DEPARKO DEPARKOApril 17, 20121min2137
ကျွန်တော်တို့မြန်မာနိုင်ငံမှာ ငါသာလျှင်အတတ်ဆုံး ငါသာလျှင်အတော်ဆုံး ဆိုတဲ့သူတွေကြောင့် ငါလုပ်သမျှမှန်တယ် ဆိုပြီး ထင်ရာမြင်ရာဆိုင်းတတ်တဲ့သူတွေကြောင့် အမြင်မတော်တာတွေကြားရ သိရ တွေ့ရတာ နှစ်ပေါင်းရာချီခဲ့ပါပြီ ။ ရှင်ဘုရင်ခေတ်ကထဲက ကျွန်တော်တို့မြန်မာလူမျိုးတွေရဲ့ ညစ်တီး ကပ်ဖဲ့မှုတွေဟာ သမိုင်းမှာလည်း အရုပ်ဆိုးအကျည်းတန်ခဲ့ရဘူးပါတယ်။ ကျွန်တော်ရေးပြခဲ့ဘူးတဲ့ ကားအဟောင်းအပ် အသစ်တစ်စီးတင်သွင်းခွင့်ပေးတဲ့ ရွှေဉာဏ်တော်စူးရောက်ပုံလို အခုလာပြန်ပြီ အမျိုးသမီးသီးသန့်ယာဉ်တဲ့၊ ၁၉၈ဝပြည့်လွန်ခေတ်တုံးက နံပါတ် ၉ ဘတ်စ်ကာတွေကို သံဇကာခြားပြီး အမျိုးသား အမျိုးသမီးခွဲခြားခဲ့ဘူးပါတယ်။ ဒါပေမဲ့မအောင်မြင်ခဲ့ပါဘူး။ သီချင်းထဲမှာစပ်ဆိုခဲ့ရတဲ့အထိ လူအမြင်မသင့်တော် မြန်မာလူမျိုးတွေရဲ့သိက္ခာ ရစရာမရှိအောင် ဆိုးဝါးလှတဲ့ သရုပ်ဖေါ်ချက်ဖြစ်တဲ့ သံဇကာခြားကားတွေပျောက်သွားခဲ့ရလို့ ကျေးဇူးတင်ခဲ့ရပါတယ်။ အခု သမိုင်းတကျော့ပြန်လာ ပါပြီ ။ သက်ကြီးရွယ်အိုတွေ ကလေးငယ်တွေ ဖခင်အိုကြီးကို အဖေါ်ပြုပြီး ဘုရား ကျောင်းကန် ပင်စင်ထုတ် အစရှိတဲ့မသွားမဖြစ်သွားရမည့်ဆန့်ကျင်ဘက်လိင် မောင်နဲ့နှမ သားနဲ့အမိ တူမနဲ့ဦးလေး […]


DEPARKO DEPARKOApril 17, 20121min1472
ကျွန်တော်ဖတ်ခဲ့ရဘူးတဲ့ ဆောင်းပါးတစ်ပုဒ်မှာ စင်္ကာပူနိုင်ငံရေပိုင်နက်အတွင်း ဖြတ်သန်းသွားတဲ့ ကုန်တင် သင်္ဘောပေါ်က စွန့်ပြစ် ဆီမည်း ငါးဂါလံအတွက် အမေရိကန်နိုင်ငံကို သင်္ဘောဆိုက်ကပ်တဲ့အချိန် သင်္ဘောနဲ့ ကပ္ပိတိန် တရားအစွဲခံခဲ့ရလို့ လျှော်ကြေးပေးရတဲ့အကြောင်းပါ။ ပင်လယ်ပြင်အကျယ်ကြီးကို စောင့်ကြည့်နိုင်တဲ့နည်းပညာရယ် စည်းကမ်းရယ် သဘာဝပါတ်ဝန်းကျင် ထိမ်းသိမ်းရေးအတွက် လက်တွေ့အလုပ်လုပ်တဲ့ သူတွေကိုအားကျမိလို့ပါ။ ရန်ကုန်မြစ်ဝအနီးမှာ မကြာခဏဆိုသလို ဆီမည်းကွက်ကြီးတွေ မြစ်ပြင်အပြည့် စီးမျောလာတာ ပင်လယ်ခရီးထွက်တဲ့သူတိုင်မကြာခဏဆိုသလိုတွေ့ကြရမှာပါ။ ပုဇွန်တောင်ချောင်း လှိုင်မြစ် တိုးမြစ်နဲ့ မြစ်လက်တက် ချောင်းမြောင်းတွေမှာ အမှိုက် စွန့်ပြစ်ပစ္စည်း မျိုးစုံ မြစ်ချောင်းအပြည့်နီးပါမျောပါလာတာ တံတားတွေပေါ်ကဖြတ်သန်းသွားနေတဲ့သူတွေ မမြင်ချင်အဆုံးပါ မြန်မာနိုင်ငံဟာ သံယံဇာတပစ္စည်းတွေပေါကြွယ်ပါလျှက် အသုံးမချနိုင် စည်းမရှိကမ်းမရှိ စွန့်ပစ်နေကြတဲ့သူတွေ ကြောင့် ရေနေသတ္တဝါတွေပျက်ဆီးရုံတွင်မက အဲဒီအဆိပ်အတောက်ပစ္စည်းတွေကြောင့် ဒါဏ်ရာရနေတဲ့ ငါး ပုဇွန်တွေကိုစားနေရတဲ့ ပြည်သူတွေဘယ်လောက်ဆိုးကျိုးပေးနိုင်သလဲဆိုတာ သုသေသန လုပ်ဘို့ကောင်းနေပါပြီ။ ဆီကွက်ကြီးတွေဟာ OEA […]


DEPARKO DEPARKOFebruary 5, 20121min1924
ဘယ်အချိန်ရောက်ရောက် ဘယ်နေရာရောက်ရောက် မရိုးနိုင်တဲ့ ဇါတ်လမ်းလေးတစ်ပုဒ် ရှိနေတုံးပါဘဲ၊ ဘယ်သူက ဘယ်လောက် တို့ဆေးမိသွားလို့ပါသွားပြန်ပြီ၊ ဘယ်သူကဘယ်လောက်သုံးချပ်မှောက်ဝိုင်းမှာ ပါသွားပြန်ပြီ ဆိုတဲ့သတင်းတွေပါ၊ ကျွန်တော်တို့မြန်မာလူမျိုးတွေရဲ့ စပ်စုတတ်တဲ့စိတ် အားနာတတ်တဲ့စိတ်တွေကြောင့် လူလိမ်တွေရဲ့ ပစ်မှတ်ဖြစ်နေတာမဆန်းပါဘူး၊ ကားမှတ်တိုင်တွေ လူနဲနဲစုစုနေရာတွေမှာ (အလွယ်တစ်ကူ လူစုခွဲ ထွက်ပြေးနိုင်သောနေရာ) ဖဲသုံးချပ် (ဖဲတစ်ချပ်ကိုအမှတ်အသားပြုလုပ်ထား) သူတို့ရဲ့လူ (အလံရှုး)တွေနဲ့ လောင်းကစားပြုလုပ် သရုပ်ပြနေတာကို စပ်စပ်စုစု အနားရပ်ကြည့်မိလိုကတော့ နာပြီတာမှတ်။ သူတို့လူ အလံရှုးတွေက အတင်းကိုလက်ဆွဲ ထိုင်ခိုင်းပြီးလောင်းကစားဝိုင်းထဲဆွဲသွင်းတော့တာဘဲ၊ သူတို့လူအုပ်ကများတော့ ကြောက်ကြောက်ရွံ့ရွံ့နဲ့ ပါသမျှအကုန်ကုန် ဝတ်ထားတဲ့ လက်ဝတ်လက်စားတွေ အကုန်ချွတ် လောင်းခိုင်း (မလုပ်ရင်အသက်အန္တရယ်ပြု) ဒီတော့ ရှိသမျှအကုန်ကုန်လို့ အိမ်မပြန်ရဲတဲ့ မိန်းကလေးတွေ ဘဝပျက်သွားကြတာလဲမနဲပါ၊ အိမ်ပြန်တော့လဲ တို့ဆေးဆိုပြီး ကိုယ်ခံရတာကိုအမှန်အတိုင်း မပြောရဲလို့ ခုတ်ရာတစ်ခြားရှရာတစ်လွဲနဲ့ ဥပဒေအရ အရေးယူလို့မရခဲ့တဲ့ဖြစ်စဉ်တွေကိုကျွန်တော် တော်တော် […]


DEPARKO DEPARKOFebruary 5, 20121min44317
ဆားနဲ့ပါဘုရာ့ မြန်မာနိုင်ငံဟာ ပင်လယ်နယ်နမိတ်ရှည်လျှားသလို ကျွန်းတွေအမြောက်အများရှိလို့ ရေနေသတ္တဝါတွေ ပေါက်ဖွားဘို့ သဘာဝတရားကပေးထားတဲ့ အမွေအနှစ်တွေကြောင့် ကျွန်တော်တို့နိုင်ငံမှာ ရှေးရှင်ဘုရင်ခေတ်၊ အမတ်ကြီးဦးပေါ်ဦး ရဲ့ ဆားနဲပါဘုရာ့ ဟာ ပေါ်ပြူလာ ပုံပြင်တစ်ပုဒ် အဖြစ် မှတ်တမ်းဝင်ခဲ့ရပါတယ်၊ သမီးလှကျွန်း(ဟိုင်းကြီးကျွန်းအနီး၊လိပ်ကျွန်းဟုလဲခေါ်)၊ကတုံးလေးကျွန်း၊ကဒုံကနိအနီး။မလိကျွန်း၊မော့စကော့ကျွန်းတန်း။ကိုကိုးကျွန်း၊အစရှိတဲ့ပင်လယ်ပြင်ကကျွန်းမှန်သမျှမှာ(လူသူမနီးသော)သဲသောင်တွေဟာ လိပ်မျိုစုံတို့ရဲ့ ပေါက်ဖွားရာ ဥဥဘို့နေရာတွေပါ၊ လိပ်ဥဟာ ပင်ပေါင်သီး အရွယ်အစားခန့်ရှိပြီး ပျော့စိစိနှင့် ဆီဖြင့်ကျော်ကျော်၊ ရေဖြင့်ပြုတ်ပြုတ်၊မာခဲခြင်းမရှိပါ၊ အကောင်းဆုံးစားရန်မှာ၊ ရေဖြင့်ပြုတ်ရာတွင် ဆားအနည်းငယ်ထည့်ရာ ၎င်းဆားအရသာသည် အခွံကိုဖြတ်သန်းပြီး အထဲသို့စိမ့်ဝင်သွားသဖြင့် အအေးခံပြီး အပေါက်သေးသေးဖေါက်ကာ တစ်စိမ့်စိမ့်စုတ်ရာတွင် ငန်မြမြ စိမ့်စိမ့်နှင့် အလွန်အရသာကောင်းလှလို့ ဗွီအိုင်ပီ လူကြီးများကို လက်ဆောင်ပေးခြင်း၊ ဧည်ခံကျွေးမွေးရာတွင် အလွန်မျက်နှာပန်းလှပြီး ရှင်ဘုရင့် ပညာစမ်းအမေးအထိပါလေတော့၊ လိပ်ဥရှာဖွေရေး အဖွဲ့တွေဟာ ကျွန်းတွေရဲ့ သဲသောင်ပြင်တွေမှာ လိပ်မတွေအလာ စောင့်ဆိုင်းရင်း။ သံချွန်လေးတွေကိုင်ဆောင်ကာ(လိပ်သွားရာလမ်းကြောင်း သံချွန်ဖြင့် […]


DEPARKO DEPARKOFebruary 3, 20121min3028
ကျွန်တော် လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ရခိုင်မှာတာဝန်ထမ်းဆောင်ဘို့ အမိန့်ကျလို့ ရခိုင်ကိုပြောင်းရွေ့ တာဝန်ထမ်းဆောင်ရပါတယ်၊ ကျွန်တော်တို့ ဝန်ထမ်းလောကမှာ ရခိုင်ဘက်ဆို ဘယ်သူမှတာဝန်မထမ်းဆောင် ချင်ကြပါဘူး၊ ဝင်ငွေ၊ကျမ်းမာရေး ၊လူမှုရေး၊ လမ်းပန်းဆက်သွယ်ရေး၊ စတဲ့ များလှစွာသောအခက် အခဲတွေကြောင့် ဝန်ထမ်းတော်တော်များများဟာ ရခိုင်ကိုတာဝန်ကျရင် အထက်လူကြီးတွေကို အပူကပ် ငွေကြေးတန်စိုးလက်ဆောင်နဲ့ လဒ်ထိုး ပိုင်ရာဆိုင်ရာတွေနဲ့ ပြောင်းမိန့်ကိုပါယ်ဖျက်ကြသူတွေအများစုရှိတဲ့ အထဲ ကျွန်တော်က ဘော်လန်တီယာပြောင်းရွေ့တော့ သူငယ်ချင်းတွေကကျွန်တော့ကို ငကြောင်လို့ သမုတ်ခံ ရတယ်၊ ကျွန်တော်က ကိုယ်မရောက်ဘူးတဲ့ဒေသတစ်ခုကို အစိုးရစရိတ်နဲ့ ရောက်ရတာ ကျွန်တော့ အတွက်ကတော့ ဆုလပ်တစ်ခုလို့ခံယူပါတယ်၊ ကျွန်တော်က ခရီးသွားရတာကိုဝါသနာပါပြီး ကလေးတွေကို စာပေ၊အသိပညာ၊အတတ်ပညာ သင်ပေးရတာဝါသနာပါတယ်လေ၊ ရောက်လေရာအရပ်တိုင်းမှာ ကျွန်တော့်ကို ကလေးနဲ့ ခွေးတွေချစ်ကြတယ် (လူကြီးတွေကတော့မုန်းကြပါတယ် မှန်ကန်ရင်ကွဲတယ် အမြင်မတော်ရင်ပြောတတ်တဲ့ ဝသီကြောင့် နာမည်ပြောင်တွေ သိက္ခာချအတင်းပြောခံရတာတွေနဲ့ […]


DEPARKO DEPARKOFebruary 3, 20121min2617
ကျွန်တော် လွန်ခဲ့တဲ့ လအနည်းငယ်က ပင်လယ်ကမ်းစပ်က ရွာလေးတစ်ရွာကိုတာဝန်ကျလို့ သွားရောက်ခဲ့ရတယ် ကဒုံကနိဆိုတဲ့ရွာလေးပေါ့ နာဂစ်ကြောင့် ဘေးပါတ်ဝန်းကျင်ကရွာတွေ မြို့တွေ အားလုံး အလုံးစုံပျက်စီး သေကြေကြပေမဲ့ ကဒုံကနိရွာလေးဟာမှုန်တိုင်းလမ်းကြောင်း ပင်လယ်ဝမှာရှိနေပေမဲ့ ဘေးမသီ ရန်မခ လေဘေး ရေဘေး ကင်းလွတ်ခဲ့ရတာကို ကျွန်တော်အံ့အားသင့်ခဲ့ရတယ်။ ကျွန်တော်ရွာကိုရောက်လို့ ၃/၄ရက်မှာဘဲ ထူးခြားမှုတစ်ခုကို သတိပြုမိတယ်၊ မနက် ၅ နာရီတိုးတာနဲ့ တစ်ရွာလုံးကြားအောင် ဘွန်တော ဆိုတဲ့ နိဗ္ဗာန်ဆော်ရဲ့ အသံနဲ့အတူ ရဟန်းသံဃာတွေကို ပင့်ဖိတ် အာရုဏ်ဆွမ်း ကပ်တဲ့အသံပါ အလှူရှင်စာရင်းဖတ်ရာမှာ ဝါတွင်း ၃လ တစ်ရက်မှမလွတ်ဘူး ကြိုတင်စာရင်း ပေးထားလိုက်ကြတာ သံဃာတွေကလည်း ဘေးပါတ်ပါတ်လည်က ရွာတွေအားလုံးနီးပါးဘဲ ။ ကျွန်တော်ရောက်တဲ့အချိန် အမှတ်တရရေးထားတဲ့မှတ်စုလေးပါ ရန်ကုန်မြို့ကနေ ပင်လယ်ကမ်းစပ်ကရွာကလေး စီးပွားရေးတောင့်တင်းသူတစ်ချို့တစ်ဝက် တစ်ချို့ ကတော့ ကုန်းကောက်စရာမရှိ၊ […]


DEPARKO DEPARKOFebruary 2, 20121min3089
ကျွန်တော့်အမေ မသေခင်က ကျွန်တော့်ကိုဆုံးမခဲ့တဲ့စကား ဘာလုပ်လုပ် အကျိုးရှိအောင်လုပ် အရည်မရ အဖတ်မရ အလုပ် ဘယ်တော့မှမလုပ်လေနဲ့ တံတားဦးက ကွမ်းနုဝါ ငန်းမြာကဆေး အစရှိတဲ့ ရှေးခေတ်စာဆိုတွေဖွဲ့နွဲ့ခဲ့ရတဲ့ ကွမ်းပါ၊ မြန်မာ့ယဉ်ကျေးမှုအရ၊ အလှူ၊ သာရေး၊နာရေး၊ မင်္ဂလာဆောင်၊ဧည့်ခံပွဲ၊ ကင်ပွန်းတတ်၊သူမပါရင်မပြီး၊ပွဲတင်ရင်တောင် ကွမ်း၊ဆေး၊လက်ဘက်၊ပါစမြဲပါ၊ ဒါပေမဲ့ ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ ဘာလုပ်လုပ် အလွန်အကျွံလုပ်တတ်တဲ့အကျင့်ရယ် စည်းမရှိကမ်းမရှိ ပြုမူတတ်တဲ့ အကျင့်ဆိုးတွေကြောင့် မြန်မာနိုင်ငံ အနှံ့အပြားမှာရှိတဲ့ လမ်းမတွေဟာ ကွမ်းတံတွေးတွေနဲ့ ရဲရဲနီနေပါတယ်။ အိန္ဒိယနိုင်ငံက တင်သွင်းတဲ့ ဆေးမျိုးစုံနဲ့ ကွမ်းကိုအလွန်အကျွံစားမိလို့ အသက်ပျောက်ရတဲ့ဖြစ်စဉ်တွေလဲ မကြာခဏဆိုသလို ကြားနေရပါတယ်၊ ဒီနေ့ ကမာ္ဘပေါ်မှာ ဆေးလိပ်၊ဆေးရွက်ကြီးတိုက်ဖျက်ရေးကို အရှိန်အဟုန်နဲ့ ဆောင်ရွက်နေချိန်မှာ မြန်မာနိုင်ငံအနှံ့အပြားမှာ ကွမ်း(ဆေးမျိုးစုံ)စားခြင်းဟာနေရာအနှံ့အပြား လူတော်တော်များများ(အမျိုးသမီးများနှင့် ကလေးသူငယ်များပါ) စွဲလမ်းနှစ်ချိုက်နေတာကိုတွေ့ရပါတယ်၊ ကွမ်းစားတဲ့နိုင်ငံကလဲ နဲနေလေတော့ ကွမ်းထဲပါတဲ့ဆေး(ဆေးရွက်ကြီး) ကြောင့် […]


DEPARKO DEPARKOFebruary 2, 20121min2084
ကျွန်တော်ငယ်စဉ်က ရူးသွပ်စွဲလမ်းခဲ့ဘူးတာတွေထဲမှာ ကိတ်မုန့်နဲ့ ဖုန်းတစ်ခုအပါအဝင်ပါ။ ကျွန်တော်အဖေက ကျွန်တော်ငယ်စဉ်က ဌာနဆိုင်ရာတစ်ခုမှာ အကြီးအကဲ (နိုင်ငံတော်သမား) ဖြစ်ခဲ့စဉ်က အိမ်ကို တပည့်တစ်ပန်းတွေလာကန်တော့တဲ့ မုန့်ထဲမှာ ကိတ်မုန့်ဟာ ဗွီအိုင်ပီ အစားအစာဖြစ်လေတော့ (ဆိုရှယ်လစ်ခေတ်) ကျွန်တော်တို့မိသားစုကလည်းများတော့ ဧည့်သည်အတွက်သိမ်းထားတာများပြီး ကျွန်တော်တို့ ဝလင်အောင်မစားရခဲ့ဘူးပါ။ အိမ်(ရုံးမှပေးသော)မှာ ခုံမြင့်လေးနဲ့တင်ထားတဲ့ ဖုန်း(အိပ်ချိန်းမှတဆင့်ပြောသောလက်လှည့်ဖုန်း) ကို ကျွန်တော့အဖေ ဟလို အမိန့်ရှိပါခင်ဗျာ ဆိုတဲ့ ပြန်ထူးတဲ့အခါတိုင်း အနားမှာရပ်နေတတ်လို့ ခေါင်းအခေါက်ခံရတာအကြိမ်ကြိမ်ပါ။ (ရုံးအလုပ်ကိုစပ်စုတယ်ဆိုပြီး) အခုတော့ကျွန်တော်လည်းဝန်ထမ်းသက်နှစ်ဆယ်ကျော်ပါပြီ ဟန်းဖုန်းခါးမချိတ်နိုင်ပေမဲ့ ကိတ်မုန့်တော့အဝစားနိုင်ပါပြီ။ ကမာ္ဘပေါ်မှာ ဖုန်းတီထွင်ခဲ့တဲ့ ကျေးဇူးရှင်တွေကြောင့် လူသားတွေဟာ မြေကြောရှုံ့လိုက်သလို မိုင်ပေါင်းများစွာက မိတ်သင်္ဂဟတွေရဲ့အသံကို ဆက်သွယ်နားထောင်နိုင်ပါပြီ၊ ကျွန်တော်တို့မြန်မာနိုင်ငံမှာတော့ ကြိုးနီစနစ်ရဲ့အမွေဆိုးတွေကြောင့် ဆိုရှယ်လစ်ခေတ်မှာ ပေါ်လာတဲ့ ဆယ်လူလာဖုန်းဟာ အခွင့်ထူးခံလူတန်းစားတစ်ရပ်နဲ့ (အရာရှိကြီးများ) လူမလိုင်လူချမ်းသာများရဲ့ပြရုပ်တစ်ခုအဖြစ် ဇိမ်ခံပစ္စည်းအဖြစ် သာမန်လူတန်းစားနဲ့ ဝန်ထမ်း(အပိုဝင်ငွေမရှိသူများ) […]


DEPARKO DEPARKOFebruary 2, 20121min50124
တချိန်က (၁၉၈၈မတိုင်မှီ) တပ်မတော်( ကြည်း/ ရေ / လေ ) တပ်သားသစ် စုဆောင်းရေးစခန်းများမှာတပ်သားသစ်လျှောက်သူ၊ မိဘညီအစ်ကိုမောင်နှမများ၊ ဈေးသည်များ ပြည့်နေခဲ့ပါတယ်၊ ဆေးအဆင့်မှီလို့ မျက်နှာမကောင်းစွာနဲ့ ခေါင်းငိုက်စိုက်ချ ပြန်သွားသူတွေ အသက်၊ အရပ်အမြင့်၊ ကျန်းမာရေးကန့်သတ်ချက်တွေ မပြည့်မှီလို့ တောင်းပန်တိုးရှိုးသံတွေ အခုတော့ယုံတမ်းစကားလိုဖြစ်နေပါပြီ။ တချိန်ကတပ်သားသစ်တစ်ယောက်အတွက် အရပ် ၅ပေ၃လက်မအနည်းဆုံး၊ ကိုယ်အလေးချိန် ၁၁ဝ ပေါင်(တစ်ချို့ဆိုအလေးချိန်မပြည့်မှာဆိုးလို့ ငှက်ပျောသီးတစ်ဝစားရတယ်) လိပ်ခေါင်း၊အစာအိမ်၊သွေးတိုး၊ ကာလသားရောဂါ၊ အရေပြားရောဂါ၊ မျက်စိ၊ အားလုံးကိုစနစ်တကျဆေးစစ်ပြီးဆေးကျရင် စစ်သားလုပ်ဘို့မစဉ်းစားနဲ့တော့။ တပ်သားသစ်စုဆောင်းရေးထဲမှာတပ်မတော်ရေဟာတချိန်က ဝင်ဘို့အခက်ဆုံး သူခေါ်တဲ့အချိန်ကိုတချိန်လုံးစုံစမ်းနေရတယ် (အခုခေတ်လိုကြော်ညာပြီးမခေါ်ပါ လက်တို့ပြီးခေါ်တဲ့ခေတ်) လျှောက်လွာပုံစံကိုအပြေးအလွှား လုယက်ဝယ်ရတယ်။ လျှောက်လွာကလဲသတ်မှတ်အစောင်ရေနဲ့ ရောင်းတာလျှောက်လွှာ အစောင်၃၀၀ဝ လောက်ဟာ ပြိုက်ကနဲဘဲ ဝယ်လို့မရတဲ့သူတွေက အိမ်ပြန်ပေတော့ နောက်တစ်ကြိမ်အခေါ်စောင့်ပေတော့ (ယုံချင်ယုံမယုံရင်ပုံပြင်လို့သာမှတ်) လျှောက်လွှာကိုအသေးစိတ်ဖြည့်စွက်ပြီးရင် အိမ်ပြန် ခေါ်စာစောင့်ပေတော့ […]


DEPARKO DEPARKOFebruary 2, 20121min1491
ကျွန်တော်ဟာ သဘာဝပါတ်ဝန်းကျင် ထိန်းသိမ်းရေးအကြောင်းတော့သိပ် နားမလည်ပါဘူး ဒါပေမည့် မြစ်ဝကျွန်းပေါ်တစ်လျှောက် ခရီးသွားရပါများတော့ သတိထားမိလာတာတစ်ခု ရှိလာတယ်၊ အဲဒါက ဒေသခံတစ်ချို့ ဒီရေရောက်တောတွေကို စည်းမဲ့ကမ်းမဲ့ ခုတ်ပြီး ထင်း/မီးသွေးအဖြစ် အသွင်ပြောင်းနေတဲ့အချက်ဘဲ၊ ကျွမ်းကျင်တဲ့ပညာရှင်တွေအဆိုအရ ဒီရေရောက်တောတွေဟာ သဘာဝပါတ်ဝန်းကျင်ကို အကျိုးပြုရုံတင်မကဘူး ဆူနာမီလို ရေလှိုင်းဒါဏ်တွေကိုပါ ခံနိုင်တယ်တ ဲ့။ အခု ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဒီရေရောက်တော တော်တော်များများဟာ ပညာမဲ့ အသိပညာနည်းပြီး ဆင်းရဲတဲ့အတွက် ဝမ်းစာအတွက် ထင်းနဲ့ မီးသွေးဖုတ်ဖို့ သစ်တွေအတွက် လွယ်လွယ်ရတဲ့ ဒီရေတောတွေကို ခုတ်ရင်းနဲ့ မြစ်ဝကျွန်းပေါ် နေရာတော်တော်များများမှာ ပြောင်တလင်းခါနေပါပြီ၊ နာဂစ်မှုန်တိုင်းတိုက်ခတ်မှုကြောင့် မြန်မာနိုင်ငံအောက်ပိုင်း မြစ်ဝကျွန်းပေါ်ဒေသနဲ့ ပင်လယ်ကမ်းစပ်ဒေသတစ်ချို့မှာ သိန်းနဲ့ချီသေဆုံးပြီး ဆုံးရှုံးမှုလဲ မမျှော်မှန်းနိုင်အောင် များပြားခဲ့ရတယ် လယ်မြေဧကပေါင်းများစွာဟာ ပင်လယ်ရေဖုံးလွှမ်းခြင်းကိုခံရပြီး နဂိုအခြေအနေ ပြန်ရောက်ဖို့ နှစ်ပေါင်းများစွာ […]


DEPARKO DEPARKOJanuary 31, 20121min38112
တစ်လောက ကျွန်တော်တို့မရမ်းကုန်းမြို့နယ် ( ၆ ) ရပ်ကွက်မှာ ၂၇-၁-၂၀၁၂ ရက်နေ့ စာပေဟောပြောပွဲ ကျင်းပတယ်။ ကျွန်တော့်ရင်ထဲမှာ ဟောပြောပွဲမစခင်အချိန်ထိ ပီတိတွေတစ်လှေကြီးနဲ့ပါ၊ ကျွန်တော်တို့လို ရပ်ကွက်မျိုးမှာ စာပေဟောပြောပွဲကို စည်စည်ကားကား သိုက်သိုက်မြိုက်မြိုက်ဖြစ်မြောက်အောင်တာဝန်ယူတဲ့ သူတွေကို ကျေးဇူးတင်ရင်းနဲ့ပေါ့၊ ဟောပြောပွဲမှာ နိုင်ငံတော်က စာပေဆုချီးမြှင့်ခြင်းခံရတဲ့ စာရေးဆရာမ တစ်ဦး စာရေးဆရာ နှစ်ဦးနဲ့ စည်သူဘွဲ့ ချီးမြှင့်ခံရတဲ့ ဆရာကြီး ကိုဂုဏ်ပြုအခန်းအနားပါပါတယ်၊ စာပေဟောပြောပွဲ လဲပြီးရော ဖျော်ဖြေရေးအစီအစဉ်စပါတယ်၊ ပွဲကိုလာတဲ့ ပရိတ်သတ်အများစုဟာ အရွယ်မရောက်သေးတဲ့ကလေးသူငယ် တွေများပါတယ်။ အများစုက ဆယ်နှစ်ဝန်းကျင်မိန်းကလေးငယ်တွေပါ။ သူတို့ဟာ နာမည်ကြီးဟာသ သရုပ်ဆောင်တွေရဲ့ ဖျော်ဖြေမှုကိုလာရောက်အားပေးကြတာပါ၊ ကွင်းထဲမှာ ကလေးပရိတ်သတ်က ပိုများပါတယ်။ ဟာသသရုပ်ဆောင်နဲ့ ကာရာအိုကေစင်တင်ဖျော်ဖြေမှုလဲစရော ကျွန်တော် ကွင်းထဲမှာတောင်မနေနိုင်တော့ဘဲ အိမ်ပြန်ပြေးခဲ့ရပါတယ်၊ ယိုသူမရှက် မြင်သူရှက်ကြောင့်ပါ အိမ်ရောက်ပေမဲ့ […]


DEPARKO DEPARKOJanuary 31, 20121min2738
ကျွန်တော်တို့ မြန်မာနိုင်ငံမှာမနက်မိုးလင်းတာနဲ့ အရောင်းရဆုံးကုန်ပစ္စည်းတစ်ခုမှာအားကစား ဂျာနယ်တစ်ခုလည်းအပါအဝင်ဖြစ်ပါတယ်။ လက်ဘက်ရည်ဆိုင်မှာလူငယ်၊လူကြီး၊ ကျားမအရွယ်စုံညကဘယ်ပွဲမှာဘယ်လောက်၊ ဘယ်နှစ်ဂိုး၊ ဆယ်ပြားရှုံး ၊ဂိုးကြောနိုင်၊ဘော်ဒီကြေးငါးဆယ်နိုင်၊ စသဖြင့် နိုင်ငံတကာဘော်လုံးပွဲဒိုင်ချုပ်တွေတောင်အရှုံးပေးရလောက်ရဲ့။ လောင်းကစားတိုက်ဖျက်ရေးဘယ်လောက်အရှိန်အဟုန်နဲ့လုပ်လုပ်၊ ဘော်လုံးလောင်းကစားဟာအမြစ်တွယ်နေပါပြီ၊ လူငယ်အများစုဟာညနက်သန်းခေါင် အိပ်ရေးအပျက်ခံပြီးဘော်လုံးပွဲထကြည့် အားကစားဂျာနယ်တွေ ပိုက်ဆံအကုန်ခံပြီးဝယ်ဖတ်၊ အလုပ်၊ကျောင်းစာကြိုးစားရမည့်အရွယ်စုံလူငယ်တွေဟာဘယ်အသင်းကဘယ်နှစ်ဂိုးသွင်းမယ်၊ ဘယ်အသင်းကတော့ ဂိုးမရှိသရေ၊ ဘယ်အသင်းကတော့ သုံးဂိုးအထက် သွင်းလိမ့်မယ်။ စသဖြင့် နိုင်ငံတကာကဘော်လုံးနည်းပြချုပ်တွေ လက်ဖျားခါရလောက်အောင် ကိုတော်ကြပါပေတယ်။ဒါကြောင့် ကျွန်တော်တို့မြန်မာနိုင်ငံမှာလူငယ်တွေအများစုမှာမိန်းကလေးအများစုဟာတက္ကသိုလ်ရောက်တဲ့အထိ ပညာဆည်းပူးနိုင်ပြီးယောကျင်္ားလေးအများစု (၉၀%)ဟာ ဝေလေလေနဲ့ ပညာတစ်ပိုင်းတစ်စ ယောင်ခြောက်ဆယ် နေ့စဉ် လက်ဘက်ရည်ဆိုင်၊ အရက်ဆိုင်တွေမှာအချိန်ဖြုန်း မိဘတွေဆီက ပိုက်ဆံ လက်ဖြန့်တောင်း ရှက်ရကောင်းမှန်းလဲမသိ ဘိလိယက်ကို လောင်းကြေးနဲ့ထိုး အချိန်တွေ ငွေတွေ ဖြုန်းနေကြတာ လေထဲမှာတိုက်ဆောက်နေကြတာ ကျွန်တော်တို့နိုင်ငံမှာ နောက်ဆယ်စုနှစ်အနည်းငယ်မှာ ပညာတတ်မိန်းမတွေရဲ့ အရိပ်အာဝါသမှာ ခိုလှုံမဲ့ ဘောလုံး ဝါသနာရှင် လောင်းကစားသမား မဟာပုရိသများအကြောင်း […]


DEPARKO DEPARKOJanuary 31, 20121min2788
ပေါင်မုန့်စားစရာမရှိရင် ကိတ်မုန့်စားပေါ့ကွာ ဆိုတဲ့ ဆင်းရဲသားတွေစားစရာမရှိတာကို မရှိတာထက်မသိတာခက် နိုင်ငံ့ခေါင်းဆောင်တစ်ယောက်ရဲ့ သမိုင်းဝင်စကားတစ်ခွန်းပါ။ ဒီလိုပါဘဲ ကျွန်တော်တို့မြန်မာနိုင်ငံမှာ သာမန်လူတန်းစားနဲ့ လူလတ်တန်းစားတွေဟာ ဆယ်စုနှစ်ပေါင်းများစွာ ကားဆိုတဲ့ယာဉ်ကို ကိုယ်ပိုင်စီးဘို့ စိတ်ကူးမယဉ်နိုင်ခဲ့ပါဘူး။ တချိန်က ဆိုရှယ်လစ်စနစ်ကြောင့် ကားဟာ ဇိမ်ခံပစ္စည်းထဲပါနေတာကြောင့် အကောက်ခွန်ကြီးမြင့်မှုကြောင့် သာမန်လူတန်းစားဟာ ကားပိုင်ဆိုင်ဘို့ကို ညအိပ်ရာဝင် စိတ်ကူးယဉ် အိမ်မက်အဖြစ် တမ်းတခဲ့ရပါတယ်။ တပ်မတော်အစိုးရလက်ထက် မှာလဲ မော်တော်ကားဈေးနှုန်းတွေဟာ ကြောက်ခမန်းလိလိ ကြီးမားလွန်တာကြောင့် သာမန်လူတန်းစားအဖို့ ကားမပြောနဲ့ ဘီးတစ်လုံးတောင် ဝယ်နိုင်ဘို့မလွယ်ပါဘူး။ ကားတစ်စီးရဲ့တန်ဘိုး နိုင်ငံတစ်ကာမှာ  ဒေါ်လာ ၃၀၀၀(မြန်မာငွေကာလပေါက်ဈေး ၂၄သိန်း) လောက်ရှိတဲ့ကားဟာ မြန်မာပြည်က ကားဈေးကွက်မှာ သိန်း၃၀ဝ လောက်ပေါက်နေလေတော့ ဝိသမလောဘသားတွေရယ် အကောက်ခွန်ဝန်ထမ်းတွေရယ် ပွဲစားတွေရယ်ကြောင့် ကားဈေးတွေဟာ အဓိပ္ပါယ်မရှိ ကြီးမြင့်လွန်းနေတာကြောင့်(သိန်းထောင်သောင်းချီသောကားများ) ဘယ်သူ့ကို အပြစ်ပြောရမှန်း မသိအောင်ကိုပါဘဲ၊ ဒါပေမဲ့ […]