နယ်စပ်မှ ဝင်ရောက်လာသည့် မှတ်ပုံတင်ထားခြင်းမရှိသော ကျင်းထုံခြင်ဆေးခွေနှင့် Baby Care ခြင်ဆေးတို့မှာ ဈေးကွက်အတွင်း ယခုအချိန်အထိ ရောင်းချနေဆဲဖြစ်ကြောင်း သတင်းရရှိသည်။ ထိုခြင်ဆေးခွေများထဲတွင် သတ်မှတ်ထားသော ဓာတုပစ္စည်းများ ပိုမိုပါဝင်နေသည့်အတွက် သုံးစွဲသူများ၏ ကျန်းမာရေးအား ထိခိုက်စေနိုင်၍ ပိုးသတ်ဆေးဥပဒေအရ တားမြစ်ပိတ်ပင်မည်ဖြစ်ကြောင်း မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း၊ သီးနှံကာကွယ်ရေးမှ 7Day News သို့ ဩဂုတ်လဆန်းကပြောကြားခဲ့ရာ 7 Day News ဂျာနယ် အတွဲ ၉ အမှတ် ၂ဝ တွင် ဖော်ပြခဲ့ပြီးဖြစ်သည်။ “အခုထိ ဆိုင်မှာတော့ ရောင်းနေတုန်းပဲ။ မရောင်းရတော့ဘူးလို့ ကြားလိုက်ပေမယ့် သတင်းစာတွေထဲမှာလည်း ကြေညာတာမတွေ့တဲ့အပြင် လာဝယ်တဲ့သူလည်း များတဲ့အတွက် အခုအထိ ဈေးကွက်ထဲမှာတော့ ရောင်း နေကြတာပဲ” ဟု ကုန်စုံဆိုင်တစ်ဆိုင်မှ သိရသည်။ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းအနေဖြင့်လည်း သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းနေပြီး […]