Diamond KeyNovember 11, 20111min1145
ဒီရက်ပိုင်းမှာ သွားရင်းလာရင်းနဲ့ စိန်သော့ သရက္ခန်ဘုရားများရှိရာမြေ၊ မြန်မာ့သမိုင်းဝင် ပုခန်းကြီးမြို့ဟောင်းကို ရောက်ခွင့်ကြုံကာ အလောင်းစည်သူမင်းကြီးတည်ထား ကိုးကွယ်ခဲ့တဲ့ စည်သူရှင်သရက္ခန်ဘုရား ကိုဖူးခွင့်ရခဲ့ပါတယ်။ ပုခန်းမြို့ဟောင်းဆိုတာက နှစ်ပေါင်း ၇၀ဝ လောက်ရှိပြီဖြစ်တဲ့၊ တစ်ချိန်အခါဆီက အထူး စည်ကားပြီး ဘာသာသာသနာ ထွန်းတောက်ခဲ့တာကြောင့် မြို့ပတ်လည်မှာ ယခုတိုင် စေတီပုထိုး၊ သမိုင်းအမွေ တို့ဖြင့် ပြည့်နေတဲ့ ဧရာဝတီရဲ့ အနောက်ဖက်၊ ပခုက္ကူခရိုင်တွင်းက မြန်မာ့သမိုင်းဝင် ရှေးမြို့ဟောင်းတစ်ခုပါ။ ပျူမင်းညီအကိုတွေ တည်ခဲ့ကြောင်း ရှေးဟောင်းနွားထိန်းကျောက်စာ အရ သိရတယ်လို့ ဆိုပါတယ်။ ပျူနိုင်ငံတော်ဖြစ်တဲ့ ဗိသာနိုးမြို့ဟောင်းနဲ့ သဏ္ဍန်တူတယ်လို့ သုသေသီတွေက ဆိုပါတယ်။ ပုခန်းမြို့ဟောင်းမှာ အလောင်းစည်သူမင်းကြီးက ကောဇာသက္ကရာဇ် ၄၈ဝ မှာ အလောင်းစည်သူမင်းကြီးတည်ထား ကိုးကွယ်ခဲ့တဲ့ စည်သူရှင်သရက္ခန်ဘုရား ရှိပါတယ်။ ရှေးအဆိုအရ သိကြားမင်းက နတ်ပြည်မှာရှိတဲ့ တစ်တောင်ပိုပို […]


Diamond KeyNovember 11, 20114min20216
ပြင်ဦးလွင်က မီးပုံးပျံပွဲတော် ဒီနှစ်တန်ဆောင်တိုင်ပွဲတော်ရက်မှာတော့ စတင်ကျင်းပကတည်းကနေ တစ်ခါမှ မ ရောက်နိုင်သေးတဲ့ တောင်လှေကားမြို့တော်ရဲ့ တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ဆီ အရောက်သွားဖြစ်ခဲ့ပါတယ်။ ကျင်းပတဲ့နေရာလေးက ပြင်ဦးလွင်မဟာအံ့ထူးကံသာ (ပြည်ချစ်) ဆုတောင်းပြည့်ဘုရားရဲ့ တန်ဆောင်တိုင်ပွဲတော်မှာ ကျင်းပတာပါ။ ယခင်ကတည်းက ပြည်တွင်းပြည်ပ ဧည့်သည်တွေနဲ့ အမြဲစဉ်ကားနေတဲ့ ပန်းမြို့တော်မှာ ပြင်ဦးလွင်မဟာအံ့ထူးကံသာ (ပြည်ချစ်) ဆုတောင်းပြည့်ဘုရားရဲ့ ဘေးက ပွဲတော်ကျင်းပရာ ကွင်းကြီးထဲမှာ  ခြိမ့်ခြိမ့်သဲသဲပါပဲ။ ပွဲတော်မှာ နေ့မီးပုံးပျံအလှပြိုင်ပွဲ၊ ညမီးပုံးပျံအလှပြိုင်ပွဲ၊ မသိုးသင်္ဏန်းရက်ကမ်းခတ်ပူဇော်ပွဲ၊ ပိုက်ကျော်ခြင်း၊ ဘောလီဘောပြိုင်ပွဲ၊ နေ့ ညမီးပုံးပျံအလှဓါတ်ပုံပြိုင်ပွဲတွေ စသည်ဖြင့်ပါဝင်ပါတယ်။ ပိုက်ကျော်ခြင်းပြိုင်ပွဲ မီးပုံးပျံပြိုင်ပွဲမှာ နေ့အရုပ်မီးပုံးပျံ ၄ဝ လုံး၊ စိန်နားပန်မီးပုံးပျံ ၂၆ လုံး၊ ညမီးကျည်မီးပုံးပျံ ၁၉ လုံး၊ စုစုပေါင်း ၈၅ လုံး လွှတ်တင်ပါတယ်။       […]


Diamond KeyNovember 8, 20111min16411
စိန်သော့ သွားလေရာတိုင်းမှာ ထူးခြားတာတွေ၊ ပြောစရာတွေက သိပ်ကို တွေ့ရတတ်ပါတယ်။ အရာရာမှာ မပြောမိအောင် နေနေပေမယ့် (ထိုင်နေအကောင်းသား၊ ထမှ ကျိုးမှန်သိ ဆိုသလို) မနေတတ်လို့ (မနေနိုင်လွမ်းလို့) ရွာထဲမှာ တစ်ခါက ပြောလိုက်မိတော့ Tony ဝင်ဟောက်တာခံခဲ့ရဖူးပါတယ်။ အဟောက်သာ ခံလိုက်ရပေမယ့် ကိုယ်ဖြစ်စေလိုတဲ့ ကိစ္စလေးက (တိုက်တိုက်ဆိုင်ဆိုင်ပဲဆိုဆို) ဖြစ်မြောက်သွားတော့လည်း ရင်မှာပီတိ ဖြစ်ခဲ့ရဖူးပါတယ်။ ဒီတစ်ခါလည်း မနေတတ်မနေနိုင် ပြောပြစရာလေးတွေထဲက တစ်ခုကို ပြောလိုက်ပါအုံးမယ်။ ဒါကတော့ နိဗ္ဗာန်သွားလိုသူတွေအတွက် အထူးနေရာတွေ ရှိနေပြီ ဆိုတဲ့ အကြောင်းလေးပါ။ မန္တလေးမှာ မဟာမြတ်မုနိဘုရားကြီးကို သွားဖူးရင် ဟိုဖတ်ခေတ်တွေမှာ မတွေ့ခဲ့ဖူးပေမဲ့ ခုနောက်ပိုင်းမှာ တွေ့တွေ့ရတာက မဟာမုနိရဲ့ ရှေ့တော်က နေရာအချို့ကို ကော်ဇောကြီးခင်း၊ စတီးသံဘောင်ကြီးတွေကာလို့ အထူးနေရာတွေ လုပ်လုပ်ထားပါ။ ရိုးရိုးဘုရားဖူးသူတွေ၊ သက်ကြီးရွယ်အိုတွေ […]


Diamond KeyNovember 4, 20112min20220
ဒီရက်ပိုင်း စိန်သော့ ရဲ့ အလုပ်မှာ ဟိုဟိုဒီဒီ ကိစ္စလေးတွေ ရှိနေရတာနဲ့ မှတ်စု (၂) ဆီ မဆက်နိုင်ဘူး ဖြစ်နေပါတယ်။ မှတ်စု (၂) မှာ ဆက်ပြောမှာက Lighting အလင်းပေးမှု ကဏ္ဍပါ။ အခုပထမပိုင်းမှာ ပြောနေတာတွေက ရွာထဲမှာ မျိုးစုံသော ကင်မရာ (ဖုံးကင်မရာ အပါအဝင် ဘာဘာညာညာ ကင်မရာများ) ကိုင်နေသူတွေ အတွက် ကင်မရာရဲ့ စက်ပိုင်းဆိုင်ရာ (အထူးအထွေ) အကူအညီ မပါတဲ့ ဓါတ်ပုံရိုက်တဲ့ အကြောင်းအရာလေးတွေကိုပါ။ Outdoor ဓါတ်ပုံလို့ခေါ်တဲ့ စိန်သော့တို့တွေ အမြဲရိုက်နေတဲ့ (စိန်သော့က ဆြာမှော်တို့၊ ဆြာဇာ တို့လို Model ရိုက်တာ မရဘူးနော်… ကြိုပြောထားတာ (ရိုက်တတ်တယ်ထင်နေမှာ စိုးလို့၊ ပေါ်လွင်ထင်ရှားအောင် လက်ပိုက် ရိုက်ရတာတို့ ဘာတို့ဆိုတာက […]


Diamond KeyNovember 2, 20112min22618
ကျွန်တော်တို့ ရန်ကုန်ရုံးက မိတ်ဆွေ၊ သူငယ်ချင်းတွေက မန္တလေးရောက်လာရင် ပြင်ဦးလွင်ကို ရောက်အောင် သွားချင်တယ်လို့ အမြဲဆိုကြတယ်။ မန္တလေးက မိတ်ဆွေ၊ သူငယ်ချင်းတွေကတော့ အားလပ်ရက်လေးများရရင် ချောင်းသာကို သွားကြတယ်။ ကိုယ့်ဒေသမှာ အမြဲမတွေ့ရတဲ့ ပတ်ဝန်းကျင် အခြေအနေဆိုတော့ နှစ်သက် သဘောကျ သွားချင်ကြတယ်လေ။ ချောင်းသာရောက်တော့တွေရတဲ့ ရေပြင်ကျယ်ကြီးတွေ၊ ရေထဲမှာ ပျော်ပျော်ပါးပါး ရေကစားရတာတွေကို သိပ်နှစ်သက် သဘောကျတယ်။ ဒီလို ရေပြင်ကျယ်မှာ ပျော်ပျော်ပါးပါး ရေကစားရတာတွေကို သိပ်နှစ်သက်တဲ့ သူတွေအတွက် ချောင်းသာ၊ ငွေဆောင်၊ ကမ်းသာယာ၊ ငပလီ တစ်မဟုတ်မှာ အလှမ်းမမှီတော့ အာသီသ ဖြေစရာ သိပ်ပူတဲ့ မန္တလေး ဒေသက အိုအေစစ်လေးတစ်ခုဖြစ်တဲ့ နေရာလေးတစ်ခုဆီ သွားပျော်နေကြလေရဲ့။ အဲဒီနေရာလေးကတော့ မန္တလေး – ပြင်ဦးလွင် ကားလမ်း ၁၆ […]


Diamond KeyOctober 31, 20116min23425
စိန်သော့ ဒီရက်ပိုင်းမှာ အလုပ်ကိစ္စ၊ ကထိန်အလှုပွဲ ဖြစ်မြောက်ဖို့အတွက် စီစဉ်ရတာတွေနဲ့ ရွာထဲကို ပို့စ်ထမ်းမဝင်လာနိုင်ခဲ့ပါ။ ဒီနေ့နားရက်လေး ရတော့ဝါသနာ မဖျောက်နိုင်ပဲ သွားမယ်လို့ စိတ်ထဲမှာ စီစဉ်ထားပေမဲ့ မရောက်နိုင်သေးတဲ့ နေရာလေးဆီ ရောက်အောင် သွားဖြစ်ခဲ့ပါတယ်။ အဲဒါကတော့ မန္တလေးနဲ့ ဘယ်လောက်မှ မဝေးတဲ့ နေရာလေးတစ်နေရာက သိပ်လှတဲ့ ၃ဆင့်ရေတံခွန် ရှိရာ နေရာလေးဆီကိုပါ။ မန္တလေးကနေဆိုရင် ၄၅ မိနစ်လောက်ခရီး၊ မန္တလေး – ပြင်ဦးလွင် ကားလမ်းကနေလာရင် ကျောက်မီးရွာ အလွန် အုန္နဲရေတောင်ကြောမှာ ရှိပါတယ်။ အေသုံးလုံး ဘိလပ်မြေစက်ရုံဘေးက အုန္နဲရေဘုန်းတော်ကြီးကျောင်း ရောက်ရင် ၃ ဆင့်ရေတံခွန် သွားတဲ့လမ်းလေး စတွေ့ရပါပြီ။ ဆိုင်ကယ်၊ ကားနဲ့ လာရင် ဘိလပ်မြေစက်ရုံဘေးက အုန္နဲရေဘုန်းတော်ကြီးကျောင်း ကနေ ၁၅ မိနစ်လောက်ဆက်မောင်းလို့ရတဲ့ ကားလမ်းရှိပြီး […]


Diamond KeyOctober 27, 20113min27928
စိန်သော့က ဓါတ်ပုံဝါသနာပါတယ်။ ကင်မရာ တစ်လုံးနဲ့ ဓါတ်ပုံရိုက်နေရရင် ထမင်းမေ့ဟင်းမေ့ပါပဲ။ Hobby လို့ဖြေရတဲ့ အချိန်တိုင်းမှာ ပြောခဲ့တာက ဓါတ်ပုံရိုက်ခြင်း၊ ခရီးသွားခြင်း နဲ့ စာဖတ်ခြင်းတွေကိုပါ။ ဒီတော့ ကိုယ်ဝါသနာပါတဲ့ ကိစ္စတွေနဲ့ ပတ်သက်ရင် အချိန်ကုန်နေမှန်းမသိတဲ့ စိန်သော့၊ အသိပညာသာ ပြောဆိုဆွေးနွေးနေရမယ်ဆိုရင် ထမင်းဟင်းမေ့တတ်တဲ့ စိန်သော့ကို nozomi က “ ဓါတ်ပုံကို ဘာမှ မရိုက်တတ်တဲ့သူတစ်ဦးအတွက် ဓါတ်ပုံပညာကို အခြေခံကနေစပြီး ပို့စ် (တစ်ခုနှစ်ခုလောက် မဟုတ်ပဲ) တွေနဲ့ တဆင့်ချင်း ပုံမှန် ရှင်းပြပေးပါလား ” လို့ ပြင်ဦးလွင်ပုံလေးတွေ တင်တုန်းကပြောလာတော့ “ ကြိုးစားပြီး မကြာတဲ့ တစ်ချိန်ကျရင် ဖြစ်အောင်တင်ပါ့မယ်” လို့ ပြန်ပြောဖြစ်ခဲ့ပါတယ်။ ကတိဆိုတာက ပြောပြီးရင် တည်ရမှာမို့ “ ဓါတ်ပုံပညာ […]


Diamond KeyOctober 25, 20113min22313
ကျောက်ဆည် ဝေဘူတောင်က ဖြစ်သွားဖြတ်လာသာ ကျောက်ဆည်မြို့ကို ဖြတ်နေတုန်း ကားပေါ်၊ ရထားပေါ်က တွေ့တွေ့နေရပေမယ့် တောင်ပေါ်မရောက်ဖြစ်တာ ကြာပြီ။ ဝေဘူတောင်ကို ၁၉၉၈ ခုနှစ်ရှေ့ပိုင်းမှ နှစ်ခေါက်နဲ့ ၂၀၀၃ ခုနှစ် မှာ တစ်ခေါက် တက်ခဲ့ဖူးပါတယ်။ အရှေ့နှစ်ခေါက်တုန်းဆီကတော့ စောင်းတန်းလှေကားတွေ ဆီကနေ တောင်ပေါ်တက်ခဲ့တာပါ။ ၂၀၀၃ ခုနှစ်က ရောက်တုန်းကတော့ တောင်တက် ကားလမ်းကနေ ကားနဲ့ရောက်ခဲ့တာပါ။ မရောက်တာကြာတာနဲ့ အခွင့်ကြုံလို့ တစ်ခေါက်ပြန်တက်ဖြစ်ခဲ့ပါတယ်။ ဒီတစ်ခေါက် ရောက်တော့ တောင်ပေါ်တက်တဲ့ ကားလမ်းလေးကလည်း အရင်နဲ့မတူ တော်တော်ကို ကောင်းနေပါပြီ။ ၂၀၀၃ တက်တုန်းကဆိုရင် လမ်းကလည်းမတ်စောက်နေတော့ ကားတက်နေတုန်း လန့်နေရသေးတယ်။ တောင်ပေါ်စတက်ရင် တွေ့ရတဲ့ လွမ်းမြေ့စေတီ လွမ်းမြေ့စေတီက တောင်စောင်းလေးမှာ တည်ထားတာပါ။ လွမ်းမြေ့စေတီကနေကြည့်ရင် တွေ့ရတဲ့ မြို့ကျောက်ဆည်မြင်ကွင်း ဒီတစ်ခေါက် တောင်ပေါ်ရောက်တော့ […]


Diamond KeyOctober 24, 20115min23115
“တစ်မုတ်မြို့ဟောင်းတစ်နေရာ” ပို့စ်လေးတင်လိုက်တော့ စိန်သော့ကို သမိုင်းဝင်နေရာလေးတွေ ရေးဖြစ်အောင် ရွာထဲမှာ ရှေ့က ဦးဆောင်ပြနေတဲ့ နောင်တော်ကြီး ကိုပေါက် (မန္တလေး) က ကိုစိန်သော့ရေ၊ ရှင်ပင်ရွှေဆပ်သွား ဆိုတာရှိသေးတယ်။ သွားလိုက်ကြရအောင်လို့ ဆိုလာပါတယ်။ ရှင်ပင်ရွှေဆပ်သွား ဘုရားက စိန်သော့ ပထမရောက်ခဲ့တဲ့ တစ်မုတ်မြို့ဟောင်းတစ်နေရာက ရှင်ပင်ရွှေဂူကြီးရဲ့ အရှေ့မြောက် တစ်မိုင်ခန့်အကွာ၊ ကျောက်ဆည်မြို့ကနေ အနောက်ဖက် ၅မိုင်လောက်မှာ တံတားဦးကားလမ်းဘေး၊ ညောင်ရွှေကျေးရွာအနီးမှာ တည်ရှိတာပါ။ တံတားဦးကားလမ်းလေးက လာရင် ဘုရားအဝင်လမ်းထိပ်မှာ ဘုရားမုခ်ဦးကြီးကို တွေ့ရပါတယ်။ ဘုရားအသွားလမ်းတလျှောက်မှာတော့ လယ်ကွင်းတွေ၊ စိုက်ခင်းတွေနဲ့ ကျေးလက်သဘာဝတွေကို တွေ့နေရပါတယ်။ ရှင်ပင်ရွှေဆပ်သွား ဘုရားဆီမှ အရှေ့စူးစူးကို လှမ်းမျှော်ကာ ကြည့်ရင်တော့ ရွှေသာလျှောင်းတောင်၊ မင်းမွေးတောင်နဲ့ ရှမ်းရိုးမတောင်တန်းကြီးတွေက လွမ်းမောစရာ မြင်ကွင်းများပါ။ ဘုရားကြီးရဲ့မူလ ကုသိုလ်ရှင်က အနော်ရထာမင်းတရားကြီး ဖြစ်ပါတယ်။ […]


Diamond KeyOctober 22, 20113min36336
ပြင်ဦးလွင် ရောက်ခဲ့တုန်းက ရိုက်ခဲ့တဲ့ ပုံလေးတွေပါ။ စိမ်းစိုလှပ အေးချမ်းတဲ့ မြင်ကွင်းလေးတွေမို့ နှစ်သက်သူတွေ အတွက်၊ မရောက်တာ ကြာနေသူတွေ အတွက် လက်ဆော့ထားတာလေးတွေ ရွာထဲမှာ ကြည့်စရာ အဖြစ် တင်လိုက်ပါတယ်။ ပွဲကောက် ရေတံခွန် နဲ့ ကန်တော်ကြီးဥယျာဉ် ကရှုခင်းလေးတွေပါ။


Diamond KeyOctober 20, 20111min28311
ကျွန်တော် တစ်ခါကတက်ခဲ့ဖူးတဲ့ သင်တန်းတစ်ခုမှာ သိခဲ့ရတဲ့ စာသားလေးကို ပြန်သတိရမိတယ်။ “ဖြစ်လာတဲ့ကိစ္စအတွက် တွေ့တဲ့နေရမှာ ရရာပစ္စည်းနဲ့ အကောင်းဆုံးဖြစ်အောင် အသုံးပြုနည်း” လို့ ဆိုပါတယ်။ ဒီနည်းလေးတွေ သင်ခဲ့ဖူးတော့ ကြုံတဲ့နေရာလေးတွေ၊ရောက်တဲ့နေရာလေးတွေမှာ တစ်ချိန်ကျရင် အသုံးကျနို်င်တဲ့ ကိစ္စလေးတွေ မြင်တတ်လာပါတယ်။ —————————————————————————————————– တစ်ခါက ဆည်တော်လေးကို ရောက်ပါတယ်။ ရေထဲမှာ အပျော်စီးဖို့ လုပ်ထားတဲ့ ဖေါင်လေးကို သတိထား မိခဲ့ပါတယ်။ ကားဘီးကျွတ်လေးလုံးကို ဝါးကတ်တစ်ခုအောက်က ဒေါင့်လေးဒေါင့်မှာ ချည်လိုက်တော့ လူတွေ ပစ္စည်းတွေ အများကြီးတင်လို့ရတဲ့ ရေပေါ်ယာဉ်လေး တစ်ခုဖြစ်သွားတယ်။ ——————————————————————————————————————- တစ်နေ့က ကျောက်ဆည်ဖက်ကိုရောက်တော့ ကိုယ်မရောက်ခင်မှာ ရေတွေကြီး ခဲ့တာဆိုတော့ သူတို့တွေမှာ ဟိုနားဒီနား သွားလို့ရအောင် လုပ်ထားတဲ့ ဖေါင်လေးတွေ လုပ်ထားတာတွေ့ခဲ့ရပြန်တယ်။ ဝါးလုံးတွေကို လေးကွက်ကြား ချည်၊ အောက်မှာ […]


Diamond KeyOctober 19, 20118min229
ဒီရက်ပိုင်းမှာ စိန်သော့သွားဖြစ်နေတဲ့ နေရာတွေက မြန်မာ့သမိုင်းဝင် မြို့ဟောင်းများဆီကိုပါ။ ခရီးကလည်းသွားချင်၊ အချိန်ဆိုတဲ့ အခွင့်အရေးကလည်းမရတော့ နေ့ချင်းပြန်သွားလို့ရတဲ့ နေရာတွေဆီပဲ ရှာဖွေသွားနေမိပါတယ်။ ဒီတစ်ခေါက် ရောက်ခဲ့တဲ့ နေရာလေးက မက္ခရာ။ မက္ခရာ ဆိုတာက သိသူ၊ ရောက်ဖူးသူ နည်းသေးတဲ့ ဘုရင်ထီးနန်းစိုက်ခဲ့သော သမိုင်းဝင် မြို့တစ်မြို့၊ အနော်ရထာမင်းကြီးလက်ထက် သက္ကရာဇ် ၃၉၅ ခုနှစ် တပေါင်းလဆန်း ၁၂ ရက် သောကြာနေ့တွင် တည်တဲ့ “ကင်း ၄၃ မြို့” မှာ တစ်မြို့ အပါအဝင်ဖြစ်တဲ့မြို့၊ မြှောက်စည်၊ ဝင်စည်၊ ထွက်စည်တို့ မြိုင်ဆိုင်ခဲ့တဲ့မြို့၊ ရဲမက်ဗိုလ်ပါတို့ ဆင်များ၊မြင်းများစီးကာ ဓါးရေး၊လှံရေးဝင့်ခဲ့တဲ့မြို့၊ အောင်လံတွေ ရောင်ပြန်မြူးခဲ့တဲ့မြို့၊ တစ်ချိန်က ထီးဖြူဆောင်းခဲ့မြို့တစ်မြို့၊ ဘာသာ သာသနာ ထွန်းကားခဲ့လို့ စေတီတော်တွေ၊ ဂူဘုရားတွေ အများအပြား […]


Diamond KeyOctober 17, 20115min20015
ဒီတနင်္ဂနွေမှာ စိန်သော့ သွားဖြစ်ခဲ့တဲ့ နေရာလေးကတော့ ပထမမြန်မာနိုင်ငံတော်ကြီး ကို စတင်တည်ထောင်ခဲ့သူ ထေရဝါဒ ဗုဒ္ဓဘာသာ သာသနာပြုမင်းကြီး မင်းမြတ်အနော်ရထာရဲ့ ပုဂံနေပြည်တော်ကြီး စပါးကျီ ဒေသ ဖြစ်တဲ့ လယ်တွင်း ၁၁ ခရိုင် ခံမြို့များထဲမှာ တစ်မြို့ အပါအဝင် ဖြစ်တဲ့ “တမုတ်မြို့ဟောင်း”က တစ်နေရာလေး တစ်ခုဆီကိုပါ။ တမုတ်မြို့ဟောင်း တစ်နေရာ မြန်မာ့အနုပညာ၊ မြန်မာမှု လက်ရာတွေဆိုရင် နှစ်သက်တဲ့ စိန်သော့၊ မြန်မာ့ သမိုင်းဝင်နေရာတွေ ဆိုရင် မက်မက်မောမော သွားချင်တဲ့ စိန်သော့ အတွက် မန္တလေးနဲ့ မနီးမဝေး တစ်နေရာမှာ သွားရမဲ့ နေရာတစ်ခုရဲ့ သတင်းကို ကြားလာရပါတယ်။ ပုဂံမြို့နဲ့ မိုင် ၁၂ဝ ဝေးတဲ့ ကျောက်ဆည်ဒေသမှာ ပုဂံခေတ် လက်ရာ အပြည့်နဲ့ ဂူဘုရားတစ်ဆူ […]