cobraJuly 20, 20101min1130
တစ်ရက်… အမျိုးသမီးတစ်ယောက် သူ့ယောက်ျားလုပ်သူကိုခေါ်ကာ ဆေးခန်းသို့ရောက်လာသည်။ ဆရာဝန်မလေးမှ မေးလိုက်သည်။ ]] ကဲ ကျွန်မဘာကူညီပေးရမလဲ }} အမျိုးသမီးမှ အနည်းငယ်ရှက်ရွံ့စွာဖြင့် ]] ဒေါက်တာ… ကျွန်မတို့နှစ်ယောက်မှာ အိမ်ထောင်ရေးသုခ အတွက် အဆင်မပြေဖြစ်နေလို့ပါ }} ဒေါက်တာ။ ။ ရှင်တို့အိမ်ထောင်သက် ဘယ်လောက်ရှိပြီလဲ အမျိုးသမီး။ ။ ၁ – နှစ်လောက်ရှိပါပြီရှင် ဒေါက်တာ။ ။ ကလေးတွေရောရှိပြီလား အမျိုးသမီး။ ။ မရှိသေးပါဘူးရှင် ဒေါက်တာ။ ။ မိဘတွေနဲ့ အတူနေတာလား အမျိုးသမီး။ ။ မဟုတ်ပါဘူး ဒေါက်တာ၊ နှစ်ယောက်တည်းနေတာပါ ဒေါက်တာ။ ။ ဟုတ်ပြီလေ၊ ကျွန်မ နှစ်ယောက်လုံးကိုဆေးစစ်ချက်လိုချင်တယ်။ အစ်မကို အရင်စစ်ဆေးကြည့်မယ်လေ ခဏအကြာ စမ်းသပ်ခန်းထဲမှ ထွက်လာပြီးနောက် ဒေါက်တာ။ ။ […]


cobraJuly 20, 20101min1262
၂၁၀ဝ ခုနှစ် ၁ဝ တန်းမြန်မာစာမေးခွန်းလွှာ ၁။ (က) အောက်ပါမေးခွန်းများကို ဖြေချင်သလိုဖြေပါ။ အင်္ဂလိပ်နာမ်၊ ကုလားဝိသေသန၊ ဂုဏ်ရည်မပြတပြကြိယာ၊ နဖူးဋ္ဌာန်၊ ခြေမကရိုဏ်း။ (ခ) အောက်ပါနာမ်တို့ကို “ကွက်လပ်” တစ်ခုစီ၌ လစ်လျှင်လစ်သလို အသုံးပြုပါ။ နှာဘူးကြီး၊ နင့်ကြီးတော်၊ ဂျီပုန်း၊ မျောက်မျက်နှာ၊ ကောင်မလေး။ (ဂ) အောက်ပါတို့မှ သုံးခုကို ဆရာမအား မေး၍ဖြေပါ။ အနမ်း၊ အချစ်၊ အလွမ်း၊ အမုန်း၊ အပြုံး။ ၂။ (က) အောက်ပါဝေါဟာရတို့အနက်မှ ငါးခု၏ အနက်အဓိပ္ပါယ်ကို ဆရာမလစ်မှခိုးချပါ။ အပျိုကြီး၊ ကြက်ငှက်တုပ်ကွေး၊ သူလှတယ်၊ အမုန်းကြီးသူ၊ အကြီးကြီး၊ မနည်းဘူးဟ၊ မခံနိုင်ဘူး။ (ခ) အောက်ပါတို့မှ ငါးခုကို ဝါကျတစ်ခုစီ၌ နည်းမျိုးစုံဖြင့် ထည့်လာသော စာရွက်အချို့မှခိုးချပါ။ ကန်တော်ကြီး၊ […]


cobraJuly 20, 20101min1111
> > တစ်ခါက > လင်မယား နှစ်ယောက်သည် ငါးမျှားလို့ရသော အပန်းဖြေစခန်းတစ်ခုကို > အားလပ်ရက်ခရီးထွက်ခဲ့ကြသည်။ ယောင်္ကျားက ငါးမျှားလျှင် ခဏတဖြုတ် > ပဲမျှားချင်၏် ။ မိန်းမကတော့ စာဖတ်ဝါသနာ ပါလေသည်။ တစ်ရက်သောမနက်ခင်းမှာ > အချိန် အကြာကြီး ငါးမျှားရာမှ ပြန်လာသော ယောင်္ကျားက တရေးတမောအိပ်ရန် > ဆုံးဖြတ်လိုက်သည် ။ မိန်းမ ကတော့ စာဖတ်မည်ဟု စိတ်ကူး၍ ရေကန်ထဲတွင် > လှေထုတ်လှော်သည်။ ဟိုနားဒီနား လှေလှော် ကြည့်ရင်း ပျင်းလာသောအခါ > စာအုပ်ထုတ် ၍ စာဖတ်နေလိုက်သည် ။ > ထိုအခါ တာဝန်ရှိသူအရာရှိတစ်ယောက် မော်တော်ဘုတ်ဖြင့် ရောက်လာသည် ။ > လှေအနား ကပ်လာကာ […]


cobraJuly 19, 20101min33818
အင်း ဘာရယ်လို့တော့ဟုတ်ဖူးနော်။ ပျော်စေပျက်စေနဲ့ရီစေချင်လို့ပို့လိုက်တာ။ တကယ်ဟုတ်လားဆိုတာ လည်း သားသားသိဝူး။ ဒါပေမယ့် လက်နက်တွေက 21 ရာစုမှာအသစ်ထွက်တဲ့ လက်နက်တွေထက်တော့ အဆ 100လောက်အဆင့်မြင့်တယ်ထင်တယ်။ အဟိ။ ဒေါ်ဒေါ်, မမ, နဲ့ ညီမလေတို့ရေ စိတ်မဆိုးပဲနဲ့။ ပြုံးပေးရင် ကို စိတ်ချမ်းသာလှပါပြီ။ ဟီးဟီး။ ခင်မင်လျက်ဆူမိုပေါက်စီ။ သတိတော့ထားကြနော်။ ကျွန်တော်လည်းသတိထားရတော့ မယ်။ အခုလောလောဆယ်တော့။ မေးလ်ဖတ်ဖတ်ပြီးချင်း နံပါတ် ၁ လက်နက်စာမိတော့မယ်ထင်တယ်။ နားတွေပူသလိုလိုဖြစ်နေပြီ။ ၁ ။ ပါးစပ်သေနက် မိန်းမတို့ရဲ့ မွေးရာပါလက်နက်ပါပဲ — သမီးရည်းစား ဘဝမှာ သိပ်မသုံးတက်ကြဘူး ။ အိမ်ထောင်ရှင်ဖြစ်မှ ထုပ်သုံးကြ တာ — တစ်အိမ်လုံးကိုစက်သေနက်နဲ့ မွှေသလို မွှေတက်ကြတာ ။ အိပ်ရင်တောင် ကျည်ထိုးမောင်းတင်ပြီးမှ အိပ်တက် ကြတာ […]


cobraJuly 19, 20101min1231
၁၉၆၁ ခုနှစ်ရဲ ့ဧပြီလ ၂၉ ရက်နေ ့မှာ အန ္တာတိတ်ဒေသကို လေ လာရေးခရီးရောက်ရှိနေတဲ ့ဆိုဗီယက်နိုင်ငံ (ထိုစဉ်က ဆိုဗီယက်ပြည်ထောင်စု ပေါ ့ ယခုတော ့ရုရှား ပါ….) မှ လေ့လာရေးအဖွဲ ့တစ်ခုရဲ ့အဖွဲ ့ဝင်တစ်ဦးဖြစ်တဲ ့အသက် ၂ရ နှစ်အရွယ်ရှိ လီယိုနစ်ရိုဂိုဇော့ဗ် တစ်ယောက် ၎င်းရဲ့ ညာဖက် ဝမ်းဗိုက် အောက်ပိုင်းနာကျင်ကိုက်ခဲတဲ ့ဝေဒနာ ခံစားခဲ ့ရပြီး အဖျားလဲ တက်လာခဲ ့ရပါတယ်… နောက်တစ်နေ ့မှာတော ့သူ ့ရဲ ့အခြေအနေဟာ ပိုမိုဆိုးရွားလာခဲ ့ပါတယ်…ဆေးရုံ၊ ဆေးခန်းသို ့ပို ့ပေး မည် ့လေယာဉ်၊ ရဟတ်ယာဉ်လည်း ခေါ်နိုင်မည် ့အခြေအနေမရှိသည် ့အပြင် ၎င်းကိုယ်တိုင်ကပင် […]


cobraJuly 19, 20101min1946
ဟဲဟဲ.. ဒီလိုရည်းစားစာသာ ပေးခံရရင်တော. ထိုင်ငိုရမယ်………. အချစ်ရယ် ဒီစာကိုရေးလိုက်လို့ ကိုယ့်ငါးချဉ် ကိုယ်ချဉ်တယ်၊ မိကျောင်းမင်း > ရေခင်းပြတယ်၊ ခရု ခါးတောင်းကျိုက်ဖမ်းတယ်လို့ မထင်စေချင်ဘူးနော်။ ကိုယ့်မှာ > မင်းကိုချစ်မိမှပဲ ခဲမှန်ဖူးတဲ့ စာသူငယ်လိုလို၊ မပိုင်ဝက်မွေးဆိုသလိုလို၊ > အိတ်ပေါက်နဲ့ ဖားကောက်ဆိုသလိုလို ဖြစ်နေပါပြီ။ အခုအချိန်မှာ ဝက်ဖြစ်မှတော့ > မစင်ကြောက်နေ လို့လည်း မထူးတော့ပါဘူးလေ။ မင်းအဖေကို ပြောလိုက်ပါ မြင်းကမလှုပ် > ခုံကလှုပ်၊ ယုန်ကမတိုး ပိုက်ကတိုး ဖြစ်မနေပါနဲ့လို့။ ယူမှာက မင်းကိုပါ။ > ဘယ်နှယ့်သူက ကဲကဲလှုပ်နေရတာလဲလို့။ ကြက်တူရွေးက တော်တော် မယ်ဘော်က > ကဲမနေပါနဲ့လို့။ > မင်းအဖေက ကိုယ့်ကိုပြောတယ် ငကြောင် တဲ့။ မင်းဟာ > […]


cobraJuly 19, 20101min1040
အိနိ္ဒယအစိုးရ အနေနဲ့ မြန်နိုင်ငံဒီမိုကရေစီအရေးပြုပြင်ပြောင်းလဲမှုမှာ စတင်တိုက်တွန်းခဲ့ပြီးဖြစ်သလိုဆက်လက်အကောင်အထည်ဖေါ်ဖို့ အရှေ့တောင်အာရှနိုင်ငံများထဲမှအဓိကနိုင်ငံဖြစ်ကြောင်းကို အမေရိကန်အစိုးရက သောကြာနေ့ကပြောဆိုလိုက်သည်။ အမေရိကန်အစိုးရအနေနဲ့ မြန်မာအရေးကိုမြှင့်တင်နိုင်ဖို့တွေ့ဆုံဆွေးနွေရေးမှာ အိနိ္ဒယက ကြားဝင်စေ့စပ်တိုက် တွန်းရန်လိုပြီး၊ “အိနိ္ဒယနိုင်ငံဟာမြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးမှာအလွန်အရေးကြီးတဲ့ဇာတ်ကောင်ဖြစ်တာမို့အမေရိကန်အစိုးရ နဲ့ရင်းနှီးပွင့်လင်းစွာနဲ့လက်တွဲပြီးနိုင်ငံတကာအသိုင်ဝန်းထဲမှာပြောဆိုနိုင်မယ်လို့ အရှေ့တောင်အာရှနဲ့ အာရှပိစိဖိတ် ဆိုင်ရာ အမေရိကန် လက်ထောက်အတွင်းရေးမှုးက သတင်းထောက်များကိုပြောကြားခဲ့သည်။ မြန်မာအရေးမှာအိနိ္ဒယရဲ့အဓိကကျမှုအမေးများကိုဖြေဆိုရာမှာတော့သူအနေနဲ့အမေရိကန်အစိုးရကိုယ်စားအိနိ္ဒယကိုပြော ဆိုရာမှာ မြန်မာနိုင်ငံတွင်းမှာနိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးဖို့၊ နိုင်ငံတကာအသိုင်းအဝန်းနဲ့ ဒီထက်ပိုပြီး လေးစားနီးကပ် စွာတွေ့ဆုံညှိနိုင်းဖို့ တို့ကိုပြုပြင်ရန် တို့ကို ကြားဝင်ဆွေးစေ့စပ်ပေးဖို့ဖြစ်သည်။ အမေရိကန်အစိုးရအနေနဲ့အိနိ္ဒယအစိုးရရဲ့အရှေု့ဘက်အိမ်နီးခြင်းနိုင်ငံအပေါ်ထားတဲ့မဟာဗျူကိုလေးစားသတိ ရှိပြီးမြန်မာစစ်အာဏာရှင်တို့အနေနဲ့အရှေ့တောင်အာရှနိုင်ငံများနဲ့ဒီထက်ရင်နှီးပွင့်လင်းပြီးလေးစားစွာ ပြုပြင်ပြောင်းလဲရေးအတွက် တွေ့ဆုံနွေးများလိုအပ်ကြောင်း ပြောကြားခဲ့သည်။ ကျွန်ုပ်တို့ စကားပြောဆိုရာမှာ ရင်နှီးစွာနဲ့ မြန်မာ့အရေးကိုဒီထက် ကောင်းမွန်လာစေရေးကို တဆင့်ပြီးတဆင့် အချိန်ကာတခုအတွင်းမှာဖြစ်ပေါ်နိုင့်မယ့်လမ်းကိုတိုးပြီးဖေါ်ဆောင်ဖို့ကင်းဘဲလ်ကဒီနှစ်အစောပိုင်းကအိန္ဒိယအရာရှိတွေကို နယူးဒေလီမြို့မှာပြောကြားခဲ့သည်။လာမယ်ရက်သတ္တပါတ်အတွင်းဗီယက်နမ်နိုင်ငံမှာကျင်းပမယ့်အာရှလုံခြုံရေးအစည်းဝေးမှာ မစ္စဟီလာရီကလင်တန်တက်ရောက်ပြီး အိန္ဒိယပြည်ပရေးရာဝန်ကြီး အက်စ်အမ် ခရစ်နား နှစ်နိုင်ငံခြင်းတွေ့ဆုံဆွေးနွေးဖို့ရှိကြောင်း ကင်ဘဲလ်က သတင်းထောက်များကိုပြောကြားခဲ့သည်။ အာရှလုံခြုံအစည်းအဝေးကိုအာရှအဖွဲ့ဝင်နိုင်ငံများအပြင်အာရှနိုင်ငံတွေရဲ့အဓိကအရေးပါနိုင်ငံများဖြစ်တဲ့တောင်ကိုရီးယား၊ဩစတြေလျ၊ ဂျပန်၊တရုပ်၊နယူးဇီလန်တို့တက်ရောက်ဆွေးနွေးကြမည်ဖြစ်သည်။ထိုအစည်းအဝေးတွင်မြောက်ကိုရီးယားရဲ့အရေးကို ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးကြမှာဖြစ်ပြီးအာရှဒေသတွင်းဆိုင်ရာလုံခြုံရေးအကြောင်းအရာ၊အာရှဒေသပုံစံရဲ့အရေးပါမှု ၊အာရှဒေသရဲ့ဖြစ်ပေါ်တိုးတက်လာတဲ့ပုံစံမှာ အမေရိကန်ရဲ့အဓိက […]


cobraJuly 18, 20101min1292
*ဒါမှ အမတ်အစစ် *ရွေးကောက်ပွဲဝင်ပြိုင်ပြီးပြန်လာသော ယောက်ျားကိုမိ်န်းမက မေးလိုက်သည်။ မိန်းမ။ ။မောင်ရေ အခြေအနေဘယ်လိုလဲ။ ယောက်ျား။ ။ အခြေအနေကတော့ တော်တော်ကိုကောင်းနေပြီ။ မိန်းမ။ ။ ရှင်ညာတာတော့ မဟုတ်ပါဘူးနော်။ ယောက်ျား။ ။ ဟိုမှာ တနေကုန် ညာပြီးပြီပဲ ဘာညာစရာ လိုတော့လို့လဲကွ။ * ပုဇွန်မျက်လုံးပြူးရခြင်းအကြောင်းရင်း* ဆရာမ။ ။ ကလေးတို့ရေ။ ငါးဖယ်ဘာကြောင့် ပြားသလဲ သိကြလား။ ပီတာ။ ။ ဝေလငါးနဲ့အိပ်လို့ပါ။ ထိုအခါဆရာမက စိတ်ဆိုးပြီး ပီတာလေးကို အပြင်သို့ထွက်သွားခိုင်းလေသည်။ ထို့နောက် အတန်းကိုနောက်ထပ်မေးခွန်းတစ်ခုမေးလေသည်။ ဆရာမ။ ။ ကလေးတို့ရေ။ ပုဇွန်ဘာကြောင့်မျက်လုံးပြူးသလဲ။ အတန်းတံခါးဝမှ ပီတာလေးက ထပ်ဖြေလိုက်ပြန်သည်။ ပီတာ။ ။ ဝေလငါးနဲ့ငါးဖယ်နဲ့အိပ်တာကိုတွေ့သွားလို့ပါ။ * စိတ်မှန်နေသောအရူး* အရူးထောင်တွင် ဗိုလ်ချုပ်ကြီးလာရောက်စစ်ဆေးမည်ဆိုသဖြင့် ဆရာဝန်များက […]


cobraJuly 18, 20101min1311
တွေးတွေးပြီးရယ် (၁) တစ်ခါက လူတစ်ယောက်ဟာ ဘဲကင်ဆိုင်တစ်ဆိုင်ထဲ ဝင်ပြီး ဘဲကင်ဝယ်ခဲ့တယ်။ ဘဲကင်မဝယ်ခင် ကောင်တာက အရောင်းစာရေးမကို ဘာဘဲအမျိုးအစားတွေ ရှိသလဲလို့ မေးလိုက်တယ်။ စာရေးမ….”ကျွန်မတို့မှာ ပီကင်းဘဲနဲ့ နန်ကျင်းဘဲဆိုပြီးရှိတယ်။ ဘယ်ဘဲမျိုးကို လိုချင်ပါသလဲ” လူငယ်….. “အဲဒီဘဲနှစ်မျိုးကို ဘယ်လိုခွဲခြားပါသလဲ” ဘဲအမျိုးအစားကို ခွဲခြားဖို့ စာရေးမက လူငယ်ကို မီးဖိုထဲခေါ်သွားခဲ့တယ်။ အဲဒီနောက် ဘဲလှောင်အိမ်ထဲက ဘဲတစ်ကောင်ကို ထုတ်ပြီး ဘဲဖင်ကို လက်နဲ့နိုက်လိုက်တယ်။ ဘဲက “ဂွတ်.. ဂွတ်” နဲ့ ထအော်တယ်။ “ကြားလား.. ဒီလိုအော်တာက နန်ကျင်းဘဲ” စာရေးမက နောက်ဘဲတစ်ကောင်ကို ထုတ်ပြီး ဖင်ကိုလက်နဲ့ နိုက်လိုက်ပြန်တယ်။ ဘဲက “ဂတ်.. ဂတ်.”နဲ့ ထအော်တယ်။ “ကြားလား .. ဒီလိုအော်တာ ပီကင်းဘဲ” လို့ လူငယ်ကိုရှင်းပြတယ်။ […]


cobraJuly 18, 20101min1512
ဒီစာလေးကတော့ ကိုယ့်ကိုယ်ကို ရုပ်ဆိုးတယ်..သူများလိုကြည့်ကောင်းတဲ့ရုပ်ရည်မျိုးမရှိပါဘူး…ငါတတ်တာဘာမှမရှိပါဘူးလို့ အားငယ်စိတ်မွေးတတ်တဲ့ယောကျင်္ားများ..ကိုယ့်ကိုယ်ကိုသိမ်ငယ်နေတတ်တဲ့ယောကျင်္ားများ..ဖတ်ကြည့်ကြဖို့ပါ….သင့်ကိုယ်သင် Smart မဖြစ်ဘူးလို့ထင်နေခဲ့ရင် ဘယ်လိုနည်းအားဖြင့် ကိုယ့်ကိုယ်ကိုယုံကြည်မှုကိုတည်ဆောက်နိုင်တယ်ဆိုတာ လေ့လာကြည့်ကြဖို့ တိုက်တွန်းလိုက်ပါရစေ… ဆူမိုပေါက်စီ, ရုပ်မချောလည်း ရုပ်ထွက်အောင် လုပ်လို့ရတယ် ဒီခေါင်းစဉ်ကိုလူတိုင်းစိတ်ဝင်စားမယ်ထင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ရုပ်ချောသူဟာ နေရာတိုင်းမှာ လူ့အခွင့်အရေးပိုရတတ်ပြီး မိန်းမတွေရဲ့ချင်ခင်မှု၊လူတွေရဲ့နှစ်လိုမှုကို ပိုမိုရရှိတဲ့ လူအမျိုးအစားဖြစ်လို့ပါပဲ။ ဒါပေမဲ့ လူတော်တော်များများဟာ ရုပ်ရည်ရူပကာချောမောပြေပြစ်ခြင်းမရှိကြပါဘူး။ ဒီအတွက်ထိုင်စိတ်ဓာတ်ကျနေစရာမလိုပါဘူး။ ယောက်ျားတွေရဲ့ အဓိကအရည်အချင်းက ရုပ်ပေါ်မှာမူမတည်ပါဘူး။ အရည်အချင်းပေါ်မှာပဲမူတည်တာပါ။ ဒါပေမဲ့ရုပ်ချောခြင်းကို ယောက်ျားတိုင်းအလိုရှိကြပါတယ်။ ကိုယ်အလိုရှိတဲ့အရာက ကိုယ့်ဆီမှာ မရှိခဲ့ဘူးဆိုရင် ဒီဆောင်းပါးက အထောက်အကူပြုပါလိမ့်မယ်။ အဝတ်အစား ရုပ်ထွက်တယ်၊ ရုပ်မထွက်ဘူးဆိုတာက အဝတ်အစားပေါ်မှာလည်း အများကြီးမူတည်တယ်။ အကယ်၍ကိုယ်ဝတ်ပုံစားပုံကို လူတွေကကြိုက်ကြတယ်ဆိုရင် ကိုယ်ရုပ်ဆိုးနေတာကို လူတွေကမြင်တော့မှာ မဟုတ်ဘူး။ အကယ်၍ကိုယ့်မှာ ဘာစတိုင်လ်မှမရှိဘူးဆိုရင် စတိုင်လ်ရှိဖို့အရင်ဆုံးအဝတ်အစားတချို့ဝယ်ရပါလိမ့်မယ်။ ဘယ်လိုအဝတ်အစားဝယ်ရမလဲဆိုတာ မသိရင် စတိုင်လ်ကျကျဝတ်စားတတ်တဲ့ သူငယ်ချင်းအပေါင်းအသင်းတစ်ယောက်ယောက်ကို အဖော်ခေါ်ပြီးသွားဝယ်ပါ။ […]


cobraJuly 18, 20101min1100
နိုင်ငံရေး ဆိုတာ သိလား သောကြာနေ့ ညနေ စာသင်ကျောင်းတစ်ကျောင်းမှာ ကျောင်းဆရာက သူ့တပည့်တွေကို ကျောင်းပိတ်ရက်မှာ အိမ်စာ အဖြစ် ပေးသွားရန်အတွက် “နိုင်ငံရေး ဆိုတာ ဘယ်လဲ။ ကျောင်းပိတ်ရက်(၂)ရက်မှာ လေ့လာထား။ ကျောင်းပြန်ဖွင့်တဲ့ရက်ကျရင် တပည့်တို့ အဖြေပေးရမယ် ကြားလား”ဟု မှာကြားလိုက်သည်။ မင်းအာသံ လို့ အမည်ရတဲ့ ကျောင်းသားတစ်ယောက်က သူ့ဆရာရဲ့ ပဟေဠိကို ဖြေကြားနိုင်ဖို့ အဖေကို ပူဆာတော့ သူ့အဖေက “နိုင်ငံရေး ဆိုတာ သား နားလည်အော ရိုးရိုးရှင်းရှင်း ပြောရရင် အခု အဖေတို့ အိမ်ထောင်လိုပဲပေါ့။ အဖေက ငွေရှာပေးတဲ့သူ။ စီးပွားရေးပေါ့။ သားရဲ့ အမေက ရလာတဲ့ပိုက်ဆံကို စီမံခန့်ခွဲတဲ့သူ ဆိုတော့ အစိုးရပေါ့ကွယ်။ အဲ သားက ပြည်သူလူထုပေါ့။ သားရဲ့ ညီလေးက […]


cobraJuly 18, 20101min2109
အော် ………….ယောကျ ်ား……..ယောက်ျား……. ဖော်ဖော်ရွေရွေ များ ဆက်ဆံမိရင် ပြောပါလိမ့်မယ် …. ‘ သူ့ကိုကြိတ်ကြိုက်နေတယ် ‘ … လို့ အဲလိုမှ မလုပ်ပြန်ရင်လဲ … ‘ အဲဒီ မိန်းမက ဘာမှ မဟုတ်ပါဘူးကွာ ‘ … တဲ့ သပ်သပ်ရပ်ရပ်များဝတ်စားမိရင် ပြောပါလိမ့်မယ် … ‘ သူ့ရုပ်နဲ့ပဲများနေတာ ‘ … လို့ အဲလိုမှ မဝတ်ပြန်ရင်လဲ ‘ တိုက်ဂေါ ‘တဲ့ သူကိုများ ပြန်ငြင်းခုံမိရင် ပြောပါလိမ့်မယ် …’ စွာတေးမ ‘…လို့ ငြိမ်နေပြန်တော့လဲ … ‘ ငတုံးမလေးပါကွာ…ငါလိမ့်ချင်သလို လိမ့်လို့ရပါတယ် ‘ …တဲ့ သူထက်များ ပိုတော်နေရင် ပြောပါလိမ့်မယ် … ‘ […]


cobraJuly 18, 20101min1342
အင်မတန်ချောမောပြီး ယောက်ျားပီသတဲ့ လူတစ်ယောက်ကိုတွေ့ရင် မင်းဘာလုပ်မလဲလို့ သူငယ်ချင်းတစ်ယောက်ကမေးတယ်။ ခင်ဗျားကိုလည်း ကျွန်တော်က အဲဒီမေးခွန်းပြန်မေးချင်တယ်။ ကျွန်တော့်အဖြေလား။ ခင်ဗျားစိတ်ဝင်စားရင် ပြောပြမယ်။ အဲဒီလူကို ကျွန်တော်သေသေချာချာကို စိုက်ကြည့်မယ်။ ကျွန်တော့်မျက်လုံးတွေ ဘယ်ကိုမှ မရွှေ့ဘဲ အဲဒီလူကို စိုက်ကြည့်နေမယ်။ စိတ်ထဲမှာလည်း အတော်ကို ဥပဓိရုပ်ကောင်းတဲ့လူပါလားဆိုပြီ း ချီးကျူးနေမယ်။ ဒီလူလောက်ချောမောပြီး ယောက်ျားပီသတဲ့လူ ဒီကမ္ဘာပေါ်မှာ ရှိမှရှိပါ့မလားလို့လည်း တွေးနေမယ်။ ပြီးရင် ကျွန်တော်ပြုံးပြမယ်။ ထပ်ပြီးပြုံးဦးမယ်။ အဲ… အဲဒီလူကိုစိုက်ကြည့်နေရတာ အတော်လေးကို ကျွန်တော်ပင်ပန်းသွားပြီဆိုပါတော့ဗျာ။ ဘာလုပ်မလဲ… ဟုတ်လား။ ဘာလုပ်ရမလဲဗျ။ ကျွန်တော့်လက်ထဲမှာကိုင်ထားတဲ့ မှန်ကို အောက်ချရတော့မှာပေါ့။ မှန်ကို ကျွန်တော်အကြာကြီး ကိုင်မထားနိုင်ဘူးလေဗျာ။