ဆက်ရေးမယ် ဆိုတော့လဲ ရေးရပြီပေါ့ဗျာ ကျွန်တော့်ဘေးမှာ ကော်ဖီခွက် တစ်ခွက် ဆေးလိမ်တိုလေး လဲပါသေးပေါ့ ဒါဆိုလုံလောက်နေပြီ… ကောင်လေးနဲ့ ကောင်မလေး ဘယ်လိုဖြစ်သွားလဲ ဆိုတော့ ဒီလိုပါ နံနက်အစော (9)နာရီမှာ ကောင်မလေးက ကောင်လေးရှိရာကို လာခဲ့တယ် ကောင်မလေး မျက်နှာမှာ အပြုံးရိပ်တွေနဲ့ပါ ။ ခဏပဲစကားပြောဖြစ်ခဲ့ကြတယ်။ ညနေ (6)နာရီလောက်မှာ သူတို့နှစ်ယောက် အွန်လိုင်းပေါ်မှာတွေ့ကြပြီလေ “ ကောင်မလေး” စပြီးခေါ်တယ် “ဟိတ်” “ကောင်လေး” ကလဲ တိတ် တဲ့လေ ဆက်ပြောတယ် ထင်ပါတယ် ပေါ်မလာဘူး  တစ်ခြားနေရာကနေ လှမ်းနှုတ်ဆက်တော့မယ်ဆိုတ  ခဏနေပြန်တော့မလို့ “ကောင်မလေး” ပြန်ပြောတယ် ကောင်းပါတယ် တဲ့ “ကောင်လေး” က…ဘာကောင်းတာလဲ၊ အဲလိုနဲ့ သူတို့တွေ ချက်ရွန်းမှာ ပြောဆိုပြီး မနက် (9)နာရီကို ထက်ချိန်းလိုက်တယ် […]


မိုး မသဲ ပေမဲ့ မိုး မစဲသေးပါဘူး ညကမှောင်မှိုက်လို့ ဆိုင်လေးတစ်ခုအတွင်းမှာ အတူရှိနေခဲ့ကြတာပေါ့ “ကောင်လေး” စကားစပြောတယ် မင်း ကိုယ်နဲ့တစ်ခါတွေ့ပြီးကတည်းက ဘယ်ပျောက်သွားလဲ “ကောင်မလေး” ကပြန်ပြောတယ် မျက်နှာပူလို့ ထပ်မလာဖြစ်တာပါ မျက်နှာပူစရာက သူတို့နှစ်ယောက်ပဲသိမှာပါ “ကောင်လေး” က ငါမှာ မင်းကိုမျှော်နေခဲ့ရတာ ငါ့ရင်ခွင်ထဲမင်း အပြီးအပိုင်များထွက်သွားလား အတွေးတွေနဲ့ သတိရနေခဲ့ရတယ်… မိုးက သူတို့ ဆိုင်ထဲမှာရှိနေချိန်မှာပဲ ပိုလို့သာရွာလာပြန်တယ်။ “ကောင်မလေး” က သူ့ချစ်သူ ကောင်လေး ပခုံးမှာ ခေါင်းလေးမှီလို့ပေါ့ အတွေးတွေနဲ့ နှစ်ယောက်သား စကားမဆက်ဖြစ်ပဲ ခဏလောက် ငြိမ်နေခဲ့ကြတယ်။ ညက တစ်ဖြေးဖြေးနဲ့ မှောင်လာပြန်တယ် သူတို့တွေ စားသောက်ပြီး ဆိုင်အပြင်ကို ကြည့်လိုက်တော့ မိုးစက်တွေ မရှိတော့ဘူး “ကောင်းလေး” က ပြန်ရအောင် ဆိုပြီး […]


နိုင်နိုင်February 16, 20111min600
မနေ့က (15.2.2011) ဖုန်းဘီလ် ရောက်လာတယ် ညနေပိုင်းရောက်တော့ ဖုန်းလိုင်းပိတ်ခံရတယ်ဗျာ တောင်ကြီးမှာပါ။အရင်ကတည်းကတိုင် ဖုန်းဘီလ်လာပေးနေကြပါ ဘီလ်မရောက်ပဲ ဘယ်လိုသွားဆောင်မှာလဲ ကျွန်တော်ဆိုတော်သေး ဒီနေ့ ကျွန်တော် သွားဆောင်တော့ တစ်ချို့ပြောတယ် ဖုန်းဘီလ် လဲမရပဲံ လိုင်းပိတ်ခံရတယ်တဲ့။ကောင်ရော။ကျွန်တော့်အထင်တော့ သူတို့ ဆက်သွယ်ရေးက ဘီလ်လိုက်ပို့တဲ့ ဝန်ထမ်းမပို့ဖြစ်တာလို့ထင်မိတယ်။ တစ်ခါမှ အဲလိုမဖြစ်ဖူးဘူး ကိုယ့်ဘက်က ရက်လွန်မဆောင်ဖြစ်ရင် ကိုယ့်ဘက်က အမှားကြီးမှားတာပေါ့ ခုဟာက ဘယ်သူဘက်က ဘယ်လိုဖြစ်တာလဲ စဉ်းစားကြည့်ဖို့လိုမယ်ထင်တယ်။တောင်ကြီးမှာလွန်လွန်းနေပြီ။ သူတို့တစ်ခြားလုပ်ကွက်တွေလဲ များနေပြီ။ပြောလိုက်ရင် ကြေငြာလိုက်ရင် ပြည်သူတွေ အဆင်ပြေဖို့တဲ့လေ ခုဖြစ်နေတာတွေက မဟုတ်သေးဘူးထင်ပါတယ်….


နိုင်နိုင်February 16, 20111min550
(ရေးထားတာတော့ 14ရက်နေ့ကတည်းက မအားတာနဲ့ ခုမှတင်ဖြစ်လိုက်တယ်)ဖော်ဖေါ်ဝါရီ 14 ချစ်သူများနေ့ဆိုပဲ chocolate တွေစားပြီး အချွဲထ နေပြီ အိပ်မက်ထဲမှာ 😀  လူငယ်တွေအတွက် နေ့တစ်နေ့လိုဖြစ်နေတယ်နော် ကျွန်တော်မှာတော့ ကွန်ပျူတာတွေပြင်ဖို့ပဲ စိတ်ထဲမှာ ရှိနေခဲ့လိုက်တယ် 14 ရက်နေ့နံနက် မိုးသောက်တော့ သူငယ်ချင်း ဆိုင်သွားတော့ သူ့စက်တွေ ပြင်ပေးပါဦးတဲ့ window ပြန်လုပ်ပေးပါတဲ့လေ စကားမစပ် သူ့သူငယ်ချင်းက ဒီနေ့ဘာနေ့လဲတဲ့ ကျွန်တော်လဲ အူးကြောင်ကြောင်နဲ့ တနင်္လာနေ့လို့ ဖြေလိုက်တာပေါ့ သူတို့တွေ ပြုံနေကြတယ်။သူတို့ပြောတယ် ဒီနေ့ ချစ်သူများနေ့လေတဲ့ အော် ဟုတ်လားပေါ့ ကျွန်တော်ကလဲ ကျွန်တော်စိတ်ထဲမှာ အဲဒီနေ့ရက်တွေကို မခံစားချင်တော့လို့ မေ့ထားချင်ခဲ့တာလေ။ ခုတော့ သတိရလာမိတယ်…။အစောပိုင်းတော့ စိတ်မှာ ဘာမှခံစားလို့မရဘူး ဒါနဲ့ မြို့ထဲ ဆိုင်ကယ်ပတ်စီးနေမိတယ် ပြီးတော့ စူဌာမုနိ ဘုရား […]


နိုင်နိုင်February 10, 20111min724
ကွန်ပျူတာကို အသံတွေနဲ့ ကလိကြည့်မယ်ဆိုရင် window ထဲမှာ လုပ်မှာဖြစ်ပါတယ် အပြင်က အသံဖိုင်တွေ သီချင်းတွေကို လုပ်ချင်တယ်ဆိုလဲ ရပါတယ် တစ်ခုတော့ ရှိတယ်ဗျ အသံဖိုင်က .wav file ဖြစ်ဖို့လိုလိမ့်မယ် mp3 မှ wav ပြောင်းတဲ့ Converter မျိုး Google မှာ ရှာဒေါင်းပြီး ပြောင်းလိုက်ပေါ့ ပေါပါတယ်။ဒါဆို စပြီ အသုံးပြုကြည့်ရအောင် Start >>Settings>>Control panel ဆိုပြီး အဆင့်ဆင့် ဝင်လိုက်ပါ။sounds speech,and Audio Devices (or) Sound ဆိုတာကိုတွေ့ရင် နှိပ်လိုက်ပါ။အဲဒီမှာ Box တစ်ခုကြလာပါမယ် အဲဒီမှာ မြင်တွေ့ရမှာက placback / Recording/Sounds ဆိုတာပါပဲ Sounds ကိုရွေးပေးပါ။windows အောင်မှာ လုပ်ဆောင်ရမှာတွေ […]


နိုင်နိုင်February 6, 20111min17612
ဒီပြန်ကြားချက်ကို တော်တော်များများ သိပြီးသားဖြစ်မယ်လို့ထင်ပါတယ် ဒီပြန်ကြားချက်ကိုကြည့်ပြီးမှပဲ အော် ဒီလို အတိုက်ခိုက်ခံရလို့ ကျွန်ုပ်တို့နိုင်ငံ လိုင်းတွေ မကောင်းဘူးဆိုတာ ယုံလိုက်တော့တယ်….:D တကယ်ပဲလား အဲဒီလိုတိုက်ခိုက်ခံရတာ ဘာကြောင့်လဲ ?? ဘယ်လိုလူတွေက ဘာကြောင့် တိုက်ခိုက်သလဲ ဆိုတာ သိချင်လိုက်တာဗျာ ဒီလို လိုင်းနဲ့ လုပ်စားတဲ့ အင်တာနက်ဆိုင်တွေ ဆိုရင် သနားဖို့တောင် ကောင်းနေပါပြီ ခုရက်ပိုင်းဆို (5)ရက်လောက်ရှိနေပြီ တစ်နေကုန်နီးပါးလောက် အလုပ်မဖြစ်ဘူးလေ ဝင်ငွေမရှိ လိုင်း Bill တွေတော့ ပုံမှ ရှိနေသတဲ့ဗျ အဲဒီတော့ တရား မတရားတာတွေကို အဘက်ဘက်မှ စဉ်းစားပြီးလုပ်ဖို့လိုအပ်တယ် ..ခုပြောနေတာက ဘယ်သူ ဘယ်ဝါကိုမှ အပြစ်တင်ပြောနေတာတော့မဟုတ်ပါဘူး ဒါပေမဲ့ ကိုယ်ပုံမှန် ငွေယူရင် (BIll)အဲဒီအတွက် ထိုက်တန်တာ ပြန်ပေးရတယ်ဆိုတာ တရားသောနည်းလမ်းပဲမလား ခုဖြစ်နေရတာက လိုင်းတွေ […]


နိုင်နိုင်December 24, 20101min480
ပြီးမှတင်တယ် လို့ပြောလဲ ခံရမယ်ပေါ့ဗျာ ဘာကြောင့်လဲဆို တင်ရတာ ဘယ်လိုမှကိုအဆင်မပြေလို့ပါ ကျွန်တော့်ဘလော့မှာ တင်ထားပါတယ် www.royalcherry.blogspot.com မှာပါ လိုအပ်တဲ့ ကြည့်ချင်တဲ့သူငယ်ချင်းများ အဲဒီမှာ သွားယူကြည့်လိုက်ပါ ကျွန်တော် ဒီမှာတင်တာ အဆင်မပြေလို့ပါ အကြွေးတင်နေတာကြာနေပြီ။ ကျွန်တော့်ဘလော့မှာက မေးကတဆင့်ပို့ပြီးတင်ထားတော့ အဆင်ပြေတယ်ဗျ ဘာမဟုတ်တဲ့ဆိုဒ်ကြော်ငြာတာတော့မဟုတ်ပါဘူး အလည်ခေါ်ချင်တာပါ…ဟီး..တောင်ကြီးနဲ့ဝေးတဲ့ သူငယ်ချင်းများ အလွမ်းပြေပေါ့ဗျာ ကြည့်လိုက်ကြပါဦး နောက်များနောက်များ လာပါဦးမည်….


နိုင်နိုင်December 18, 20101min540
မြန်မာနိုင်ငံပညာရှင်များအသင်း စာမေးပွဲများမှာ အိုင်တီပညာရှင်များအဖြစ် အသက်မွေးဝမ်းကျောင်းပြုလိုသော ကျောင်းသူကျောင်းသားများ၊ အိုင်တီလောကသို့စတင်ဝင်ရောက်ရန်ကြိုးစားနေသူများ၊ MCPA အသင်းဝင်များ အရည်အချင်းကို မှတ်ကျောက်တင် အသိအမှတ်ပြုခံနိုင်ရေးအတွက် ဦးတည်စစ်ဆေးသော စာမေးပွဲများဖြစ်သည်။ – – – – – – – = – – – – – – – = – – – – – – – = – – – – – – – သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံကွန်ပျူတာပညာရှင် အသင်းမှကြီးမှူးပြီး အသင်းအသိမှတ်ပြုစာမေးပွဲများကို ကျင်းပလျက်ရှိသည်။ × – – – – […]


နိုင်နိုင်December 5, 20101min1146
mandalaygazette ဝိုင်းတော်သားများ ဘာစားကြရမလဲဆို ကျွန်တော့်အခက်ခဲလေးတစ်ခုကိုပါ…:D အကူညီတောင်းခံခြင်းဖြစ်ပါတယ် ကျွန်တော့် ဘလော့ www.royalcherry.blogspot.com ကို co.cc သို့ပြောင်းထားပါတယ် အချိန်ကြာ အသုံးပြုခဲ့ပါတယ် co.cc က တစ်နှစ် အလကားပေးသုံးတယ်မလား ကျွန်တော်သုံးတာ တစ်နှစ်မပြည့်သေးပါဘူး။ အခုချိန်မှာ မူရင်း www.royalcherry.blogspot.com လဲ ဖွင့်မရသလို www.royalcherry.co.cc လဲဖွင့်ကြည့်လို့ကိုမရတော့ပါဘူး ပို့စ် ဝင်ရေးမယ်ဆိုလဲ ဝင်လို့မရဘူးဖြစ်နေပါတယ် ကျွန်တော့် အထင်တစ်ခုက co.cc ကြောင့်ဖြစ်တယ်လို့ထင်မိပါတယ် ဒါပေမဲ့ ဘာလုပ်ရမယ်ဆိုတာလဲမသိဘူးဖြစ်နေတယ် ဒါကြောင့် အကြံဉာဏ် အကူညီတောင်းခံရခြင်းဖြစ်ပါတယ် သိတဲ့သူများ ကွန်မန်းမှာ အကြံဉာဏ်များ ဝင်ရောက်ရေးသားပေးစေလိုပါတယ် အဖြေမှန်တစ်ခုရလို့ အဆင်ပြေသွားရင်လည်း ပို့စ် တစ်ခုအနေနဲ့ ပြန်ရေးတင်ပေးပါမယ် ကျွန်တော်လိုဖြစ်တဲ့သူများ လုပ်ရလွယ်ကူသွားအောင်လို့ပါ.. အခုတော့ ဝိုင်းစားပေးကြပါဦးဗျာ


နိုင်နိုင်November 30, 20101min35016
ကျွန်တော့် ချမ်းသာတဲ့ ငွေကြေးတွေ ဖော်ပြလိုက်ပါတယ် ဒီအကြွေစေ့လေးတွေ သိမ်းထားခဲ့တာကြာပါပြီ တန်ဘိုးရှိလို့လဲ သိမ်းထားခဲ့တာပါ။ ကျွန်တော်ငယ်ငယ်က မေမေ မုန့်ဖိုး ပေးရင် ဒီအကြွေစေ့လေးတွေပေါ့ ခုတော့ အနည်ဆုံး 200 ကျပ် ပေးမှ ကလေးတွေက ကျေနပ်တယ်လေ ဒါတောင် အသုံးမခံဘူးမလား ။ဘာဖြစ်ဖြစ်ပါ အခုနောက်ပိုင်းဆိုသိကြတဲ့အတိုင်း 100 ကျပ်တန် 200 ကျပ်တန်တွေဆို ကိုင်လို့မရတော့တဲ့အတွက် အိတ်လေးတွေထဲထဲ့ပြီးသုံးနေရပြီမလား အခုကျွန်တော်ဖော်ပြတဲ့ အကြွေစေ့နဲ့ အတန်လေးတွေဆို အသုံးလဲ မဝင် ကွယ်ပျေက်တော့မှာမို့ ကျွန်တော် ထိမ်းသိမ်းထားတာပါ နောက်မျိုးဆက်သစ်တွေလဲ အလွယ်တကူ ကြည့်ရှု့လေ့လာလို့ရအောင် တင်ပေးလိုက်ရခြင်းဖြစ်ပါတယ် ယခုခေတ်ငွေကြေးနဲ့ နှိုင်းယှဉ်မယ်ဆိုလဲ ဖြစ်တယ်လေ ထုတ်လုပ်ခဲ့တဲ့ အရည်အသွေးကိုယ်ကြည့်ရုံနဲ့တင်သိနိုင်ပါတယ်…..


နိုင်နိုင်November 20, 20101min1093
19 ရက်နေ့က နေ့လွတ်မီးပါ ပုံတစ်ချို့ပါ။ ကောင်းကင်ယံမှာ ကုန်းသတ္တဝါတွေပါ ပျံသန်းနေတဲ့ နေ့လွတ်မီး တောင်ကြီးတန်ဆောင်တိုင်ပွဲပါ ပျော်ရွှင်စရာအရမ်းကောင်းလှပါတယ်။ ကဲ..တောင်ကြီးနဲ့ ဝေးကွာနေသူတွေ အလွမ်းပြေ ကြည့်ရှု့လို့ရပါပြီဗျာ…။