draungaungMay 2, 20111min985
ဗီတာမင်ဘီ မှီဝဲစားသုံးခြင်းဟာ သက်ကြီးရွယ်အိုများတွင် မှတ်ဉာဏ်ချို့ယွင်းခြင်းနှင့် သတိမေ့တတ်ခြင်းကို လျှော့ကျစေနိုင်ပါတယ်။ အင်္ဂလန်နိုင်ငံတွင် ၂နှစ်ကြာ လေ့လာစမ်းသပ်မှုများ ပြုလုပ်ပြီးနောက် အထက်ပါ အဆိုပြုချက်ကို ပြောကြားလိုက်ခြင်းဖြစ်ပါတယ်။ ဗီတာမင် B6၊ B12 နှင့် ဖောလစ်အက်စစ် အပါအဝင် ဗီတာမင် ဘီ အုပ်စုများဟာ သက်ကြီးရွယ်အိုများတွင် ဖြစ်တတ်လေ့ရှိသော အယ်လ်ဇိုင်းမား ရောဂါ (Alzheimer disease) နှင့် အခြားသော မှတ်ဉာဏ်ချို့ယွင်းသည့် ပြဿနာများကို လျှော့ချပေးနိုင်စွမ်းရှိပါတယ်။ မှတ်ဉာဏ်ချို့ယွင်းမှု လက္ခဏာပေါ်ပေါက်နေသော လူနာများနှင့် သွေးထဲတွင် ဟိုမိုစစ်စတင်း (homocysteine) ပမာဏမြင့်မားနေသော လူနာများတွင် ဗီတာမင်ဘီဆေးဝါးများကို သိသိသာသာ တုံ့ပြန်နိုင်စွမ်းရှိကြောင်း Houston ပြည်နယ် ဦးနှောက်နှင့်အာရုံကြောဆိုင်ရာတက္ကသိုလ်မှ ဆရာဝန်ကြီး တစ်ဦးဖြစ်သူ Dr. Gustavo C. Roman က ပြောကြားခဲ့ပါတယ်။ […]