ကျွန်တော်တို့မြန်မာနိုင်ငံမှာ ငယ်စဉ်ကလေးဘဝ ကစားနည်းမျိုးစုံရှိခဲ့ပါတယ်။ တိုးတက် ပြောင်းလဲဖြစ်ပေါ်မှုနဲ့အတူကစားနည်းတွေဟာခေတ်နဲ့အညီနေရာဒေသပေါ် လိုက်ပြီးပြောင်းလဲတာရှိသလိုဖွံ့ဖြိုးမှုအားနည်းတဲ့ ကျေးလက်ဒေသအချို့မှာတော့ ရှေးရိုးကစားနည်းတွေရှင်သန်နေတုန်းပါဘဲ။ စိတ်မကောင်းစရာက မြို့ပြနေကလေးငယ်အများစုအတွက် အုပ်စုဖွဲ့ကစားဖို့နေရာမရှိတော့လို့ စည်းလုံးခြင်းညီညွတ်ခြင်းရိုင်းပင်းကူညီခြင်းအစရှိတဲ့ အတူအကွပူးပေါင်းဆောင်ရွက်ခြင်းဆိုတဲ့ကစားနည်းတွေဖြစ်တဲ့ ထုတ်ဆီးတိုးခြင်း၊ ဘော်လုံးကန်ခြင်း၊ စိတ်ပြေးတန်းကစားခြင်း၊ လိပ်ဥဖွက်တမ်းကစားခြင်း၊အစရှိတဲ့ ကစားနည်မျိုးစုံကိုအစားထိုးလို့ ကလေးအများစုဟာဂိမ်းဆိုင်၊ ဂိမ်းစက်ကလေးများ၊ မီဒီယာပစ္စည်းများ၊အခြေခံလူတန်းစား ကလေးငယ်များကတော့ ပုံပါသော ကဒ်ပြားများကိုဖိနပ်ဖြင့်ပစ်ပေါက်ကစားခြင်း၊ ကဒ်ပြားများကိုဖဲချပ်ကဲ့သို့ အသုံးပြုကာလောင်းကစားဆန်ဆန်ကစားခြင်းအစရှိတဲ့ကစားနည်းများေ ပြာင်းလဲကစားတာတွေ့ရမှာဖြစ်တယ် အကျိုးဆက်ကတော့ ကလေးငယ်အများစုဟာ တကိုယ်ကောင်းဆန်လာခြင်းဒေါသကြီးလာတတ်ကြခြင်း ရိုင်းစိုင်းလာခြင်းအတူတကွ ပူးပေါင်းဆောင်ရွက်လိုစိတ် အားနည်းလာခြင်းမိန်းကလေးငယ်များမှာလည်းအချိန်မတိုင်ခင် လိင်စိတ်နိုးကြွလာခြင်းတစ်ဦးအပေါ် တစ်ဦးညှာတာစိတ်ကင်းမဲ့လာခြင်း ရုပ်ဝထ္ထုပစ္စည်းများအပေါ် အလွန်အမင်းခင်တွယ်လာခြင်းတို့ကိုတွေ့ရှိရမှာဖြစ်ပါတယ်။ နယ်မြို့များနဲ့ ဖွံ့ဖြိုးမှုနည်းပါးတဲ့ကျေးလက်ဒေသတွေမှာမိန်းကလေးငယ်များဟာ အရွယ်မရောက်ခင် အိမ်ထောင်ပြုကြရတာကိုလည်းစိတ်မကောင်းစွာ ကျွန်တော်တွေ့ခဲ့ရတယ်။ တစ်ချို့ဒေသမှာဆိုဆယ့်သုံးနှစ်အရွယ်တွေတောင် အိမ်ထောင်ကျကြတာတွေ့ရတယ်။ အဓိကကတော့ အရွယ်လွန်ယောက်ကျားတစ်ချို့ရဲ့ တဏှာစိတ်ကြောင့်နဲ့ စီးပွါးရေးအင်အားချို့တဲ့ပြီးပညာမတတ်တဲ့မိဘအချို့ကြောင့်ပါ။ ကလေးသဘာဝ ကစားခုန်လွှားပညာသင်ရမည့် အရွယ်တွေ အိမ်ထောင့်တာဝန်ထမ်းဘို့တော့မဟုတ်ပါဘူး အညှာအတာမဲ့တဲ့ ပုရိသယောက်ကျား ကြီးတွေရဲ့ […]