေးတွေ မြို့ပြင်က သင်းချိုင်းကုန်းတွေနားမှာ ကျောင်းတက်နေရတာ သဘာဝမကျပါဘူး။ ကျွန်တော့် တူမလေးတစ်ယောက်ဆို သန်လျင် က ဂျီတီစီကို မနက်အစောကြီးထပြီး သွားတက်နေရတာ ကြည့်ပြီး စိတ်မကောင်းဖြစ်နေမိတယ်။ စီးပွားရေးရောဘာထူးလဲဗျာ။ ရွာသာကြီး ကြက်မွေးမြူရေးခြံတွေနားကို သွားတက်နေရတယ်။ ဒါတွေကို အဆုံးသတ်သင့်ပါပြီ။ အာရ်စီတူးကို ကျွန်တော်ရောက်တော့ ဝင်ခွင့်မရဘူး။ ကျွန်တော်တို့ ဒေသကောလိပ်ဘဝတုန်းကတောင် ဝင်လို့ရခဲ့တဲ့ကျောင်းကြီးကို အခုအထက်တန်းကျောင်းက မူလတန်းကလေးတွေတက်တဲ့ ခေတ်ရောက်မှ ဝင်လို့မရခဲ့ဘူး။ အာရ်စီတူးမှာ တီတီစီ ဖွင့်တာ […]


black chawOctober 14, 20117min58141
ကိုပေါက်၊ ကိုစိန်သော့ နှင့် ကိုချို တို့၏ ရိုက်ချက်များကို အားကျပြီး ရန်ကုန်တက္ကသိုလ်ကျောင်းဝန်းထဲသို့ ဒီနေ့ ဓါတ်ပုံရိုက်ထွက်ဖြစ်ပါသည်။ အိမ်သုံးကင်မရာလေးနှင့် အပျော်တမ်းရိုက်ချက်များကို ရန်ကုန်တက္ကသိုလ်အလွမ်းပြေ အဖြစ် တင်ဆက်လိုက်ပါသည်။ ကျောင်းသားဟောင်းကြီးများရော၊ ဒီကျောင်းရဲ့ အရိပ်မှာ မခိုနားဘူးခဲ့သူများရော ခံစားမှု တစ်ခုခုရရှိသည် ဆိုလျှင် ကျွန်တော်ကျေနပ်ပါသည် ခင်ဗျား။                                                 တတ်နိုင်သလောက် ရနိုင်သလောက် အလွမ်းပြေအောင် တင်ပေးလိုက်ပါတယ်။ ဒီနေရာလေးမှာ ဒီနေ့ကျောင်းသားလေးတွေ စာပြန်သင်သင့် […]


black chawOctober 12, 20111min32013
ဒီနေ့ သီတင်းကျွတ်လပြည့်နေ့ အပူချိန်ကလည်း စံချိန်တင်အပူချိန်လို့ ထင်ရလောက်ပါတယ်။ ကန်တော့စရာ ရှိတဲ့လူတွေကို ကန်တော့၊ ကန်တော့ ခံသင့်တာလေးတွေလည်း ခံပြီး ရတဲ့ အချိန်လေးမှာ အပူဒဏ်သက်သာတဲ့ အရိပ်အာဝါသ ကောင်းတဲ့ ရွာထဲမှာ ခဏသွားအနားယူရပါတယ်။ ဒီနေ့ သူကြီးကလည်း ရွာသူရွာသားတွေကို မုန့်ဘိုးပေးတဲ့အနေနဲ့ ကွန်းမန့် တစ်ခုကို ၁ဝ ပွိုင့်ပေးနေတာ တွေ့ရ တော့ ပီတိဖြစ်ခဲ့ရပါတယ် သူကြီးရေ။ ဖတ်စရာရှိတာဖတ် မန်းစရာရှိတာမန်းပြီးတော့ နာရီကိုကြည့်လိုက်တော့ ညနေလေး နာရီထိုးပြီးသွားပါပြီ။ ဒီနေ့ ဘလက်ချော ပျော်နေသဖြင့် မိသားစုနှင့် ထမင်းစားရင်း မန္တလေးရမ်လေး နည်းနည်း သောက်မိပါသည်။ သောက်ပြီးရီဝေဝေဖြင့် နက်ဆိုင်သို့ ချီတက်လာပြီး ဤပို့စ်ကို ရေးပါသည်။သတင်းကျွတ်တွင် ဖေါက်တတ်ကြသော ဗျောက်အိုးဖေါက်သလိုသာ သဘောထားပေးကြပါ ရွာသူရွာသားများ ခင်ဗျား။ ဒီနေ့ ဖတ်ခဲ့တဲ့ […]


black chawOctober 11, 20111min37617
ဘလက်တို့ နေထိုင်ပျော်မွေ့လျှက်ရှိသော ဂဇက်ကုန်းသည်ကား ဟန်းဖုန်းလေးတစ်လုံးမှ မကိုင်နိုင်လျှင် လူရာမဝင်သော ကာလကိုရောက်ရှိနေသော အခါသမယပါတည်း။ ဆိုက်ကားနင်းရင်း ဖုန်းပြောနေသော သူလည်းမရှား၊ ငါးရောင်းရင်း ဖုန်းပြောနေသူလည်း မရှား၊ ယုတ်စွအဆုံး ပဲပြုတ်သည် အချို့  ပင် ဖုန်းကိုင်နိုင်သော   ဒီမိုကရေစီ အစိုးရ ခေတ်ပင်ဖြစ်ပါ၏။ ခေတ်နှင့် အညီ  ဘလက်၏ တူနှစ်ယောက်နှင့် တူမ တစ်ယောက်သည်လည်း ငါးသိန်းတန်ဟန်းဖုန်းကို စတိုင်ကျကျ ကိုင်လျက်သာရှိနေကြပါ၏။ ၎င်းတို့မှာ ဝင်ငွေ အတန်အသင့် ကောင်းသော ကုမ္ပဏီ ဝန်ထမ်းများဖြစ်ကြပါ၏။ တစ်နေ့သားမှာဖြင့် ဘလက်၏ ခေတ်ဟောင်းဖုန်းကြီးဆီသို့ ဖုန်းလာသည့်အသံကို ကြားရပါ၏။ ထုံးစံအတိုင်း ချက်ခြင်း ဖုန်းကိုင်လေ့မရှိသော ဘလက်မှာ ဘယ်သူဆက်တာလဲဆိုသည့် သဘောနှင့် ဖုန်းကို  ကြည့်လိုက်မိရာ တူမတော်ဒေါ်လာစား ၏ ဖုန်းဖြစ်နေပါသည်။ သို့ပေသော်လည်း […]


black chawOctober 10, 20111min51421
လွန်ခဲ့သည့် နှစ်နှစ်ခန့်က ဘလက်ချော ရဲစခန်း ရောက်ခဲ့သော ဇာတ်လမ်းလေးပါခင်ဗျာ။ နေသာသော နေ့တစ်နေ့၏ နေ့လယ် ၁ နာရီခန့်တွင် ဖြစ်ပါသည်။ ကျွန်တော်သည် ကိစ္စ တစ်ခုဖြင့် လှည်းတန်းမှနေ၍ ၃ရ လမ်းရှိ မိတ်ဆွေတစ်ယောက်၏ ရုံးခန်းသို့ အငှားကားတစ်စီးဖြင့် ချီတက်ခဲ့ပါ၏။ မိတ်ဆွေ၏ ရုံးခန်းမှာ ၃ရ လမ်း၊ အနော်ရထားလမ်းနှင့် မဟာဗန္ဓုလလမ်းကြား အောင်ဘာလေရုံးအနီးတွင် ဖြစ်သောကြောင့် အငှားကားကို အနော် ရထာလမ်းမှ ၃ရ လမ်းထဲသို့ ချိုးကွေ့ဝင်စေလိုက်ပါသည်။ ထုံးစံအတိုင်း လမ်းထိပ်မှစ၍ ယဉ်ကြော ပိတ်ဆို့နေပါသည်။ ဓါတ်တိုင်တစ်တိုင်ခန့်ဝင်မိချိန်၌ စိတ်မရှည်သည်ဖြစ်၍ လမ်းဆင်းလျှောက်ရန်ဆုံးဖြတ်ပြီး ကားပေါ်မှ ဆင်းလိုက်သည်။ ကားတံခါးကို ဖွင့်ပြီး ဆင်းလိုက်ချိန်တွင် ချိုင်းထောက်နှင့် လူတစ်ယောက်နှင့် တိုက်မိမလိုဖြစ်သွား၏။ သို့သော် လုံးဝမထိမိလိုက်ပါ။ ကျွန်တော်လည်းလွယ်နေကြ အိတ်အနက်ကြီးကိုလွယ်၍ […]


black chawOctober 8, 20111min41516
မြန်မာ့တပ်မတော် ခြေလျင်တပ်ရင်းများတွင် တပ်တွင်းအခေါ် အာဒတ်ဆိုင် ဗိုလ်လိုအခေါ် RSM ခေါ် ပအရာခံဗိုလ် တစ်ယောက်၏ တာဝန်ကား အိမ်ထောင်သည်မိန်းမများကို ခပ်ကြမ်းကြမ်း အုပ်ချုပ်ရန်သာတည်း။ အနှီ အာဒတ်ဆိုင်တော်တော်များများသည်အပြောကြမ်းအဆိုကြမ်းပြီးတော်ရုံမိန်းမများအိမ်ရှေ့မှပင်ဖြတ်မလျှောက်ရဲ လောက်အောင် ကြောက်ကြရသူများ ဖြစ်ပါသည်။ တပ်ရင်းတစ်ခုတွင် တစ်ယောက်သာ ခန့်ထားသော ရာထူးဖြစ်၏။ ယခုအဖြစ်အပျက်မှာ တပ်ရင်းအရာခံဗိုလ်ဟောင်းကြီးတစ်ဦး ပြန်ပြောပြသော ကိုယ်တွေ့ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါသည်။ ဤ ဇာတ်လမ်းသည် စစ်တပ်မကောင်းကြောင်းရေးသားခြင်းမဟုတ်ပါ။ စစ်တပ်တွင်လည်း အပြင်လော ကမှာကဲ့သို့ပင် ဒီလိုဇာတ်လမ်းမျိုးတွေရှိသည် ဆိုတာကို ပြောချင်တာသာ ဖြစ်ပါသည်။ ခြေလျင်တပ်ရင်း တော်တော်များများမှာ ရှေ့တန်းထွက်ကြရပါသည်။ အနည်းဆုံး ၆လ၊ ရလ ခန့် ကြာအောင် တာဝန်ကျရာ ရှေ့တန်းစခန်းများသို့ သွားရောက် စစ်တိုက်ထွက်ကြရပါ၏။ ၎င်းတို့ ရှေ့တန်းထွက်ချိန်တွင် နောက်တန်းတွင်ကျန်ခဲ့သော မိန်းမတို့ကို နောက်ဆံမတင်း စိတ်ချလက်ချ […]


black chawOctober 6, 20111min2014
ဘလက်ချော သင်တန်းတက်တုန်းက မှတ်စုလေးတစ်ခုကို ပြန်ဝေမျှခြင်းဖြစ်ပါသည်။ အမှားအယွင်း ပါနေလျှင်လည်း ဝိုင်းဆွေးနွေးပေးကြပါဗျာ။ ဝန်ထမ်းတွေကို သံသယမျက်လုံးဖြင့် အမြဲတမ်းကြည့်နေတတ်သော ကုမ္ပဏီပိုင်ရှင်များကို မြင်ဘူးပါလိမ့်မည်။ ပိုင်ရှင်များဘက်ကကြည့်လျှင်လည်း အလွဲသုံးစားလုပ်တတ်သော ဝန်ထမ်းများ ကြုံဘူးသဖြင့် မည်သူ့ကိုမျှ ယုံကြည်မှုပေးချင်ပုံမရပါ။ တစ်ယောက်နှင့်တစ်ယောက် ယုံကြည်မှုမရှိလျှင် အလုပ်လုပ်ရသည်မှာ မလိုအပ်ပဲ အဆင်မပြေမှုများ ဖြစ်နေတတ်ပါသည်။ ထိုသို့မဖြစ်ရန် ယုံကြည်မှုကို system ဖြင့် တည်ဆောက်ရပါမည်။ ဝန်ထမ်း အလွဲသုံးစားမှု လုပ်သည်မှာ system အားနည်း၍ ဖြစ်ပါသည်။ ထောင့်စေ့အောင် စီမံထားသော system တစ်ခုရှိလျှင် ဝန်ထမ်း အလွဲသုံးစား လုပ်၍ မရပါ။ စီမံမှုအားနည်း၍ ဝန်ထမ်းအလွဲသုံးလျှင် ဝန်ထမ်းတွင် အပြစ်မရှိ။ စီမံသူမှာသာ အပြစ်ရှိပါသည်။ ဥပမာ ဝန်ထမ်းတစ်ယောက် ငွေထုတ်လျှင် မည်သည့်အကြောင်းကြောင့်ထုတ်သည်ဆိုတာကို General Manager […]


black chawOctober 5, 20111min4086
    မြောက်ဥက္ကလာပမြို့နယ်၊ သုနန္ဒာလမ်းမကြီးပေါ်တွင် တည်ထားပူဇော်လျှက်ရှိသော မဟာကျိန်သစ္စာရှင် ဘုရားကြီး၏ ပုံတော်ဖြစ်ပါသည်။ ပဓာန နာယက ဆရာတော် ဘဒ္ဒ န္တ ကုလရက္ခိတ မဟာဇေယျ သိဒ္ဓိ အဓိဌာန်ဆရာတော် မှ ဦးဆောင်ဦးရွက်ပြု တည်ထားခြင်းဖြစ်ပါ၏။ ဘုရားကြီး၏ ဉာဏ်တော်မှာ ၁၂၉ ပေ ၆ လက္မ ရှိသည်ဟုဆိုပါသည်။ ဆရာတော်သည် လူအများအား ကျေးဇူးဆပ်သည့်အနေဖြင့် အဓိဌာန်ဝင်လိုသည့် ပုဂ္ဂိုလ်များအတွက် အဓိဌာန်ဝင်နိုင်ရန် ဘုရားကြီးတစ်ဆူ တည်ထားပေးလိုသည့် စေတနာကြောင့် ရှေးယခင် ရခိုင်ဘုရင်များ လက်ထက်တော်က ဘုရင်များ သစ္စာဆိုခဲ့သည့် (သို့) ကျိန်ဆိုခဲ့သည့် ဘုရင်များ ဦးခေါင်းထက်ပေါ်တွင် တင်၍ ကျိန်ဆိုသည့် (သို့) သစ္စာဆိုခဲ့သည့် ရုပ်ပွား တော်မျိုးဆိုလျှင် ကောင်းလိမ့်မည်ဟု စေတနာပေါ်သည့်အလျောက် ကမ္ဘာသူကမ္ဘာသား၊ လူအများ၊ […]


black chawOctober 4, 20111min40517
အကြိုက်တွေ့မိသော စာအုပ်လေးတစ်အုပ် အကြောင်း ပြောပြချင်ပါတယ်။ ဒေါက်တာသိန်းလွင် ရေးသားပြီး တူဒေးစာအုပ်တိုက်က ထုတ်ဝေသော “ ကိုယ်ကျင့်တရားနှင့် ဘဝအောင်မြင်ရေး အလေ့အကျင့်များ “ စာအုပ်ဖြစ်ပါတယ်။ YOU CAN WIN BY SHIV KHERA လို့ဖေါ်ပြထားတဲ့ ဘာသာပြန်စာအုပ်လေးဖြစ်ပါတယ်။ ထုတ်ဝေခဲ့တာကတော့ ၂၀၀ဝ ပြည့်နှစ် မတ်လကတည်းကပါ။ ဖတ်ဘူးတဲ့လူတွေတောင် တော်တော် များများ ရှိနေရော့မယ်။ လူတစ်ယောက် အောင်မြင်ဘို့အတွက် စိတ်နေစိတ်ထားအရေးကြီးတယ်ဆိုတာကို နမူနာလေးတွေနဲ့ ရှင်းပြထားတာပါ။ ဒီစာအုပ်ကို ကျွန်တော် ကြိုက်ရတဲ့ အကြောင်းကလည်း  နားလည်လွယ်တဲ့ နမူနာလေးတွေကြောင့်ဖြစ်ပါတယ်။ နမူနာအချို့ကို အရင်းအတိုင်း တင်ပြခွင့်ပြုပါ။ နမူနာ (၁) “ ပွဲဈေးတစ်ခုတွင် ဘူဘောင်းများရောင်းပြီး အသက်မွေးသည့် လူတစ်ဦးရှိသည်။ နီ၊ ဝါ၊ ပြာ၊ စိမ်း […]


black chawOctober 2, 20111min43920
ယခုတလော ဘလက်ကျွန်ုပ်သည် ဂဇက်ဟုအဟုတ်ခေါ်တွင်သော ရွာတွင်းသို့ အလည်အပတ် ထွက်ရသည်ကို နှစ်သက် သဘောကျလျက်သာရှိနေပါ၏။ ရွာထိပ်၌ကား ကလင်းနင်း ဂဇက်ဟု ကြွေးကျော်လျက်ရှိသည့် သူကြီး တို့အဖွဲ့သည် ရွာတွင်းဝင်လာသမျှ ဧည့်သည်အပေါင်းတို့အား လေဆိပ်တွင် ပတ်စ်ပို့စ် စစ်သော လဝက ဝန်ထမ်းများကဲ့သို့ စံနစ်တကျ စစ်ဆေးပြီးမှ ဝင်ခွင့်ပြုလျက်ရှိ၏။သူကြီး၏ စစ်မေးပုံ ကိုကြည့်ပါလော့။ သူကြီး ။         ။ နာမည် ဧည့်သည်။      ။ ကျားကြီး သူကြီး ။         ။ လူတွေပဲ ဝင်ခွင့်ပြုပါတယ်ကွယ်။ သဘောပေါက်ပါတယ်နော။ ဧည့်သည်။      ။ ကြောင်တွေကျတော့ ဘာလို့ ဝင်ခွင့်ပေးပါသလဲ သူကြီးမင်းခင်ဗျား။ သူကြီး ။         ။ ကြောင်တွေက အိမ်မှာမွေးထားတဲ့ ကျုပ် အချစ်တော်လေးတွေပါ။ ကြောင်တွေက လူတွေကို ဒုက္ခ […]


black chawOctober 1, 20111min2189
ကိုးရီးယားကား ကြည့်နေရင်း ကြော်ငြာဝင်လာရင် လူတွေသိတ်စိတ်ဆိုးကြပါသည် ”ကောင်းခန်းရောက်မှကွာ” ” ပိုက်ဆံပေါတိုင်းလျှောက်ကြော်ငြာနေကြတာပဲ ” စသည်ဖြင့်မြည်တွန်တောက်တီးတတ်ကြပါသည်။ အမှန်တော့ အဲဒီလို မဟုတ်ပါ။ ကြော်ငြာတစ်ခု ပရိသတ်ရှေ့ မရောက်ခင် လုပ်ကြရသော ကြော်ငြာရှင်တို့၏ ကိစ္စ အနည်းငယ်ကို တင်ပြလိုပါသည်။ ပထမ ကိုယ့် ကုန်ပစ္စည်း ကို ဝယ်ယူသုံးစွဲမည့် လူတန်းစားကို သတ်မှတ်ရပါသည်။ ယောင်္ကျားလေးလား၊ မိန်းကလေးလား၊ ကလေးတွေကို ရည်ရွယ်တာလား၊ အသက်အရွယ်ဘယ်လောက်တွေလဲ စသည်ဖြင့် ဖြစ်ပါသည်။ ပြီးတော့မှ သုံးစွဲနိုင်သော ကြော်ငြာ ဘတ်ဂျက် ကို သတ်မှတ်ရပါသည်။ ဒီပို့စ်၏ ခေါင်းစဉ်မှာ ကြော်ငြာ ဘတ်ဂျက် နှင့် တိုက်ရိုက်ပတ်သက်ပါသည်။ ဘတ်ဂျက် နည်းလျှင် ကြော်ငြာကို ရမ်းသန်းထည့်လို့ မရပါ။ မိမိ ချိန်ရွယ်သော လူတန်းစားကို စနိုက်ပါနှင့် […]