ကမ္ဘာရွာကြီးမှာ မြန်မာပြည်ဟာ တံခါးတွေ ကျယ်ကျယ်ဖွင့်ထားပြီဆိုတော့ကာ ဟိုကဒီက ရင်နှီးမြှုပ်နှံမှုအသစ်တွေ၊ ကြီးမားတဲ့ စီမံကိန်းတွေ အများအပြား ပေါ်ပေါက်လာပါတယ်။ ကျွန်တော်တို့ ရွှေပြည်ကြီးက လောလောဆယ်မှာ နည်းပညာဖွံ့ဖြိုးမှု သူများနောက်ကျနေတာမို့ ကြွယ်ဝတဲ့ သဘာသယံဇာတနဲ့ မြေဧရိယာတွေနဲ့သာ လုပ်စားနေရသေးတာပေါ့။ (ဥပမာ- မြန်မာ့ ကမ်းရိုးတမ်းတလျှောက်က သဘာဝဓာတ်ငွေ့ထုတ်ဖော်ရေးစီမံကိန်းတွေ၊ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းနဲ့ ရပ်ဆိုင်းလိုက်တဲ့ မြစ်ဆုံစီမံကိန်းလို ဟာတွေပါ) ဒီအခါမှာ ကျွန်တော်တို့ သတိထားရမယ့် အချက်တွေကို ကိုတာက ထောက်ပြထားပါတယ်. အဓိက အချက်လေးတွေပဲ ထုတ်နှုတ်ပြပါမယ်။ ***  ***  *** ကမာ္ဘ့ဘဏ်မှာ လုပ်ခဲ့ဖူးတဲ့ နာမည်ကျော်စီးပွားရေးပညာရှင် ပေါလ် ကော်လီယာ (Paul Collier) တင်ပြခဲ့တဲ့ ဖော်မြူလာနှစ်ခု ရှိပါတယ်။   Nature + Technology + […]


တနေ့က ဦးပေါက်ရဲ့ လက်ဆော့ချက်ထဲမှာ ဘုန်းကြီးကျောင်း လမ်းဘေး သေးပန်းနေတဲ့ ငနဲတကောင်ပုံ တင်ထားတယ်။ ဟိုနေရာ ဒီနေရာမှာလည်း နွားများသာ သေးပေါက်ရန် လို့ ရေးထားရတာလည်း တွေ့ဖူးပါတယ် ခု ဖေ့စ်ဘွတ်က myanmar joke ဆိုတဲ့ page မှာ တွေ့တဲ့ သတိပေး ဆိုင်းဘုတ်ပုံကလေးတွေကို ဂဇက်ဝိုင်းတော်သားများအတွက် ဝေမျှလိုက်ပါတယ် တို့ မြန်မာတွေ စည်းကမ်းရှိကြပါစေ


မန္တလေးဂေဇက် ရဲ့ ပထမဆုံး အလှူမှာ ကုသိုလ်ပါဝင်ဖို့ဟာ လွဲနေတာ အစကတည်းက ပို့စ်တင်တဲ့အထိပဲ။ လွဲကြောင်းစုံတော့ ပြောပီးဘီ ။ ဒီဟာက ဘဏ်ချလံကို ဓာတ်ပုံလုပ်ပီးတင်တာ ကျန်ခဲ့လို့ ရွာထဲက မမ ပေးတဲ့ အကြံအတိုင်း ပို့စ်အသစ်တင်တာ။ ဒဂျီးကမှ သားတို့လို ရွာသားအသစ်လေးကို တင်ပြီးသားပို့စ် အဲဒစ်လုပ်ခွင့်မပေးတာ။ အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့….  


အရင်ပို့စ်မှာ ကိုကြောင်ကြီးက နေပြည်တော်မှာ ရွေးကောက်ပွဲ အခြေအနေလေးရေးပါဦးလို့ မန်းထားတော့ အဲဒါနဲ့ပတ်သတ်ပီး စိတ်ထဲကျလိကျလိဖြစ်ရတာ ပြောချင်တာလေးတွေ ရှိထားလို့ အမှတ်(၂) ဆိုပီး ဆက်ရေးလိုက်ပါတယ်.။ ပြီးခဲ့တဲ့ အပတ်ထဲမှာ နေပြည်တော်က ဝန်ထမ်းအားလုံး မဲပေးနိုင်ဖို့ရာအတွက် မိမိတို့ လက်ရှိစာရင်းပေါက်တဲ့ အိမ်ထောင်စုဇယားမှ အထွက်စာရင်းလုပ်လာပီး ဒီမှာအိမ်ထောင်စုစာရင်းဝင်ကြရမယ်လို့ အုတ်ကျော်သောင်းနင်း ဖြစ်လိုက်ပါသေးတယ်။ မည်သည့် ပုဂ္ဂိုလ်က ဘယ်သို့မှလိုက်မမှီသော ညဏ်နီ၊ ညဏ်နက်၊ ညဏ်စိမ်း၊ ညဏ်ပြာ၊ ညဏ်မဆလာတွေ သုံးလေသည်မသိ လူဝင်မှုကြီးကြပ်ရေးက စာရောက်ပါတယ်။ ရွေးကောက်ပွဲကော်မရှင်က ချမှတ်ထားတဲ့စည်းကမ်းများနဲ့ လျော်ညီစွာ မဲပေးနိုင်ကြစေဖို့ အိမ်ထောင်သည်၊ တခုလပ်နဲ့ တစ်လင်ကွာ၊ လူပျို ̸အပျိုသိုး အပုပ်အပွ နုနုရွရွပါမကျန် နေပြည်တော် တင်းပြည့်အိမ်ထောင်စုဇယားနဲ့ ပြောင်းကြရမှာပါတဲ့။ ဤလုပ်ငန်းစဉ်ကြီး လျှင်မြန်ချောမွေ့စေရေး စနေ၊တနင်္ဂနွေပါမကျန် ဆောက်ရွက်ပေးကြရန် သူတို့ဘက်က […]


ကာတွန်းကိုရွှေထူးက ကျွန်တော်တို့ရပ်ကွက်ထဲမှာဗျာ ဆိုပီး သူ့ရပ်ကွက်ထဲက ဗြုတ်စဗျင်းတောင်း သောင်းပြောင်းထွေလာအကြောင်း ရေးထားတာကို တုပလို့ ရွာစားကျော်လည်း ကိုယ် အပိုင်စားရ.. အဲလေ လက်ရှိစတည်းချနေတဲ့ ရာဇဌာနီ မင်းနေပြည်တော်ကြီးက ဟိုအကြောင်းဒီအကြောင်းလေတွေ မန်းဂဇက်မှာ ပွားချင်တာကြောင့် အထက်ပါ ခေါင်းစဉ်ကိုတပ်ပြီး သကာလ……   ပြောချင်နေတာတော့ကြာပီဗျာ.. မင်းနေပြည်တော်ကြီးက ရုံးတော်ကြီးတခုမှာ ကချောက်ကချက် ဝန်ထမ်းလေးတစ်ယောက် ဖြစ်တာကြောင့် မကြာမကြာကြုံ တတ်တဲ့ အဖြစ်လေးကိုပါ..။ သိတော်မူကြတဲ့အတိုင်း မင်းနေပြည်တော်ကြီးမှာက နိုင်ငံ့ အထွဋ်အခေါင် မှူးကြီးမတ်ရာ သေနာ ပတိ ကြီးများဟာ ပြည်သူ့အရေး နိုင်ငံ့အရေး ကြီးလေးတဲ့ လုပ်ငန်းတာဝန်နဲ့ ပျားပန်းခတ်မျှ သွားလာ နေကြတာကလား..။ နိုင်ငံ့တာဝန်တွေနဲ့ အရေးတကြီး အချိန်မလင့် လျင်မြန်ထိရောက် ခရီးပေါက်စိမ့်သောငှာ (ဥပမာ) ရွာစားကျော်တို့လို သာမန်သေးနုတ်တဲ့ အောက်ခြေ […]


မန်းဂေဇက်မှာ ပထမဆုံးတင်တဲ့ ပို့စ်ကို ကုသိုလ်ရေးလေးနဲ့ စတင်ဖြစ်တာ နှစ်ထပ်ကွမ်းပီတိဖြစ်ရပါတယ်ဗျာ.. မ etone ရဲ့ စုပေါင်းအလှူပို့စ်ကိုဖတ်ပီး ကိုယ်တတ်နိုင်သလောက်လေး လက်မနှေးရလေအောင် ကုသိုလ်ပါဝင်ချင်တာပေါ့။ ပို့စ်ထဲမှာ ရန်ကုန်၊ မန်းလေးက ဆက်သွယ်ရမယ့် ဖုန်းနံပါတ်၊နာမည်တွေတော့ ပါပါရဲ့ ကိုယ်က နေပြည်တော်က ဖြစ်နေတယ်။ ဘဏ်ကပဲလွှဲတာပေါ့ဆိုတော့ တယောက်ယောက်မှတ်ပုံတင်သိမှ။ အင်း လှမ်းမေးရင်ကောင်းမလားနဲ့ သူကြီးတင်ထားတဲ့ လင့်က်ထဲမှာရှာဖတ်၊ မြန်မာ အရှေ့တိုင်းဘဏ်မှာ အကောင့်ဖွင့်ထားတယ်ဆိုတော့ အိုကေ စာရွက်လေးနဲ့ မှတ်ထားလိုက်တယ်။ ဒီဘဏ် နေပြည်တော်မှာရှိလား လိုက်မေးတော့ ရှိဘူးတဲ့ ခက်ပီ။ ရန်ကုန်က သူငယ်ချင်းတယောက်ပဲ အကူအညီတောင်းပီး သွားထည့်ခိုင်းရမလား..၊ ဘာလို့ ကမ္ဘောဇတို့ ရိုးမတို့လို မြို့တိုင်းနီးပါး ဘဏ်ခွဲရှိတဲ့ ဆီမှာ အကောင့်မဖွင့်တာပါလိမ့်ပေါ့..။ ဒါနဲ့ နေပြည်တော်လမ်းညွှန်လေး ပြေး လှန်ကြည်တော့ တော်မှတော်ပေသေး.. […]