chityimhtooNovember 19, 20111min1489
ကျွန်တော်တို့ဟာ မြန်မာပြည်မှာမွေး၊ မြန်မာပြည်ရေကိုသောက်ပြီးမြန်မာနိုင်ငံမှာကြီးပြင်းလာတဲ့ မြန်မာနိုင်ငံသားတွေပါ။မြန်မာနိုင်ငံသားဖြစ်ရတဲ့အတွက်လည်း မြောက်များစွာဂုဏ်ယူမိပါတယ်။စင်ကာပူ၊မလေးရှား၊ထိုင်းနိုင်ငံတို့တိုးတက်သလိုကျွန်တော်တို့နိုင်ငံကိုလည်း မြောက်များစွာတိုးတက်စေချင်ပါသည်။ 2014မှာမြန်မာပြည်အာဆီယံဥက္ကဌဖြစ်တဲ့အတွက်လည်း အလွန်ဘဲဂုဏ်ယူမိပါသည်။NLD မှနိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ပြီး ဝင်ရောက်ယှဉ်ပြိုင်မည် ကိုလည်း အလွန်ဘဲဝမ်းသာမိပါသည်။ မျှော်လင့်ချက်ပေါင်းများစွာကြောင့်ခုဆိုရင်ကျွန်တော်တို့နိုင်ငံသားတွေတက်တက်ကြွကြွရွှင်ရွှင်လန်းလန်းဖြစ်နေကျပါသည်။ နိုင်ငံတော်သမ္မတကြီးနဲ့အမေစုကိုလည်းကျွန်တော်တို့ပြည်သူတွေအားလုံးမြောက်များစွာအားကိုမိပါသည်။အလွန်အမင်းဝမ်းသာစွာနဲ့ ဂုဏ်ယူမိပါတယ် နိုင်ငံတော်သမ္မတကြီးနဲ့ အမေစု။ နောက်ဆိုရင်ကျွန်တော်တို့နိုင်ငံ မှာစက်ရုံအလုပ်ရုံပေါင်းများစွာနဲ့ ကျွန်တော်တို့လူငယ်တွေအလုပ်အကိုင်ကောင်းကောင်းရနိုင်ဘို့မျှော်လင့်မိပါသည်။ ကျွန်တော်တို့နိုင်ငံရဲ့ ပညာရေး အဆင့်အတန်းကိုလည်းဒီထက်ပိုပြီးမြင့်မားစေချင်စိတ်နဲ့အားကိုးမိပါသည်။ ကျွန်တော်တို့ရွာသားတွေအားလုံးရဲ့ကိုယ်စားလည်းဒီနေရာကနေဂုဏ်ယူမိပါသည် နိုင်ငံတော်သမ္မတကြီးနဲ့ အမေစု……..


chityimhtooNovember 18, 20111min1085
  သင်္ဘောသားများနှင့်ပြည်ပရောက် မြန်မာလုပ်သားများ ပြည်တွင်း ဘဏ်စာရင်းတွင်ဒေါ်လာတစ်သောင်းရှိပါက ပြည်ပမှဒေါ်လာ ၅ထောင်တန်ကားကို တင်သွင်းခွင့်ပြုမည်လို့သက်ဆိုင်ရာက ကြားသိရပါတယ်။ သင်္ဘောသားတွေနဲ့ ပြည်ပရောက်တရားဝင်မြန်မာတွေကို တစ်ဦးတစ်စီးနှူန်းတင်သွင်းခွင့်ပေးဖို့ဆုံးဖြတ်ထားပြီးပါပြီဟုမော်တော်ယဉ် တင်သွင်းခွင်ဆိုင်ရာကြီးကြပ်မှူကော်မတီ ဥက္ကဌကအတည်ပြုပြောသည်။ယခင်အစည်းအဝေးများမှာပြည်ပရောက်မြန်မာလုပ်သားများနှင့်သင်္ဘောသားများ၏ ဘဏ်ငွေကို၃သောင်းဟုရှိခဲ့သော်လည်း၃သောင်းမရှိသူများစိတ်အား ငယ်မည်ဆိုးသဖြင့် ဘဏ်ငွေကိုတစ်သောင်းအထိဖြေလျော့မှ ုပြုခဲ့ကြောင်း။ထိုထက်ပိုပြီးဖြေလျော့မှ ု့များြ ပုလုပ်တော့မည်မဟုတ်ဟုကော်မတီဥက္ကဌကထပ်မံဆိုသည်။ ကားတင်သွင်းခွင့်ကို ခွင့်ပြုပေးမည်ဖြစ်သော်လည်း သက်ဆိုင်သည့်ဝန်ကြီးဌာနများနှင့်ချိတ်ဆက်ဆွေးနွေးရန်လိုသေးမည်ဖြစ်ရာ ယင်းကိစ္စကိုအမြန်ဆုံးလုပ်ဆောင်နေကြတယ်လို့ပြောပါတယ်။ ပြည်ပရောက်တရားဝင်လုပ်သားတွေကိုကားတင်သွင်းခွင့်ပြုလိုက်ရင်သူနဲ့သက်ဆိုင်တဲ့ အလုပ်သမားဝန်ကြီးဌာနနဲ့ချိတ်ဆက်ရပါမယ်။ဒိလိုဘဲသင်္ဘောသားဆိုရင်ပို့ဆောင်ရေးဝန်ကြီးဌာနနဲ့ဆိုင်သွားပြီ။ဒါတွေပြီးရင်ရပါမယ်။ ဘယ်တော့ရမလဲဆိုရင်အမြန်ဆုံးရပါမယ်လို့ဘဲ ဖြေနိုင်သေးတယ်လို့ ကော်မတီဥက္ကဌ မှပြောကြားတယ်လို့သိရပါတယ်။ ပြည်ပရောက်တရားဝင်လုပ်သားများကိုတင်သွင်းခွင့်ပြုမည်ဖြစ်ရာအများစုက အိမ်စီးရန်ထက်ပြန်ရောင်းဖို့သာများနေသည်ဟုလည်းကြားသိရပါတယ်။ ကားဝယ်စီးမယ်ဆိုရင်နောက်က ရမှာကအများကြီးပဲ ဒီတော့မစီးဘဲပြန်ရောင်းရင်သိန်းဆယ်ဂဏန်းနဲ့ချီပြီးမြတ်နိုင်သေးတယ်လို့ပြောကျပါတယ်။ လက်ရှိသင်္ဘောသားအသိအမှတ်ပြုမှတ်ပုံတင် CDC လက်မှတ်ရသင်္ဘောသားရသောင်းနီးပါးရှိနေပြီး ပြည်ပရောက်တရားဝင်လုပ်သားမှာ သိန်းဂဏန်းကျော်ရှိပါတယ်။ ပြည်ပရောက် တရားဝင်လုပ်သားများ၊သင်္ဘောသားများနှင့် ပို့ကုန်ရငွေ ၁သိန်းရှိလုပ်ငန်းရှင်များ၊ဟိုတယ်ခရီးလုပ်ငန်းလုပ်ကိုင်သူများကို ကားတစ်စီးစီတင်သွင်းခွင့်ပြုပေးမည်ဖြစ် ကြောင်းကို popular news journal မှာဖတ်ရှူ့လိုက်ရပါတယ်။


chityimhtooNovember 17, 20111min16511
ယနေ့နံနက် ၇:၃ဝ သတင်းမှာ MRTV-4 မှ နိုင်ငံခြားမှာအလုပ်လုပ်နေတဲ့ လူတွေ သဘောင်္သားများ နိုင်ငံတော်ကို အခွန်ဆောင်ထားတဲ့ ကုမ္မဏီတွေကိုကားဝယ်ခွင့် ပြုမယ်လို့ ကြားသိရပါတယ်။သတင်းအပြည့်အစုံကိုသိရင်တင်ပေးကျပါဦး။


chityimhtooNovember 12, 20111min19218
စစ်ကိုင်းတိုင်း ဒေသကြီး ကျောက်ဆည် ဒေသတွင် တောက်တဲ့ တစ်ကောင်ကို ကျပ်သိန်း ပေါင်း တစ်သောင်း ခုနှစ်ထောင် ဖြင့် အောက်တိုဘာ ၃ဝရက်က အရောင်း အဝယ် ဖြစ်သွားကြောင်း သတင်း ရရှိသည်။ ကျောက်ဆည်ရွာ က တောက်တဲ့တော့ မဟုတ်ဘူး။ အဲဒီ ရွာကို ယူပြီး အရောင်းအဝယ် ဖြစ်တာ တောက်တဲ့အ ရှည်က ၃ ပေခွဲရှိတယ်။ အောင်မလေးတောက်တဲ့တစ်ကောင် သိန်းသောင်းချီပေးတယ်တဲ့။ဟိုနေရာမှာလည်းတောက်တဲ့ဒီနေရာမှာလည်းတောက်တဲ့၊ 2011 ရဲ့မင်းသားက တောက်တဲ့လားတောင်မသိတော့ဘူး။မိဘကလည်းသားသမီးကိုဆုံးမရင်တောင် စတိုင်ပြောင်းသွားပြီ မင်းတောက်တဲ့လောက်တောင်အသုံးမကျတဲ့ ကောင်၊တောက်တဲ့လောက်တောင် တန်ဘိုးမရှိဘူးတဲ့။ဘဝမှာဆိုးချင်သလောက်ဆိုး၊မိုက်ချင်သလောက်မိုက် တောက်တဲ့တစ်ကောင်ရရင်ပြီးရော။ အိမ်ဘေးကဘကြီးပုကလည်းတောက်တဲ့ ကိုသူ့မိန်းမနဲ့ဒဲ့လဲမယ်ဆိုဘဲ။မင်္ဂလာဦးဇနီးမောင်နှံကလည်းသူတို့မင်္ဂလာဆောင်ကိုတောက်တဲ့တစ် ကောင်လောက်လက်ဖွဲ့ရရင်တော်ပါပြီတဲ့။ ဟမ်မငှီး……………….တောက်တဲ့………………တောက်တဲ့… ရင်တုန်ကင်းဝေး စိမ့်သက်လေးမို့…လူတိုင်းရင်မှာ….တောက်တဲ့ပါ။……… 😛


chityimhtooNovember 2, 20111min21929
Facebook Myanmar Dhamma Friends စာမျက်နှာပေါ်မှာဖတ်လိုက်ရလို့စိတ်ဝင်စားမိလို့ပြန်လည်တင်ပြလိုက်မိပါတယ်။ရှေးလူကြီးသူမတွေဆီကကြားဖူး ထားတာလေးတွေရှိရင်လည်းပြန်လည်ပြောကြားပေးကျပါဦး။ ကျွန်ုပ် (ကျီးမနိုးတင်ဝင်း) နှင့် ကျွန်ုပ်မိတ်ဆွေကြီး ဦးရွှေသိန်းတို့သည် ရွှေတိဂုံစေတီတော်ကြီးနှင့် ခပ်လှမ်းလှမ်းတွင်ရှိသော လမ်းဘေးလက်ဖက်ရည်ဆိုင်လေးတဆို်င်တွင် လက်ဖက်ရည်သောက်ကာ စကားစမြည်ပြောရင်း ဦးရွှေသိန်း-က “ရွှေတိဂုံဘုရားကြီးအောက်တည့်တည့်မှာ လိုဏ်ဂူကြီး အကြီးကြီးနဲ့ ရေတွေရှိတယ်။ အဲဒီရေတွေက ပင်လယ်ရေ အတက်အကျနဲ့ ဆက်နေတယ်။ ရေပြင်ပေါ်မှာလဲ ဌာပနာတွေတင်ထားတဲ့ ကရဝိက်ရွှေလှေ ရှိတယ်ဗျ”ဟု ပြော၏။ (ကျီး)…ဟုတ်ပါ့မလား ဆရာရယ်.. မယုံနိုင်စရာဘဲ။ မျက်မြင်ကိုယ်တွေ့ တွေ့သူ ရှိလို့လား၊ ဒီအကြောင်းက ဒဏ္ဍာရီလိုလို ပုံပြင်လိုလို ပြောနေကြတာမဟုတ်လား။ ဦးရွှေသိန်းက-ပုံပြင်လဲ မဟုတ်ဘူး၊ ဒဏ္ဍာရီလည်း မဟုတ်ဘူး၊ တကယ့်ကို မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ရပါတယ်-ဆိုတဲ့ အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ပြရင် ယုံမှာလား-ဟု ပြော၏။ ကျီး…“သက်သေအထောက်အထားနဲ့ပြရင် ယုံတာပေါ့ ဆရာ၊ ဘယ်လောက်ခိုင်မာတဲ့ […]


chityimhtooOctober 5, 20111min2076
လွန်ခဲ့သော နှစ်ပေါင်း (၅၀)ကျော်က မေတ္တာဘာဝနာ အရာတွင် ထင်ရှားကျော်ကြားခဲ့သော ဆရာတော်ကြီးတစ်ပါး မြန်မာနိုင်ငံတွင် ပေါ်ထွန်းခဲ့ဖူးသည် ။ တန်အလေးချိန် အလွန်ကြီးမားသော ဗုံးကြီးသုံးလုံး လေယဉ်ပျံဖြင့် ကြဲချခဲ့သော်လည်း ဆရာတော့်ကျောင်းဝိုင်းထဲ ကျသည်နှင့် ပန်းကုံးသဖွယ် ဖြစ်သွားကြရသည် ။ တစ်လုံးမှ မကွဲခဲ့ ။ တစ်ဖန် စင်္ကြ ံလျှောက်နေသော ဆရာတော်ရော စင်္ကြ ံကျောင်းကိုပါ အဝေးမှ ပစ်လိုက်သော အမြောက်ဆံတစ်ခုက တည့်တည့်စွတ်မှန်ခဲ့သည် ။ အမြောက်ဆံကွဲသံနှင့်အတူ မီးခိုးလုံးကြီးများ ထပြီး စင်္ကြ ံကျောင်း မီးစွဲလောင်သည် ။ ကျောင်းခန်းတွင်းတစ်ခုလုံးမှာလည်း အမြောက်ဆံမှ ဖြာထွက်လာသည့် သံတိုသံစများက မြင်မကောင်းအောင် စို်က်ဝင်နေကြသည် ။ သို့သော် စင်္ကြ ံလျှောက်နေသော ဆရာတော်ကိုကား ဘာတစ်ခုမှ မထိမှန်ခဲ့ ။ […]


chityimhtooOctober 4, 20111min17014
ခုရက်ပိုင်းမှာ လူ့ဂွစာ လူ့ဗလာနံ ဘုရားလိုလိုတရားလိုလို လူကြီးများခဏခဏဘုရားတရားအကြောင်းတွေလာပြောတာအင်မတန်မှစိတ်ညစ်ရပါသည်။အမှန်အတိုင်းပြော ရရင် လက်တော့ ကြည့်ပြီးတရားဟောတာတို့ စာရွက်ပိုင်းကြည့်ပြီးတရားဟောတာတို့ကိုကျွန်တော်တို့စိတ် ထဲမှာအင်မတန်မှဘဝင်မကျဖြစ်မိပါသည်။အဲ့လိုတရားမျိုးကိုလည်းကျွန်တော်တို့စိတ်ထဲမှာလုံးဝပင်မနာချင်ပါဘူး။တရားဆိုတာ CD ပေါ်မှာလည်းမရှိပါဘူး၊ စာအုပ်ပေါ်မှာလည်းမရှိပါဘူး၊ ဗုဒ္ဓမြတ်စွာဘုရားဟောကြားတဲ့ တန်ဘိုးရှိလှတဲ့တရားတော်တွေကို ကျင့်ကြံပြီး ခန္တာဉာဏ်နဲ့ဟောကြားတဲ့ ဆရာတော်ကြီးတွေရဲ့တရားတွေကိုသာ နာချင် မိပါသည်။ခုဟာကဗျာလမ်းဘေးက ဆိုက်ကားသမားတွေ ကလည်း မိုက်ကိုင်ပြီးတရားဟောနေတယ်။တစ်ခြားဘာသာဝင်တွေ ပြောစရာလည်းဖြစ်ပါတယ်။ မရှိလို့မလှူ မလှူလို့မရှိစကားကိုလည်းဘဝင်မကျပါဘူး။ ခုရွာထဲမှာရှိတဲ့ ဦးကြောင်ကြီးတို့လို စာတတ်ပေတတ်ကြီးတွေရဲ့အမြင်လေးတွေကိုလည်းကျွန်တော်တို့ လူငယ်တွေကိုပြောပြကြပါဦး။ခုလိုစာဖတ်ရုံနဲ့ တရားပွဲတိုင်းလိုက်နာနေရုံနဲ့ တစ်ကယ်တရားရပြီးနိဗ္ဗာန် ရောက်နိုင်လား။တစ်ကယ့်တရားဟောနေတဲ့ဆရာတော်ကြီးတွေကိုမေးခဲ့ဖူးပါတယ်။ ခုလက်ရှိနိဗ္ဗာန်ရောက်ကြောင်းတရားဟောကြားနေတဲ့ ဘုန်းဘုန်းကကောတစ်ကယ်နိဗ္ဗာန်ရောက်အောင် ကျင့်ကြံမှာလားမေးတော့ ပါရမီပါမှ အချိန်တန်ရင်သူ့ဘာသာဖြစ်သွားလိမ့်မယ်ဆိုပြီးမရေမရာပြန်ဖြေခဲ့ပါတယ်။ ကျွန်တော်တို့ ဂေဆက်မှာတစ်ကယ့်စာတတ်ပေတတ်ကြီးတွေမြောက်များစွာရှိပါတယ်။ အားလုံးရဲ့အမြင်ကိုလည်း ကျွန်တော်တို့လူငယ်တွေအသိပညာတိုးအောင် share ပေးကျပါဦး။


chityimhtooSeptember 29, 20111min1046
(နားထောင်ကြ ဟိုနားကငိုသံကြား….လောကကြီးထဲ ကလေးလေးတစ်ယောက်ဝင်လာသလား)….. သံစဉ်လေးပျံပျံလွင့်လွင့် နဲ့ဘဲလောကကြီးထဲကို ကလေးလေးတစ်ယောက်ဝင်လာပါတယ်။ ..အုနဲ့ ..အုနဲ့..။အဲလေ အုဝဲအုဝဲ…ကျွန်တော်တို့ငယ်ရွယ်စဉ်အချိန်တုန်းကတော့ မိဘတွေရဲ့ချစ်ခင်ယုယမှု့ကိုခံကြရတယ်။ကျောင်းနေတုန်းမှာလည်းသူငယ်ချင်းတွေနဲ့ ချစ်ချစ်ခင်ခင်အတန်းတွေကိုကျော်လွှားခဲ့ကြတယ်။ခုလိုလူလားမြောက်တဲ့အချိန်မှာတော့ ကျွန်တော်တို့တွေက ချစ်ချင်ကြတယ်၊အချစ်ခံချင်ကြတယ်။ဒီလိုဘဲ အချစ်နဲ့ပတ်သတ်ပြီး ဝတ္တုတွေရေးကြတယ်၊ အချစ်နဲ့ပတ်သတ်ပြီး ရုပ်ရှင်ပေါင်းမြောက်မြားစွာရိုက်ကြတယ် သီချင်းတွေ မြောက်များစွာဆိုခဲ့ကြတယ်။(အကာကို လွှာပုံပြုလို့ မေယုနဲ့စုပ်တံချည်) အာကာသ ဟင်းလင်းပြင်ကြီးကို စာရွက်ပေရွက်လိုသဘောထားပြီး ၊မေယုဆိုတဲ့တောင်ကိုစုပ်တံလိုလုပ်ရေးရင်တောင် အချစ်အကြောင်းတွေကမကုန်နိုင်ပါဘူး လို့ကြားခဲ့ဖူးပါတယ်။တစ်ခါတစ်လေကျတော့ ကျွန်တော်တို့တွေအားလုံးက *ချစ်ချင်တယ် အချစ်ခံချင်တယ်* ၊ အဲ့လိုချစ်ခြင်းတွေ အချစ်ခံခြင်းတွေနဲ့ ဝေးနေလို့ရှိရင် အထီးကျန်သလိုလိုခံစားတတ်လာတယ်။ အဲ့လိုဘဲရွာထဲကမိန်းမပျိုလေးတွေ ချစ်လည်းချစ်ချစ်တယ် အချစ်လည်းခံချင်ရင်တော့ ကျွန်တော်ချစ်ရင်ထူးနဲ့ ဆက်သွယ်နိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ !!!!!!!အဆင်ပြေရင်လက်ခုတ်သံလေးကြားချင်တယ်!!!!!!!!! အတုအပဆင်တူရိုးမှာသတိပြုပါ။။။။။။


chityimhtooSeptember 29, 20111min31114
ကျွန်တော့ရဲ့အသိတစ်ယောက်က မကြာသေးပါဘူး အန်တီကြီးတစ်ယောက်အသက်ကလည်း ၆ဝကျော်နေပါပြီ နယ်ကပြောင်းလာတာရန်ကုန်ကို။သန်းခေါင်စာရင်းကလည်းရန်ကုန်ကိုပြောင်းပြီးသားပါ။သူက ဗုဒ္ဓဂါယာ သွားဘို့အတွက် ပတ်စပို့လုပ်ဘို့ စမ်းချောင်းမြို့နယ်က လဝက ရုံးကို ပုံစံ ၁ရ သွားလုပ်တော့ ဟိုဟာမရှိဘူး ဒီဟာမရှိဘူးပေါင်းများစွာနဲ့ မျိုးစုံအောင် ရစ်ပြီး ပုံစံ ၁ရကိုလုံးဝမလုပ်ပေးပါဘူး။နောက်တော့ ဦးစီးမှူးကိုယ်တိုင်ကိုက အလှူငွေ ၅ထောင် ရှေ့မှာလုပ်ပေးတဲ့ မိန်ုးမကို ၅ထောင် စုစုပေါင်း ၁သောင်းပေးမှလုပ်ပေးမယ်ဆိုမှ ဘဲ ပုံစံ ၁ရ ကို ၁သောင်းပေးပြီးလုပ်လာရပါတယ်။ခုလိုပေါ်ပေါ်ထင်ထင် အခကြေးငွေတောင်းပြီး လပ်စားတော့ အင်မတန်မှစိတ်ပျက်မိပါတယ်။မသိနားမလည်တဲ့ နယ်ကရိုးသားတဲ့လူတွေအပေါ် ကုသိုလ်ကောင်းမှူ့လုပ်ဘို့ ပုံစံ ၁ရလုပ်တဲ့ လူတွေအပေါ်ကို ပေါ်ပေါ်ထင်ထင်ဘဲ လပ်စားတာကို အများသူငှာသိစေရင်ဖေါ်ပြလိုက်ပါတယ်။


chityimhtooSeptember 19, 20111min1549
မနေ့ညနေ ၄နာရီလောက်ထဲက ကျွန်တော်တို့သုံးနေတဲ့ ADSL .MPT korea လိုင်းတွေဟံသာဝတီအိပ်ချိမ်းကနေပျက်တောက်သွားပါတယ်။4421111 ကိုဖုန်းဆက်ပြီးအကြောင်းကြားတော့လည်းသူတို့ဘက်ကမပျက်ပါဘူးဆိုပြီးပြန်ပြောပါတယ်။ကျွန်တော်တို့သုံးနေတဲ့ မိုဒမ်မှာတော့ DSL မီးလုံးဝမလင်းပါဘူး။ဒီလိုဘဲ ကျွန်တော်တို့နဲ့ လိုင်းတူတဲ့ သူတွေအားလုံးကိုဖုန်းဆက်မေးကြည့်တော့ အားလုံးလိုလိုလိုင်းပျက်တောက်နေတာပါ။သူတို့ဆီဖုန်းဆက်တဲ့ အခါမှာမိုဒမ်ကိုမီးပိတ်လိုက်ပါတို့..ကြိုးဖြုတ်ပြီးပြန်တက်လိုက်ပါတို့ အမျိုးမျိုးပြောပြီးဖုန်းချသွားပါတယ်။ကျွန်တော်တို့လည်းလိုင်းကိုသုံးလာတာ ၅နှစ် ၆နှစ်လောက်ရှိပါပြီ ဒီလောက်ကတော့ သိပြီးသားပါ။ဘယ်သူ့အဖေခေါ်ပြီးဘယ်သူ့ကိုပြောရမှန်းတောင်မသိတော့ပါဘူး။ ဝန်ထမ်းတိုင်းကိုမဆိုလိုပါဘူး အင်မတန်စိတ်ပျက်ဘို့ကောင်းတဲ့ မြန်မာပြည်ကဝန်ထမ်းတွေပါ။


chityimhtooAugust 12, 20111min841
GSM-internet CDMA-internet ဟိုအင်တာနက် ဒီအင်တာနက် ရှိတဲ့ဟာလေးကိုဝေစားမျှစားလုပ်လိုက်တာ လိုင်းကတက်ကိုမတက်တော့ဘူး။ vzo မသုံးရ ၊skype မသုံးရ pfingo မသုံးရ တင်းကြပ်တဲ့ အမိန့်တွေကျတော့ထုတ်တယ် ကိုယ့်ရဲ့လိုင်းကျတော့ကောင်းအောင်မလုပ်ပါလား ဆက်သွယ်ရေးဝန်ကြီးရယ်။ ရှက်လည်းမရှက်ကျပါလား။