chatsuDecember 9, 20111min905
ဖိုးမင်းသိန်း ၈၈ မျိုးဆက်ကျောင်းသားအမည်ခံကာ ၂၀၁ဝ ရွေးကောက်ပွဲတွင် ဦးရွှေအုံး၏ ပြည်ထောင်စုဒီမိုကရေစီပါတီမှ ပလက်ဖောင်းခင်း တက်လာသည်။ အတွင်းရေးမှူးအဖြစ် သိန်းတင်အောင် ကို ခန့်ထားသည်။ ပါတီမဟာမိတ်ဖွဲ့စည်းစဉ် ရှမ်းနာမည်ပျက်စာရင်းဝင် စိုင်းအိုက်ပေါင်းနှင့်တွေ့ဆုံကြစဉ် ယခု ရွေးကောက်ပွဲ ပထမ သက်တမ်းတွက် တပ်ချုပ်ကြီး(ဗိုလ်သန်းရွှေ) ကို သမ္မတ ရွေးချယ်ရန် အဆိုပြုခဲ့သည်။ အဖွဲ့၏ဆုံးဖြတ်ချက်မဟုတ်ဘဲ အသားလွတ်ပြောဆိုမှုကြောင့် ပါတီတွင်း ဝိုင်းဆဲဆိုခြင်းခံရသည်။ ပါတီဥက္ကဌတာဝန်ယူစဉ် ဆွေးနွေးပွဲများ၊ စည်းဝေးပွဲများပြီးဆုံးသည့်အခါ မီဒီယာနှင့်ဆက်သွယ် ပြောဆိုပြီး မီဒီယာကိုနင်းကာ နာမည်ယူလာသည်။ အဖွဲ့၏ထုတ်ပြန်ချက်များ စာသားရိုက်နေဆဲပင် မီဒီယာကို ဆက်သွယ်ဖောက်သည်ချခဲ့သည်။ ရွေးကောက်ပွဲနီးလာချိန်တွင် အတွင်းရေးမှူးသိန်းတင်အောင်နှင့် စည်းဝါးကိုက်ကာ ပါတီမှ ထွက်ဟန်ပြခဲ့သည်။ ရုံးငှားခ၊ ဖုန်းခများကိုပါ သိန်းတင်အောင်အမည်ခံကာ ကူညီပံ့ပိုးခဲ့သည်။ ပါတီမှထွက်ပြီး ရွေးကောက်ပွဲကို ရှုတ်ချဟန်များ ပြောဆိုခဲ့သည်။ ရွေးကောက်ကော်မရှင်လည်း လွတ်ပေးခဲ့သည်။ […]


chatsuDecember 7, 20111min911
Group A Al Qadsia (KUW) Al Ittihad (SYR) Al Faisaly (JOR) Al Suwaiq (OMN) Group B East Bengal (IND) Kazma (KUW) Arbil (IRQ) Al Orouba (YEM) Group C Al Ahed (LIB) ACL Playoff 1/2: loser (TBC) Kuwait SC (KUW) V.B. (MDV) Group D ACL Playoff West 1/2: loser (TBC) Salgaocar (IND) Knockout Cup winner (OMN) […]


chatsuDecember 6, 20111min1124
By ဧရာဝတီ on December 6, 2011 7:54 pm in သတင်း တိဘက်ခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်းလားမားသည် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်၍ ရွှေတိဂုံဘုရားအား ဖူးမြော် လိုသည်ဟု ရွှေကျင်သာသနာပိုင် ဝါဆိုဆရာတော်ကြီးနှင့်တွေ့ဆုံစဉ် လျှောက်ထားခဲ့ကြောင်း သိရသည်။ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ဒလိုင်းလားမားနှင့် သီတဂူဆရာတော် အရှင်ဉာဏိသရ တွေ့ဆုံစဉ် (ဓာတ်ပုံ – သီတဂူ ဘလော့ဂ်မှ)အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ကျင်းပခဲ့သော ကမာ္ဘလုံးဆိုင်ရာ ဗုဒ္ဓဘာသာ ညီလာခံ၌ ပြီးခဲ့သည့် သီတင်းပတ်က လျှောက် ထားခဲ့ခြင်းဖြစ်ကြောင်း သီတဂူ ဘလော့စတားတွင် ဖော်ပြသည်။ ဒလိုင်းလားမားက“ကမာ္ဘမှာ အလွန်ကျော်ကြားသည့် ရွှေတိဂုံ ဘုရားကြီးအား လာရောက် ဖူးမြော်ချင်ပါသည်ဟု မိန့်တော် မူသည်”ဟု ဘလော့၌ ရေးသားထားသည်။ ဝါဆိုဆရာတော်ကြီးက […]


chatsuDecember 6, 20111min1608
တရားဝင်နို်င်ငံရေးပါတီအဖြစ် တည်ထောင်ရန်စီစဉ်နေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်အား မြန်မာ့ထိပ်သီးစီးပွားရေးလုပ်ငန်းရှင် ဦးတေဇက နိုဝင် ဘာ ၃ဝ ရက်တွင် ယင်း၏ နေအိမ်သို့သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။ ” ဦးတေဇက ဒေါ်အောင်ဆန်းစုကြည်ကို နိုဝင်ဘာ ၃ဝ ရက်ညနေ ၃ နာရီခွဲကနေ ၄ နာရီခွဲအ ထိလာရောက် တွေ့ဆုံသွားပါတယ်” ဟု အမျိုးသးဒီမိုကရေစီအဖွဲ့ချုပ်၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဦး အုန်းကြိုင်က ရန်ကုန်တို်င်းမ် ဂျာနယ်သို့ နိုဝင်ဘာ ၃ဝ ရက်ည ၈ နာရီတွင် အတည်ပြုပြောသည်။ ” ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်တွေမှာ ဦးတေဇက ကူညီပေးဖူးတာရှိပါတယ်။ ညောင် လေးပင်မှာ အင်န်အယ်လ်ဒီရွေးကောက်ပွဲဝင်တုန်းကလဲ သူကူညီပေးဖူးပါတယ်” ဟု ဦးအုန်းကြိုင်က အတည်ပြု ပြောသည်။ ၂၀၁၁ ခုနှစ် မတ်လကဖြစ်ပွားခဲ့သည့် […]


chatsuDecember 4, 20111min18713
ဒေါ်အောင်ဆန်းစုကြည်သည် လာမည့်ကြားဖြတ်ရွေးကောက်ပွဲ ကော့မှူးမဲဆန္ဒနယ်၌ ဝင်ရောက်အရွေးချယ်ခံမည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ဗဟိုအလုပ်မှုဆောင်တစ်ဦးက ပြောကြားသည်။ “ဒေါ်စုက တရားဝင် မကြေငြာသေးပေမဲ့ ကော့မှူးမှာ ဝင်ပြိုင်မယ်ဆိုတာကတော့ သေချာသွားပြီ” ဟု ၎င်းကဆိုသည်။ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်တွင် ဝင်ရောက်အရွေးချယ်ခံပြီး အနိုင်ရသွားသော ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအမတ် ဦးစိုးတင့်သည် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုဝန်ကြီးရာထူး တာဝန်ထမ်းဆောင်ရသည့်အတွက် ကော့မှူးမဲဆန္ဒနယ်သည် လစ်လပ်နေရာဖြစ်သွားကြောင်း သိရသည်။ နိုင်ငံရေးအင်အားစုများထဲတွင် တချို့က ဒေါ်အောင်ဆန်းစုကြည်ကို လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် မဝင်သင့်သေးကြောင်း ပြောဆိုကြ သော်လည်း တချို့ကမူ ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော်ထဲသို့ သွားရောက်ရန် နောက်ကျနေပြီဟု သုံးသပ်ပြောဆိုလျက်ရှိသည်။ လစ်လပ်နေရာတစ်ခုဖြစ်သည့် မရမ်းကုန်းမြို့နယ်တွင် နိုင်ငံရေးအင်အားစုများက ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက် အရွေးချယ်ခံနိုင်သည်ဟု သုံးသပ်ကြသော်လည်း မရမ်းကုန်းမြို့နယ်တွင် ဒေါ်အောင်ဆန်းစုကြည် လုံးဝဝင်ပြိုင်မည်မဟုတ်ကြောင်း အထက်ပါပုဂ္ဂိုလ်က […]


chatsuDecember 4, 20111min1538
C-40B ဂျက်လေယာဉ်ဟာ အလျား ပေ ၁၁ဝနဲ့ လေးလက်မရှိပီး အမြင့် ၄၁ပေနဲ့ ၂ လက်မ ရှိပါတယ်။ GE-CFM 56-7B27 အမျိုးအစား အင်ဂျင် ၂ လုံး တပ်ဆင်ထားပြီး ရေမိုင် ၄၆၀ဝ ထိ ဆီမဖြည့်ဘဲ ဆက်တိုက် ပျံနိုင်စွမ်းရှိပါတယ်။ မူလအသုံးပြုဖို့ ရည်ရွယ်ချက်က တိုက်ပွဲဝင်မဲ့ အမေရိကန် တပ်မှူးတွေ အမေရိကန်အစိုးရ ထိပ်တန်းအရာရှိတွေကို သွားလိုရာ ကမ္ဘာ့ဒေသအသီးသီးကို သက်တောင့်သက်သာ စိတ်ချလက်ချ သယ်ပို့ပေးဖို့ ဖြစ်ပါတယ်။ ဒီလေယာဉ်ဟာ အရပ်သုံး ဘိုးရင်းဂျက်လေယာဉ် ၇၃၇-၇၀ဝ ကို စစ်သုံးဖြစ်အောင် အမေရိကန်လေတပ်အတွက် ပြုပြင်ထားတဲ့ အထူးဂျက်လေယာဉ်ဖြစ်ပါတယ်။ C-40B ဂျက်လေယာဉ်ကို အမေရိကန် ထိပ်တန်းစစ်အရာရှိတွေ အမေရိကန်အစိုးရ ခေါင်းဆောင်တွေအတွက် မိုးပျံရုံးခန်း ဖြစ်အောင် ထုတ်လုပ်ထားတာ […]


chatsuDecember 4, 20111min1297
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီမှတ်ပုံတင်ပြီးရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့်အပေါ် ကြိုဆိုထောက်ခံသည့်အနေနှင့် လှည်းကူးမြို့နယ်ကိုယ်စားပြု အမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDFပါတီရုံးခွဲဆိုင်းဘုတ်ကို ဒီဇင်ဘာလ၂ရက်နေ့က ဖြုတ်ချလိုက်ပြီလို့ သတင်းရရှိပါတယ်။ ၂၀၁ဝ ရွေးကောက်ပွဲမှာ ကြံ့ဖွံ့ပါတီအနိုင်ရမှာစိုးတဲ့အတွက် NDFပါတီဝင်အဖြစ် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး အခုလို NLD ပါတီရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်တော့မှာဖြစ်တဲ့အတွက် NDF ပါတီဝင်တွေအနေနဲ့ NLD ပါတီကိုအင်အားတရပ်အနေနဲ့ ပူးပေါင်းပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။အခုလိုဆိုင်းဘုတ်ဖြုတ်ပြီး NDF ပါတီဝင်တွေအနေနဲ့ NLD ပါတီကို ဝင်ရောက်တော့မှာ ဖြစ်တဲ့အကြောင်းကို NDF ဗဟိုအပါအဝင် လှည်းကူးမြို့နယ် ကော်မရှင်ရုံးနဲ့ လှည်းကူးမြို့နယ် မယကကိုလဲ အကြောင်းကြားစာပေးပို့ထားတယ်လို့ ဆိုပါတယ်။ လှည်းကူးမြို့နယ် NDF ပါတီက EC ၁ဝ ယောက်နဲ့အဖွဲ့ဝင်တွေ အပါအဝင် လျာထားတဲ့ ကိုယ်စားလှယ်တွေနဲ့ အနီးအနားကျေးရွာတွေကိုပါ လှည့်လည်စည်းရုံးပြီး အခုလိုဆုံးဖြတ်ချက် ချခဲ့ကြတာဖြစ်ပါတယ်။ ကျန်တဲ့ပါတီအဖွဲ့ဝင်တွေကလဲသဘောတူညီနေကြပြီးကြားဖြတ်ရွေးကောက်ပွဲမှာ NLD ပါတီရွေးကောက်ပွဲဝင်ဖို့အတွက် […]


chatsuDecember 4, 20111min903
ပြီးခဲ့သည့် လပိုင်းအတွင်း ရှာဖွေတွေ့ရှိခဲ့သော မြန်မာနိုင်ငံ၏အကြီးဆုံးရွှေကြောကြီးသည် ကရင်ပြည်နယ်မယ်ဝိုင်ဒေသတစ်ဝိုက်မှ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးအထိ ကြီးမားကျယ်ပြန့်စွာ တည်ရှိနေပြီး နှစ်ရာချီထုတ်ယူရရှိနိုင်ကြောင်း ဒဂုံတက္ကသိုလ် ဘူမိဗေဒဌာနအငြိမ်းစားပါမောက္ခနှင့် Advanture Mental International Mining Co., Ltd. ၏ အုပ်ချုပ်မှု ဒါရိုက်တာဦးစိုးသိန်းက ပြောကြားသည်။ ယင်းရွှေကြောကြီးသည် ကရင်ပြည်နယ် မယ်ဝိုင်ဒေသမှ မွန်ပြည်နယ်ကျိုက်ထီးရိုးဘုရားတောင်ခြေ၊ ထိုမှတစ်ဆင့် ပဲခူးတိုင်းဒေသကြီး တောင်ငူအထိရှည်လျားကြောင်း၊ ရွှေကြောများကိုကောင်းကင်ဂြိုလ်တုမှတစ်ဆင့် ဓာတ်ပုံရိုက်ရာ နေရာခြောက်ခုကို ချိတ်ဆက်ရိုက်ယူရသည်အထိ ကြီးမားကြောင်း ၎င်းကပြောကြားသည်။ “မယ်ဝိုင်မှော်မှာ လွန်ခဲ့တဲ့ ၂ နှစ်က ရွှေတူးတဲ့ သူတွေ တန်ချီရဖူးတယ်” ဟု ၎င်းကဆိုသည်။ ယင်းကဲ့သို့ ရွှေတန်ချီရရှိကြခြင်းမှာ ရွှေကြောကြီး၏ အောက်ခြေအဆင့်နုန်းမြေများတွင်သာ တူးဖော် (ကျင်ယူ) ရရှိခြင်းကြောင့်ဖြစ်ပြီး ရွှေသာမြောက်မြားစွာပါဝင်သော ကျောက်သားများမှာ မိုင်ချီကျန်နေသေးကြောင်း၊ ယင်းကျောက်သားများမှာ […]


chatsuDecember 3, 20111min640
လောလောမူဆယ်105 မိုင် ဂိတ်ပိတ်ထားပါသည်။ကားများအားလုံးအဆင်းအတက်၊ကုန်များအားလုံးလမ်းတွင်ပိတ်နေပါပြီ။


chatsuDecember 3, 20111min1357
မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးတွင် အဓိက ထွက်ပေါက်မြို့တစ်ခုဖြစ်သော မူဆယ်မြို့ ရဲတပ်ဖွဲ့စခန်းရှေ့တွင် ဒီဇင်ဘာ ၃ ရက်နေ့ ည ရ နာရီ မီနစ် ၂ဝ ခန့်တွင် ဗုံးပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့ကြောင်း မူဆယ်မြို့သို့ရောက်ရှိနေသော The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။ ယင်း ဗုံးပေါက်ကွဲမှုကြောင် များစွာ ပျက်စီး လူသေဆုံးမှုမရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ မူဆယ်-နမ့်ခမ်းနယ်စပ်ကုန်သွယ်ရေး ကုန်သည်များ အသင်း စာတမ်းဖတ်ပွဲကို မူဆယ်မြို့တွင် ဒီဇင်ဘာ ၄ ရက်နေ့တွင် ကျင်းပမည်ဖြစ်ရာ ထိုသို့ဗုံးပေါက်ကွဲမှုကြောင့် လုံခြုံရေးပိုမိုတင်းကျပ်ဖွယ်ရှိကြောင်း မြို့ခံအချို့က ခန့်မှန်းသည်။


chatsuDecember 1, 20111min1736
ကျပ်ညပ်နေသော ဘတ်စ်ကားပေါ်မှာမဟုတ်၊ ဆူညံနေသော လက်ဖက်ရည်ဆိုင်ထဲမှာမဟုတ်၊ ညအမှောင်မှာ ကသုတ်ကရက် အိမ်ပြန်ရသော လမ်းမှာမဟုတ်၊ နှင်းဖြင့် အေးစိမ့်သော ခြောက်သွေ့သော လတ်ဆတ်သော နံနက်ခင်းတစ်ခုမှာ ကျွန်မတို့ အေးအေးဆေးဆေး တွေ့ချင်သည်။ တစ်ယောက်ကို တစ်ယောက် လက်ချင်းထွေးဆုပ်ပြီး ပြေးချင်သည်။ ဖိနပ်ကြိုးချည်ပေးရင်း တစ်ယောက်မျက်နှာ တစ်ယောက် ငေးမောချင်သည်။ အချစ်အတွက် မျှော်လင့်ချက်တစ်ခုခု ရှိရမည်ဆိုလျှင် ကျွန်မ မျှော်လင့်တာက ဆောင်းနံနက်ခင်းတွေပဲ ဖြစ်ပါသည်။


chatsuNovember 30, 20111min19014
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တရားရုံးတစ်ရုံးချင်းစီအတွက် လာဘ်ပေးလာဘ်ယူမှုများ ပပျောက်ရန် အထူးစီမံချက် ချမှတ်ဆောင်ရွက် လျက်ရှိကြောင်း တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးစိုးသိန်းက ပထမအကြိမ် တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် လာဘ်ပေး လာဘ်ယူမှု ကင်းရှင်းရေးကို အထူးအစီအစဉ်များ ချမှတ်ရန်နှင့် စပ်လျဉ်းသည့်မေးခွန်းကို ဖြေကြားခဲ့ကြောင်း သိရသည်။ တိုင်းဒေသကြီး တရားသူကြီးချုပ်က မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်သည် တိုင်းဒေသကြီးအတွင်းရှိ တရားစီရင်ရေးကိစ္စရပ်များတွင် တာဝန်ယူ ဆောင်ရွက်လျက်ရှိကြသူများအနေဖြင့် လာဘ်ပေးလာဘ်ယူမှု၊ အဂတိလိုက်စားမှု၊ ကျူးလွန်မှုမရှိကြစေရန်နှင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ နည်းလမ်းတကျ ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်ရေးအတွက် အဆင့်ဆင့် ကြီးကြပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့အချိန်အထိ မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ တရားရုံးများမှ စောင့်ထိန်းရမည့် ဂုဏ်သိက္ခာ၊ ကျင့်ဝတ်စည်းကမ်းများ၊ ဝန်ထမ်းစည်းမျဉ်းများနှင့် မကိုက်ညီသည့် မြို့နယ် တရားသူကြီး(၁)ဦး၊ ဒုတိယမြို့နယ်တရားသူကြီး( ၂)ဦး၊ အကြီးတန်းစာရေး(၁) ဦးနှင့် အငယ်တန်းစာရေး(၁) ဦးတို့ကို […]