black chawSeptember 3, 20111min1655
မြန်မာပြည်တွင် တတ်ဆင်ထုတ်လုပ်သော ချယ်ရီဝက်ဂွန် ကားလေးများကို အစိုးရမှ ပြည်သူသို့ တစ်စီး ကျပ်သိန်းငါးဆယ် နှင့် ဖြန့်ချိရောင်းချပေးနေရာမှ ကျပ်သိန်းလေးဆယ် သို့  ဈေးနှုန်းလျှော့ချပေးသွား မည်ဖြစ်ကြောင်း မနေ့ကထုတ်ဝေသော ဂျာနယ်တစ်စောင်တွင် ဖတ်လိုက်ရပါသည်။ ကျွန်တော်သိလိုသည်မှာ ချယ်ရီဝက်ဂွန် ကားလေးများကို မြန်မာနိုင်ငံသား မည်သူမဆို ဝယ်ယူခွင့် လျှောက်ထားနိုင်ပါသလား။ အရင်း သိန်းငါးဆယ်ခန့်သာရှိသော်လည်း အပြင်ဈေးကွက်တွင် သိန်းတစ်ရာ့ငါးဆယ်ခန့် ရှိနေသဖြင့် ကားဝယ်ယူခွင့်ရပါက ကျပ်သိန်းတစ်ရာခန့် အမြတ်ရနိုင်နေပါသည်။ ယခင် GSM ဖုန်းများ ဝယ်ယူခွင့် ကျပါက တစ်လုံး ကျပ်ဆယ်သိန်းခန့်အထိအမြတ်ရရှိခဲ့ကြဘူးပါသည်။အများပြည်သူမည်သူမဆို လျှောက်ထားဝယ်ယူနိုင်သည်ဆိုပါက တရားဝင် ပြည်သူသို့ ကြေငြာပေးသင့်သည်ဟုထင်ပါသည်။ ယခင်က သိထားသည်မှာ လွှတ်တော်အမတ်များကို သာဦးစားပေးရောင်းချပေးသည် ဟုဖြစ်ပါသည်။ ထို့ကြောင့် ချယ်ရီဝက်ဂွန် ကားလျှောက်လိုပါက မည်သို့ လုပ်ဆောင်ရမည်ကို သိရှိသူများ ပြောပြနိုင်လျှင် […]


black chawSeptember 2, 20111min2115
ကျွန်တော် လေ့လာထားမိသလောက် sale နှင့် marketing တို့ ဧ။် မတူညီမှုများဖြစ်ပါသည်။ ပြည့်စုံသောအချက်အလက်များဖြစ်သည်ဟု မဆိုလိုပါ။ ပိုမိုနားလည်သူများမှ ဆွေးနွေးပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည် ခင်ဗျား။ SALE                              သည် ကုန်ပစ္စည်းကို အာရုံစူးစိုက်ပြီး တိုက်ရိုက် အရောင်းအတွေ့အကြုံကို အားကိုးအားထားပြုသည်။ MARKETING           သည် Customer များဧ။် လိုအပ်ချက်ကို အာရုံစူးစိုက်ပြီး ဈေးကွက်သုတေသန ကို အားကိုးအားထားပြုသည်။ SALE                     […]


black chawAugust 29, 20111min30414
ကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်စဉ်က ဖြစ်ပါသည်။ ၎င်းကုမ္ပဏီမှာ ဝန်ထမ်းများကို လေ့ကျင့်ပေးရာတွင် နာမည်ကြီးပါသည်။ ဝန်ထမ်းများကို အင်္ဂလိပ်စာသင်တန်း များ ပေးခြင်း၊ စီမံခန့်ခွဲမှုပညာတွင် နာမည်ကြီးဆရာကြီး ဆရာမကြီးများနှင့် သင်တန်းများပေးခြင်း၊ စိတ်ပညာဆိုင်ရာ ဆရာကြီးများနှင့် အပြုသဘောတွေးတတ်ခေါ်တတ်လာအောင် လေ့ကျင့်ပေးခြင်းများကို စဉ်ဆက်မပြတ် ပြုလုပ်ပေးနေသောကုမ္ပဏီကြီးတစ်ခုဖြစ်ပါသည်။ ကျွန်တော့်အတွက်တော့ ထိုကုမ္ပဏီတွင်အလုပ်လုပ်ခဲ့ရသော အချိန်များမှာ ကျွန်တော်တို့အတွက် ကျောင်းတစ်ကျောင်းတွင်ပညာသင်ခဲ့ရသလိုဖြစ်ခဲ့ပါသဖြင့် ကျေးဇူးတင်ရပါသည်။ တစ်ခုသော နေ့တစ်နေ့တွင် ကုမ္ပဏီမှ လက်ထောက်မန်နေဂျာ နှင့်အထက် ဝန်ထမ်းများဧ။် management trip တစ်ခုကို အနားယူစရာနေရာတစ်ခုတွင် စီစဉ်ခဲ့ပါသည်။ ကုမ္ပဏီဒါရိုက်တာ အဖွဲ့ဝင်များကိုယ်တိုင် ထိုခရီးစဉ်ကို လိုက်ပါကြပါသည်။ ထိုခရီးစဉ်တွင် နာမည်ကျော် စီမံခန့်ခွဲမှုပညာရှင်တစ်ဦးလိုက်ပါပြီး ဝန်ထမ်းများကို ပေါ့ပေါ့ပါးပါး management အကြောင်းလေးများပို့ချပေးပါသည်။ ၎င်းပို့ချချက်တွင်ပါဝင် သော အကြောင်းအရာတစ်ခုမှာ ကုမ္ပဏီတွင် ဝန်ထမ်းအဝင်အထွက် လိုတာထက်ပိုပြီးများနေလျှင် […]


black chawAugust 27, 20111min1815
ဟစ်တလာနှင့် မြန်မာ့ဆက်သွယ်ရေး short movie လေးပါ။ တကယ်မဟုတ်မှန်းသိပေမယ့် မြန်မာစာတန်းတွေကို အရုပ်တွေနဲ့ အံကိုက်အောင်ထိုးပေးနိုင်တဲ့ ဖန်တည်းသူတွေကို ချီးကျူးရမှာပါ။ မန်းဂဇက်မှာ တင်ပြီးဖြစ်နေရင်လည်းခွင့်လွှတ်ပေးပါ။ သူကြီးရေ ဒီပို့စ်အတွက် ပွိုင့်လည်းပေးစရာမလိုပါ။ ကြည့်ပြီး အားလုံးပျော်စေချင်လို့ပါဗျာ။ https://mail.google.com/mail/h/140kvkohz9ibl/?view=att&th=131e073e8328431b&attid=0.1&disp=safe&realattid=file0&zw တတ်သလောက်မှတ်သလောက်နဲ့ တင်လိုက်တာ ဖွင့်လို့မရရင်လည်းခွင့်လွှတ်ကြပါဗျာ။


black chawAugust 27, 20111min1501
လေဟုန်စီးနေတဲ့ သိမ်းငှက်တစ်ကောင်ရဲ့ ရဲရင့်မှုမျိုးနဲ့ ငါမင်းကိုချစ်ခဲ့ ……………………….။ ကလေးငယ်တစ်ယောက်ရဲ့ လေးခွပစ်ချက်မှာ စာငှက်တစ်ကောင်ရဲ့ သေပွဲဝင်မှုမျိုးနဲ့ ငါဟာအသည်းကွဲခဲ့ …………………..။


black chawAugust 26, 20111min39319
ကျွန်တော့် အဖေက ဒုအရာခံဗိုလ် ရာထူးနဲ့ စစ်တပ်ကအငြိမ်းစားယူခဲ့တာ ၁၉၈၈ ခုနှစ်ကပါ။ စစ်မှုထမ်းသက် နှစ် ၄ဝ ကျော်ခဲ့တဲ့ စစ်သားအိုကြီးတစ်ယောက်ပေါ့။ အခုလက်ရှိ ပင်စင် ၂၅၀ဝ ကျပ်နဲ့ သားသမီးတွေလုပ်စာနဲ့ အငြိမ်းစားကြီးတစ်ဦးပါ။ မကြာမီက နိုင်ငံတော်က ပင်စင်လစာတွေတိုးပေးလိုက်တော့ အိပ်ယာထဲလဲနေတဲ့ အသက် ၈၅ နှစ်အရွယ် အဖိုးအိုကြီးဟာ ကျောက်ခဲရေပေါ်တာကွ ဆိုပြီး ထထိုင်နိုင်ခဲ့ပါတယ်။ အခုဒီစာကိုရေးနေတဲ့ ၂၆-၈-၂၀၁၁ နေ့ မနက် ၁၁း၄ဝ အထိ သူ့ပင်စင်ဘယ်လောက်ရမယ်၊ ဘယ်အချိန်ထုတ်ရမယ်ဆိုတာမသိသေးတော့ တမျှော်မျှော်နဲ့ နေ့တိုင်းမျှော်နေရတဲ့ အငြိမ်းစားအိုကြီးတစ်ယောက် ပင်စင် မျှော်ရောဂါတစ်ခုတိုးနေရပါပြီ။ ဘာတွေကွာခြားလို့လဲမသိ သူ့ လိုအငြိမ်းစားကြီး တစ်ချို့ ဘယ်သူက ဘယ်လောက်ရတယ်ဆိုတာ ကြားနေရပြီး ဇူလိုင် ပင်စင်ထုတ်ပြီး မကြာမီဩဂုတ်ပင်စင်ပါထုတ်ရတော့မယ် သူ့ခဗျာ ပင်စင် ဘယ်လောက်ရသလဲတောင် […]


black chawAugust 3, 20111min2407
အမှားအယွင်းရှိရင်ခွင့်လွှတ်ပေးကြပါခင်ဗျာ။ တစ်ချိန်က  ပြည်တွင်းအခပေးတီဗီချယ်နယ်လိုင်းတွေကိုကြည့်ချင်ရင် receiver တစ်ခုတည်းကို ကိုးသောင်းကျော်ပေးခဲ့ရပါတယ်။ အားကစားနဲ့ ရုပ်ရှင်၊ ကာတွန်းနဲ့  ရုပ်သံစီးရီး တွေကိုကြည့်ချင်ရင် တစ်လအတွက် ကျပ် တစ်သောင်းလေးထောင်တိတိ ပေးကြည့်ခဲ့ရပါတယ်။ ဒါတောင် သတင်းလိုင်းမပါဘူးနော်။ ဗဟုသုတရစေတဲ့ discovery လိုချယ်နယ်တွေမပါသေးဘူးနော်။ သက်တမ်းကုန်သွားလို့ တစ်ရက်လောက်များကျော်သွားခဲ့ရင် စက်ပြန်ဖွင့်ခဆိုပြီး ကျပ်ရှစ်ထောင်ပေးရသေးတယ်ဗျ။ နောက် ဥရောပချန်ပီယံလိဂ်ဘောလုံးပွဲတွေကြည့်ခွင့်ရနေတာကနေ လွန်ခဲ့တဲ့နှစ်နှစ်လောက်ကစပြီး မလွှင့်တော့ဘူးခင်ဗျ။ ဘယ်သူ့ကိုမှလည်း ကွန်ပလိန့် တက်ခွင့်မရ အင်မတန်မှ မျက်နှာငယ်ခဲ့ရသော အောက်ကျနောက်ကျ customer များဘဝပါခင်ဗျာ။ ဈေးကွက်ဆိုတာ အပြိုင်အဆိုင်ရှိမှတိုးတက်တာတဲ့၊ မနှစ်က sky net ရုပ်သံလိုင်းတွေပေါ်လာတော့ customer တွေရွေးချယ်ခွင့်ရလာခဲ့တယ်။ အခုဆို အရင်က တစ်သောင်းလေးထောင်ပေးကြည့်ခဲ့ရတဲ့ ချယ်နယ်တွေကို ကျပ်ငါးထောင်တောင်မပြည့်တဲ့ဈေးနဲ့ ကြည့်ခွင့်ရလာခဲ့တယ်။ sky net ဘာကောင်းတာလဲ ကျွန်တော် မသိပါ။ […]